Saturday, December 15, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၂)


သစ်ထူးလွင်


Posted: 15 Dec 2012 05:51 AM PST
မနေ့ က ကေအိုင်အို နှင့် ကျောင်းသားတပ်မတော် ပူးပေါင်းတပ်တွေ အစိုးရတပ်နဲ့ တပ်တိုက်ဖြစ်ပွါး ခဲ့စဉ်အတွင်း ကျောင်းသား တပ်မတော်မှ ဖမ်းဆီးရမိ ထားတဲ့ အစိုးရ တပ်သားတွေ နဲ့ မေးမြန်း ထားချက် ရုပ်/သံ ဖိုင် (facebook) လူမှုကွန်ယက် အင်တာနက် စာမျက်နှာမှာ ပြန့် နှံလာပါတယ်။ 

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


သုံးပန်းအဖြစ် ဖမ်းဆီးခံ ထားရသည့် တပ်မတော်သား တဦးအား တွေ့ ရစဉ်။

Posted: 15 Dec 2012 05:39 AM PST
လက်ပံတောင်းတောင် အရေးအခင်း အကြမ်းဖက် ဖြိုခွင်းမှုမှာ ဒဏ်ရာရသွားတဲ့ သံဃာတော်တွေကို နိုင်ငံတော် အစိုးရက ဒီကနေ့  တရားဝင် တောင်းပန်လိုက်တဲ့ အပေါ် သပိတ်မှောက် ဦးဆောင် သံဃာတော် တပါးဖြစ်တဲ့ ဂဠုန်နီ ဆရာတော် ဦးကာဝိရ နဲ့ ဆက်သွယ် မေးမြန်းချက်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေး အတု မရှိကျောင်းမှာ အစိုးရ ဝန်ကြီးတွေက သံဃာတွေကို ဝန်ချတောင်းပန်ပွဲ မကျင်းပမီ။

Posted: 15 Dec 2012 05:24 AM PST
ကေအိုင်အို ဌာနချုပ်ကို မနေ့ က အစိုးရကတိုက် ဒီနေ့ ထိ လက်နက်ကြီးတွေနဲ့ ပစ်ဆဲ။ အစိုးရတပ်မှ တပ်မတော်သား ကျဆုံးသူ(၁၅)ဦး နဲ့ သုံးပန်း (၇)ဦး ဖမ်းဆီးရမိ ထားတယ်ဆိုပါတယ်။ ကျောင်းသား တပ်မတော်ဘက်က (၃)ဦး ကျဆုံးပြီး (၄)ဦး ဒဏ်ရာ ရရှိထားတယ်
လို့ ပြောပါတယ်။ ကျောင်းသားတပ်မတော် ပြန်ကြားရေး တာဝန်ခံ ရဲဘော်မင်းဌေးနဲ့ အင်တာဗျူး ဦးမောင်တူးတင်ဆက်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Dec 2012 04:15 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ် မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည့် စင်မြင့် အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Dec 2012 04:05 AM PST
ရခိုင်ပြည်နယ် အတွင်း တပ်မတော်က လယ်ယာမြေ များကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ အမည်ပေါက် ပြောင်းလဲ ထားခြင်း၊ ဗိုလ်ချုပ်ကြီး ဟောင်းများ၏ သားသမီးများထံ လွှဲပြောင်း ထားခြင်းများကို စစ်ဆေး တွေ့ရှိခဲ့ ရကြောင်း----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 15 Dec 2012 03:40 AM PST
(14/12/2012)ရက်နေ့ KIO, ဌာနချုပ် နှင့် (၇)မိုင် အကွာ ရှိ လဂျားယာန်သို့ ထိုးစစ်ဆင် ကျူးကျော်ဝင် ရောက်လာသော မြန်မာ အစိုးရ စစ်တပ် နှင့် KIA, ဗဟိုလုံခြုံရေး တပ်၊ ABSDF ပူးပေါင်းတပ် တို့ ဖြစ်ပွားသော တိုက်ပွဲ တွင် မြန်မာ အစိုးရ စစ်တပ် စစ်သားများအား
အရှင်လက်ရ ဖမ်းဆီး (အစိုးရစစ်သားများ လက်နက်ချ အညံ့ခံ) စဉ် တိုက်ပွအတွင်း ရိုက်ကူး ထားသော ရုပ်သံမှတ်တမ်း ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Dec 2012 03:22 AM PST
မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်အား ယခုနှစ် အတွက် အထူးချွန်ဆုံး အာရှတိုက်သား (Asian of the year) အဖြစ် စင်ကာပူ နိုင်ငံထုတ် The Straits Times သတင်းစာက ရွေးချယ် လိုက်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး ဖြေလျှော့မှုများ လုပ်ဆောင်ရာ၌ သမ္မတ ဦးသိန်းစိန်၏ အခန်းကဏ္ဍ အတွက်----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 15 Dec 2012 03:09 AM PST
နိုင်ငံတော် အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည့် ၀န်ချ တောင်းပန်သော အခမ်းအနားမှာ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏ တောင်းပန်မှုကို သံဃာအများစုက ကျေနပ် လက်ခံခဲ့ကြသည်။ အခမ်းအနားတွင် -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ - မောင်တာ

ဓာတ်ပုံ - မောင်တာ

Posted: 14 Dec 2012 10:25 PM PST
Posted: 14 Dec 2012 10:22 PM PST
 “ပူတာအို”ဟု   အသံကြား လိုက်ရင် မြန်မာနိုင်ငံ မြောက်ပိုင်း အကျဆုံး၊ ရေခဲတောင်ရှိသည့် နေရာဒေသ တစ်ခုမှန်း အားလုံး အသိပင်။ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှု အပြည့်အဝ ပေးသည့် နယ်မြေတစ်ခု အဖြစ်လည်း တည်ရှိနေသည်။

ဟိမဝန္တာ တောင်တန်းကြီး သွယ်တန်း တည်ရှိပြီး ရှားပါးသည့် သတ္တဝါ၊ ပန်းမျိုးစုံ၊ သဘာဝ သီးနှံများဖြင့် အလှဆင်ထားသော ပန်းချီကား တစ်ချပ်လို မြင်ကွင်းတစ်ဆုံး ကျယ်ပြောလှပေသည်။

အေးချမ်းသည့် နယ်မြေဒေသတစ်ခုဖြစ်၍ ထိုဒေသမှ အမျိုးသမီးများသည် လှပသည့် အသားအရည်ကို ပိုင်ဆိုင်ထားကြသည်။ အသားအရည် ဖြူဝင်းကာ မျက်နှာတွင် ပါးနီဖို့စရာမလိုအောင်ပင် ပန်းနုရောင်သန်း နေသည်။ တောင်ဇလပ်နှင့် သစ်ခွနက်မှာ ဒေသတွင်း အလှဆင်သည့်ပန်းများအဖြစ် ရှိနေကြသည်။

ထိုဒေသရှိ အမျိုးသမီးငယ်များမှာ လှပသည့်အသားအရေ ပိုင်ဆိုင်ကြသော်လည်း သူတို့ လက်ချောင်းများမှာ အသာမာတက် ကြမ်းတမ်းနေသည်။ ကြံ့ခိုင်သည့် ခန္ဒာကိုယ်၊ ထုံးဖွဲ့ ထားသည့် ဆံနွယ်၊ ဖျတ်လတ်သည့် ခြေထောက်တို့က သူတို့၏ မိသားစုအတွက် အားမာန်တစ်ခုလို။ သူတို့မှာ ဝမ်းစာအတွက် ရုန်းကန်နေရသဖြင့် ပညာရေးဘက်ကို ခြေဦးမတည့်နိုင်ကြ။

မိန်းကလေးများသည် အိမ်ထောင်ပြု၊ သားမွေးရမည်ဟု အစွဲပြုကာ အလယ်တန်းကျောင်းမှ ကျောင်းရပ်နား လိုက်ကာ တောင်ယာစိုက်ခင်းသို့ ရောက်သွားသည်က များလှပေသည်။

မှောင်မည်းနေသည့် မြူအုပ်ဆိုင်းကြားတွင် ရီသံလွင်လွင် ကြားနေရသည်။ မကြာခင်ထို လူအုပ်အရိပ်ကို စမ်း တစ်ဝါးဝါး မြင်နေရပြီ။ အဖာ၊ အစပ်များဖြင့် ချုပ်ထားသည့် အနွေးထည်၊ ကျောင်းစိမ်းလုံခြည်အောက်တွင် ရှည်ထွက်နေသော အနွေးဘောင်းဘီရှည်များ ဝတ်ဆင်ထားသည့် ကျောင်းသားများပင်။

သူတို့သည် ပူတာအို မြို့နယ် မာမူးလဲ ကျေးရွာအုပ်စုမှ ကျောင်းသားများဖြစ်သည်။ ပူတာအို အ.ထ.က ကျောင်းသို့သွားရန် မနက် (၇) နာရီခွဲမှ ရွာက ခြေကျင် ထွက်လာကြခြင်းဖြစ်သည်။ ကျောင်းမှာ ၎င်းတို့ ကျေးရွာမှ ခြေကျင်လျှောက်လျှင် (၁)နာရီခွဲခန့် ကြာကြောင်း သိရသည်။

ထိုကျောင်းသားအထဲမှ အသက်(၁၆)နှစ်ရှိ  (၉) တန်း ကျောင်းသူ အေမီနာ တစ်ယောက်က သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ကျောင်းဆရာမတစ်ဦး ဖြစ်ချင်ကြောင်း ပြောသည်။

အေမီနာသည် မောင်နှမ (၅) ယောက်ထဲမှ  အကြီးဆုံးတစ်ယောက်ဖြစ်သည်။  ဖခင်မှာ မျက်စိကွယ်နေသဖြင့် မိခင် တောင်ယာလုပ်ငန်းတွင် ကျောင်းတက်ရင်း ဝိုင်းဝန်း ကူညီပေးနေသူလည်းဖြစ်သည်။

“ကျွန်မ ကျောင်းဆရာမ အရမ်းဖြစ်ချင်တယ်။ အိမ်မှာက ပိုက်ဆံမရှိတော့ အမေက ကျောင်းမထားချင်တော့ဘူး။ ကျွန်မက ကျောင်းမထွက်ချင်ဘူး။ ဆရာမ လုပ်ချင်တယ်။ ဆရာမ လုပ်ရင်း ပိုက်ဆံ ရှာချင်တယ်။” ဟု သူမက ပြောသည်။

သူမ  ညီမနှင့် မောင်လေးများသည် သူငယ်တန်း၊ ပထမတန်း၊ အဋ္ဌမတန်း တက်ရောက်နေပြီး မောင်လေး တစ်ယောက်မူ ငွေရေးကြေးရေး အခက်အခဲကြောင့် မိဘမဲ့ဂေဟာသို့ ပို့ထားကြောင်း သိရသည်။

အေမီနာသည် မာမူးလဲ   ကျေးရွာအုပ်စုမှ ဘုရားကောင်းကြီးခံစားရသည့် သူတစ်ဦးဖြစ်ကာ တနည်းအားဖြင့် ကံကောင်းသူတစ်ဦးဟု ဆိုရမည်ဖြစ်သည်။

ပူတာအို ခရိုင်တွင် စားဝတ်နေရေးအခက်အခဲကြောင့် မိဘများက မိမိသားသမီးများအားလုံးကို ပညာရေးမှာ ထူးချွန်အောင် ပံ့ပိုးမှု မပေးနိုင်သဖြင့် သားယောင်္ကျားများကိုသာ ကျောင်းထားရန် အဓိက ဦးစားပေးနေရသည် ကို မြင်တွေ့နေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးအဆင့်သုံးဆင့်ရှိသည့်အနက် ပူတာအိုခရိုင်တွင် မူလတန်းအဆင့်တွင် ကျောင်းသား များထက် ကျောင်းသူများက များပြားနေပြီး အလယ်တန်းအဆင့်တွင် မိသားစု၏ ငွေရေးကြေးရေး အခက်အခဲ ကြောင့် အလယ်တန်းအဆင့် တက်ပြီးနောက် ကျောင်းသူလေးများ ကျောင်းထွက်သွားသည်က များသည်။

အထက်တန်းအဆင့်တွင်မူ ကျောင်းသား (၆၀) ရာခိုင်နှုန်းရှိပြီး ကျောင်းသူမှာ (၂၀) ရာခိုင်နှုန်းသာ တွေ့မြင်ရ တော့သည်ဟု ပူတာအိုမြို့နယ် အမျိုးသားလွှတ်တော် ဦးဂျေယောဝူက ပြောသည်။

မြို့နှင့်ဝေးလံခေါင်သီသည့် အဆိုပါ ကျေးရွာများ၌ မိသားစု တစ်ခုလျှင် သားသမီး အနည်းဆုံး ၅မှ ၆ ဦး ခန့်ရှိပြီး အများဆုံး (၉)ဦးမှ  (၁၀) ဦး အထက် ရှိသည်။ ထိုသို့ သားသမီး များပြားခြင်းကြောင့် မိန်းကလေးများထက် ယောင်္ကျားသားများကို ပညာရေးပိုင်းတွင် ဦးစားပေးကြသည်။

ယင်းတို့ မိန်းကလေးများ အလယ်တန်း ပညာရေးအဆင့် ရောက်ပြီး ကျောင်းထွက်ကြကာ မိသားစုအလုပ် ဖြစ်သည့် တောင်ယာ၊ လယ်ယာ လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီကြရသည်။ ကျောင်းတက်အရွယ်ဖြစ်သည့် သူတို့မှာ အိမ်အလုပ်လုပ်ရင်း အိမ်ထောင်ပြုလိုက်ကြသည်က အများ။

အဆိုပါ ကျေးရွာများတွင် အသက် (၁၅) နှစ်မှ အသက် (၂၀) ကြားတွင် အိမ်ထောင်ပြုကြသည်က ဓလေ့တစ်ခုလို ဖြစ်လာခဲ့သည်။

“ အသက် (၂၀) ကျော် အပျိုရှိတာ မတွေ့ရသလောက်ပဲ။  အိမ်ထောင်ပြုတာ အရမ်းစောတယ်။” ဟု ဦးဂျေယောဝူက ပြောသည်။

ပူတာအို ခရိုင်သည် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲခြင်း၊ စားဝတ်နေရေး အကြပ်အတည်းရှိခြင်းတို့ကြောင့် သားသမီးများကို မိဘများက ပညာရေးပိုင်းသို့ တွန်းမပို့နိုင်ကြပေ။

အချိန်တန် အရွယ်ရောက်လျှင် အိမ်ထောင်ပြု၊ သားမွေးပြီး တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်း များကို တနိုင်တပိုင် အလုပ်လုပ်ရင်း ဘဝကို ကျော်ဖြတ်နေကြသည်။

အချို့တလေ ငွေကြေးတက်နိုင်သူများမှာ မြို့သို့ ကျောင်းပို့ထားသည်မှာလည်း ရှိသည်။ သို့သော် ၎င်းမှာ အနည်းအကျဉ်းသာဖြစ်သည်။

၎င်းခရိုင်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသားတစ်ဦးတစ်ယောက်မှ ဆရာဝန် ကျောင်းတက်နိုင်သူ ယခုထိ မရှိသေးပေ။ ဒီအပြင် အင်ဂျီနီယာ ကျောင်းတက်နိုင်သူလည်း တစ်ဦးမျှ မရှိကြောင်း ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဦးဂျေယောဝူက တင်ပြဆွေးနွေးခဲ့သည်။

ပူတာအိုမြို့နယ်တွင် မချမ်းဖော့ အ.ထ.က၊ ဆွမ်ပရာဘွမ် အ.ထ.က၊ နောင်မွန်း အ.ထ.က၊ ပူတာအို အ.ထ.က (၁) နှင့် (၂) ကျောင်းရှိပြီး တစ်နှစ်လျှင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ဦးရေ (၂၀၀၀) ကျော်ရှိပြီး အောင်မြင်သူ ကျောင်းသားမှာ (၂၀၀) ခန့် ရှိကြောင်း သိရသည်။

“ တစ်ခါတစ်လေ အောင်သူမရှိတဲ့ နှစ်တောင် ရှိတယ်။” ဟု ဦးဂျေယောဝူက က ပြောသည်။

၂၀၁၂- ၂၀၁၃ ခုနှစ် ပညာသင်နှစ် ပူတာအို ခရိုင်တွင် ပထမဦးဆုံး (၃) ဘာသာ ဂုဏ်ထူးထွက်သည့် မောင်ငွားဂျောဆာသည် ငွေကြေး ခက်ခဲခြင်းကြောင့် ယခုတိုင် တက္ကသိုလ်ကျောင်း တက်ရန် ကျောင်းမအပ် နိုင်သေးပေ။

“ ယဉ်ကျေးမှုရုံးမှာ လာပြောတယ် အလုပ်ရှာပေးဖို့၊ ဒါမှ မဟုတ်ရင် ကျောင်းတက်ဖို့ ထောက်ပံ့မယ့် လူရှာပေးဖို့ လာပြောတယ်။” ဟု ပူတာအို ယာဉ်ကျေးမှုရုံးမှ အတွင်းရေးမှူး ဦးယောစီက ပြောသည်။

အဆိုပါ မြို့များတွင် ကျောင်းဆရာမ လုံလောက်မှု မရှိခြင်း၊ ဗမာ စကား နားမလည်ခြင်း စသည်တို့ကြောင့် ကျောင်းသားများ   ကျောင်းစာ မလိုက်နိုင်ခြင်းနှင့် မိသားစု ငွေရေးကြေးရေး အခက်အခဲများကြောင့် ကျောင်းသားများ ပညာရေးတွင် လွန်စွာအားနည်းနေကြောင်း ပူတာအိုမြို့ရှိ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းဆရာမ ကိုင်ဆိုင်းက ပြောသည်။

သို့သော် ပူတာအိုမှ  တောင်ပေါ်သူလေးများက သူတို့ရဲ့အနာဂတ်သာယာရန်အတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ ဘ၀ပန်းတိုင်ကိုလျှောက်လှမ်းနေကြပါတယ်။

ဂျာတော့(ပ်)- ကချင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup


Posted: 14 Dec 2012 10:06 PM PST
အင်းလေးကန်အတွင်း ကျွန်းမျောစိုက်ခင်းအတွက် ပြင်ဆင်နေသည့် ဒေသခံတစ်ဦး။ စတူးဝပ်ဒိ/ မြန်မာတိုင်း(မ်)
ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှု ရုတ်တရက် မြင့်တက်လာ မှုကြောင့် အင်းလေးကန်
ကာကွယ် ထိန်းသိမ်းရေး အစီအစဉ်ကို အမြန် လုပ်ဆောင်ရန် လိုအပ်လာသည်ဟု စီမံကိန်းအဖွဲ့
မှ ထိပ်တန်း အဖွဲ့ဝင်များက နိုဝင်ဘာလ လယ်ခန့်က ပြောကြားသည်။

စာမျက်နှာ ၁၁၈ မျက်နှာရှိ 'အင်းလေး ကန် ကာကွယ်ထိန်း သိမ်းရေးစီမံချက်၊ အနာဂတ် အတွက်
အစီအမံတစ်ခု' ဟူ သည့် အစီရင်ခံစာတွင် မစ္စတာဂျိုအန် ခရစ္စဆန်က မှတ်ချက်ပေးထားခြင်း
ဖြစ်သည်။ ထိုအစီရင်ခံစာကို နိုဝင်ဘာလ လယ်ခန့်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ မြန်မာပညာရှင်
၁၁ ဦးအပါအ၀င် ပညာ ရှင် ၂၀ က ခြောက်လကြာလေ့လာပြု စုထားခြင်း ဖြစ်သည်။

အကြံပြုချက်များတွင် ကာကွယ်ထိန်း သိမ်းရေးလုပ်ငန်းများအားလုံးကို ညှိနှိုင်း ဆောင်ရွက်ပေး
ရန်နှင့် ရန်ပုံငွေများကို စီမံကွပ်ကဲရန် အင်းလေးကန်ကာကွယ် ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့
တည် ထောင်ရေးလည်း ပါဝင်သည်။

နော်ဝေအစိုးရက ငွေကြေးထောက်ပံ့ သည့် ထိုစီမံချက်ကို ဩစတြေးလျအခြေ စိုက်ပညာရှင်
ကွန်ရက်တစ်ခုဖြစ်သည့် Institute for International Deve-lopment က IID-Myanmar
မှ တစ် ဆင့် ညှိနှိုင်းပေးနေသည်။

ထို့ပြင် အကြံပြုချက်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေ
ဖြင့် ၎င်းတို့၏  အင်းလေးကန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တိုးတက်ရေးစီမံချက်
၂၀၁၀ -၂၅ ကို ဆောင်ရွက်ရန်လည်း ပါဝင်သည်။

ဝန်ကြီးဌာန၏ စီမံချက်တွင် ခရီးသွား လုပ်ငန်းမှ သက်ရောက်မှုများကို ထည့် သွင်းမစဉ်းစား
ထားသည့်အတွက် ယခု အချိန်တွင် ကာကွယ်ထိန်းသိမ်းရေးစီမံ ချက်အတွက် အမြန်ဆုံး
လုပ်ဆောင်ရန် အသေအချာလိုအပ်နေသည်ဟုIID-Myanmar ၏ ဒါရိုက်တာလည်းဖြစ်သူ
မစ္စတာခရစ္စဆန်က ပြောသည်။

"ပုဂံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးကို လက်ခံနိုင်ပေမယ့် အင်းလေးမှာတော့
ဧည့်သည်အရေအတွက် အကန့်အသတ်မရှိရင် ကန်ကိုပျက်စီးစေ မှာပါ။ အနာဂတ်အတွက်
တစ်ခုခုကို သတိပြုမိဖို့လိုတယ်ဆိုတာ သေချာနေ ပါတယ်" ဟု ၎င်းက ပြောသည်။

ခရီးသွားလုပ်ငန်းတိုးတက်လာသည့် အတွက် ဒေသခံများအတွက် ၀င်ငွေများ ပိုမိုရရှိလာ
သော်လည်း ယခုကတည်းက ပင် ၀န်ပိနေပြီဖြစ်သည့် ပတ်ဝန်းကျင် ပျက်စီးမှုများကြောင့်
ပြန်ပေးဆပ်ရမှုများ ဖြစ်လာမည်ဟု အစီရင်ခံစာနှင့်အတူ ပါဝင်သည့် စာတွင် ဖော်ပြ
ထားသည်။

"ထိုကဲ့သို့ဖြစ်ပေါ်လာပါက အင်းလေးကန် ဧရိယာတွင်နေထိုင်ကြသည့် တိုင်းရင်းသားများ၏
စားဝတ်နေရေးပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင် ကန်၏ ဇီဝစနစ်ကို ထိခိုက်နိုင်
ပြီး ခရီးသည်များကို အဓိကဆွဲဆောင်နေ သည့် သဘာဝနှင့် ယဉ်ကျေးမှုအရင်းအမြစ်များကို
အဆင့်နိမ့်ကျသွားစေလိမ့် မည်" ဟု စာတွင် ဖော်ပြထားသည်။

"သို့ရာတွင် ၀င်ငွေသစ်များကို စီမံခန့် ခွဲကာ ကန်၏သာယာရေးအတွက် ရင်းနှီးမြှုတ်နှံနိုင်မည်
ဆိုပါက ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာနိုင်မည့် အခွင့်အလမ်းများလည်း ရှိနေသည်။
ထိုသို့ ဖြစ်လာရန် အင်းလေးကန်ကို စီမံအုပ်ချုပ်မည့် အမြဲတမ်းအဖွဲ့အစည်းတစ်ခု ဖွဲ့စည်း
တည်ထောင်ရန် လိုအပ်မည် ဖြစ်သည်။

ထို့ပြင် ကန်ဝန်းကျင်ဒေသများမှ ဒေသခံလူငယ်များကို တောင်ယာ လုပ်ငန်းမှ တိုးတက်နေ
သည့် ခရီးသွား လုပ်ငန်းသို့ ကူးပြောင်းလုပ်ကိုင်လာကြ နိုင်ရန်အတွက် ကူညီပေးရန်လည်း
လိုအပ်သည်" ဟု ဖော်ပြထားသည်။

ကန်ရေပြင်အမြင့် ထူးထူးခြားခြား ကျဆင်းသွားခဲ့ရာမှ အကျိုးဆက်အဖြစ် ၂၀၁၀ ပြည့်နှစ်
တွင် ပေါ်ထွက်လာခဲ့သည့် ၀န်ကြီးဌာန၏ လုပ်ငန်းစီမံချက်တွင် အဓိက ဖော်ပြထားသည့်
သေချာစွာပူးပေါင်း လုပ်ဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းမှာ စီမံချက်၏ အဓိကဦးစားပေးလုပ်ငန်း
ဖြစ်သည်ဟု ခရစ္စဆန်က ပြောသည်။

အင်းလေးကန်စီမံခန့်ခွဲခြင်းအတွက် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများ နှင့် အစိုးရက
ကူညီရန် သန္နိဋ္ဌာန်ချထား မှုများကလည်း စီမံချက်အတွက် နော်ဝေ နှင့် အခြားအလှူရှင်များက
ဆက်လက် ကူညီမှုပေးသွားရေးကို သေချာစေလိမ့် မည်ဟု ၎င်းက ပြောသည်။

အစီရင်ခံစာတွင် ထပ်မံအကြံပြုထား သည့် အခြားအချက်တစ်ခုမှာ လက်ရှိ တွင် ကမ္ဘာလှည့်
ခရီးသည်များထံမှ ကောက်ခံနေသည့် အင်းလေးကန်ဝင် ကြေးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ
ငါးဒေါ်လာကို ထပ်မံတိုးမြှင့်ရန်လည်း ပါဝင်သည်။

ဝင်ကြေးကို နှစ်ဆတိုးမြှင့်လိုက်ခြင်း အားဖြင့် ပုဂံနှင့် အခြားသောဒေသများ ၏ ၀င်ကြေးနှင့်
တန်းတူဖြစ်သွားမည်ဖြစ် သလို တိုးမြှင့်လိုက်သည့် ငါးဒေါ်လာကို  ထိန်းသိမ်းရေးရန်ပုံငွေတွင်
ထည့်သွင်း လိုက်ခြင်းအားဖြင့် ခရီးသည်များက လည်း ကန်ကာကွယ်ထိန်းသိမ်းရေးလုပ် ငန်းများ
အတွက် တစ်စိတ်တစ်ဒေသ ပါဝင်ပြီးဖြစ်သွားစေမည်ဟု ခရစ္စဆန်က ပြောသည်။

"တစ်နှစ်မှာ ခရီးသည် ငါးသိန်းလာ ရင် ဒေါ်လာ ၂ ဒသမ ၅ သန်းရရှိမယ်။ ဒါဆိုရင် အကျိုးရှိမည့်
အလုပ်တွေအများကြီးအတွက် ရန်ပုံငွေရရှိစေမှာပါ" ဟု ၎င်းက ပြောသည်။

ဒေသခံများနှင့် ပြောဆိုဆွေးနွေးချက် များအရ စီမံကိန်းပေါင်းမြောက်မြားစွာ နှင့် ဒေါ်လာသန်း
ပေါင်းများစွာသုံးစွဲပြီး ဖြစ်သော်လည်း မြင်သာသည့် ရလဒ် ထွက်ပေါ်လာခြင်းမရှိသည်ကို
သိရှိခဲ့ရ သည်ဟု ဆိုသည်။

ထို့ပြင် အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေသည့် အချက်များကိုလည်း IID ကဖော်ပြထား
ရာ အင်းလေးကန် တွင်းနှင့် ၀န်းကျင်ဒေသနေသူများအတွက်ရေ၊ မိလ္လာစနစ်နှင့် လျှပ်စစ်မီးရရှိ
ရေး ဆောင်ရွက်ပေးရန်အချက်လည်း ပါဝင်သည်။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက်
လုပ်ဆောင်ချက်များကြောင့် IID စီမံချက် များကို နော်ဝေနိုင်ငံက ငွေကြေးထောက်ပံ့ခြင်း
ဖြစ်သည်။

ဂျက်ဖရီဂေါ့ဒက်  - မြန်မာတိုင်း(မ်)
Posted: 14 Dec 2012 09:54 PM PST
အင်းဝ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ညောင်ရမ်းမင်း တည်ထားခဲ့သော ဘုရားဝင်း အတွင်းမှ ဆင်းတုတော် သုံးဆူမှာ ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းက ခေါင်းဖြတ် ခိုးယူခံ ခဲ့ရသည်။ အင်းဝနယ်မြေ ဟံသာဝတီကျေးရွာ အုပ်စုအတွင်းရှိ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ခေါင်းဖြတ် ခိုးယူခံရသော ဆင်းတုတော်များ အနက် တစ်ဆူကို ယခုလ ၁၂ ရက်က တွေ့ရစဉ်။ ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

Posted: 14 Dec 2012 09:46 PM PST
ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်ခဲ့သော ရခိုင်-ဘင်္ဂလီ အရေးအခင်းတွင် လူပေါင်း ၁၁၂၁ ဦးကို ဖမ်းဆီး ထားသည်ဟု မြန်မာတိုင်းစ်မှ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ကိုးကားပြီး ရေးသား ဖေါ်ပြသည်။ ဖမ်းဆီးထားသူများ အထဲတွင် ရခိုင် ၂၃၃ဦး၊  ဘင်္ဂလီ ၈၄၉ ဦး၊ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Dec 2012 09:06 PM PST
အသက် ၁၈ နှစ်အရွယ် အိမ်ဖော်မလေး သေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ ကမာရွတ်တရားရုံး၌ အမှုရင်ဆိုင် နေရသော သရုပ်ဆောင် မေဇွန်၏ အမှုတွင် မှုခင်း ဘက်ဆိုင်ရာ ဆရာဝန်ကြီးကို လာရောက် ထွက်ဆိုပေးရန် တရားလို ဘက်မှ တရားရုံး၌ လျှောက်လဲ ထားကြောင်း အဆိုပါ အမှု၌ လိုက်ပါ ဆောင်ရွက်နေသည့် ဥပဒေ အရာရှိတစ်ဦးက ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2012 08:58 PM PST
ဒီဇင်ဘာလ(၁၇)ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် အမှတ်စဉ် -၂၂၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Dec 2012 08:05 PM PST
သံဃာတွေကို အစိုးရကိုယ်စား ၀န်ကြီးဦးအောင်မင်း နဲ့ အဖွဲ့ ယနေ့  မန္တလေးမှာ တောင်းပန်မယ်လို့ မန္တလေး ဆရာတော် ဦးသောဘိတက မိန့် ကြားလိုက်ပါတယ်။ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင် က ဦးသောဘိတကို ဖုန်းဆက် မေးမြန်းထားချက် ကြားဖြတ်သတင်း.။ မောင်တူး တည်းဖြတ် တင်ဆက်

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Dec 2012 07:42 PM PST
အမေရိကန် အရှေ့မြောက်ပိုင်း ကွန်နက်တီကတ် ပြည်နယ် မူလတန်းကျောင်း တကျောင်းက ကလေး အယောက် ၂ဝ နဲ့ လူကြီး ၆ ယောက်ကို သေနတ် သမား တယောက်က ပစ်သတ် သွားခဲ့မှုဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကြီး ဖြစ် ခဲ့ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပစ်ခတ်မှုကြောင့် ကလေး အယောက် ၂ဝ သေဆုံး

Posted: 14 Dec 2012 07:26 PM PST
အကျယ်ပြန့်ဆုံး ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာ လေ့လာ ဆန်းစစ်မှု တခု အရ အဟာရခိျု့တဲ့လို့ သေဆုံး ရသူထက် အဝလွန်လို့ သေဆုံး ရသူက ပိုများ နေတယ် ဆိုတာကို ပထမဆုံး အကြိမ် တွေ့ရှိ ခဲ့ရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဝလွန်မှ ကိုယ် အလေးချိန် ကျဖို့ လေ့ကျင့်ခန်း လုပ်ရတာ ကတော့ သိပ်မလွယ်လှပါ
Posted: 14 Dec 2012 06:04 PM PST
လိုင်ဇာမြို့က ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ဌာနချုပ်နဲ့ အနီးဆုံး နေရာ အထိကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဌာနချုပ် အနီးနား အထိ  မြန်မာ စစ်တပ် ဘက်က ရဟတ်ယာဉ် တွေနဲ့ပါ ပထမဆုံး အကြိမ် အပြင်းထန်ဆုံး ထိုးစစ် ဆင်နေတာ ဖြစ်ပါတယ်။ အခု အကြိမ် ကတော့ ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ စစ်တပ်ကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ပြောခွင့်ရ ဦးလာနန်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ဌာနချုပ်မှာ ရှိနေတဲ့ ဦးလာနန်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ် မေးမြန်း ထားပါတယ်။

အခုကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်ကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ် လို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ပြောခွင့်ရဦးလာနန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ တင် မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေပေါ်က တရစပ်ပစ်ခတ်မှုဟာ အကြိမ် ၆ကြိမ်နဲ့ မြန်မာစစ်ကြောင်းတွေဘက်က လက်နက်ကြီးတွေနဲ့ ကချင်ဗဟိုဌာနချုပ်ကို ပစ်မှတ်ထား ပစ်ခတ်မှုဟာ အကြိမ် ၁၀၀ကျော်ရှိနေပြီလို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ပြောခွင့်ရ ဦးလာနန်က ပြောပါတယ်။

“ဒီနေ့မနက်ငါးနာရီကျော်ကျော်ကနေပြီးတော့ ခမရ ၃၈၈ နဲ့ ၃၈၃အဖွဲ့ရယ် နောက်ပြီးတော့ ခလရ ၄၀ ပူးပေါင်းစစ်ကြောင်းတွေကနေပြီးတော့ အင်အားတစ်ရာကျော်ကနေ လိုင်ဇာနဲ့ အနီးဆုံးဖြစ်တဲ့ ဗဟိုဌာနချုပ်ရဲ့ ရှေ့ကာပြင်နဲ့ လဂျားယန် စစ်စခန်းကို ထိုးစစ်လာဆင်တာမျိုး လုပ်တယ်။ အဲ့တာ ဒီနေ့မနက် ငါးနာရီခွဲကနေပြီးတော့ ညနေခြောက်နာရီအထိပါပဲခင်ဗျ။ တစ်နေ့လုံးကို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ အစိုးရစစ်ကြောင်းကနေပြီးတော့ အထိအခိုက်တွေ တော်တော်များများဖြစ် သွားပြီးတော့ ညနေ ငါးနာရီပိုင်းမှာ တချို့ပြန်ဆုတ် သွားတာရှိတယ်။ အဲ့ကိစ္စကတော့ ဒီနေ့ တစ်နေ့လုံးပါပဲ။ အစိုးရစစ်တပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လက်နက်ကြီးတွေက ၁၀၅ မမနဲ့ ၁၂၀ မမတို့ကို ဖုန်းပြန်ထန်းတောင်စခန်းကနေပြီးတော့ စုစုပေါင်း အကြိမ်တစ်ရာကျော် ပါလိမ့်မယ်။ သူတို့ လဂျား ဘက်ကို ပစ်ခတ်တယ်။ လိုင်ဇာမှာရှိတဲ့ ကျနော်တို့ ဗဟိုဌာနချုပ်ကို ပစ်ခတ်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက ဗဟိုဒေသရဲ့ အနီးဆုံးနေရာမှာ အပြင်းထန်ဆုံးတိုက်ပွဲလို့ပြောလို့ရသလို ပထမဆုံးအနေနဲ့ ဗဟိုဌာနချုပ်ရဲ့ အနီးဆုံးနေရာကို ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာပစ်ခတ်တဲ့ တိုက်ပွဲဖြစ်တယ်ခင်ဗျ။”

အခုလိုမျိုး ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကို အစိုးရစစ်ကြောင်းက ပြင်းပြင်းထန်ထန် ထိုးစစ်တွေ တရကြမ်းဆင်လာခဲ့တဲ့အတွက် ဒီဇင်ဘာလဆန်းပိုင်းမှာတင် မြန်မာစစ်တပ်နဲ့ ကချင်တပ်မတော်ကြားမှာ တိုက်ပွဲ အကြိမ်၈၀အထိဖြစ်သွားပြီဖြစ်ပါတယ်။ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်ကြောင်းတွေဘက်ကနေ လက်နက်ကြီးတွေနဲ့ ကချင်ဗဟိုဌာနချုပ်ဘက်ကို ပစ်မှတ်ထား ပစ်ခတ်နေမှုဟာ အကြိမ် ရာကျော်ရှိနေပြီလို့ အခုလက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဌာနချုပ်မှာ ရှိနေတဲ့ ဦးလာနန်က ပြောပါတယ်။

“ဒီဇင်ဘာလဆန်းကနေပြီးတော့ ကျနော်တို့ ကချင်ဒေသမှာ ထိုးစစ်ဟာ တော်တော် များများဖြစ်ပါတယ်။ ဒီနေ့အထိဆို တိုက်ပွဲပေါင်း ဒီဇင်ဘာလ အတောအတွင်းမှာ တိုက်ပွဲအကြိမ် ၈၀ကျော်သွားပြီခင်ဗျ။ ဒါကိုကြည့်ခြင်းအားဖြင့် ၁၀ရက်အတောအတွင်းမှာ အဲ့လောက်ကြီးပြင်းထန်တယ် ဆိုတော့ ဒီလအတောအတွင်းမှာ ထိုးစစ်က တော်တော်များတယ် လို့ပြောလို့ရတယ်။ ကျနော်တို့ လိုင်ဇာနဲ့အနီးဆုံးဖြစ်တဲ့ လဂျားယန်ဘက်ကို ဒီမနက် ၁၁နာရီမှာ တကြိမ်၊ ရဟတ်ယာဉ်ကနေ ဝေဟင်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်တာတွေလုပ်တယ်။ မွန်းလွဲပိုင်းမှာရော နှစ်ခေါက် ထပ်ပြီးလာပြီးမှပဲ လာပြီး ပစ်ခတ်တာမျိုးလုပ်တယ်။ ဒါကြောင့်မို့လို့ ဒီဇင်ဘာလ အတောအတွင်းမှာပဲ ရဟတ်ယာဉ်နဲ့ လေကြောင်းအကူနဲ့ တိုက်ခိုက်တာမျိုး အကြိမ်ခြောက်ကြိမ်၊ ခုနှစ်ကြိမ်လောက် ရှိသွားပြီခင်ဗျ။”

ဒီလိုမျိုး အစိုးရစစ်တပ်နဲ့ ကချင်တပ်မတော်ကြားမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီ့ဒေသအနီးနားကျေးရွာတွေက ဒေသခံပြည်သူတွေကို တိုက်ပွဲတွေလွတ်မြောက်ရာ ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်ထားတယ် လို့ ကေအိုင်အေပြောခွင့်ရဦးလာနန်က ပြောပါတယ်။

“ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ သူတို့က စစ်ဆင်ရေးလုပ်ဖို့ အစီမံ ချပြီးသားပါ။ ဒါကြောင့်မို့ ဒီနေ့ကတော့ ပန်ဝါဘက်မှာရော၊ ဆေနိုင်ဘက်မှာ သူတို့ထိုးစစ်လုပ်လာတယ်။ နောက်ပြီးတော့ လိုင်ဇာအနီးမှာလည်း ဒီနေ့မနက်ငါးနာရီခွဲကနေပြီးတော့ ထိုးစစ်လုပ်လာတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့စစ်မျက်နှာကို ဖြန့်တဲ့ပုံစံလုပ်တယ်လို့ ပြောလို့ရတယ်ခင်ဗျ။”

ဟုတ်ကဲ့ပါ။ အဲ့ဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေရော ဘယ်လိုရှိပါလဲရှင့်။

"လဂျာယန်မှာရှိတဲ့ ရွာသားတွေကတော့ မနေ့တုန်းက တိုက်ပွဲတွေဖြစ်နေတော့ အားလုံး ဒုက္ခသည်စခန်းမှာ ရောက်နေကြပြီ။ အဲ့မှာ ကျေးရွာဆိုပေမယ့် ရွာမှာ ဘယ်သူမှ မရှိကြတော့ဘူးခင်ဗျ။ ဒီအတိုင်း စခန်းတွေပဲ နေရာယူထားတယ်ခင်ဗျ။”

အခုဖြစ်ပွားနေတဲ့ ကချင်နဲ့ မြန်မာစစ်တပ်ရဲ့ စစ်ပွဲဟာ ကချင်လွတ်မြောက်ရေးတပ်မတော် လိုင်ဇာမြို့မှာရှိတဲ့ ဗဟိုဌာနချုပ်နားအထိ မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေကိုပါ သုံးပြီးတော့ တိုက်ခိုက်လာတာဖြစ်ပြီး ဌာနချုပ်ရဲ့ အနီးဆုံးနေရာအထိ ပစ်မှတ်ထားပြီး မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးစကား တဖက်မှာ ဆိုနေပေမယ့် ထိုးစစ်တွေ အပြင်းထန်ဆုံး မြှင့်တင်လာတဲ့ မြန်မာအစိုးရ နဲ့ ကချင်တပ်တွေကြား အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပြီလို့လည်း ကချင်ကေအိုင်အို လွတ်မြောက်ရေး တပ်မတော်ဘက်က ပြောပါတယ်။

 မဆုမွန် (ဗွီအိုအေ မြန်မာပိုင်း)

ကချင်လွတ်မြောက်ရေးတပ်မတော် KIO

Posted: 14 Dec 2012 05:49 PM PST
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ တရားဝင် မှတ်ပုံတင်မလား ဒါမှမဟုတ်လည်း နေရပ်ပြန်ပို့ ခံမလား ဆိုပြီး သောကြာနေ့ကို နောက်ဆုံးရက် သတ်မှတ် ထားတာကို သက်တမ်းတိုးပေးဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO ရဲ့ အကြီးအကဲ က ထိုင်းနိုင်ငံကို တောင်းဆို လိုက်ပါတယ်။ ထိုင်းအစိုးရက နိုင်ငံသား အသိအမှတ်ပြု လက်မှတ် မလုပ်တဲ့ နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမား တသန်းကျော်ကို နေရပ်ရင်း ပြန်ပို့မယ် ဆိုပြီး ပြောဆိုနေတာမှာ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ နိုင်ငံသား လက်မှတ်လုပ်ဖို့က အားနည်းချက်တွေ ရှိနေတယ်လို့ ပြောကြပါတယ်။ ကုလသမဂ္ဂကတော့ အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မှာ ကိုတော့ ကန့်ကွက်ပြီး ထိုင်းအစိုးရအနေနဲ့  ရွှေ့ပြောင်းအလုပ်သမားရေးရာ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က ပြောပြပေးထားပါတယ်။

ထိုင်းအစိုးရက နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ အတွက် အိုင်အယ်လ်အို ညွှန်ကြားရေးမှူး Guy Ryder  နဲ့ ထိုင်းအလုပ်သမားဝန်ကြီးနဲ့ စနေနေ့က ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အတောအတွင်း တွန်းအားပေး တောင်းဆိုမယ်လို့ မျှော်လင့်ထာ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...