Friday, December 14, 2012

နောင်ဘဝတွင် ငှက်မလွဲမသွေ ဖြစ်ပါက ဒေါင်းမဟုတ်ဘဲ ကျီးဖြစ်ရလိုပါ၏။


by Than Saw on Friday, December 14, 2012 at 3:58pm 

 လူအပြင် အသိညာဏ်အရှိဆုံး တိရစ္တာန် ၆ မျိုး ကို အောက်တွင် ဖော်ပြထားတယ်။ ပစ္စည်းများကို ကိရိယာများအဖြစ် မိမိလိုအပ်သလို သုံးစွဲတတ်တဲ့ တိရိစ္ဆာန်များကို ထိုစာရင်းမှာထဲ့ထားပါတယ်။။ ခက်ခဲသည့် ပြဿနာများကို မိမိဘာသာ ဖြေရှင်းနိုင်သော ဥာဏ် စွမ်းရည်များ လည်း ရှိကြပါတယ်။
တချို့ တိရိစ္ဆာန်များထဲ့မှ တချို့မှာ (ဆင်၊ ချင်ပန်ဇီ၊ လပိုင်) ပုံရိပ်ကြည့် မှန်ထဲပေါ်နေတဲ့ မိမိရဲ့ ပုံရိပ်ကို မိမိဖြစ်တယ်ဆိုတဲ့ အသိလည်းရှိပါတယ်။

1. ချင်ပန်ဇီနှင် ဂေါ်ရီလာ မျောက်များ

2. လပိုင်များ

3. ဆင်များ 

4. ကျီးများ 

5. ငါးတချို့

6. ဘဝဲ သို့မဟုတ် ရေမျောက်များ

အလွန်အသိဥာဏ်ရှိတဲ့ ခွေများ ကြောင်များတောင် အသိဥာဏ်ရှိဆုံး ထိတ်ခေါင် ၆မျိုးမှာ မပါဝင်ကြပါ။

ဝမ်းနည်းစရာ ကောင်းသာကတော့ အရောင်အသွေး အလွန် လှပပြီး ရှိုးအမြဲပေးတတ်တဲ့ ဒေါင်းထီးများ ဤစာရင်းမှာ မပါတဲ့ အတွက်ကြောင့်ပါ။ သိပ္ပံပညာရှင်တွေ ဇီဝဗေဒ ပညာရှင်တွေ မှားနေကြသလား။ ပြန် ပြီး လေ့လာကြပါအုန်း။ ကျမ လုံးဝ မယုံလို့ပါ။

အင်း မှန်တယ်ဆိုရင်တာ့ မြန်မာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အမြင်အရ ကျမအခုဘဝမှာ သူတော်ကောင်းယောင်ဆောင် လူလိမ်သူခိုးတွေကို မကိုးကွယ်မိလို့၊ နောင်ဘဝမှာ ကျမငှက် မသွေမသိမ်း ဖြစ်ရမယ် ဆိုရင်တော့ ကျီးကန်းဘဲ ဖြစ်ပါရစေ။

ဒေါင်းတွေထက် ဥဏှောက်ကောင်းတယ်ဆိုလို့ပါ။

လူတွေ အိမ်မှာ အလှမွေးခံရတဲ့ ရာသက်ပန် အကျဉ်းသားမျိုး ဒါမှမဟုတ် လူတွေ အကြိုက်ဖျော်ဖြေ မျက်နှာလုပ်ရတဲ့ ရာသက်ပန် ကျွန်မျိုး မဖြစ်လိုပါ။

တောထဲ တောင်ထဲ မြို့ထဲ ရွာထဲ တေတေပေပေ လွတ်လွတ်လပ်လပ် လစ်ရင် လစ်သလို ကြည့်မရတဲ့ လူတွေခေါင်းကို ဆိတ်ခြင်ရင် ဆိတ်နိုင်တဲ့ ဘဝမျိုးကိုဘဲ ရခြင်ပါတယ်။

ခဲလည်း မကြောက်ပါ။ လောက်စာလုံးလည်း မကြောက်ပါ။ လေသေနတ် ခဲလုံးလည်း မကြောက်ပါ။ လောင်ချာလည်း မကြောက်ပါ။

ဘဝတိုခြင်တိုပါစေ။ ဒီတိုတဲ့ ဘဝမှာ ငါတကောကောပြီး လွတ်လွတ်လပ် နေခြင်ပါတယ်။

   

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...