Wednesday, December 26, 2012

၂၀၁၂ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ အကြီးမားဆုံး ဆုံးရှုံးမှုကြီးများ…..


by James Mint on Wednesday, December 26, 2012 at 7:33am 

၂၀၁၂ နဲ့ ကုန်ဆုံးတော့မှာနဲ့ ပါတ်သက်ပီး စာလေး ရေးချင်နေတာ ကြာပါပီ….. ဘာရေးရမလဲ စဉ်းစားမရတာရယ်၊ အဆဲခံရတာ တော်တော်များနေတော့ စိတ်က သိပ်မရွှင်ပြတာရယ်နဲ့ ဘယ်လိုမှ Review နုတ်စ်တစ်ခု ဖြစ်မြောက်အောင် မရေးနိုင်ဘူး ဖြစ်နေတယ်…. ဘာရေးရင် ကောင်းမလဲ စဉ်းစားနေတုန်း ဒုန်း ခနဲ အသံကြားလို့ လှည့်ကြည့်လိုက်တော့ ရုံးက စက်ကပ်ကြေးမလေး သူ ၂၀၁၂ တနှစ်လုံး တသသ ကြည့်နေတဲ့ ပြက္ခဒိန်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တဲ့ အသံဖြစ်နေတယ်….. အော် သွားပြန်ပီပေါ နှစ် တစ်နှစ်ရဲ့ အကောင်းဆုံး သင်္ခါရ ပြယုခ်ပေါ့….. ဒီလိုပဲ လူ့ဘ၀မှာလည်း အသုံးမလိုကြတဲ့အခါ စွန့်ပစ်ခံရတာ ဓမ္မတာပါလားလို့ တွေးနေမိတယ်……
ပျင်းပျင်းရှိတာနဲ့ ဟိုဟာကြည့် ဒီဟာကြည့်မှာ တိုက်တိုက်ဆိုင်ဆိုင် PC Magazine ရဲ့ The Biggest Tech Failures of 2012 ဆိုတာလေး တွေ့လို့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်ဗျာ….. ခေါင်းစဉ်ကအစ အဆင်ပြေသလို မြန်မာမှု ပြုလိုက်တယ်…. “၂၀၁၂ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ အကြီးမားဆုံး ဆုံးရှုံးမှုကြီးများ” ပေါ့…..

နံပါတ် ၁ ကတော့ Color Mobile Application


ဒီ Mobile Application ဟာ အသုံးပြုသူတွေကို ဗီဒီယို အတိုလေးတွေ ကိုယ့်ဟာကိုယ် တိုက်ရိုက်ထုတ်လွှင့်ပြီး အခြားသူတွေကို ပြသနိုင်အောင် လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ထားတဲ့ Application လေးပါ…..သူ့ရဲ့အစကတော့ အောင်မြင်ခဲ့တဲ့ စွန့်ဦးတီထွင်သူများရဲ့ လုပ်ဆောင်မှုများအောက်မှာ ရှိခဲ့တဲ့ စိတ်ကူးယဉ် အဖွဲ့လေးကနေ လိုက်ဖက်တဲ့နာမည်နဲ့ ထုတ်လုပ်ခဲ့ပေမယ့် အဆုံးသတ်မှာ စီလီကွန် တောင်ကြားက အကြီးမားဆုံးသော ရှက်ဖွယ်ကောင်းတဲ့ ဆုံးရှုံးမှုများထဲက တစ်ခုပဲ ဖြစ်ပါတယ်…. စ တင်မွေးဖွားလာစဉ်မှာတော့ အနည်းဆုံး ဒေါ်လာ ၄၁ သန်းကျော်နဲ့ ရင်းနှီးမတည်ခဲ့ပေမယ့် ပလုံသွားခဲ့ပါတယ်….

နံပါတ် ၂ အနေနဲ့ကတော့ မြန်မာတို့ရဲ့ အသဲကျော် မီးဖို (Meebo) ပဲ ဖြစ်ပါတယ်….


ဂူဂဲလ်က သူ့ကို ၀ယ်ယူလိုက်ပီးတဲ့နောက်မှာ မီးဘိုဟာ သူတို့ဝန်ဆောင်မှုတွေကို ပိတ်သိမ်းလိုက်တယ်လို့ ဇူလိုင်လမှာ ကြေငြာလိုက်ပါတယ်….. ၂၀၀၅ ခုနှစ်မှ စတင်အခြေတည်လာတဲ့ အင်တာနက်အသုံးပြုတဲ့ Browser မှာ ပေါင်းစပ်ရင်း စွမ်းဆောင်ရည် များစွာ ပါဝင်တဲ့ ချက်တင် အသုံးပြုလို့ရတဲ့ မီးဘိုလေးဟာ အခုတော့ Google+ ရဲ့ ကွန်ယက်မှာ ကပြ အသုံးတော်ခံနေပီ ဖြစ်ပါတယ်….. ကုမ္ပဏီကြီးများက ကုမ္ပဏီသေးလေးများကို ၀ါးမြိုသွားမှုကို အတိုင်းသား တွေ့မြင်ရမှာပါ….. အစုရှယ်ယာဝင်များ ငွေကြေးချမ်းသာသွားကြပေမယ့် မူလ တီထွင်သူတို့ ရွေးချယ်ခဲ့တဲ့ နာမည်နဲ့ အမှတ်တံဆိပ်ကတော့ ကမ္ဘာလောကပေါ်ကနေ ၂၀၁၂ ခုနှစ်နဲ့အတူ ပျောက်ကွယ်လို့ သွားပါတော့မယ်…..

နံပါတ် ၃ ကတော့ The Daily Mobile Application လေးပါပဲ…..


၂၀၁၂ ဒီဇင်ဘာ အစောပိုင်းမှာ တက်ဘလက်တွေမှာ အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ Daily Application ကိုရပ်ဆိုင်းမယ်လို့ ကြေငြာခဲ့တာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ အပြီးအပိုင်ကို ရပ်ဆိုင်းလိုက်ပါတော့တယ်…. Daily Application ဘာတွေလုပ်ခဲ့သလဲဆိုတော့ အများအသုံးများတဲ့ ဒီဇိုင်းတွေ Theme တွေ အသုံးပြုတယ်၊ ထူထူထဲထဲ ပုံကြီးတွေကို သုံးတယ်…. အရမ်းကို အမြင်ရှင်းလွန်းနေပီး စိတ်ဝင်စားဖွယ် ကြေငြာများလည်း ပါရှိခြင်း မရှိတဲ့အပြင်၊ အချို့အချို့သော စိတ်ဝင်စားဖွယ် Links များလည်း မပါရှိပါ…. အဲ့ဒိအတွက် လူတွေရဲ့ အမြင်အာရုံကို စွဲဆောင်နိုင်ခြင်း အလျဉ်းမရှိပဲ သူ့အတွက် ၀င်ငွေမရစေလို့ အဆုံးသတ်မတော့ အပြီးတိုင် ၂၀၁၂ နဲ့အတူ ပြည်ဖုံးကားချလိုက်ရပါတယ်….

နံပါတ် ၄ ကတော့ PicPlz Mobile Application လေးပါ….


Mobile Application ဈေးကွက်ဟာ အလွန့်ကို ပြိုင်ဆိုင်မှု ကြီးမားပါတယ်….. ပြီးခဲ့တဲ့ ဇွန်လမှာ ဖုန်းများထဲမှာ ဓါတ်ပုံတွေကို အလွယ်တကူ ပြင်လို့ ဆင်လို့ရတဲ့ Instagram Application နဲ့အပြိုင် လူတွေ သတိထားမိခဲ့တဲ့ PicPlz Application ဟာ ဇူလိုင်လမှာတော့ လုံးဝကို ရောင်းချခြင်း အလျဉ်းမရှိတော့ပါဘူး….. ကြေငြာချက်လည်း ထူးထူးခြားခြား မထွက်ခဲ့သလို လူအများစုလည်း သတိထားမိခြင်း မရှိခဲ့ပါ…..

နံပါတ် ၅ ကတော့ Google ရဲ့ Media Player လေး Nexus Q ပါ…..


စတင်ရောင်းချခဲ့တာကတော့ ဇူလိုင်လ မှာဖြစ်ပါတယ်…. သိပ်မကြာခင်မှာပဲ Google ဟာ ပြန်လည်ပြုပြင်ရန်တွေ ရှိတဲ့အတွက် အမှာစာတွေ ကြန့်ကြာမှာကို အသိပေးခဲ့ပီး ကြေငြာခြင်း ရပ်ဆိုင်းခဲ့ပါတယ်…. ဒါပေမယ့် မူလအစောပိုင်းက အမှာစာပေးထားသူတွေကတော့ ဒီ ၂၉၉  ဒေါ်လာတန် Google Media Player Nexus Q ကို အခမဲ့ရရှိခဲ့ပါတယ်….. Google လို နာမည်ကြီး ကုမ္ပဏီကြီးကထုတ်တဲ့ ဒီ Media Player လေးဟာ ဘာကြောင့် မအောင်မြင်ရသလဲ….. အဖြေကတော့ ဈေးကြီးလွန်းပါတယ်၊ သူတစ်ခုတည်း အလုပ်မလုပ်ပါဘူး…… တွဲဖက်အသုံးပြုရန် Android ဖုန်း သို့မဟုတ် Tablet တစ်ခုလိုပါတယ်…. သို့သော်လည်း တွဲဖက်အသုံးပြုမယ့် Android စက်ထဲက ဗီဒီယိုတွေ၊ သီချင်းတွေကို ဖွင့်လို့မရပါဘူး….. ဒါပေမယ့် အလားအလာရှိတဲ့ အရာတစ်ခုကို လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ Google ကတော့ ဒီဟာကို အဆင့်မြှင့်တင်ပီး ဘယ်လိုဈေးကွက်ကို ပြန်တင်လာမလဲ စောင့်ကြည့်ရမှာပါပဲ….. လောလောဆယ်တော့ သူအားထားတဲ့ Nexus Q ဟာ ၂၀၁၂ နဲ့ တစ်ခန်းရပ်သွားပါတယ်……

နံပါတ် ၆ ကတော့ Kodak Gallery


ပီးခဲ့တဲ့ ဇူလိုင်လမှာ Ofoto ကနေတစ်ဆင့် Kodak ဟာ ဓါတ်ပုံ ဂယ်လာရီပေါင်းများစွာ Shutterfly ကနေ လက်လွှဲ ၀ယ်ယူခဲ့ပါတယ်… စီမံကိန်းကတော့ အပျံစားပါပဲ….. အဆိုပါ ဓါတ်ပုံတွေကို ဗီဒီယို Slideshow, ဓါတ်ပုံ အသားပေး စာအုပ်များ (Photo Books) လုပ်ဖို့ ကြံရွယ်ခဲ့ပေမယ့်လည်း မဖြစ်မြောက်ပဲ အဲ့ဒိအဆင့်ရဲ့ အခြားအဆင့် အများစုကို စိတ်ပျက်စေမှုအဆင့်ကို ရောက်သွားပါတယ်…. မူရင်း ပင်မ Kodak ကုမ္ပဏီကြီး ဒေ၀ါလီခံလိုက်ရချိန်မှာတော့ အဆိုပါ ဒစ်ဂျစ်တယ် ဓါတ်ပုံတွေအပါအ၀င် ပုံရိပ်တွေကို Apple, Google နဲ့ Facebook အပါအ၀င် အခြားသော ကုမ္ပဏီကြီးများကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၅ သန်းနဲ့ ၂၀၁၂ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရောင်းချလိုက်ရပါတော့တယ်….

အမှတ် ၇ ကတော့ Oink Mobile Application ပါ….


သက်တန်းအားဖြင့် ငါးလလောက် ခံခဲ့တဲ့ Oink Mobile Application ဟာ Rating Software လေးတစ်ခုပါ….နေရာပေါင်းစုံက ပစ္စည်းပေါင်း၊ အမည်ပေါင်းများစွာကို Rate လုပ်တဲ့ ဆော့ဝဲလ်လေးပါ…. အခုတော့ သူတို့ရဲ့ Oink ဆော့ဝဲလ်ကို လုံးဝ ပိတ်သိမ်းလိုက်ပီး ဒါဟာ စမ်းသပ်တာလို့ပဲ မူရင်းတီထွင်သူတွေက ပြောဆိုလိုက်ပါတယ်…. ဒါပေမယ့် ဒီဆော့ဝဲလ်ရဲ့ အောင်မြင်စေတဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကတော့ Google Ventures မှာ အောင်မြင်စွာ ခြေချလို့ သွားပါပီ……

အမှတ်စဉ် ၈ ကတော့ Knight Capital


Knight Capital ဟာ အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီဖြစ်ပီး ဈေးကွက်များ ဖန်တီးခြင်းအပြင် အခြားအခြားသော လုပ်ငန်းများစွာကိုလည်း လုပ်ကိုင်ပါတယ်…. သို့သော် အဆိုပါကုမ္ပဏီရဲ့ ကုန်သွယ်မှု လုပ်နည်းစနစ်ကို ကြမ်းကြမ်းတမ်းတမ်း ပြောင်းလဲလိုက်တာဟာ တစ်ရက်ထဲမှာ ဒေါ်လာ သန်း ၄၄၀ ဆုံးရှုံးတဲ့အဆင့်အထိကို ပြောင်းလဲပီး နာမည်ပျက်သွားတဲ့အထိ ရလာဘ်ဆိုးကို ရရှိသွားပါတယ်….. ၂၀၁၂ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ Knight Capital ဟာ ဒေါ်လာ ၁.၄ ဘီလျှံနဲ့ Getco ကုမ္ပဏီရဲ့ အငြင်းပွားဖွယ်ရာ ၀ယ်ယူခြင်းကို ခံလိုက်ရပါတော့တယ်…..

Google Ventures Logo
ဒါကို ဘာသာပြန်နေရင်းနဲ့ သတိထားမိတာ လူကြိုက်များတဲ့ Mobile Applications ဖန်တီးသူများဟာ တဖြည်းဖြည်းနဲ့ Google ရဲ့ ၀ါးမြိုခြင်းကို ခံလိုက်ရပီး သူ့ဟာသူ ရပ်တည်ဖို့ မစွမ်းနိုင်တော့ပဲ Google Ventures မှာ အဖွဲ့အ၀င်အနေနဲ့ ရောက်သွားတာတွေ တဖြည်းဖြည်း တွေ့လာရတာပါပဲ..... ဈေးကွက်စီးပွားရးမှာ အားကြီးသူရဲ့ အနိုင်ပိုင်းချက်များပေါ့.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...