စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၁+၂
Posted by Language Republic on December 12, 2012 at 16:49 in
အလုပ်အတွက် စာရေးမယ်ဆိုရင် ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာမဟုတ်တဲ့ အခြားအကြောင်းအတွက် စာရေးမယ်ဆိုရင် အရေးအသား အဆင့်အတန်း ပိုမြင့်ဖို့ လိ

ုပါတယ်။ ၀န်ဆောင်မှုတောင်းတဲ့အခါ၊ ၀န်ဆောင်မှုကို မကျေနပ်လို့ တိုင်တဲ့အခါ၊ အလုပ်လျှောက်တဲ့အခါ၊ အလုပ်လျှောက်တဲ့သူကို စာပြန်တဲ့အခါ လိုက်နာသင့်တဲ့ ပုံစံကလေးတွေ ရှိပါတယ်။ စာ သို့မဟုတ် အီးမေးလ် ရေးတဲ့အခါ သတိပြုသင့်တဲ့အချက်တွေကို အကြံပြုဖော်ပြလိုက်ပါတယ်။
၁။ အကျဉ်းဖော်ပြချက်
ရေးသားမယ့် အကြောင်းအရာကို အကျဉ်းချုပ်အချက်ထုတ်ပြီးတော့ဖြစ်စေ၊ အလေးအနက် ဖော်ပြလိုတဲ့ အချက် တွေကို စာရင်းပြုလုပ်ပြီးတော့ဖြစ်စေ ပြောချင်တဲ့အကြောင်းအရာတွေကို အစမ်းလေ့ကျင့်ကြည့်ပါ။
စိတ်ထဲက အတွေးကို စာနဲ့ရေးပြရတာ အခက်အခဲ ရှိနေရင် အသုံးအနှုန်း ခက်ခက်တွေကို မသုံးဘဲ လွယ်လွယ် ရေးကြည့်ပါ။ နောက်မှ အဆင့်မြင့်မြင့် ပြန်ရေးလို့ ရပါတယ်။ (လွယ်လွယ်ရေးတာ ကောင်းနေရင်လည်း ထားလိုက်လို့ ရပါတယ်။)
“Please clarify your request in your letter about (blank). I was confused by the reference to (blank).” ------------- နှင့် စပ်လျဉ်း၍ လူကြီးမင်း၏ စာပါ မေတ္တာရပ်ခံချက်ကို ကျေးဇူးပြု၍ ရှင်းလင်းဖော်ပြစေလိုပါသည်။ ------------- ကို ရည်ညွှန်းချက်ကြောင့် ရှုပ်ထွေးမှု ဖြစ်ခဲ့ပါသည်။ လို့ ရေးမယ့်အစား “I want to know what you meant when you wrote (blank). Your letter was confusing because (blank)” ----- လို့ ရေးလိုက်တာ ဘာကို ဆိုလိုတာလဲ သိချင်တယ်၊ စာမှာ ------------ လို့ ဖော်ပြထားတော့ ရှုပ်နေတယ်လို့ ရှင်းရှင်း လွယ်လွယ် အစပျိုးနိုင်ပါတယ်။
၂။ အကြောင်းအရာ
စာရေးရာမှာ ရုံးတွင်းစာလို အကြောင်းအရာကို သီးခြား ရေးပြစရာ မလိုဘူး။ အီးမေးလ်ပို့တာဆိုရင်တော့ အကြောင်းအရာ subject line ကို အဓိပ္ပာယ် ထင်ရှားအောင် ရေးရပါမယ်။ ဥပမာ “Information Needed” အချက်အလက် လိုအပ်ခြင်းလို့ ရေးတာထက် “Request for Purchase Records” ၀ယ်ယူမှုမှတ်တမ်းများ တောင်းခံခြင်းလို့ ရေးတာက ဖတ်တဲ့သူအတွက် ပိုပြီး သတိပြုမိမှာ ဖြစ်တယ်။
၃။ နှုတ်ဆက်ခြင်း
အခြားအဖွင့်ပိုင်း နှုတ်ဆက်တဲ့ အသုံးအနှုန်းတွေ ဘယ်အသုံးအနှုန်းနဲ့မှ အဆင်မပြေမှသာ “To Whom It May Concern”သက်ဆိုင်သူသို့ကို သုံးသင့်တယ်။ “To Whom It May Concern” နောက်က ကော်မာ မလိုက်ရဘူး၊ colon (:) လိုက်ရမယ်ဆိုတာကို သတိပြုပါ။ (“Dear Sir or Madam”) လူကြီးမင်းခင်ဗျား လို့ ရေးတာကတော့ ရှေးခေတ်သုံး ဖြစ်တယ်။) စာပို့တဲ့အခါ ဘယ်သူ့ဆီ ရောက်မယ့်စာလဲဆိုတာ ကြိုတင်ပြီး မသိနိုင်ဘူးဆိုရင် (ဒါမှမဟုတ် သက်ဆိုင်ရာပုဂ္ဂိုလ်ဆီကို ဆက်လက်ပို့ပေးမယ့်သူကို မသိဘူးဆိုရင်) အဲဒီအဖွဲ့အစည်းက ဗျူရိုကရေစီ များပြားလွန်းနေတာလား၊ ဆက်သွယ် အလုပ်လုပ်သူတွေကို တန်ဖိုးမထားဘဲ စုံစမ်းမေးမြန်းလို့တောင် မရတာလား၊ ဒါမှမဟုတ် ကိုယ့်ဘက်က အပျင်းကြီးပြီး ဘယ်သူ့ဆီ စာရေးရမယ်ဆိုတာ မမေးမြန်း မစုံစမ်းတာလား တစ်ခုခုဘဲ။
၎။ ရင်းနှီးခြင်းနှင့် ဘက်မလိုက်ခြင်း
ကိုယ်ကစပြီး ရေးတဲ့စာ ဆိုရင် တစ်ဘက်သားကို Mr. Smith သို့မဟုတ် Ms. Jones စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းနိုင်တယ်။ နာမည်ကြည့်ပြီး ကျား-မ မသဲကွဲဘူးဆိုရင် နာမည်အပြည့်အစုံနောက်က colon ထည့်ပြီး ခေါ်ဝေါ်သုံးနှုန်း နိုင်တယ်။ ဥပမာ Pat Johnson: လို့ ရေးနိုင်တယ်။
ပြန်စာရေးတာဆိုရင် ပေးစာမှာ ရေးတဲ့သူက နာမည်အပြည့်အစုံနဲ့ လက်မှတ်ထိုးထားရင် ပြန်စာရဲ့ နှုတ်ခွန်းဆက် အပိုင်းကလည်း ခန့်ခန့်ငြားငြား ရေးပေးရမယ်။ ဒါပေမယ့် အဖျားဆွတ်ခေါ်တဲ့ နာမယ်မျိုး ဒါမှမဟုတ် ရင်းနှီးသူချင်း ခေါ်တဲ့ နာမည်နဲ့ လက်မှတ်ထိုးထားရင်တော့ ဥပမာ “Pat” လို့ လက်မှတ်ထိုးထားရင် ပြန်စာရဲ့ နှုတ်ခွန်းဆက် အပိုင်းမှာလည်း ရင်းနှီးသူချင်း ခေါ်တဲ့ နာမည် first name နဲ့ ခေါ်ပြီး ရေးနိုင်ပါတယ်။ နိဂုံးချုပ်မှာလည်း လွတ်လပ်ပေါ့ပါးစွာ အဆုံးသတ်နိုင်ပါတယ်။
ဒါပေမယ့် သတိထားရမှာက ကိုယ်နဲ့ မသိတဲ့သူ ဒါမှမဟုတ် တစ်ကြိမ်တစ်ခါလောက် ဆုံဘူးသူဆိုရင် သိပ်ရင်းနှီးတဲ့ လေသံမျိုးနဲ့ မရေးသင့်ဘူး။ ကိုယ်ရေးကိုယ်တာတွေလည်း မရေးသင့်ဘူး။ တစ်ဘက်သားရဲ့ အနေအထား ဆက်စပ်မှုတွေကို ကြည့်ခြင်းဖြင့် ကိုယ်နဲ့ သဘောထားအယူအဆ တူညီတယ်လို့ ထင်ရတဲ့ တိုင်အောင် နိုင်ငံရေး၊ အယူဝါဒရေး၊ ဘာသာရေးတွေမှာ ဘယ်သို့ ဘယ်ပုံ ယုံကြည်တာဖြစ်လိမ့်မယ်လို့ ယူဆပြီး စာကို မရေးသင့်ဘူး။ ခင်မင်သူချင်း ခေါ်တဲ့ နာမည်ကို ခေါ်ပြီး စာချင်း ဆက်သွယ်နေသည့်တိုင်အောင် ဒါမှမဟုတ် လူချင်း တွေ့ဖူးပြီး ဖြစ်သည့်တိုင်အောင် အလုပ်သဘောဘဲ ပီပြင်အောင် ရေးသင့်တယ်။
၅။ အစပျိုးခြင်း
စာရေးရတဲ့ ရည်ရွယ်ချက်ကို ချက်ချင်း ပြောပါ။ ၀န်ဆောင်မှုတစ်ခုအတွက် ကျေးဇူးတင်ကြောင်း ရေးတာဆိုရင် စာစရေးကတည်းက ကျေးဇူးတင်တာကို ဖော်ပြပါ။ အသေးစိတ်ကို နောက်မှ ဆက်ရေးပါ။ ၀န်ဆောင်မှု တစ်ခု ဒါမှမဟုတ် ရှင်းလင်းချက် တောင်းခံချင်တာဆိုရင် အစကတည်းက တောင်းလိုက်ပါ။ တိုင်ကြားချက် ဒါမှမဟုတ် မကျေနပ်ချက် ရှိတယ်ဆိုရင်လည်း အဲဒီအကြောင်းကို အစပိုင်းမှာ ဖော်ပြလိုက်ပါ။
၇။ ရှုမြင်ပုံ
ထိရောက်တဲ့ ပေးစာပြန်စာတွေမှာ ရှုထောင့်မှန်ဖို့ ဒါမှမဟုတ် အလေးအနက်ပြုတာ မှန်ဖို့ သတိပြု ရေးသားထားတာကို တွေ့ရမယ်။ စာ သို့မဟုတ် အီးမေးလ် နဲ့ မကျေနပ်ချက် ဖော်ပြရာမှာ “Your store has lousy service.” မင်းတို့ဆိုင်က ၀န်ဆောင်မှုက သုံးစားလို့ မရဘူး လို့ ရေးရင် ရိုင်းတာပေါ့။ “I wish to complain about the poor service I received at your store yesterday.” မနေ့က လူကြီးမင်းတို့ စတိုးဆိုင်မှာ ၀န်ဆောင်မှု ညံ့ဖျင်းတာကို ကြုံတွေ့ခဲ့ရတဲ့အတွက် တိုင်ကြားလိုပါတယ် လို့ ရေးရင်လည်း ဒီအဓိပ္ပာယ်ပါဘဲ။ ၀ါးလုံးရှည်နဲ့ သိမ်းကြုံး ရမ်းလိုက်သလို တိကျမှန်ကန်မှု မရှိတော့ဘဲ ဖြစ်သွားနိုင်တဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြမယ့်အစား ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ဖော်ပြပါ။ အချက်အလက်တွေကိုသာ ဖော်ပြပါ။
အလုပ်လျှောက်တာဆိုရင် ဒါမှမဟုတ် အကူအညီတောင်းတာဆိုရင် ကိုယ့်ဘက်ကချည်း ရေးမနေဘဲ တစ်ဘက်သားဘက်ကလည်း အလေးအနက် ဖော်ပြပေးပါ။ ကုမ္ပဏီကို ဘာလုပ်ပေးနိုင်မယ်၊ ကုမ္ပဏီက ဘာပြန်ရချင်တယ်ဆိုတာကို ဖော်ပြရမှာ မှန်ပေမယ့် တစ်ဘက်သားကို ဦးစားပေးပါ “I believe that I have much to offer World Wide Widgets.” ကျွန်တော်ကတော့ World Wide Widgets ကုမ္ပဏီအတွက် အများကြီး လုပ်ပေးနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်}} လို့ “World Wide Widgets is highly regarded in the widget industry, and my professional goal is to start at the top.” World Wide Widgets ကုမ္ပဏီသည် Widgets လုပ်ငန်းစုအတွင်း အများ ရိုသေလေးစားမှုကို ခံယူရရှိသော ကုမ္ပဏီဖြစ်ပါသည်။ ကျွန်တော်၏ အလုပ်အကိုင်နှင့် ပတ်သက်သည့် ရည်မှန်းချက်မှာ ထိပ်တန်းကုမ္ပဏီတွင် စတင် အလုပ်လုပ်လိုခြင်းပင် ဖြစ်ပါသည်။ လို့ ရေးမယ်ဆိုရင် ပိုပြီး နှစ်လိုဖွယ်ဖြစ်တယ်၊ ရည်မှန်းချက်ရှိရှိနဲ့ ကြိုးစားမယ့်သူလို့လည်း ဖော်ပြရာရောက်တယ်။
ဝါကျအရှည် စာပိုဒ်အရှည်တွေကို စောင့်ကြည့်ပြီး တတ်နိုင်သလောက် တိုအောင် လုပ်ပါ။ ၀ါကျတွေက ရှည်လွန်းပြီး စာပိုဒ်တွေက မပြီးနိုင်မဆုံးနိုင်ဖြစ်နေရင် (ဒါမှမဟုတ် စကားအသုံးအနှုန်းက လူနားမလည်အောင် ရေးထားရင်၊ ဒါမှမဟုတ် အမှားအယွင်းတွေ ထပ်နေရင်) လိုချင်တဲ့ ရလဒ်ကို ရနိုင်ဖို့ အခွင့်အလမ်းလည်း နည်းသွားလိမ့်မယ်။
ပေးစာ ပြန်စာတွေ ရေးတဲ့နေရာမှာ စာအမှားတွေကိုသာ ပြန်စစ်သင့်တာ မဟုတ်ဘဲ ရှည်လွန်းနေရင်လည်း ပြင်ရေးသင့်တယ်။ စာတစ်ပိုဒ်မှာ လေးငါးလိုင်းထက်မပိုသင့်ဘူး။ စာတစ်စောင် အီးမေးလ်တစ်ခုလုံးမှာလည်း စာပိုဒ် အနည်းငယ်ဘဲ ပါသင့်တယ်။ အဲဒီထက် ပိုနေရင် ရည်ရွယ်ချက်အောင်မြင်တော့မှာ မဟုတ်ဘူး။ တစ်ဘက်သားကို လေးစားတဲ့အနေနဲ့ ပေးစာ ပြန်စာတွေကို မပို့ချင် သုံးလေးခေါက်တော့ ပြန်ဖတ်ပါ။ လိုရင်း တိုရှင်းဖြစ်အောင်၊ ထပ်နေတာတွေ မပါတော့အောင်၊ အပိုတွေ ဖယ်ရှားပစ်ရအောင် လုပ်လို့ ရမလား စစ်ဆေးကြည့်ပါ။
Read more: စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၂ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A769544&xgs=1&xg_source=msg_share_topic#ixzz2F01FRJpH
Read more: စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၁ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A768208&xgs=1&xg_source=msg_share_topic#ixzz2Etp0lfq0

၆။ လေသံ
ရိုသေလေးစားတဲ့ အသုံးအနှုန်းမျိုးကို သုံးနှုန်းပါ။ ဒေါသထွက်နေတယ်၊ မကျေမနပ်ဖြစ်နေတယ်၊ စိတ်ပျက်နေတယ် ဆိုရင် စိတ်ခံစားမှုကို ဖော်ပြလို့ ရပါတယ်။ ဒါပေမယ့် တစ်ဘက်သားကို ဒါမှမဟုတ် တစ်ဘက်သားရဲ့ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို တိုက်ခိုက်ရေးသားတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ မကျေနပ်ချက်ကိုသာ အသေးစိတ် ဖော်ပြပါ။ ပြဿနာကို တစ်ဘက်သားအနေနဲ့ ဘယ်လို ဖြေရှင်းပေးရင် ပြေလည်သွားနိုင်တယ်ဆိုတာကို ရေးသားပါ။ မိမိကိုယ်ကို ယုံကြည်ကြောင်း ပေါ်လွင်ပါစေ၊ အဲဒီအပြင်ဒါမှမဟုတ် အခိုင်အမာ ရေးသားပါ။ ဒါပေမယ့် ဘ၀င်မြင့်နေတယ်၊ တစ်ဘက်သားကို အပေါ်စီးက ပြောတယ်၊ သူလိုချင်တာဘဲ သိတယ် ဆိုတဲ့ ပုံစံမျိုး မဖြစ်အောင် သတိထားပါ။ တိုင်စာ ကန့်ကွက်စာ ရေးတယ် ဆိုရင်တောင် ယဉ်ယဉ်ကျေးကျေး ရေးရပါတယ်။

၈။ စကားအသုံးအနှုန်း
ပညာရှင်လေသံနဲ့ ရေးပါ။ ဒါပေမယ့် စကားကြီးစကားကျယ်တွေ၊ ကိန်းကြီးခန်းကြီး စကားအသုံးအနှုန်းတွေကို ရှောင်ပါ။ ကိုယ်ပြောချင်တာကို ပေါ်လွင်စေမယ့် ရှင်းလင်းပြီး လိုရင်းတိုရှင်း စကားအသုံးအနှုန်းတွေကို သုံးနှုန်းပါ။ နာမည်အစအက္ခရာတွေ ပေါင်းစပ်ထားတဲ့ စကားလုံးဆိုရင် အပြည့်အစုံကို ထုတ်ဖော်ရေးသားပါ။ အတိုကောက်တွေကို မသုံးပါနဲ့။ ပညာရပ်နယ်ပယ်ထဲက စကားလုံးတွေထက် အများနားလည်တဲ့ စကားလုံးတွေကို သုံးပါ။ ဘန်းစကားမသုံးဘဲ စံသတ်မှတ်ထားတဲ့ အသုံးအနှုန်းကို သုံးပါ။
၉။ ပုံသဏ္ဍာန်နှင့် အရှည်
ပညာရှင်လေသံနဲ့ ရေးပါ။ ဒါပေမယ့် စကားကြီးစကားကျယ်တွေ၊ ကိန်းကြီးခန်းကြီး စကားအသုံးအနှုန်းတွေကို ရှောင်ပါ။ ကိုယ်ပြောချင်တာကို ပေါ်လွင်စေမယ့် ရှင်းလင်းပြီး လိုရင်းတိုရှင်း စကားအသုံးအနှုန်းတွေကို သုံးနှုန်းပါ။ နာမည်အစအက္ခရာတွေ ပေါင်းစပ်ထားတဲ့ စကားလုံးဆိုရင် အပြည့်အစုံကို ထုတ်ဖော်ရေးသားပါ။ အတိုကောက်တွေကို မသုံးပါနဲ့။ ပညာရပ်နယ်ပယ်ထဲက စကားလုံးတွေထက် အများနားလည်တဲ့ စကားလုံးတွေကို သုံးပါ။ ဘန်းစကားမသုံးဘဲ စံသတ်မှတ်ထားတဲ့ အသုံးအနှုန်းကို သုံးပါ။
၉။ ပုံသဏ္ဍာန်နှင့် အရှည်
ဝါကျအရှည် စာပိုဒ်အရှည်တွေကို စောင့်ကြည့်ပြီး တတ်နိုင်သလောက် တိုအောင် လုပ်ပါ။ ၀ါကျတွေက ရှည်လွန်းပြီး စာပိုဒ်တွေက မပြီးနိုင်မဆုံးနိုင်ဖြစ်နေရင် (ဒါမှမဟုတ် စကားအသုံးအနှုန်းက လူနားမလည်အောင် ရေးထားရင်၊ ဒါမှမဟုတ် အမှားအယွင်းတွေ ထပ်နေရင်) လိုချင်တဲ့ ရလဒ်ကို ရနိုင်ဖို့ အခွင့်အလမ်းလည်း နည်းသွားလိမ့်မယ်။
ပေးစာ ပြန်စာတွေ ရေးတဲ့နေရာမှာ စာအမှားတွေကိုသာ ပြန်စစ်သင့်တာ မဟုတ်ဘဲ ရှည်လွန်းနေရင်လည်း ပြင်ရေးသင့်တယ်။ စာတစ်ပိုဒ်မှာ လေးငါးလိုင်းထက်မပိုသင့်ဘူး။ စာတစ်စောင် အီးမေးလ်တစ်ခုလုံးမှာလည်း စာပိုဒ် အနည်းငယ်ဘဲ ပါသင့်တယ်။ အဲဒီထက် ပိုနေရင် ရည်ရွယ်ချက်အောင်မြင်တော့မှာ မဟုတ်ဘူး။ တစ်ဘက်သားကို လေးစားတဲ့အနေနဲ့ ပေးစာ ပြန်စာတွေကို မပို့ချင် သုံးလေးခေါက်တော့ ပြန်ဖတ်ပါ။ လိုရင်း တိုရှင်းဖြစ်အောင်၊ ထပ်နေတာတွေ မပါတော့အောင်၊ အပိုတွေ ဖယ်ရှားပစ်ရအောင် လုပ်လို့ ရမလား စစ်ဆေးကြည့်ပါ။
၁၀။ နိဂုံးချုပ်
နိဂုံးချုပ်အနေနဲ့ စာရေးရတဲ့ ရည်ရွယ်ချက်ကို ထပ်ပြီး အကျဉ်းချုပ် ဖော်ပြပေးပါ။ မျှော်မှန်းထားတဲ့ ရလဒ်တွေကိုလည်း ဖော်ပြပါ။ ဥပမာ “Please provide the requested information” " တောင်းခံထားသော အချက်အလက်များကို ကျေးဇူးပြု၍ ဖြည့်ဆည်းပေးပါ။" ဒါမှမဟုတ် “Please clarify what I need to submit, and when, so that I may satisfy your request.” တောင်းခံထားသည်များကို ဖြည့်ဆည်းပေးနိုင်ရန် မည်သည်တို့ကို မည်သည့်အချိန်တွင် တင်သွင်းရန် လိုအပ်ကြောင်း ကျေးဇူးပြု၍ ရှင်းလင်းဖော်ပြပေးပါ။" လို့ ရေးနိုင်ပါတယ်။ တောင်းခံရာမှာ အချိန်သိပ်မရဘူး၊ သတ်မှတ်ချိန်မီအောင် လုပ်ပေးဖို့ လိုမယ်ဆိုရင် အဲဒီလို ချက်ချင်း တုံ့ပြန်ခြင်းဖြင့် သင့်အတွက်သာမက တစ်ဘက်သားမှာရော အခြားသူတွေမှာရော ဘယ်လို အကျိုးရှိမယ်ဆိုတာ သက်ဆိုင်အကျုံးဝင်မယ်ဆိုရင် ထည့်သွင်းဖော်ပြပေးဖို့ ကြိုးစားပါ။ အလောတကြီး မလိုဘူး၊ တစ်ဘက်သားဆီက အကူအညီတောင်းတာဆိုရင် သက်သောင့်သက်သာဖြစ်ကြောင်း ဖော်ပြတဲ့ “at your convenience” အဆင်ပြေတဲ့အခါလို အသုံးအနှုန်းတွေ ထည့်သုံးပါ။
ဘယ်လိုဘဲဖြစ်ဖြစ် တစ်ဘက်သားကို ကျေးဇူးတင်ကြောင်း ရေးသားဖို့ မမေ့ပါနဲ့။ လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်တာမျိုး ဖြစ်ပါစေ။ အထက်စီးကနေ ကျေးဇူးတင်တာမျိုး၊ မလွှဲသာလို့ ကျေးဇူးမတင်ရင် မကောင်းတတ်လို့ ကျေးဇူးတင်ရတာမျိုး မဖြစ်ပါစေနဲ့။ “Thanking you in advance,” " ကြိုတင်ကျေးဇူးတင်လျက်" ဆိုတာကတော့ ကိစ္စပြီးတဲ့အခါ ကျေးဇူးတင်ကြောင်း စာကလေးတစ်စောင်လောက်ကို ရေးမပို့ချင်လို့ အခုကတည်းက ကြိုတင်ကျေးဇူးတင်ထားလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒါကြောင့် ကြိုတင်တာ မထည့်ဘဲ “Thank you” ကျေးဇူးတင်ပါတယ် ဆိုရင် လုံလောက်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာရေးရတဲ့ ရည်ရွယ်ချက်ကို ထပ်ပြီး အကျဉ်းချုပ် ဖော်ပြပေးပါ။ မျှော်မှန်းထားတဲ့ ရလဒ်တွေကိုလည်း ဖော်ပြပါ။ ဥပမာ “Please provide the requested information” " တောင်းခံထားသော အချက်အလက်များကို ကျေးဇူးပြု၍ ဖြည့်ဆည်းပေးပါ။" ဒါမှမဟုတ် “Please clarify what I need to submit, and when, so that I may satisfy your request.” တောင်းခံထားသည်များကို ဖြည့်ဆည်းပေးနိုင်ရန် မည်သည်တို့ကို မည်သည့်အချိန်တွင် တင်သွင်းရန် လိုအပ်ကြောင်း ကျေးဇူးပြု၍ ရှင်းလင်းဖော်ပြပေးပါ။" လို့ ရေးနိုင်ပါတယ်။ တောင်းခံရာမှာ အချိန်သိပ်မရဘူး၊ သတ်မှတ်ချိန်မီအောင် လုပ်ပေးဖို့ လိုမယ်ဆိုရင် အဲဒီလို ချက်ချင်း တုံ့ပြန်ခြင်းဖြင့် သင့်အတွက်သာမက တစ်ဘက်သားမှာရော အခြားသူတွေမှာရော ဘယ်လို အကျိုးရှိမယ်ဆိုတာ သက်ဆိုင်အကျုံးဝင်မယ်ဆိုရင် ထည့်သွင်းဖော်ပြပေးဖို့ ကြိုးစားပါ။ အလောတကြီး မလိုဘူး၊ တစ်ဘက်သားဆီက အကူအညီတောင်းတာဆိုရင် သက်သောင့်သက်သာဖြစ်ကြောင်း ဖော်ပြတဲ့ “at your convenience” အဆင်ပြေတဲ့အခါလို အသုံးအနှုန်းတွေ ထည့်သုံးပါ။
ဘယ်လိုဘဲဖြစ်ဖြစ် တစ်ဘက်သားကို ကျေးဇူးတင်ကြောင်း ရေးသားဖို့ မမေ့ပါနဲ့။ လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်တာမျိုး ဖြစ်ပါစေ။ အထက်စီးကနေ ကျေးဇူးတင်တာမျိုး၊ မလွှဲသာလို့ ကျေးဇူးမတင်ရင် မကောင်းတတ်လို့ ကျေးဇူးတင်ရတာမျိုး မဖြစ်ပါစေနဲ့။ “Thanking you in advance,” " ကြိုတင်ကျေးဇူးတင်လျက်" ဆိုတာကတော့ ကိစ္စပြီးတဲ့အခါ ကျေးဇူးတင်ကြောင်း စာကလေးတစ်စောင်လောက်ကို ရေးမပို့ချင်လို့ အခုကတည်းက ကြိုတင်ကျေးဇူးတင်ထားလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒါကြောင့် ကြိုတင်တာ မထည့်ဘဲ “Thank you” ကျေးဇူးတင်ပါတယ် ဆိုရင် လုံလောက်ပါတယ်။
Read more: စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၂ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A769544&xgs=1&xg_source=msg_share_topic#ixzz2F01FRJpH
Read more: စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၁ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A768208&xgs=1&xg_source=msg_share_topic#ixzz2Etp0lfq0
0 comments:
Post a Comment