Thursday, December 6, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁၂)


သစ်ထူးလွင်


Posted: 06 Dec 2012 07:27 AM PST
ရခိုင်ပြည်နယ်တွင်းက ယာယီ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ အလွန် ဆိုးရွားနေတဲ့အတွက် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စ ဗယ်လာရီ အေးမို့စ်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Ms. Valerie Amos

Posted: 06 Dec 2012 07:17 AM PST
ဘရူနိုင်း နိုင်ငံ ကနေ ချစ်ကြည်ရေး ခရီး ပြန်လာ အပြီး၊ အခုလို ကြေညာလိုက်တာ ဖြစ်
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ သြစတြေးလျ နိုင်ငံနဲ့ နယူးဇီလန် နိုင်ငံတို့ကို ချစ်ကြည်ရေး သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ် လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
အကြောင်း မညီညွတ်တဲ့အတွက် ခရီစဉ် ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပြီး အဆင်ပြေမယ့် အချိန်ကို သက်ဆိုင်ရာ နိုင်ငံများနဲ့ ပြန်လည် ညှိနှိုင်း စီစဉ်သွားမယ်လို့ အဲဒီ အင်တာနက် ကြေညာချက် ထဲမှာ ဖေါ်ပြထားပါတယ်။

ပထမ အစီအစဉ်အရ သမ္မတ ဦးသိန်းစိန်ဟာ ရှေ့သီတင်းပတ်ထဲ သြစတြေးလျကို သွားရောက်ဖို့ စီစဉ် ထားတာ ဖြစ်တယ်လို့ တရုတ်သတင်း ရှင်ဝှာက ပြောပါတယ်။

ဇွန်လတုန်း ကတော့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr ဟာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာပြီး၊ တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းချက်တွေကို လာရောက် ကြည့်ရှုခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးလည်း ပြီးခဲ့တဲ့ အပတ်က မြန်မာ နိုင်ငံကို ရောက်လာခဲ့ပြီး ဦးသိန်းစိန် လာရောက်ဖို့ တရားဝင် ဖိတ်ကြားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Posted: 06 Dec 2012 07:00 AM PST
ယနေ့မနက် (၉)နာရီခွဲအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံ သင်္ကန်းကျွန်း ကြီး ကျေးရွာအုပ်စုမှ လယ်သမား(၁၀၀)ကျော်သည် သိမ်းဆည်းခံထားရ သည့် လယ်မြေများတွင် အမှတ်အသား စည်းရိုးတိုင်များ လာရောက် စိုက်ထူ ရာတွင် ဇေကမ္ဘာ ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးမြင့်ဇော်နှင့် စကား အချေအတင် များခဲ့ကြောင်း သိရသည်။ ဗိုလ်ကြီး အငြိမ်းစား ဆိုသူ ဦးမြင့်ဇော်က ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးမြင့်ဇော် နှင့် လယ်သမားများ စကား အချေအတင် ဖြစ်ပွါးနေစဉ်

Posted: 06 Dec 2012 06:51 AM PST
ရန်ကုန်မြို့မှာ ဘယ်လိုသော့ကိုမဆို ၅ စက္ကန့်အတွင်း ဖျက်ဆီးဖောက်ထွင်းနိုင်ပြီးတော့ ခိုးမှုနဲ့ဖောက်ထွင်းမှုပေါင်း ၂၆ မှုကို ကျူးလွန်ခဲ့တဲ့ ဖောက်ထွင်းဝိဇ္ဇာနဲ့ အပေါင်းအပါ နှစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ ဒီသတင်းကို ဦးညီငယ်ပေးပို့ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2012 06:44 AM PST
မတ္တရာမြို့နယ် ရေနံ့သာအုပ်စု ဆည်မြောင်းရွာ ဇယမေဒနီရွာဦးကျောင်းမှာ သတင်းသုံးနေတဲ့ ဆရာတော်တွေကို ကျောင်းတိုက်က ထွက်ခွာပေးဖို့ ထုတ်ပြန်တဲ့ တိုင်းဒေသကြီး အစိုးရရဲ့ အမိန့်စာကို ဒေသခံရွာသားတွေက ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2012 04:21 AM PST
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ကတ်ကင်းဘဲလ် တစ်နေ့သောအခါမှာ နိုင်ငံရေးမဟာမိတ်တွေ ဖြစ်လာကြမယ်လို့ ဘယ်သူမှ ထင်
မထားခဲ့ကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ ယခုအချိန်မှာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်
အရှိန်အဟုန် နဲ့ ဦးဆောင်မောင်းနှင်နေကြပါပြီ။

တစ်ဦးကတော့ အထူးအံ့ဩစရာမလို ပါဘူး။ အာဏာရှင်တွေရဲ့ ဖိနှိပ်စိုးမိုးမှု တွေကို အကြမ်းမဖက်
တဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန်ခဲ့လို့ တစ်ကမ္ဘာလုံးရဲ့ အတုယူအားကျစရာဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်း
စုကြည်ပါပဲ။ အခြားတစ်ဦးကတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ သမ္မတ
ကြီးဦးသိန်းစိန်ပါ။

ဆယ်စုနှစ် ပေါင်းများစွာ မြန်မာနိုင်ငံကို လူ့အောက် သူ့အောက်ကျပြီး ဆင်းရဲမွဲတေတဲ့ဘ၀ ရောက်
အောင် လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်အုပ်စုတွေထဲက တစ်ယောက်ပဲဖြစ် ပေမယ့် တိုင်းပြည်ကို လမ်း
ကြောင်းသစ်ဆီ ဦးတည်ဆွဲခေါ်သွားရဲလောက်အောင် သတ္တိနဲ့ ပြည့်စုံတဲ့ ဗိုလ်ချုပ်ဟောင်း
တစ်ယောက်ပါ။ ဒီလိုအစဉ်အလာမရှိတဲ့ ဖြစ်ခေါင့် ဖြစ်ခဲ ပူးတွဲမိတ်ဖက်မှုကို သူတို့နှစ်ဦးစလုံး
ဘယ်သူကမှ ရှာဖွေကြံဆခဲ့ကြတာ မဟုတ်ပေမယ့် သူတို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ရာစုနှစ်တစ်ဝက်
လောက်အတွင်း မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဖြစ်လာခဲ့ပါတော့
တယ်။

ဒုတိယကမ္ဘာစစ်မဖြစ်မီက အာရှရဲ့ ဆန်အိုးကြီးလို့တင်စားပြောဆိုခံခဲ့ရပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံ
သားတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကြွယ်ဝချမ်းသာမှု အဆင့်အတန်းဟာ ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် ကိုလိုနီအမွေဆိုးတွေဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများအကြားခါးသီးမှုတွေနဲ့ စစ်အေးကာ
လ အတွင်း ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်မှု၊ သဘောတရားရေး
မဟာမိတ်နောက်လိုက် စုရုံးမှုတွေ ရှိနေခဲ့ရာ မဟာဗျူဟာ အနေအထားမှာရှိနေတဲ့ မြန်မာနိုင်ငံဟာ
မလွှဲသာ မရှောင်သာ လူးလိမ့်လိုက်ပါခဲ့ရပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကိုမပြိုကွဲအောင်၊ ပြည်ပစိုးမိုးမှု ပုံစံမျိုးစုံဘေးမှ
ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို တလွဲတချော်
အုပ်ချုပ်လာခဲ့ကြရာမှာ တိုင်းပြည်ဟာ ပျက်စီးခြင်းငါးပါး ဆိုက်ခဲ့ရပါတော့တယ်။

၂၀၀၉ ခုနှစ်လောက်မှာ တကယ့်အပြောင်းအလဲရဲ့ မြင်သာတဲ့လက္ခဏာဆိုလို့ အနည်းငယ်သာ
တွေ့ခဲ့ရတယ်။

ဒါပေမယ့် သမ္မတအိုဘားမားကတော့ မြန်မာနိုင်ငံ အထီးကျန်ဘ၀က ထွက်လာအောင် အစမ်း
သဘောနဲ့ လေ့လာရေး ကြိုးပမ်းမှု ပြုလုပ်ခဲ့တယ်။

၂၀၁၀ ပြည့်နှစ် အစောပိုင်းက ကျွန်တော့ရဲ့ ပထမဦးဆုံးခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ
ထဲမှာ နံပါတ်(၄) အဆင့်ရှိပြီး ၀န်ကြီးချုပ်တာဝန်ယူထားတဲ့ ဦးသိန်းစိန်တို့ နှစ်ဦးစလုံးနဲ့ တွေ့ဆုံခွင့်ရ
ခဲ့ပါတယ်။

သူတို့နှစ်ဦးကြား ခြားနားမှုကတော့ သိသာထင်ရှားလှပါတယ်။ စစ်အေးကာလက ရုရှားတွေ တည်
ဆောက်ပေးခဲ့တဲ့ အင်းလျားလိတ်ဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုခဲ့ ပါတယ်။

သူမကို သူမရဲ့ နေအိမ်အကျယ်ချုပ်ကနေ အင်းလျားလိတ်ဟိုတယ်ကို ခေါ်လာခဲ့ကြတာ ဖြစ်ပါ
တယ်။

ကျွန်တော်တို့ သုံးနာရီလောက် ဆွေးနွေးပြောဆိုခဲ့ကြရာမှာ မြန်မာနိုင်ငံ ခေတ်သစ်ရောက်ဖို့ သူမရဲ့
မျှော်လင့်ချက် တွေအကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒေါ်စုက တော့ အတော်စိတ်ဓာတ်တက်ကြွစရာ ကောင်းပါတယ်။ အရှိ
ကို အရှိအတိုင်း ရှိနေတဲ့ အခြေအနေကြီးမှာတောင် သူမရဲ့ အကောင်း မြင် စိတ်ဓာတ်နဲ့ သံမဏိ
အဓိဋ္ဌာန်တွေ ထင်ဟပ်နေတာ တွေ့ခဲ့ရတယ်။

နေအိမ်အကျယ်ချုပ်နဲ့ နှစ် ၂၀ လောက် နေခဲ့ရ ပေမယ့် အထင်နဲ့အမြင် တခြားစီဖြစ်လောက်အောင်
နိုင်ငံတကာဖြစ်ပေါ်တိုးတက်မှုတွေကို ဆုပ်ဆုပ်ကိုင်ကိုင် နားလည်သိရှိနေတာ တွေ့ရတယ်။

ဘီဘီစီ ကမ္ဘာတစ်လွှားအစီအစဉ်နဲ့ ဗီအိုအေ အသံလွှင့်ဌာနတွေကို နေ့စဉ် ပုံမှန် နားထောင်ရင်း အဲဒီ
အချိန်က စိတ်ကူးလို့တောင်မရပေမယ့် ယခုအချိန်မှာ သူမပါဝင်လုပ်ဆောင်နေရတဲ့ အခန်းကဏ္ဍ
အတွက် ပြင်ဆင်နေသလို နိစ္စဓူဝ အိမ်တွင်းအကျဉ်းသားဘ၀ကို အသေးစိတ်ပြောပြခဲ့ပါတယ်။

နောက် တစ်နေ့ ထွက်လာတဲ့ အစိုးရသတင်းစာမှာ ကျွန်တော့အလည်အပတ်ခရီး ဖော်ပြတဲ့ ဓာတ်ပုံ
မှာ ဒေါ်စုရဲ့ပုံကို ဖြတ်ထုတ်ထားလိုက်ကြတော့တာပါပဲ။

ဦးသိန်းစိန်ကို ကျွန်တော် နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့
ကျွန်တော်တို့ ရဲ့ ကမ်းလှမ်းမှုကို ဘယ်လိုမှမတုံ့ပြန်ခဲ့ကြ သလောက်ပါပဲ။

အဲဒီတုန်းက သူနဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ပြောဆိုဖို့ကိုသော်
လည်း ကောင်း၊ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့ကိုသော်လည်းကောင်း၊ ဆန္ဒရှိတဲ့ လက္ခ
ဏာတစ်စုံတစ်ရာ မပြခဲ့ကြပါဘူး။

သံလွင်ရွက်အစိမ်းရောင် စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ ဗိုလ်ချုပ်သိန်းစိန်ကို တည်ကြည်သိမ်မွေ့
သော၊ ဖြစ်နိုင်စရာ အလားအလာမရှိသော အာဏာရှင်ဆန်ဆန် ခေါင်းဆောင် တစ်ဦးလို့သာ ထင်ခဲ့
ရပါတယ်။

အဲဒီ ပထမဆုံး တွေ့ဆုံခဲ့ရတဲ့ပွဲမှာ သူ့ရဲ့ သတိထားတဲ့ စစ်မူဟန် စစ်လေသံတွေနဲ့ဆို တော့ အခုလို
ခေတ်ပြောင်းသမ္မတ တစ်ယောက်အဖြစ် သူ့ရဲ့ခေတ်၊ သူ့ရဲ့ အချိန်ကို သက်ဝင်လှုပ်ရှားလာစေမယ့်
ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်တွေရှိတဲ့ လက္ခဏာ လုံးဝမပြခဲ့ပါဘူး။

နောက် သုံးနှစ်အကြာ၊ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် ၄၀
အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုကို အလည်အပတ်ရောက် လာပါတယ်။

ဒီတစ်ကြိမ်မှာတော့ အသစ်စက်စက် မြန်မာ့လွှတ်တော်ရဲ့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံ
လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရောက်လာတာပါ။

သူမဟာ တခြားဂုဏ်ပြုဆုပေါင်းများစွာအပြင် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ကို လက်ခံရယူရန်
လည်း ကောင်း၊ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်လည်ဆက်သွယ်ပြီး နိုင်ငံတကာ
အသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှုကို ရရှိဖို့ကိုလည်းကောင်း အမေရိကန်ကိုလာတာဖြစ်ပါတယ်။

ဒေါ်စု အမေရိကားမှာ ရှိနေတုန်းမှာပဲ သမ္မတကြီးဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူး
ယော့ခ်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ ရောက်လာပါတယ်။

မြန်မာ့ထိပ်သီးခေါင်းဆောင်ထဲက အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတာ ဆယ်စုနှစ်ပေါင်းများစွာ
အတွင်း သမ္မတဦးသိန်းစိန်ဟာ ပထမဆုံး နိုင်ငံ့ အကြီးအကဲပါပဲ။

အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့လည်း တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

"မြန်မာအစိုးရနဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို နောက်
ကြောင်းပြန် မလှည့်နိုင်တော့ဘဲ အသေအချာ လက်ဆုပ်လက်ကိုင် ခြေလှမ်းတွေနဲ့ သွား နေကြပါ
ပြီ" လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

နယူးယော့ခ်မှာရှိနေတုန်း သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးခြားတွေ့ဆုံခဲ့ကြပါ
သေးတယ်။

ဒီအရင်ကလည်း ၎င်းတို့နှစ်ဦး အလားတူအကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပါတယ်။ သူတို့ နှစ်ဦးရဲ့ မိတ်ဖက်
ဆောင်ရွက်မှုဟာ ဖြစ်နိုင်စရာ အလားအလာမရှိတဲ့ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါ။

ဒါပေမယ့် နယူးယော့ခ်မှာ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုက သူတို့နှစ်ဦးနဲ့ သူတို့တိုင်းပြည် ဖြတ်သန်း
လျှောက်လှမ်း ပြီးခဲ့တဲ့ခရီးကို အထင်အရှားပြသနေပါတယ်။

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ၂၀၁၁ ခုနှစ် နွေဦးရာသီတုန်းက ခမ်းခမ်းနားနားကြီး မဟုတ်လှဘဲ
သာမန်မျှသာဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့အိမ်မှာ သမ္မတကတော်က ဒေါ်အောင်ဆန်းစုကြည်ကို
တည်ခင်းကျွေးမွေးခဲ့တဲ့ ညစာစားပွဲနဲ့ အစပြုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနေ့က ညစာစားပွဲရဲ့ အထက်နံရံမှာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့
ဖခင် ဦးအောင်ဆန်းရဲ့ ပုံတူပန်းချီကားကြီးကို ချိတ်ဆွဲထားပါတယ်။

မြန်မာနိုင်ငံ ပြန်လည်မွေးဖွားရေးအတွက် သူတို့ရဲ့မျှော်လင့်ချက်တွေကို မြေစမ်းခရမ်းပျိုး၍ သတိ
ကြီးစွာထားရင်း မျှဝေခဲ့ကြပါတယ်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီးနောက် မြန်မာ နိုင်ငံမှာ
ဖြစ်ပေါ်လာခဲ့တဲ့၊ အသက်ရှူ မှားလောက်တဲ့ အပြောင်းအလဲတွေကိုအဲဒီနေ့က ပထမဆုံးတွေ့ဆုံမှုနဲ့
အစပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး သမ္မတ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေး
ခဲ့တယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုရုံးခွင့်၊ လှုပ်ရှားခွင့်အပေါ် တင်းကျပ်တဲ့ အကန့်အသတ်
တွေကို လျှော့ပေးခဲ့တယ်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်အခတ်ရပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်း
ဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာမပေးဘဲ
၂၂ နှစ်ကြာအောင် ဖိနှိပ်ထားခဲ့ရာမှ ရွေးကောက်ပွဲမှာ ပြန်လည်ပါဝင်အရွေးခံခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ ရုတ်တရက် ပွင့်လင်းသွားတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ အမျိုးမျိုး
ဖွင့်ဆိုခဲ့ကြတယ်။

ပထ၀ီနိုင်ငံရေးကအစ လျော့ပါးမသွားတဲ့ တစ်ကမ္ဘာလုံးရဲ့ ဖိအားပေးမှု အဆုံးပေါ့။ ဒါပေမယ့်
ကျွန်တော် ယုံကြည်တယ်။ ထူးခြားတဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေက အများကြီး
စကားပြောလိမ့်မယ် ထင်တယ်။

အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ထဲက အဓိကမဟာမိတ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်
နဲ့ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်တွေရဲ့ ရုန်းကန်မှု အမှောင်ဆုံးကာလမှာ သူတို့ဘက်က မားမား
မတ်မတ် ရပ်တည်ခဲ့တယ်။

ဒါကြောင့် အဆုံးတစ်နေ့ စစ်အစိုးရက အလျှော့ပေးလာရတဲ့အချိန်မှာ မြန်မာ ပြည်ကို ကျွန်တော်တို့
ကူညီမယ်ဆိုတာ သူမ သိနားလည်ထားတယ်။

လမ်းအိုလမ်းဟောင်းကြီးကို အလွန် ကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ မှောက်သွန်ပစ်ဖို့ လိုအပ်နေတဲ့
အချိန်မှာ ဦးသိန်းစိန် ရောက်လာတာပါပဲ။

ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ်အဖြစ်နဲ့ ပြင်ပကမ္ဘာက ဒေသတွင်း အိမ်နီးချင်းမြို့တော်တွေဆီ ရောက်
သွားတယ်။ ဒီမြို့တော်တွေဟာ တစ်ချိန်က နိုင်ငံတကာစာရင်းဝင် ရန်ကုန်မြို့တော်နဲ့ယှဉ်ရင်
ဆင်းရဲနုံချာတဲ့ မြို့တွေသာ ဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာ တက်ကြွတောက်ပနေတဲ့ ခေတ်မီမြို့တော်
တွေ ဖြစ်နေကြပြီဆိုတာ မြင်တွေ့သွားတယ်။

မြန်မာနိုင်ငံ ဆုံးရှုံးပျက်စီးခဲ့ရတယ်ဆိုတာ ငြင်းလို့မရအောင် သိသာထင်ရှားနေပါပြီ။ ကမ္ဘာ့အလယ်
မှာ အပယ်ခံနိုင်ငံတစ်နိုင်ငံ ဖြစ်နေလို့ အာဆီယံနိုင်ငံတွေအဖို့ အနေရခက်နေပြီး ကာကွယ်ပြောဆို
ပေးဖို့ အခက်တွေ့ နေကြပါတယ်။

ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ကို ဆက်လက်ရှင်သန်အောင် ထိန်းထားဖို့ တော့ ခက်ပါလိမ့်မယ်။
တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် နက်ရှိုင်းတဲ့ မယုံကြည်မှုတွေနဲ့ ခါးသီးမုန်းတီးမှု တွေကို
ဘေးဖယ်ပြီး သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတ္တိရှိတဲ့ နမူနာ ရှေ့ဆောင်
လမ်းညွှန်မှုတွေကို ပြည်သူအားလုံး လိုက်နာလုပ်ဆောင်နိုင်မှုအပေါ်မှာ မူတည်ပါမယ်။

ဒီခေါင်းဆောင်နှစ်ဦးဟာ ကောင်းမွန်တဲ့ အနာဂတ်အပေါ်မှာ သူတို့ဘ၀တွေကို ပုံအောထားခဲ့ကြတာ
မို့ သူတို့ရဲ့ ယူနီဖောင်းတွေကို ခွာချခဲ့ကြပါတယ်။

ဒေါ်စုက အပြည်ပြည်ဆိုင်ရာ သူတော်စင်ဝတ်ရုံလွှာကို ခွာချခဲ့ပြီး ဦးသိန်းစိန်ကတော့ သူ့ကို ဒီရာထူး
အာဏာတွေဆီ ပို့ဆောင်ပေးခဲ့တဲ့ စစ်ဘက်ဆိုင်ရာအဆောင်အယောင်ဝတ်ရုံကြီးကို ခွာချခဲ့တာပါပဲ။

ဒီလို အဆောင်အယောင် အပေါ်ဝတ်ရုံလွှာတွေကိုခွာချလိုက်ကြတော့ သူတို့ နှစ်ဦးဟာ သာမန်နိုင်ငံ
သား မျိုးချစ်တွေအဖြစ်နဲ့ ညီတူညီမျှ တွေ့ဆုံခွင့်ရပြီး မြန်မာနိုင်ငံသစ်အတွက် ကြိုးပမ်း ရုန်းကန်
လာနိုင်ကြပြီပေါ့။

ဒီလိုလုပ် ဆောင်ကြရင်း ကျွန်တော်တို့ အပါအ၀င် တစ်ကမ္ဘာလုံးကို စိတ်ဓာတ်တက်ကြွ အားရ
ကျေနပ် ၀မ်းမြောက်ကြစေမှာ အမှန်ပါပဲ။

(ဆောင်းပါးရှင် ကတ်ကင်းဘဲလ် (Kurt M. Campball) သည် အမေရိကန် ပြည်ထောင်စုအစိုးရ
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။)

ကိုကို ဘာသာပြန်သည်။
by မြန်မာတိုင်း(မ်)
Posted: 06 Dec 2012 04:02 AM PST
လက်ပန်းတောင်တောင် အရေးနဲ. ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ.သတင်းစာရှင်းလင်းပွဲ ။ ဒီဇင်ဘာလ ၆ ရက် ( အပိုင်း ၄ )

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Dec 2012 04:03 AM PST
လက်ပန်းတောင်တောင် အရေးနဲ. ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ.သတင်းစာရှင်းလင်းပွဲ ။ ဒီဇင်ဘာလ ၆ ရက် ၂၀၁၂ ။ ( အပိုင်း ၃ ) ရိုက်ကူး - ကျော်ဇေယျာဝင်း

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Dec 2012 04:03 AM PST
လက်ပန်းတောင်တောင် အရေးနဲ. ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ.သတင်းစာရှင်းလင်းပွဲ ။ ဒီဇင်ဘာလ ၆ ရက် ( အပိုင်း ၂ )

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Dec 2012 04:03 AM PST
လက်ပန်းတောင်တောင် အရေးနဲ. ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ.သတင်းစာရှင်းလင်းပွဲ ။ ဒီဇင်ဘာလ ၆ ရက် ၂၀၁၂ ။ ( အပိုင်း ၁ )

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2012 02:10 AM PST
လက်ပန်းတောင်း အရေးကိစ္စ စုံစမ်း စစ်ဆေး တဲ့နေရာမှာ ဓာတု ပစ္စည်း သုံး၊ မသုံး ကို ပြင်ပ ပညာရှင်တွေနဲ့ စစ်ဆေး သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ လက်ပန်းတောင်း အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆို လိုက်တာ ဖြစ်ပါတယ်။

“ကျမတို့ ဒီကိစ္စတွေကို ပြင်ပပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အစိုးရဘက်က လုံးဝပါဝင် စိစစ်မှာ မဟုတ်ပါဘူး။ အဲလို စိစစ်ရင်လည်း အမျိုးမျိုး မေးခွန်းထုတ်စရာတွေ ဖြစ်လာမှာမို့လို့ပါ။”

ကော်မရှင်အနေနဲ့ လူတိုင်းကျေနပ်အောင်လုပ်ဖို့ တာဝန်မဟုတ်ဘဲ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်တရားကို အခြေခံပြီး နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

“ကျမတို့အနေနဲ့တော့ ပြည်သူအားလုံးကျေနပ်တဲ့ အဖြေတာ့ထွက်မှာမဟုတ်ပါဘူး။ ဘယ်တော့မှ စုံစမ်းရေးမှာ အားလုံးကျေနပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့ ကော်မရှင်ရဲ့ ရည်ရွယ်ချက် တခုပဲရှိပါတယ်။ အမှန်တရားကို ကျမတို့ ဖော်ထုတ်မယ်။ ကျမတို့ရဲ့ အကြံပြုချက်တွေဟာ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ဒီမိုကရေစီခိုင်မာရေးရဲ့ အကျိုးစီးပွားတွေကို ကြည့်ပြီး အကြံပြုချက်တွေလုပ်မှာဖြစ်တယ်။ မြင်ရင်မြင်တဲ့အတိုင်းတင်ပြပါမယ်။ အဖြစ်ကို အဖြစ်အတိုင်း တင်ပြပါမယ်။ အဲဒါကို ကျေနပ်တဲ့သူလည်းရှိမယ်၊ မကျေနပ်တဲ့လူလည်းရှိမယ်။ ဘာလို့လဲဆိုတော့ ဒီလိုကိစ္စတွေပေါ်လာရင် လူတိုင်း လူတိုင်းက ကိုယ့်ဘက်ပဲ နိုင်စေချင်တာပဲ။ ဒါက သဘာဝကျပါတယ်။ လူတိုင်းကို ကျေနပ်အောင်ဆိုတာ လုပ်မရပါဘူး။ လူတိုင်းကို ကျေနပ်အောင်လုပ်ဖို့က ကော်မရှင်တခုရဲ့ တာဝန်မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့၊ အမှန်တရားကို အခြေခံပြီးတော့ နိုင်ငံအတွက် အကောင်းဆုံး၊ တိုင်းသူပြည်သားတွေအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ပါ။ ဒါကို ဦးတည်ပြီး လုပ်သွားမှာပါ။ အားလုံးသဘောကျအောင် ကျမတို့ မလုပ်နိုင်ပါဘူး။”

လက်ပန်းတောင်းအရေးအခင်းအတွင်း ထိခိုက်ဒဏ်ရာရသူ သံဃာတော် ၆၇ ပါးနဲ့ လူပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း ၇၃ ဦး ရှိတယ်လို့ ဆေးရုံးစာရင်းတွေအရ သိရပြီး ပြင်ပမှာ သူတို့အစီအစဉ်နဲ့ သူတို့ ကုသနေသူတွေလည်း ရှိနေနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော ပြောဆိုပါတယ်။  ဒီထဲမှာ ဆေးရုံက ဆင်းသွားတဲ့ သံဃာအပါး ၃၀ ကျော် မပါပါဘူး။

ဒီအရေး အတွင်းဖမ်းဆီးခံရသူတွေ ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က “မုံရွာဘက်က ဘယ်သူမှမပါပါဘူး။ ကျမ ၂၈ ရက်နေ့ မုံရွာရောက်သွားတော့ ၂၉ ရက်နေ့မှာ ရဲအရာရှိများ၊ ဦးပိုင်က တာဝန်ရှိသူတွေနဲ့ တွေ့ပြီးတော့ သပိတ်နဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ မဖမ်းဖို့ သဘောတူခဲ့ပါတယ်။ ကျမတို့ နားလည်သလောက်တော့ မုံရွာဘက်မှာ ဖမ်းဆီးထားတာ မရှိပါဘူး။ ရန်ကုန်မှာ ဖမ်းတာတော့ ရှိတယ်။ ရန်ကုန်မှာ ဖမ်းတာကလည်း ကြေးနီစီမံကိန်းနဲ့ ဆက်နွယ်နေတယ်ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း ကျမတို့အနေနဲ့ စုံစမ်းထားပါတယ်၊ ရဲနဲ့လည်း ဆက်သွယ်ထားတယ်၊ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။”

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့်ဆန္ဒပြနေကြတာလဲ သိချင်တယ်လို့ ပြောပါတယ်။

“အန်တီသိချင်တာက ဘာအတွက် ဆန္ဒပြနေတာလဲဆိုတာ သိချင်ပါတယ်။ ဘာအတွက် ဆန္ဒပြနေတယ်ဆိုတာ သိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒပြသူတွေရဲ့ သဘောထားတွေကို နားလည်ရင် ပိုအဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲဒါက အရေးကြီးပါတယ်။ ကျမတို့အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားမယ်။ ဒါပေမယ့်လည်း နားလည်မှုနဲ့ အားလုံးအဆင်ပြေရေးကိုလည်း ဦးတည် လုပ်သွားမှာပါ။”

အခု ကြေးနီစီမံကိန်းကိစ္စဟာ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် ဘယ်အစိုးရ လက်ထက်မှာပဲ လုပ်ခဲ့ လုပ်ခဲ့ မိမိနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေမို့ အားလုံးက တာဝန်ယူရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“တကယ်ဆိုရင် ကြေးနီစီမံကိန်း စတာက မဆလ အစိုးရ ခေတ်ကတည်းက စတာပါ။ ၁၉၈၄ ခုနှစ် က စခဲ့တာပါ။ အဲမတိုင်ခင် ဒေသခံတွေကလည်း တပိုင်တနိုင်ကြေးနီလေးတွေတူးတာ ရှိခဲ့တာလည်း အင်မတန်ကြာပါပြီ။ ကြေးနီစီမံကိန်းက အခုမှ ဖြစ်တာမဟုတ်ပါဘူး။ ဘယ်တုန်းကပဲ စခဲ့ စခဲ့ ကျမအမြင်ကတော့ ကျမတို့နိုင်ငံရဲ့ကိစ္စတွေကို နိုင်ငံသူနိုင်ငံသားတွေအားလုံးက တာဝန်ယူရမယ်။ ကျမအနေနဲ့တော့ ဘယ်အစိုးရလုပ်ခဲ့လို့ ကျမနဲ့တော့ မဆိုင်ဘူးလို့ စိတ်ထဲဘယ်တော့မှမထားပါဘူး။ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေအားလုံးဟာ ကျမနဲ့ဆိုင်ပါတယ်။ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေ အားလုံးကို နိုင်ငံသူနိုင်ငံသားတွေကလည်း ကိုယ်နဲ့ဆိုင်တယ်လို့ စိတ်ဓာတ်ထားစေချင်ပါတယ်။ ဘယ်အစိုးရလက်ထက်က လုပ်ခဲ့လို့ ကျမတို့မှာ တာဝန်မရှိဘူးဆိုတဲ့ အမြင်နဲ့ ကျမ ဘယ်တော့မှ မလုပ်ပါဘူး။”

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပြည်သူတွေအားလုံး အတွက် အကောင်းဆုံး အဖြေရှာသွားမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ရဲ့ ကော်မရှင်ဟာ ဘယ်သူ့မှာတော့ တာဝန်ရှိတယ်၊ ဘယ်သူ့ကြောင့်လို့ ပြောပြီးတော့ ကျမတို့ရဲ တာဝန်ကို ခေါင်းရှောင်မှာ မဟုတ်ပါဘူး။ ဒီတာဝန်ကို လက်ခံထားပြီးဆိုရင်တော့ ဒီတာဝန်ကျေပွန်ဖို့က ကျမတို့ရဲ့ တာဝန်ပဲ။ ဒါကိုပဲ မီးမောင်းထိုးလုပ်သွားမှာဖြစ်ပါတယ်။ ကျမ ခဏ ခဏပြောတယ်၊ ကျမတို့နိုင်ငံမှာ ပြဿနာတွေရှိတာက အရေးကြီးတာ မဟုတ်ဘူး။ ပြဿနာဆိုတာ အခုလည်း ရှိမှာ နောင်လည်း ရှိမှာပဲ။ ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းဖြေရှင်းမယ်ဆိုတာက အရေးကြီးတာပါ။ အဲတော့ ကျမတို့ ပြဿနာဖြေရှင်းပုံဖြေရှင်းနည်းကို နားလည်ရမယ်။ အကောင်းဆုံး ဖြေရှင်းပုံဖြေရှင်းနည်းတွေကို အသုံးပြုရမယ်။ အကောင်းဆုံးဖြေရှင်းပုံဖြေရှင်းနည်းဆိုတာဟာ အခြေခံအားဖြင့်တော့ ကျမတို့ ညှိနှိုင်းဆွေးနွေးပြီးတော့ အပေးအယူလုပ်ရမယ်၊ အပေးအယူမလုပ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ ဘယ်တော့မှ တိုးတက်မှုမရှိနိုင်ဘူး။ ကျမတို့ ကော်မရှင်က ကျမတို့နိုင်ငံရဲ့ ရေရှည်အရေးကို မျှော်ကိုးပြီးတော့ အကြံပြုသွားမှာပါ။ ထုတ်ဖော်တဲ့အချက်အလက်တွေဟာလည်း အမှန်အတိုင်း ထုတ်ဖော်မှာပါ။ အရင်တုန်းက ဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်လိုတောင်းဆိုမှုတွေ ဖြစ်ခဲ့တယ်။ ဘယ်လိုတောင်းဆိုမှုတွေကနေ နောက် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မြင်တဲ့အတိုင်း မှန်မှန်ကန်ကန်တင်ပြပါမယ်။ ဒါကို ကြိုက်တဲ့သူလည်း ရှိမယ်။ မကြိုက်တဲ့သူလည်း ရှိမယ်။ အဓိကကျတာကတော့ အဖြစ်ကို အဖြစ်အတိုင်း ကျမတို့တင်ပြမယ်။ အဲအပေါ် အခြေခံပြီးတော့ ပေးသင့်ပေးထိုက်တယ်ထင်တဲ့ အကြံပြုချက်တွေကို ကျမတို့ ပေးမယ်။ ကျမတို့ပေးတဲ့ အကြံပြုချက်တွေအတိုင်းပဲ ဖြစ်အောင် ကျမတို့ ကြိုးစားရမယ်။ တိုက်တွန်းရမယ်။ ဒါဟာ ကျမတို့ရဲ့ တာဝန်ပဲ။ ကျမတို့အနေနဲ့ အားလုံးက ကြိုက်တဲ့အဖြေကို ရှာဖို့ မဟုတ်ပါဘူး။ အားလုံးအတွက် အကောင်းဆုံးအဖြေရှာဖို့ ဖြစ်ပါတယ်။”

by ရွှေအောင် (ဒီဗွီဘီ)
Posted: 06 Dec 2012 02:03 AM PST
လူတိုင်းဟာ သံသယတွေကို ခံစားပိုင်ခွင့် ရှိရ မယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူမှာ အပြစ်ရှိတယ် လို့ မသတ်မှတ် သေးပါဘူး။စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်သူမှာ ဘယ်လို အပြစ်ရှိတယ် ဆိုတာ ကျွန်မတို့ ကော်မရှင်က ထုတ်ပြန်မှာ ဖြစ်ပါတယ်။ဒီအတိုင်းပဲ ရွာသူရွာ သားတွေ တင်ပြတာနဲ့ ပတ်သက်လို့လဲ စုံစမ်းဦးမှာပါ။ ဒါ ကော်မရှင်ရဲ့ အလုပ်ပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Dec 2012 01:45 AM PST
လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းခြင်း ကို မခံရပ်နိုင် ခြင်းကြောင့် တောင်ကြီးမြို့ ဘုန်းကြီးကျောင်းတိုက် ၁၀၀ ကျော် မှ သံဃာများ ယနေ့ နေ့လယ် ၁ နာရီတွင် လောကမာန်အောင် ဘုန်းတော်ကြီး ကျောင်း ရှေ့မှစတင် ထွက်ခွာပြီး အနောက် မြို့ပတ်လမ်း၊ မြတ်သုခ ရုပ်ရှင်ရုံ၊ ဗိုလ်ချုပ်လမ်း များကို ဖြတ်ကျော် ကာ လမ်း တစ်လျှောက် တွင် အကြမ်းဖက် ဖြိုခွင်းမှု အပေါ် တာဝန် ရှိသူကို ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်ရန်၊ ဆန္ဒ ထုတ်ဖော်မှု ကြောင့် ဖမ်းဆီး ခံရသူများ ပြန်လွှတ် ပေးရန်၊ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန်၊ ထိခိုက် ဒဏ်ရာ ရရှိသည့် သံဃာတော် များကို တာဝန် ရှိသူမှ တောင်းပန်ရန် ကြွေးကြော်ချက် စာတန်းများ ကိုင်ဆောင်ပြီး စူဠာမုနိ ဘုရားသို့ချီတက် ဆန္ဒဖော်ထုတ်နေစဉ်...။

စူဠာမုနိ ဘုရားတွင် မေတ္တာသုတ် ရွတ်ဖတ်ခြင်း၊ တရား ဟောခြင်းများ ဆောင်ရွက်ကာ ဆန္ဒ ထုတ်ဖော်ခြင်း ကို ရုတ်သိမ်းမည် ဖြစ်သည်..။ သတင်း - ဓါတ်ပုံ ။ ။ ကိုနေမျိုး



Posted: 06 Dec 2012 01:24 AM PST
ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်၍ ADSL စနစ်  ကနဦး တပ်ဆင်ခ လျှော့ချ ခဲ့ပြီးနောက် လက်ရှိ ကာလအထိ ADSL လာရောက် ချိတ်ဆက် အသုံးပြုသူ ၂၀ နီးပါး ရှိပြီ ဖြစ်ကြောင်း သိရသည်။ “လျှော့ချရာမှာ ယခင်က ကနဦး တပ်ဆင်ခ ကျပ် ၅ သိန်းကို ဒီဇင်ဘာလ (၁)ရက်နေ့က စတင်ပြီး ကနဦး တပ်ဆင်ခကျပ် (၁) သိန်းအထိ လျှော့ချ ပေးလိုက်တာပါ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2012 12:53 AM PST
၆ . ၁၂ .၂၀၁၂ နေ့  မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့  အိမ်တော်ရာဘုရားတွင် သံဃာတော်များမှ လက်ပံတောင်တွင် အကြမ်းဖက် နှိမ်နှင်းသောကြောင့် ထိုင်သပိတ်ကို စတင် လုပ်ဆောင် နေကြပါသည် ။ ထပ်မံပြီးတော့လည်း တောင်းဆိုချက်များကို နိုင်ငံတော်နှင့် တာဝန်ရှိသူများမှ ဝန်ချတောင်ပန်ခြင်း မပြုလုပ်ပါက အမျိုးသားနေ့ တွင်လည်း ထပ်မံပြုလုပ်ကြပါမည် ။ နောက်ဆုံး သတ်မှတ်ရက် အဖြစ် ၁၂.၁၂.၂၀၁၂ နေ့ တွင် လုပ်ဆောင် ပေးခြင်းမရှိပါက တစ်နိုင်ငံလုံး အနေဖြင့် အထွေထွေသပိတ်ကို ရဟန်းရှင် လူများအပါဝင် ဆင်နွဲသွားမည် ဖြစ်ကြောင်းကိုလည်း တက်ရောက် သပိတ်မှောက် သံဃာတော်တစ်ပါးမှ ကြေငြာ ပြောကြားသွားပါသည် ။

သပိတ်မှောက် သံဃာတော်များက အောက်ပါ အချက် ၅ ချက်ကို တောင်းဆိုလိုက်ပါသည်။

၁။ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့တို့မှ ထိခိုက်ဒဏ်ရာရ သံဃာတော်များကို အမြန်ဆုံး ၀န်ချ တောင်းပန်ရန်။

၂။ အကြမ်းဘက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန်။

၃။ ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။

၎။ ကြေးနီစံမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်။

၅။ နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် တပ်မတော်သားများ
အမြန်ဆုံး နှုတ်ထွက်ပေးရန် စသည့် အချက်များကို တောင်းဆို လိုက်သည်။

by MNN

မန္တလေးမြို့  အိမ်တော်ရာစေတီတော်တွင် သံဃာတော်များမှ
လက်ပံတောင်းတောင် အရေးအတွက် ထိုင်သပိတ်ဆင်နွဲ။ ဓါတ်ပုံ- ကိုနိုင်



Posted: 06 Dec 2012 12:17 AM PST
""" လူတိုင်းကို ကျေနပ်အောင်လုပ်ဖို့ဟာ ကော်မရှင်တစ်ခုရဲ့ တာဝန်မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့ပဲ ဖြစ်ပါတယ် """ လက်ပံတောင်းတောင် အရေးကိစ္စ အကြမ်းဖက် ဖြိုခွဲမှုတွင် မည်သူက အပြစ်ရှိပါသည်ဟု မိမိအနေဖြင့် လတ်တလောတွင် သတ်မှတ်ခြင်း မရှိသေးကြောင်း ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ-ကျော်ဇင်သန်း

Posted: 05 Dec 2012 11:51 PM PST
မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော လက်ပံတောင်းတောင် အရေးကြောင့် မီးလောင်ဗုံး သင့်ခဲ့သည့် သံဃာတော် (၃၇)ပါးအား မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်(၆၂)လမ်းပေါ်ရှိ ကန်တော်နဒီ ဆေးရုံသို့ ပြောင်းရွှေ့လိုက် ပြီ ဖြစ်သည်။ စင်္ကာပူသို့ သွားရောက် ကုသမည့် သံဃာများအား နိုင်ငံကူး လက်မှတ် ထုတ်မပေးသည့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...