Tuesday, December 11, 2012

ကမ္ဘာ့ ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် သုံးခုအား အမေရိကန်ခွင့်ပြု

မြန်မာ့ စီးပွားရေး သတင်းများ  ဒီဇင်ဘာ ၁၂၊ ၂၀၁၂

ကမ္ဘာ့ ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် သုံးခုအား အမေရိကန်ခွင့်ပြု 

ကမ္ဘာ့ ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို မြန်မာ ပုဂ္ဂလိကဘဏ် သုံးခုအား အမေရိကန် အစိုးရက နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့ပြီးကြောင်း ဘဏ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
“Visa Credit card က အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးပါ။ အဲဒီကုမ္ပဏီက ဘဏ်သုံးဘဏ်နဲ့ လက်မှတ်ထိုးခဲ့တယ်။ Visa card အတွက် ကမ္ဘောဇဘဏ်နဲ့ မြန်မာအရှေ့တိုင်းဘဏ် တို့နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ CB ဘဏ်လည်း Visa card နဲ့ Credit card လုပ်ငန်း လုပ်ကိုင်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ Visa Credit card ကုမ္ပဏီကို မြန်မာပြည်မှာ လုပ်ကိုင်ခွင့် ပြုခဲ့တယ်ဆိုကတည်းက အမေရိကန် အစိုးရက ငွေလွှဲပြောင်းဖို့အတွက် ခွင့်ပြုပြီလို့ ယူဆလို့ ရပါတယ်” ဟု ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောသည်။
ကမ္ဘောဇဘဏ်အနေဖြင့် Master card အတွက် ဆွေးနွေးမှုသာ ရှိနေသေးသည်ဟု ဆိုသည်။
ပြင်သစ်အခြေစိုက် ကုမ္ပဏီတခု ဖြစ်သော Western Union ကုမ္ပဏီနှင့် CB ဘဏ်တို့မှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“Western Union ကုမ္ပဏီက နိုင်ငံပေါင်းစုံမှာ ရှိတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပါ။ အဲဒီဘဏ်နဲ့ CB ဘဏ်က ငွေလွှဲလုပ်ငန်း လုပ်ကိုင်ဖို့ သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့လောက်မှာ စတင်ငွေလွှဲနိုင်အောင် စီစဉ်နေပြီ ဖြစ်ပါတယ်” ဟု CB ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့် က ပြောသည်။

Western Union ကုမ္ပဏီမှာ မြောက်ကိုရီးယား၊ ဆိုမာလီနှင့် ဆူဒါန်နိုင်ငံ တို့မှလွဲလျှင် တကမ္ဘာလုံးရှိ နိုင်ငံပေါင်းစုံနှင့်ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး ဖြစ်သည်။

“ပြည်ပနိုင်ငံတွေကနေ မြန်မာပြည်ကို ငွေလွှဲမယ်ဆိုရင် နိုင်ငံစုံမှာ ရှိနေတဲ့ Western Union ကုမ္ပဏီကနေ ငွေလက်ခံ မယ်။ အဲဒီကနေ Western Union နဲ့ ချိတ်ဆက်ထားတဲ့ စင်္ကာပူ ကုမ္ပဏီကို ငွေလွှဲပေးမယ်။ စင်္ကာပူ ကမှ တဆင့်မြန်မာပြည်မှာရှိတဲ့ CB ဘဏ်ကို ငွေလွှဲပေးမှာပါ။ CB ဘဏ်က တဆင့် သက်ဆိုင်ရာကို ငွေထုတ်ပေးမှာ ဖြစ်ပါတယ်” ဟု ဦးဖေမြင့် က ဆက်ပြောသည်။
ယခင်က ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်နေသူ မည်သူ မဆို မြန်မာနိုင်ငံသို့ ဒေါ်လာငွေများ လွှဲပို့သည့်အခါတိုင်း အမေရိကန် ဒေါ်လာ ထိန်းချုပ်မှု ကော်မတီက စစ်ဆေးပြီး မှ မြန်မာမိသားစုများက ထုတ်ယူခွင့် ရကြသည်။

“ပြည်ပ ဘဏ်တွေကနေ မြန်မာပြည်ကို ငွေလွှဲပို့ရင် ဘဏ်တွေ မှာ မြန်မာနာမည်နဲ့ ဝင်ရတယ်။ အဲဒီလို မြန်မာအမည်နဲ့ ဝင်တိုင်းဝင်တိုင်း အမေရိကန် ဒေါ်လာ ထိန်းချုပ်တဲ့ကုမ္ပဏီက သူတို့ ပိတ်ပင်ထားတဲ့သူတွေ ဟုတ်မဟုတ်စစ်ဆေးပါ တယ်” ဟု သင်္ဘောသားဟောင်း ဦးခင်မောင်ချစ် က ပြောပြသည်။

ထိုသို့ အမေရိကန်ဒေါ်လာ ထိန်းချုပ်မှု ကုမ္ပဏီက စစ်ဆေးသည့်အခါတိုင်း အနည်းဆုံး သီတင်း သုံးပတ်မှ သုံးလ အထိ ကြာမြင့်တတ်သည်ဟု ဆိုသည်။

“မြန်မာအမည်တွေက ဆင်တူတာ များကြတယ်။ အဲဒီမှာ သူတို့ ပိတ်ပင်ထားတဲ့သူတွေနဲ့ အမည် တူလို့ကတော့ အတော်စစ်ဆေးခံရပြီးမှ ငွေထုတ်လို့ ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ကြိုးစားခဲ့ဖူးသည့် ကုမ္ပဏီအချို့မှာ ပြည်တွင်းသို့ ငွေလွှဲသည့်အခါ အခက်အခဲမျိုးစုံ ကြုံဆုံခဲ့ရ၍ လုပ်ငန်း ရပ်ဆိုင်းခ့ “ဘဏ်စနစ် အတားအဆီးကြောင့် မွန်ပြည်နယ်၊ မုပွန်မှာ
ရှိတဲ့ ပျားတောင် ဘိလပ်မြေစက်ရုံမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားခဲ့တဲ့ အင်ဒိုနီးရှား သူဌေးဆိုရင် ပြည်ပကနေငွေလွှဲ မရခဲ့လို့ လုပ်ငန်းတန်းလန်းနဲ့ ဆက်မလုပ်နိုင်ခဲ့ရတာမျိုး ဖြစ်ခဲ့ဖူးတယ်” ဟု ယင်းစီမံကိန်းတွင် ပါဝင်ခဲ့သူ ဦးလှရီ က ပြောပြသည်။

ထို့အတူ ဗြိတိန်နိုင်ငံရှိ ကုမ္ပဏီတခုနှင့် ဖက်စပ်လုပ်ငန်းတခု လုပ်ကိုင်ရန် ဗြိတိန်မှ အမေရိကန် ဒေါ်လာ ၁၅ဝ,ဝဝဝ ကို လွှဲပို့ရာတွင် ဘဏ်အဆင့်ဆင့် ငွေလွှဲခဲ့ရသဖြင့် ဒေါ်လာသောင်းချီ ကုန်ကျခဲ့ရဖူးသည့် အတွေ့အကြုံကိုလည်း Global ကုမ္ပဏီမှ လုပ်ငန်းရှင် ဦးစိုးသိန်း က ဆိုသည်။

“မြန်မာပြည်မှာ လုပ်ငန်းတခု လုပ်ကိုင်ဖို့အတွက် ပြည်ပကနေ ငွေလွှဲပို့တာ အမေရိကန်ကမှ တဆင့် ဂျပန်၊ ဂျပန် ကနေ ထိုင်း။ အဲဒီလို ဘဏ်အဆင့်ဆင့် ငွေလွှဲခဲ့ရတဲ့အတွက် ဒေါ်လာ သောင်းချီ ကုန်ကျခဲ့တယ်။ အချိန်လည်း ကြန့်ကြာခဲ့တော့ လုပ်ငန်းအတွက် အတော်နှောင့်နှေးခဲ့ရတယ်” ဟု နိုင်ငံခြား ဖက်စပ်ကုမ္ပဏီတခုတွင် အကြံပေး လုပ်နေသူ ဦးစိုးသိန်း က ပြောကြားသည်။ဲရသူများ ရှိခဲ့သည်ဟု သိရသည်။

အရည်အသွေးနိမ့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ 

ပြည်တွင်းဈေးကွက်အတွင်းရှိ အရည်အသွေး မပြည့်ဝသော ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေး များကို အရေးယူနိုင်ရန်အတွက် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းက ဆိုသည်။ စိုက်ပျိုး သီးနှံများအတွက် တောင်သူလယ်သမားများ ဝယ်ယူအသုံးပြုရသည့် ပိုးသတ်ဆေးများနှင့် ဓါတ်မြေသြဇာများ တွင် ငွေကုန်ကြေးကျသာ များပြီး အကျိုးသက်ရောက်မှု နည်းပါးလာ၍ တောင်သူများ၏ တောင်းဆိုမှုများအရ ထိုသို့ စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဓါတ်မြေသြဇာ သို့မဟုတ် ပိုးသတ်ဆေး တမျိုးအတွက် စစ်ဆေးခ ကျပ် ၅ သိန်း ကုန်ကျမည်ဖြစ်ပြီး ထိုကုန်ကျငွေများ ကို တောင်သူလယ်သမားအသင်းနှင့် ဓါတ်မြေသြဇာ တင်သွင်း ထုတ်လုပ်ရောင်းချသူများ အသင်းတို့က ပူးပေါင်းကျခံ သွားမည် ဖြစ်သည်။

စစ်ဆေးမှု လုပ်ငန်းစဉ်များတွင် အရေးယူမှုများအပြင် သမာသမတ်ရှိမှုလည်း တောင်သူများက လိုလားကြသည်။ အရည်အသွေး မပြည့်ဝသော ပိုးသတ်ဆေးများနှင့် ဓါတ်မြေသြဇာများကို စစ်ဆေးတွေ့ရှိပါက အမှတ်တံဆိပ်များကို သတင်းစာနှင့် ဂျာနယ်များတွင် ဖေါ်ပြသွားမည် ဖြစ်သည်။ဈေးကွက်အတွင်းရှိ ဓါတ်မြေသြဇာများတွင် မြေသြဇာ ထက်မြက်မှု နည်းခြင်း၊ အချို့ ထုတ်လုပ်သူများမှာ စစ်ဆေးရန် မှတ်ပုံတင်စဉ်ကနှင့် ဖြန့်ဖြူးရောင်းချသည့်အခါ အာဟာရ ကွာခြားခြင်း၊ အခြား မလိုအပ်သည့်ဆိုးကျိုး ဖြစ်စေသည့် ဓါတုပစ္စည်းများ ပါဝင်ခြင်း၊ တကယ်မပါသည့် အာဟာရဓါတ်အညွှန်းများ အိတ်ခွံတွင် ပိုမိုရိုက်နှိပ် ဖေါ်ပြထားခြင်းများ ရှိကြောင်း သိရှိရသည်။

စစ်ဆေးရာတွင် မြန်မာနိုင်ငံ ဓါတ်မြေသြဇာ တင်သွင်း ထုတ်လုပ် ရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း စစ်ဆေးသွားမည် ဖြစ်သည်။

NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
Sa Maung shared a photo.
မြန်မာ့စီးပွားရေးသတင်းများ ဒီဇင်ဘာ ၁၂၊ ၂၀၁၂

ကမ္ဘာ့ ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင
့်ကို မြန်မာ ပုဂ္ဂလိကဘဏ် သုံးခုအား အမေရိကန် အစိုးရက နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့ပြီးကြောင်း ဘဏ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...