Sunday, December 9, 2012

စာရေးစာဖတ်ခြင်းဖြင့် အိုမင်းလာသော ဦးနှောက်ကို ကျန်းမာစေနိုင်


Posted by ညီမင်းစံ on December 9, 2012 at 10:30pmဘလော့ ပိုစ်ကြည်မယ်

လူတို့ အသက်ကြီး လာသည့်အခါ စာရေးစာဖတ်လုပ်ငန်းကို ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် ၄င်းတို့၏ ဦးနှောက်များအား ကျန်
းမာစေနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့သော လေ့လာမှုအသစ် တစ်ခုအရ သိရှိရပါသည်။ 

သတင်းစာဖတ်ခြင်း၊ ပေးစာများ ရေးသားခြင်း၊ စာကြည့်တိုက်သို့ သွားရောက် စာဖတ်ခြင်း၊ ကစားပွဲများတွင် ပါဝင်ခြင်း (ဥပမာကျား ထိုးခြင်း၊ စစ်တုရင်ထိုးခြင်း) စသည့် ရိုးရှင်းလွယ်ကူသော လှုပ်ရှားမှုများက ဦးနှောက်ကျန်းမာရေးကို ကောင်းစေ ကြောင်းသိရသည်။

ဦးနှောက်အတွင်းရှိ White Matter ဟုခေါ်သော အပိုင်းကို လေ့လာခြင်းဖြစ်သည်။ ထိခိုက် ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်းနှင့် အိုမင်းလာခြင်းကြောင့် White Matter ထဲတွင်ရှိသော သတင်းအချက်အလက်များ ထုတ်လုပ်ခြင်းနှင့်သက်ဆိုင်သည့် မော်လီကျူးလှုပ်ရှားမှုများကို MRI ရိုက်ခြင်းဖြင့် လေ့လာခဲ့ခြင်းဖြစ်သည်။ ပျမ်းမျှအသက် ၈၀ နှစ်ရှိသော သက်ကြီးရွယ်အို ၁၅၂ ဦးအား လေ့လာခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား စိတ်အလုပ်လုပ်ရသော စာဖတ်ခြင်း၊ စာရေးခြင်းနှင့် ကျားထိုးခြင်း၊ ဖဲကစားခြင်း အပြုအမူများအား ပြုလုပ်စေပြီး လေ့လာခဲ့ခြင်းဖြစ်သည်။ တွေ့ရှိသည့် သတင်းအချက်အလက်များအရ ဖော်ပြပါ ထိုးသွင်းသိရှိမှု စိတ်အလုပ်၊ အကြိမ်အရေ အတွက်နှင့် ရေမော်လီကျူးလုပ်ရှားမှုများ ဆက်သွယ်မှုကို လေ့လာခဲ့ခြင်းဖြစ်သည်။


* ညီမင်းစံ *

By - http://www.myawady.com.mm/health/knowledge/item/1172-2012-12-08-15
-...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...