သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၂)
သစ်ထူးလွင်
|
- ကော်မရှင် အဆုံးအဖြတ်အတိုင်း ဦးပိုင် ဆက်လုပ်မယ်
- လက်ပံတောင်းကိစ္စ ဒေါ်နော်အုန်းလှကို တရားစွဲပြီ
- ဒီဇင်ဘာလ (၄)ရက်နေ့ ထုတ် ဖလားဝါးနယူး(စ်)ဂျာနယ် အတွဲ(၈) အမှတ်(၄၇)
- ကိုမိုးသွေး ကို အင်းစိန်ထောင် ပို့ (ရုပ်/သံ)
- ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၇
- မိုးကုတ်မြို့ရှိ သံဃာတော်များ လက်ပန်းတောင်းတောင် အကြမ်းမှုနှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်
- လက်ပံတာင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း
- လက်ပံတောင်းတောင် အရေးကိစ္စနှင့်အဖမ်းခံ လိုက်ရသော ကိုမိုးသွေးကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့ 
- မိုးကုတ်မြို့ ရှိ သံဃာတော်များ လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်
- စစ်တွေမြို့နယ်မှ ဘင်္ဂလီကျုးကျော်နေအိမ်များအား စီစစ်မည်
- ညီလာခံကျင်းပရေးကော်မရှင်ကို NLD ပါတီဝင်များ ဆန္ဒပြ
- မီးလောင်ခံရတဲ့ သံဃာတော်များ ပြည်ပတွင် ကြပ်ကြပ်မက်မက် ကုသရန် လိုအပ်ဟု သံဃာတော်များဆို
- လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကြေညာချက် ထုတ်ပြန်
- ဆန္ဒထုတ်ဖော်သူများအား နယ်မြေစုံရဲစခန်းက တရားပတ်စွဲနေ
- ၈၈ မျိုးဆက်ကျောင်းသားများ လက်ပံတောင်းတောင် ကိစ္စ ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့ ဆုံဆွေးနွေး
- ၈၈ မျိုးဆက်ကျောင်းသားများ လက်ပံတောင်းတောင် ကိစ္စ ဒေါ်အောင်ဆန်းစုကြည့် နှင့် တွေ့ ဆုံဆွေးနွေး
- မီးလောင်ဒဏ်ရာရ သံဃာတော် ၇၆ပါး နှင့် လူ ၉ ယောက် မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ 
- ရခိုင်မှာ ကိုယ့်ဒေသလုံခြုံရေး ကိုယ်ယူနေရ
- ဒီဇင်ဘာ ၅ ရက်နေ့ထုတ် Mobile Guide journal Issue#81
- ဒီဇင်ဘာ ၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၉
- ရန်ကုန်တိုင်း ဒေသကြီးအတွက် ငွေကျပ် တစ်သိန်းခွဲအောက် GSM ဖုန်းအလုံးရေ တစ်သန်း ချပေးသွားမည်
- တရားခံဖမ်းသောရဲ တရားခံဖြစ်သွားခြင်း
- ကမ္ဘောဒီးယားရှိ တရုတ်ဆောက် ဆည် ပြိုကျ၊ အလုပ်သမား လေးဦး ပျောက်ဆုံး
- လက်ပံတောင်းတောင် အရေး မြင်းခြံတွင် ဆန္ဒထုတ်ဖော်
- ဆန္ဒပြသူ နှစ်ဦးကို အကြမ်းဖက် ဖမ်းဆီမှု မြင်ကွင်း (ရုပ်/သံ)
Posted: 03 Dec 2012 06:52 AM PST
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ တစိတ်တပိုင်း ပါဝင် လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က၊ သမ္မတ ဖွဲ့ပေး လိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Dec 2012 06:45 AM PST
လက်ပံတောင်းတောင် အရေး ဆန္ဒ ဖော်ထုတ် ခဲ့လို့ ပြီးခဲ့တဲ့လ(၂၆) ရက်နေ့က ရန်ကုန်မှာ ဖမ်းဆီး ခံခဲ့ရတဲ့ ဒေါ်နော်အုန်းလှ အပါ အဝင်(၆)ဦး ကို ကျောက်တံတား မြို့နယ် တရားရုံးက ပုဒ်မ(၅၀၅/ခ) နိုင်ငံတော် အကြည်ညို ပျက်အောင် သွေးထိုး လှုံ့ဆော်မှုနဲ့ တရာစွဲဆို လိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Dec 2012 06:36 AM PST
| ||
Posted: 03 Dec 2012 04:02 AM PST
လက်ပန်တောင်းတောင် အကြမ်းဖက် ဖြိုခွဲမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ဖမ်းဆီးခံ ခဲ့ရတဲ့ GWအဖွဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုမိုးသွေးကို ဒီနေ့ ဒီဇင်ဘာလ ၃ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။
ဦးကျော်ကျော်က သတင်း ပေးပို့ထား ပါတယ်။ ရိုက်ကူး = လေးလေးမွန် DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Dec 2012 03:57 AM PST
| ||
Posted: 03 Dec 2012 03:30 AM PST
ယနေ့ 3.12.2012ရက်နေ့ မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရား ရင်ပြင်တော်တွင် သံဃာအပါး (၂၇)ပါးတို့မှ နိုဝင်ဘာ၂၉-ရက်ညက ဖြစ်ပွားခဲ့သည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခဲ့ကြသော သံဃာတော်များ အပေါ် အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင် သံဃာတော်များမှ တစ်ပါးဖြစ်သော ရေပူကျောင်း ဆရာတော်က ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်ဘာသာမှ လက်မခံသည့် အကြမ်းဖက်မှုကို ကျူးလွန် ခဲ့ခြင်းအပေါ် ရှုတ်ချ ကန့်ကွက်ကြောင်း ဒီမိုကရေစီ ခရီးလမ်းမှာ အဟန့်အတား ဖြစ်စေမည့် အကြမ်းဖက်မှုကို မပြုလုပ်သင့်ကြောင့် ပြည်သူ့ဆန္ဒကို အလေးထားသင့်ကြောင်း ပြောကြာသွားသည်။ သတင်း - ဓါတ်ပုံ ။ ။ ရန်နိုင် by Myanmar News Now
| ||
Posted: 03 Dec 2012 03:12 AM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက် လုပ်ဆောင်ခွင့် ပြုရန် သင့်-မသင့်အတွက် "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ကို (၃-၁၂-၂၀၁၂) နေ့ မှာ ပြင်ဆင်ဖွဲ့စည်း လိုက်ပါတယ်။ အသစ်ဖွဲ့ လိုက်တဲ့ စုံစမ်းရေးကော်မရှင်မှာ ဒီဇင်ဘာလ (၁)ရက်နေ့ က ဖွဲ့ စည်းထားတဲ့ စုံစမ်းရေး ကော်မရှင်မှာ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ မပါဝင်တော့ပါဘူး။
ကော်မရှင်အဖွဲ့ သစ် အမည်စရင်း ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Dec 2012 02:12 AM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သံယာတော်များကို အာဏာပိုင်များဘက်မှ မီးလောင်ဗုံးခွဲကာ ဖြိုခွဲခဲ့သည် ကို ဆန့်ကျင် ဆန္ဒပြသဖြင့် အဖမ်းဆီးခံ လိုက်ရသော ကိုမိုးသွေးအား စီရင်ချက် မချမချင်း ချုပ်နှောင်ထားရန် ပန်းဘဲတန်း တရားရုံးမှ အမိန့်ချမှတ်ပြီး အင်းစိန်ထောင်သို့ နေ့လည် ၃နာရီတွင် ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Dec 2012 02:02 AM PST
မိုးကုတ်မြို့ ရှိ သံဃာတော်များက လက်ပံတောင်း တောင်အရေး တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် သံဃာတော်များအား အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် အဆိုပါ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နေ့လည် ၁နာရီခွဲတွင် ဖောင်တော်ဦး ဘုရား ရင်ပြင် တော်ပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက် ဆန္ဒပြပွဲတွင် မိုးကုတ်မြို့ရှိကျောင်းတိုက် အသီးသီးမှ သံဃာတော် အပါး ၄၀ ကျော်ပါဝင်ခဲ့ပြီး တစ်နာရီခန့် လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။ ရေပူကျောင်းဆရာတော် ဦးက္ကဒြာက က "ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို ဒီလိုမျိုး အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် ဘယ်နိုင်ငံဘယ်လူမျိုး ဘယ်ဘာသာကမှ လက်ခံမှာ မဟုတ်သလို ဘုန်းဘုန်းတို့ ကလည်း လုံးဝလက်မခံပါဘူး ၊ဒါကြောင့် ဘုန်းဘုန်းတို့ ဆန္ဒဖော်ထုတ်ရ တာပါ" ဟု ဆိုသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသည် ယနေ့ နေ့လည် ၂ နာရီခွဲတွင် ပြီးစီးခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက လည်း စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ဝေမာသိမ့် - Yangon Media Group
| ||
Posted: 03 Dec 2012 01:23 AM PST
စစ်တွေမြို့နယ် သဲချောင်း၊ ဒါးပိုင်နှင့် မှန်စီးကျေးရွာ လမ်းတစ် လျောက်ရှိ မိမိတို့ ကိုယ်ပိုင် အစီစဉ်ဖြင့် ကျူးကျော် နေထိုင် နေကြသည့် ဘင်္ဂလီ နေအိမ် များအား ဖယ်ရှား ပေးရန် သက်ဆိုင်ရာမှ ဒီဇင်ဘာလ(၂)ရက်နေ့က အသိပေး လိုက်ကြောင်း သိရသည်။ ထို့အပြင် သဲချောင်းရွာ၊ လက်သမားရွာ ဘုမေ သဲချောင်း လမ်းဘေး ၀ဲယာရှိ ကျူးကျော် တဲအိမ်များကို ဖျက်သိမ်းထားရန်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Dec 2012 01:05 AM PST
ယနေ့ မနက်(၉)နာရီ အချိန်မှ စတင်၍ ဧရာဝတီတိုင်း ဒေသကြီး ၊ မအူပင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ပါတီဝင်(၂၅၀)က NLDမြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်ကို ဆန္ဒပြသ နေကြသည် ။ NLD မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင် အနေနှင့် ရပ်/ကျေး ညီလာခံများ၏ ကျင်းပခဲ့ရာတွင် မျှတမှုများ မရှိသောကြောင့်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Dec 2012 12:52 AM PST
မုံရွာဆေးရုံကြီးမှ သံဃာတော်များ မန္တလေး ပြည်သူ့ ဆေးရုံကြီး ရောက်ရှိ လာပြီးနောက် ရောက်ရှိလာသော သံဃာတော် များအနေဖြင့် နိုင်ငံတော်အဆင့် တောင်းပန်မှသာ အပြစ်ပေါ့မည် ဖြစ်ပြီး သံဃာတော်များ အနေဖြင့်လည်း ကျေနပ်နိုင်မည် ဖြစ်ကြောင်းနှင့် ဒဏ်ရာ ပြင်းထန်သော သံဃာတော်များ အနေဖြင့် ပြည်ပတွင် သွားရောက် ကုသရန် လိုအပ်ကြောင်း----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Dec 2012 12:30 AM PST
မကြာမီက ဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကျောင်းသားများက ဒီဇင်ဘာလ(၃)ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ယနေ့ ထုတ်ပြန် လိုက်သည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ညနေ ၄းဝဝနာရီတွင်ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက် ကျောင်းသားများ၏ ရုံးခန်း၌ ပြုလုပ်ပါမည်။
စာအမှတ် - ၃၂/၂၀၁၂ (၈၈) ရက်စွဲ - ၃ ၊ ၁၂ ၊ ၂၀၁၂ ၈၈ မျိုးဆက်ကျောင်းသားများ ၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ ဖုန်း - ၀၁ - ၅၇၇ ၆၅၆ Email - 88generation@gmail.com လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက် (၁) ကျွန်ုပ်တို့ ၈၈မျိုးဆက် ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။ (၂) ယနေ့နိုင်ငံတော် အသွင်ကူးပြောင်းရေး ကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင် ဟောပြော စည်းရုံး လျှက်ရှိသည်။ (၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်နေရသည့် အခက်အခဲများကို ညှိနှိုင်း ဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။ (၄) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက် နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပေးရန် တင်ပြတောင်းဆို ခဲ့ပြီးဖြစ်ပါသည်။ (၅) ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် ဒေသခံပြည်သူများ၊ တက်ကြွ လှုပ်ရှားသူများ၏ သဘောထား ဆန္ဒများကို လွတ်လပ်စွာ စုံစမ်းတင်ပြ၍ ညှိနှိုင်း ဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်း သွားမည်ဖြစ်သည်။ (၆) ထို့ကြောင့် လက်ပံတောင်းတောင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍- (က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှုပေးရန် (ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန် (ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေး သုံးသပ်ရန် (ဃ) စုံစမ်းစစ်ဆေး နေစဉ်အတွင်း တူးဖော်ဆောင်ရွက် နေမှုများကို ရပ်ဆိုင်းထားရန် (င) ဖမ်းဆီး အရေးယူမှု များကို ရပ်တန့်၍ ထိန်းသိမ်း ထားသူများကို ပြန်လည် လွှတ်ပေးရန်နှင့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန် ၈၈ကျောင်းသားများ အနေဖြင့် အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်သည်။ ၈၈ မျိုးဆက်ကျောင်းသားများ | ||
Posted: 02 Dec 2012 11:59 PM PST
ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးနှင့် သပိတ် စခန်းများအား အကြမ်းဖက် ပုံစံဖြင့် ၀င်ရောက် ဖြိုခွင်းခြင်းကို မကျေနပ်၍ ရန်ကုန်မြို့တွင်း ဆန္ဒထုတ်ဖော် သူများအား ပုဒ်မတပ်ကာ တရားစွဲဆို ခံရသူနှင့် ဖမ်းဆီးခံ ရသူများ ပိုမိုမြင့်တက် လာကြောင်း သိရှိရသည်။ စီတန်း လှည့်လည်ခွင့် ပုဒ်မ(၁၈)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅/ခ)ဖြင့် နယ်မြေပေါင်းစုံ ရဲစခန်းများမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Dec 2012 11:45 PM PST
လက်ပံတောင်းတောင် ကိစ္စရပ်များ ဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာတွင် ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် ကော်မရှင်တွင် ပါဝင်ရန် ဆန္ဒမရှိကြသော်လည်း ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် လက်ပံတောင်းတောင် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန် အပြုသဘော ဆောင်စွာ ညှိနှိုင်းဆောင်ရွက် ပေးသွားကြမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။ 88 Generation Students | ||
Posted: 02 Dec 2012 11:44 PM PST
မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေး စသည့် ၈၈မျိုးဆက်ကျောင်းသားများသည် ဒီဇင်ဘာလ ၂ ရက်နေ့  ညနေ ၅း၃၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ခဲ့ကြပြီး တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေး ခဲ့ကြရာတွင် လက်ပံတောင်းတောင် အရေးကိစ္စများ အပါအ၀င် နိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများနှင့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ၈၈မျိုးဆက် ကျောင်းသားများ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့သည် ၆း၅၀ နာရီတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာခဲ့ကြသည်။ 88 Generation Students | ||
Posted: 02 Dec 2012 11:28 PM PST
မုံရွာဆေး၇ုံမှ တဆင့် မန္တလေး ဆေးရုံကြီးသို့ မီးလောင်ဒဏ်ရာရ သံဃာတော် ၇၆ပါး နှင့် လူ ၉ ယောက်တို့ကို ဘ၀အလင်း လူမှုအသင်းဦးဆောင် သံဃာဆရာတော် ဥူးသောဘိတ မှ တာဝန်ယူပြီး ခေါ်ဆောင် ဆေးကုသ ပေးလျှက်ရှိကြောင်း သိရှိ၇သည်။
ကျန်ရှိဒဏ်ရာရသူများကိုလည်း ဆက်လက်ခေါ်ဆောင် ပေးသွားမည်ဟု သိရသည်။ ဘ၀အလင်းလူမှုအသင်းသို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျပ် ၁၀ သိန်း လှူဒါန်းပေးခဲ့ပြီး လက်ရှိ ကျပ် ၁၄ သိန်း ၇ သောင်း ၅ထောင် ကျပ်တိတိကို လက်ခံ၇ရှိကြောင်းသိရှိရပါသည်။ ကျော်သူ - Yangon Media Group | ||
Posted: 02 Dec 2012 11:14 PM PST
ခုတလော ရခိုင်ကမ်းရိုးတန်းမှာ လှေစီးပြီး မလေးကို ထွက်ခွာသွားကြတဲ့ လူတွေလို့ ယူဆရတဲ့ သူတွေကို ဖမ်းဆီး ရမိတာတွေ များလာနေတဲ့ အတွက် ဒေသခံတွေ အကြားမှာလည်း စိုးရိမ်မူတွေ တိုးလာနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စက်လှေပျက် တစ်စီးနဲ့ အတူ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 02 Dec 2012 11:02 PM PST
| ||
Posted: 02 Dec 2012 11:01 PM PST
| ||
Posted: 02 Dec 2012 10:37 PM PST
၂၀၁၃ ဇန်န၀ါရီလတွင် ထွက်ရှိလာမည့် တစ်သိန်းခွဲအောက် GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်းခန့် ချထားပေး သွားမှာဖြစ်တယ်လို့ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရ သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Dec 2012 10:29 PM PST
(၂၉-၁၁-၂၀၁၂) တန် ဆောင်မုန်းလပြည့်ကျော် (၁) ရက် သူခိုးကြီးည (၁၁)နာရီခန့်က ရွှေပြည်သာမြို့ (၉)ရပ်ကွက် သာဓုဘုရားလမ်း မီးရထားသံလမ်း ဂုံးကျော်အနီးတွင် အောင်ကြွေ ပြား စက်ရုံ ၀န်ထမ်းမြို့နယ် အ လုပ်သမား ဖြန်ဖြေရေးအဖွဲ့ဝင် မောင်ဇေယျမင်း (၂၇)နှစ်သည် မူးယစ်ရမ်းကားနေ၍ လှော်ကား ရဲစခန်းမှ လှဲ့ကင်းတာဝန်ကျ ရဲ တပ်ကြပ် မြ၀င်း၊ ရဲတပ်သား ပြည့်ဖြိုးမောင်နှင့် ရွှေပြည်သာ ရဲစခန်းမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Dec 2012 01:39 PM PST
ဖနွမ်းပင်၊ နိုဝင်ဘာ(၂)
ကမ္ဘောဒီးယား နိုင်ငံတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက တာဝန်ယူ တည်ဆောက် ပေးလျက် ရှိသော ဆည် ဆောက်လုပ် နေစဉ် ပြိုကျ ပျက်စီးသဖြင့် အလုပ်သမား လေးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ သွားပြီး အလုပ်သမား လေးဦး ပျောက်ဆုံးလျက် ရှိကြောင်း Strait Times သတင်းစာတွင် ရေးသား ဖော်ပြထားသည်။ ထိုကဲ့သို့ ဆည်ကြီး ပြိုကျ ပျက်စီး ရခြင်းမှာ ယင်းဆည်က တောင့်ထားရသော ရေပမာဏ အလွန် များပြားပြီး၊ ရေများ စိမ့်လျက်ရှိ သောကြောင့် ဖြစ်ကြောင်း အဆိုပါ ဆည်ကြီး တည်ရှိရာ အတေးမြစ်ကမ်း ဒေသရှိ ရဲတပ်ဖွဲ့မှူး သန်လန် က ပြောကြား သည်။ ကျွမ်းကျင်သူ များက အဆိုပါ ဆည် ပျက်စီး ရခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေစဉ် အတွင်း ဆည် လုပ်ငန်းခွင် ကို ရပ်တန့် ထားမည် ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ အရာရှိကပင် ပြောကြားသည်။ ကမ္ဘောဒီးယား နိုင်ငံတွင် လျှပ်စစ် ဓါတ်အား လိုအပ်ချက် ရှိနေသည်မှာ မှန်သော်လည်း မြစ်ကြောင်း များကို ဆည်ဆောက်လုပ်မှု များကို သဘာဝ ပတ်ဝန်းကျင် အရေး၊ လူမှုရေး ရှုထောင့် များမှ ဝေဖန်လျက် ရှိကြသည်။ The Voice Weekly
| ||
Posted: 02 Dec 2012 01:34 PM PST
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြင်းခြံမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီ ခွဲမှစ၍ သံဃာတော် အပါး ၅၀ခန့်နှင့် လူတစ်ထောင်ခန့် တို့က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ခဲ့သည့် သံဃာတော် များကို ရဲတပ်ဖွဲ့ဝင် များက အကြမ်းဖက် နှိမ်နင်း ခဲ့မှုကို ကန့်ကွက်သည့် အနေဖြင့် ချီတက် ဆန္ဒထုတ်ဖော် လျက် ရှိကြောင်း ယင်း ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်သူ ကိုကြည်ဝင်း က ပြောကြားသည်။ မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ဆန္ဒတော်ပြည့် ဘုရားမှ ခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး၊ ယင်းမှ တဆင့် အမှတ် (၆)လမ်း ကိုဖြတ်၍ ဆန္ဒတော်ပြည့် ဘုရားတွင် ထိုင်သပိတ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။ ဆန္ဒပြ သူများ ထဲတွင် မြင်းခြံခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် များလည်း ပါဝင်သည်။ The Voice Weekly |
[Message clipped] View entire message
0 comments:
Post a Comment