ခေါင်းစဉ်မဲ့ ....
ဝါးလုံးရှည် အတီး
အကယ်၍သာကျွန်တော်သည် အလွန်အေးခဲသော ဒေသ၌ အက်စကီးမိုး လူမျိုးတယောက်အနေဖြင့် မွေးဖွားလာခဲ့ပါလျှင် ကျွန်တော်ကျောင်းသွားသည့်အခါတွင် ရေခဲပြင်ပေါ်၌ ခွေးများဆွဲသော စွပ်ဖားလှည်းဖြင့်သွားရပါမည်။ တခါတရံတွင်တော့ ဆိုးသွမ်းသော ဝံပုလွေများ၊ ဝက်ဝံများနှင့်လည်း ရင်ဆိုင်ရနိုင်ပြီး နှင်းမုန်တိုင်းများလည်းကျေ ရာက်နိုင်ပါသည်။ ကျွန်တော် စားရသည့်အစားအသောက် မှာလည်းေ န့စဉ် အသားဟင်းလျှာများသာဖြစ်ဖွယ် ရှိပြီး ဟင်းသီးဟင်းရွက်များ က
ိုတော့ လုံးဝနီးပါးပင် မစားရသလောက်ဖြစ်နိုင်ပါသည်။
အကယ်၍သာကျွန်တော်သည် အာဖရိကတိုက် တောနက်ကြီးအလယ်ရှိ အာဖရိကန်လူမျိုးတယောက် အနေဖြင့်မွေးဖွားလာခဲ့ပါလျှ င် မြက်ရိုင်းများ၊ကျုပင် များဖြင့် ဆောက်လုပ်ထားသော တဲဝိုင်းများဖြင့်နေရပါမည်။ ကျွန်တော်ကျောင်းသွားသည့်အခါတွင်တော့ နေပူကျဲတဲတွင် ခြေဗလာဖြင့် သွားရမည်ဖြစ်ပြီး ကျောင်းသွားသည့်လမ်းတလျှောက်တွင်လည်း သားရဲ တိရိစ္ဆာန်များဖြင့် ရင်ဆိုင်ကောင်းရင်ဆိုင်ရနို င်ပါသည်။ကျွန်တော်စားသုံးသည့် နေ့စဉ် အစားအသောက်မှာလည်း မြေကြီးထဲမှရရှိသည့် သစ်ဥသစ်ဖုများ နှင့် အမဲလိုက်ရာမှရရှိသည့် သားကောင်များပင်ဖြစ်နိုင်ပါ သည်။
အကယ်၍သာကျွန်တော်သည် အာရေဗျ သဲကန္တာရ အတွင်းရှိ အာရပ်လူမျိုးတယောက်အနေဖြင့် မွေးဖွားလာခဲ့ပါလျှင် ကျွန်တော်ကျောင်းသွားသည့်အခါတွင် ကုလားအုတ်တကောင်ကိုစီး၍သွား ရပါမည်။ တရံတရံတွင်တော့ သဲမုန်တိုင်းများနှင့်ရင်ဆိုင်ရနိုင်ပြီး မျက်နှာနှင့် ဦးခေါင်းကိုလုံခြုံအောင် အဝတ်တခုဖြင့် ပတ်ထားရမည်ဖြစ်ပါသည်။ကျွန်ေ တ်ာအဓိကစားသောက်သည့်အစားအသောက်မှာလည်း စွန်ပလွန်သီးနှင့် ကုလားအုတ်နို့သာဖြစ်နိုင်ပါ သည်။
အကယ်၍သာ ကျွန်တော်သည်မြန်မာပြည် ရန်ကုန်ရွှေမြို့တော်ရှိ လူကြီးသားသမီးတယောက်အနေဖြင့်  မွေးဖွားလာခဲ့ပါလျှင် ကျွန်တော်ကျောင်းသွားသည့်အခါတွင် ကားကောင်းကားသန့်တမျိုးကို စီး၍သွားရနိုင်ပါသည်။တခါတရံ တွင်တော့ ကျောင်းသွားရာလမ်းတွင် ယာဉ်ထိန်းရဲများနှင့် တွေ့ကောင်းတွေ့နိုင်ပြီး အလေးပြုနှုတ်ဆက်ခြင်းကိုခံရ နိုင်ပါသယ်။ ညဘက် အားလပ်ချိန်များတွင်လည်း သူငယ်ချင်းများနှင့်အတူ အပျင်းပြေ ပြိုင်ကားမောင်းလို့ရနိုင်ပါသေးသည်။
တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေဟာ ကိုယ်မွေးလာမဲ့ ကိုယ်ရဲ့ မိဘ၊ လူမျိုး၊ဘာသာကို ရွေးချယ်ခွင့် မရရှိခဲ့ကြပါဘူး။ ဘယ်ဒေသမှာ နေထိုင်ပြီး ဘယ်လူမျိုးဖြစ်နေပါစေ လူတယောက်၏ အနာဂတ်သည် ထိုလူ၏ လုပ်ရပ်နှင့် အကျင့်စာရိတ္တအပေါ်တွင် တည်မှီပါလိမ့်မည်။ ထိုသူ၏ လူမျိုးနှင့်ကိုးကွယ်ရာဘာသာ အပေါ်သို့ မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိပါ။ ဥပမာ အားဖြင့် ဆိုသော် ကျွန်တော်၏ ပိုက်ဆံအိတ်ကို ကံဆိုးစွာနှင့်ပင် ကုလားတယောက်က လု၍ပြေးသည်ဆိုကြပါစို့။ ထိုလုပြေးသော လူသည်သာလျှင် ဆိုးကျိုးအပြစ်ကို ခံစားရမည်ဖြစ်ပြီး ထိုလူတယောက်ကိုသာလျှင် လူဆိုးလူသွမ်း တယောက်အဖြစ် ကျွန်တော်သတ်မှတ်ရပါလိမ့်မည်။ တခြား သော လူများကိုပါ ခြုံငုံ၍ လူဆိုးများအဖြစ် သတ်မှတ်လို့မရပါ။ ထိုနည်း လည်းကောင်းပါပဲ။ ထို လုပြေးသော လူအား လမ်းခုလတ်မှာပင် တရုတ် အမျိုးသားတယောက်မှ ခုခံရိုက်နှက်ပြီး ကျွန်တော်၏ပိုက်ဆံအိတ်ကို ပြန်လည် အရယူပေးခဲ့သည်ဆိုကြပါစို့။ ထို ပိုက်ဆံအိတ်ကိုပြန်လည်ရအောင်ကူညီပေးခဲ့သော လူတယောက်ကိုသာလျှင် ကျွန်တော်၏ကျေးဇူးရှင်အဖြစ် သတ်မှတ်ရမည်ဖြစ်ပါသည်။ ထိုကိစ္စကိုအခြေခံ၍ တရုတ်အမျိုးသား တရပ်လုံးကို ကျေးဇူးရှင်အဖြစ် သတ်မှတ်၍ မရနိုင်ပါ။
အခုလောလောဆယ်မှာတော့ ဒီသစ်သီးလေးတွေကုန်အောင်ရော င်းပြီး ဟိုးဘက်ကမ်းက မီးမှိန်မှိန်နှင့် ကျွန်တော်တို့အိမ်ကိုပြန်ရပါဦးမည်။
__________________________ ________________
ကျေးဇူးပြု၍ ဒီပို့စ်ကို ခေါင်းစဉ်မတပ်ပေးကြပါနဲ့ခင် မျာ။ ခေါင်းစဉ်တခုအောက်မှာ အိပ်ပျော်နေတဲ့ လူငယ်လေးတယောက်ရဲ့ အတွေးတွေ မလွတ်မလပ်ဖြစ်သွားမှာ စိုးလို့ပါ။
အကယ်၍သာကျွန်တော်သည် အာဖရိကတိုက် တောနက်ကြီးအလယ်ရှိ အာဖရိကန်လူမျိုးတယောက် အနေဖြင့်မွေးဖွားလာခဲ့ပါလျှ
အကယ်၍သာကျွန်တော်သည် အာရေဗျ သဲကန္တာရ အတွင်းရှိ အာရပ်လူမျိုးတယောက်အနေဖြင့်
အကယ်၍သာ ကျွန်တော်သည်မြန်မာပြည် ရန်ကုန်ရွှေမြို့တော်ရှိ လူကြီးသားသမီးတယောက်အနေဖြင်
တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေဟာ ကိုယ်မွေးလာမဲ့ ကိုယ်ရဲ့ မိဘ၊ လူမျိုး၊ဘာသာကို ရွေးချယ်ခွင့် မရရှိခဲ့ကြပါဘူး။ ဘယ်ဒေသမှာ နေထိုင်ပြီး ဘယ်လူမျိုးဖြစ်နေပါစေ လူတယောက်၏ အနာဂတ်သည် ထိုလူ၏ လုပ်ရပ်နှင့် အကျင့်စာရိတ္တအပေါ်တွင် တည်မှီပါလိမ့်မည်။ ထိုသူ၏ လူမျိုးနှင့်ကိုးကွယ်ရာဘာသာ
အခုလောလောဆယ်မှာတော့ ဒီသစ်သီးလေးတွေကုန်အောင်ရော
__________________________
ကျေးဇူးပြု၍ ဒီပို့စ်ကို ခေါင်းစဉ်မတပ်ပေးကြပါနဲ့ခင်
0 comments:
Post a Comment