Monday, December 10, 2012

အပြောင်းအလဲကာလမှာ စီးပွားရေးသမား (လုပ်ငန်းရှင်၊ အဖွဲ့အစည်းများ) များလည်း ကိုယ်စီကျင့်ဝတ် စောင့်ထိန်းကြစေလို


by Seaman Nayminthu on Sunday, December 9, 2012 at 8:18pm 


အခုသတင်းကတော့ တဆင့်စကားကြားသိရပေမဲ့ မှန်ကန်တဲ့သတင်းတစ်ပုဒ်ဖြစ်လို့ တင်ပြ ပေးသလို သက်ဆိုင်ရာအာဏာပိုင်များက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ပြုပြင်သင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြယုတ်တစ်ခုလည်း ဖြစ်နေပါတယ်။

သက်ဆိုင်သူအနေနဲ့ သူနေထိုင်ကြီးပြင်းခဲ့ရာ မြန်မာနိုင်ငံရဲ့ ကျင့်သုံးနေတဲ့စနစ်အရ သူ့ဘက်က ဘယ်လောက်ပင်မှန်ကန်နေပါစေ သူကိုယ်တိုင်မှန်ပါရဲ့နှင့် စည်းကမ်းမဲ့ပြုမူခဲ့သောဌာနနဲ့ မြ၀တီမြို့နယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဌရဲ့ အညိုအငြင်လည်းခံရသေး၊ သူခံစားရတဲ့ မတရားမှုအား တိုင်တန်းပြန်ရင် အာဏာပိုင်အဖွဲ့အစည်းများထံ ဒီသင်းတက်သွားမှာ၊ ဒီသတင်းနဲ့ပါတ်သက်ပြီး သူ့အပေါ်အငြိုးအတေးထားမှာ၊ သူ့အပေါ် နည်းမျိုးစုံနဲ့ပညာပေးလာမှာ တော်တော့်ကို ကြောက်နေပါတယ်။ တပ်မတော်( ရေ )ရဲ့ ပြန်တမ်းဝင် အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး လက်ရှိပင်စင် ခံစားခွင့်ရှိတဲ့ အငြိမ်းစားအရာရှိတစ်ယောက်တောင် စနစ်ရဲ့ဆိုးအမွေကို ခံစားနေရတဲ့ အဖြစ်ကို ရင်မချိစွာကြားသိရလို့ တင်ပြ ပေးပါတယ်။

ဖြစ်စဉ်

၎.၁၂.၁၂ရက်နေ့က မြ၀တီမြို့ APEX WORLD INTERNAITONAL CO., LTD မှ သတင်းဓါတ်ပုံ ဖေါ်ပြပါ မော်တော်ယာဉ်အမှတ် ၈ဆ/ ၇၄၈၃ဖြင့် တစ်ဖက်ထိုင်းနိုင်ငံမှ တရားမ၀င်တင်သွင်းလာသည့် ရေခဲမုန့် များအား မြ၀တီကုန်သွယ်ရေးဇုန်သို့ ဖြတ်ကျော်ရန်ကြိုးစားမှုအနေဖြင့် တရားဝင် MYANMAR FDA လျှောက်ထား ရယူပြီး နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၏ ရေခဲမုန့်များအား တရားဝင်သွင်းကုန်လိုင်စင်ရ  ANGELS FOODS TRADING CO., LTD ၏ တရားဝင်သဘောတူညီချက် ရယူခြင်းအလျဉ်းမရှိ၊ သွင်းကုန်လိုင်စင်မူရင်း တောင်းခံ ခြင်းမရှိပါဘဲ ANGELS FOODS TRADING CO., LTD ၏ သွင်းကုန်လိုင်စင်မိတ္တူအား တရားမ၀င်သော နည်းလမ်းဖြင့်ရယူပြီး ရုံးလုပ်ငန်းများဆောင်ရွက်ကာ မော်တော်ယာဉ်ထွက်ခွါသွားခဲ့ခြင်းအပေါ် တင်ပြပါ သက်ဆိုင်သူမှ မတရားခံရမှုအား ကြောက်ရွံ့စွာမတိုင်ကြားရဲသော်လည်း မ၀ံ့မရဲကန့်ကွက်ရာ မြ၀တီ ကုန်သွယ်ရေးဇုန် တာဝန်ရှိပုဂ္ဂိုလ်များ၏  ညှိနှိုင်းဖြန်ဖြေပေးမှုအရ ကျူးလွန်သူမှ နစ်နာသူအပေါ် တောင်းပန်ပွဲတွင် မြ၀တီမြို့ APEX WORLD INTERNAITONAL CO., LTD မှ တာဝန်ရှိသူ မြ၀တီမြို့၊ နယ်စပ်ကုန်သည်ကြီး များအသင်း ဥက္ကဌ၊ ဒေါ်သင်းသင်းမြတ်မှ တစ်ဖက်နစ်နာခဲ့ရသည့် ကုမ္ပဏီအပေါ် တောင်းပန်ရမည့်အစား တင်ပြပါအသံဖိုင်အရ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကိုသာ တောင်းပန်ခဲ့ကြောင်း သတင်းသိရှိရပါသည်။
အပြောင်းအလဲများပြုလုပ်နေသော ကာလမှာ စီးပွားရေးလုပ်ငန်းရှင်တချို့၏ မသမာသော နည်းလမ်းဖြင့် ကုန်ပစည်းတင်နေသွင်းနေမှု၊ စီးပွားရေးနှင့်ဆိုင်သော အဖွဲ့အစည်းတာဝန်ရှိသူများ၏ လုပ်နည်းမမှန်ကျင့်သုံးနေမှုများအပေါ် သက်ဆိုင်ရာအာဏာပိုင်များမှ စနစ်တကျ အရေးယူကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်လှပါသည်။


တာဝန်သိပြည်သူတဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...