Wednesday, December 19, 2012

ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်မှ ပြည်ထောင်စု အမျိုးသမီး ဒေါ်ဒေါ်တင် (ရမည်းသင်း) ထံပေးစာ



“နံနက်ခြံထဲဆင်းတိုင်းပန်းပင်များကိုမြင်လျှင်
ပို့ ပေးသောပုဂ္ဂိုလ်များကိုကျေးဇူးတင်မေတ္တာပို့ ပါသည်။
အောင်ဆန်းဦးနှင့်အောင်ဆန်းစုကြည်တို့ ကျန်းမာကြပါ
သည်။ အမျိုးသမီးအဖွဲ့ အတွက်ဒေါ်ဒေါ်ရှေ့ ဆောင်၍တိုးတက်
ရန်ဆောင်ရွက်နေလိမ့်မည်ဟုမျှော်လင့်ပါသည်။
မေတ္တာများစွာနှင့်ကျေးဇူးတင်လျှက်
ခင်ကြည်”

ကျွန်တော်တို့ AsianFameMediaGroupကLivingမဂ္ဂဇင်း
တာဝန်ခံအယ်ဒီတာညီမငယ်လေးနွေးနွေး(နွေးနွေးစစ်အောင်)
ရဲ့ မိတ်ဆွေထံမှအလွန်အင်မတန်သမိုင်းတန်ဖိုးကြီးမားသည်ဟု
ကျွန်တော်ယုံကြည်သည့်စာတစ်စောင်ကိုဖတ်လိုက်ရသည်။
ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်မှ ပြည်ထောင်စု အမျိုးသမီး
ဒေါ်ဒေါ်တင်(ရမည်းသင်း)ထံပေးစာတစ်စောင်ဖြစ်ပြီးထိုစာပါ
အကြောင်းအရာတွေထဲထိုခေတ်ကာလအမျိုးသမီးအဖွဲ့ များ
ကလည်းတိုင်းကျိုးပြည်ကျိုးအတွက်တစ်တပ်တစ်အားထမ်းရွက်
လုပ်ဆောင်နေပုံကိုအရိပ်အမြွက်မှသိလိုက်ရသလိုဗိုလ်ချုပ်
ကတော်ဒေါ်ခင်ကြည်အနေနှင့်လည်းအချိန်နှင့်အမျှခရီးတွေ
ထွက်ရင်းလူထုနှင့်တစ်သားထဲနေထိုင်ကာပြည်သူတို့ ၏ဘဝ
ကိုမျက်ခြေမပျက်သိမြင်သုံးသပ်နေကြောင်းသိလိုက်ရ၏။
ထိုနည်းတူဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ကိုယ်တိုင်မည်သို့ 
သောလူနေမူပုံစံဖြင့်ပြုမူနေထိုင်ကြောင်းသာမကမိသားစု
ပုံရိပ်တစ်စိတ်တစ်ပိုင်းနှင့်လူထုအပေါ်ထားသည့်စိတ်သဘော
ထားစံပြုဖွယ်ရာကျေးဇူးတရားသိတက်မူတို့ ကိုပါစာကြောင်း
ရေအနည်းငယ်မျှမှာပေါ်ပေါ်လွင်လွင်ရှိနေစေသည်ကိုဖတ်ရူ
မြင်တွေ့ ရ၍အလွန်အင်မတန်သမိုင်းတန်ဖိုးကြီးမားသည်ဟု
ကျွန်တော်ယုံကြည်သည့်စာတစ်စောင်ဟုညွှန်ဆိုခြင်းဖြစ်ပါ၏။
ကျွန်တော်အပိုဆိုခြင်းဟုတ်မဟုတ်ကိုမိတ်ဆွေများ
ခံစားဖတ်ရူကြည့်လိုပါလျှင်.....။
***************
ခင်မင်လှစွာသောဒေါ်ဒေါ်
ထံအားဖြင့်အစီရင်ခံပါသည်။
ရန်ကုန်ရောက်လျှင်ရောက်ခြင်းစာရေးရန်စိတ်ရှိပါသော်လည်း
အလုပ်အလွန်များပါသဖြင့် ယ္ခုဒေါ်ဒေါ်ထံသို့ ဝါးခယ်မအသွား
သဘောင်္ပေါ်ကနေ၍ရေးပို့ ပေးပါသည်။ယနေ့ နံနက်ရန်ကုန်မှ
ထွက်၍မြစ်ဝကျွန်းပေါ်တွင်တစ်ပတ်မျှကြာပါမည်။ရမည်းသင်း
တွင်ခေတ္တနေစဉ်ဒေါ်ဒေါ်နှင့်တွေ့ ဆုံရသည်ကိုလည်းကောင်း
မေတ္တာနှင့်ကျွေးမွေးသောညစာသည်ခရီးပန်းစဉ်သုံးဆောင်
ရသည်ကိုများစွာကျေးဇူးတင်လျှက်ရှိပါသည်။ ဒေါ်ဒေါ်ပေးပို့ 
သောပန်းပင်များနှင့်တကွစားဖွယ်သစ်သီးစုံအတွက်များစွာ
ကျေးဇူးတင်ပါသည်။ပန်းပင်များလည်းကောင်းမွန်စွာပေါက်
နေပါသည်။နံနက်ခြံထဲဆင်းတိုင်းပန်းပင်များကိုမြင်လျှင်
ပို့ ပေးသောပုဂ္ဂိုလ်များကိုကျေးဇူးတင်မေတ္တာပို့ ပါသည်။
အောင်ဆန်းဦးနှင့်အောင်ဆန်းစုကြည်တို့ ကျန်းမာကြပါ
သည်။အမျိုးသမီးအဖွဲ့ အတွက်ဒေါ်ဒေါ်ရှေ့ ဆောင်၍တိုးတက်
ရန်ဆောင်ရွက်နေလိမ့်မည်ဟုမျှော်လင့်ပါသည်။
မေတ္တာများစွာနှင့်ကျေးဇူးတင်လျှက်
ခင်ကြည်
ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်
၅၄-၅၆ယူနီဗာစတီရိပ်သာ၊ရန်ကုန်။
***************
ဟုတ်ကဲ့ ....ကျွန်တော်အပိုဆိုခြင်းဟုတ်မဟုတ်နဲ့ ဤစာထဲမှ
ကျွန်တော်မမြင်မတွေ့ ခဲ့ပါသောအဖိုးတန်အကြောင်းအချက်များကိုကွန်မန့် ရေး
ကာအဖွားတို့ ကျေးဇူးကိုတစ်ပိုင်တစ်နိုင်ဆပ်ကြပါစိုလားမိတ်ဆွေခင်ဗျာ....။
ကိုမျိုး(မြန်မာစာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...