အင်္ဂလိပ်စာဘယ်လိုရေးမလဲအပိုင်း-၃ (စာပိုဒ်အမျိုးအစားများ)
Author: lubo601 |
9:35 AM |
No မှတ်ချက် |
ယခင်တစ်ပတ်က စာပိုဒ်ဖွဲ့စည်းပုံကိုလေ့လာပြီးနောက် စာရေးရာတွင် ရေးသားမည့် အကြောင်းအရာ အလိုက် ဖွဲ့စည်းရမည့် စာပိုဒ် အမျိုးအစားကို ဆက်လက် တင်ပြသွားပါမည်။ စာရေးသားရာတွင် တင်ပြပုံအမျိုးမျိုး ရှိကြသော်လည်း အဓိကအားဖြင့် Narrative, Descriptive, Expositoryဟူ၍ စာပိုဒ် အမျိုးအစား (၃) မျိုးရှိပါသည်။
Narrative
Narrative ဆိုသည်မှာ အဓိက အကြောင်းအရာ (Topic) တစ်ခုခုကို ပြန်လည်ပြောပြသည့်ပုံစံ ဖြစ်သည်။ အဓိကအားဖြင့် အဖြစ်အပျက်၊ စွန့်စားမှု၊ မြင်းကွင်း၊ ဖြစ်စဉ် စသည့်ပုံစံများကို Narrative (ပြန်လည်ပြောပြခြင်း) ဖြင့်ရေးသားနိုင်သည်။ Narrative ရေးသားရာတွင်
၁။ စာဖတ်သူ၏ အာရုံကိုဖမ်းစားနိုင်သော Topic Sentence ဖြင့်စတင်ပါ။
ဥပမာ-This past weekend I had the time of my life. First, Friday night, I had my best friend over and we made a delicious, mouth-watering pizza. After we ate, we had a friendly video game competition. Weekendsအကြောင်းပြောသည့် အတွက် ပထမဆုံးနေ့မှ စတင်ရေးသားခြင်း ဖြစ်သည်။
၂။ ဖြစ်ရပ်များကို ဖြစ်သည့် အစီအစဉ်အတိုင်းစိတ်ဝင်စားဖွယ်ရာအသေးစိတ် အကြောင်းအရာများ (Supporting Sentences)ဖြင့် အစဉ်လိုက်ရေးပါ။
ဖြစ်ရပ်တစ်ခု မှ တစ်ခုသို့ ကူးပြောင်းရေးသားရာတွင် transition words များဖြင့် စာပိုဒ်ကိုဆက်စပ် ပေးရသည်။ ဥပမာ - On Saturday, my dad took us out on the boat. The weather was perfect and the water was warm. It was a great day to go for a swim. Later that night, we went to the movies. We saw an action-packed thriller and ate a lot of popcorn. စာလုံးအမည်းဖြင့် ဖော်ပြထားသောာ transition words များက ဖြစ်ရပ်တစ်ခု မှ နောက်တစ်ခုသို့ မည်သို့ ကူးပြောင်းပေးသည်ကိုတွေ့ရမည်။
၃။ အဆုံးသတ် ဝါကျ (Concluding Sentence) များကိုအသေးစိတ်ရေးသားပြီးစာပိုဒ်ကိုအဆုံးသတ်ပါ။
Finally, on Sunday, we rode our bikes all over town. By the end of the day, my legs were very tired. I only hope that next weekend can be as fun as this one.
ဖော်ပြ ဥပမာစာပိုဒ် ကိုလေ့လာကြည့်လျှင် weekendအကြောင်းကိုအစအဆုံးအစီအစဉ်တကျအသေးစိတ် ထိထိရောက်ရောက် ရေးသားထားသည်ကိုတွေ့ရမည်။
Descriptive
Descriptiveဆိုသည်မှာနေရာဒေသ၊ လူပုဂ္ဂိုလ်၊ ပစ္စည်းတစ်ခုခုအကြောင်းကိုစာဖတ်သူစိတ်ထဲတွင် ပုံပေါ်လာအောင် ဖော်ပြရေးသားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာပန်းပွင့်များသည် လှပကြသည် ဟုတိုက်ရိုက် ရေးသားခြင်းမျိုးမဟုတ်ဘဲပန်းပွင့်များ၏ အလှအပများကိုစာဖတ်သူထင်သာမြင်သာရှိအောင် အရေးအသားဖြင့် ဖော်ပြခြင်းဖြစ်သည်။ရေးသားမည့် အကြောင်းအရာတစ်ခုကိုစာဖတ်သူ၏ အာရုံငါးပါး(အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာ)တွင် ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဆွဲဆောင် ဖော်ပြနိုင်ရမည်။ ဥပမာ - Nausea began to spread through his stomach, warm and oozy and evil.သရုပ်ဖော် အရေးအသားပုံစံများဖြစ်သည့် ရူပကအင်္လကာ၊ ဥပမာအလင်္ကာများဖြင့် စာပိုဒ်ကိုပုံဖော်နိုင်သည်။ ဥပမာ - Besides the guard tower, there's water all around, black and shiny like a tar. စာဖတ်သူအားဖော်ပြမည့်စာပိုဒ်အတွက် မြင်သာထင်သာရှိစေသော ကြိယာများ၊ အမျိုးအစားစုံလင်သောနာမဝိသေသနများကိုရွေးချယ်ရမည်။ဥပမာ - run, leap, shout, fly (Action Verb), smelly, disgusting, gorgeous, radiant, brilliant, and gigantic(Describe Nouns) ထိုကဲ့သို့တိကျသော ကြိယာများ၊ အမျိုးအစားစုံလင်သောနာမဝိသေသနများ၊ ကြိယာဝိသေသနများဖြင့် စာပိုဒ်ကိုတန်ဆာဆင်ပါ။
ဥပမာ - The petite young girl merrily skipped around the blossoming, fragrant bushes. A strong, putrid odor flowed through the musty air outside the garbage dumpster. (မှတ်ချက် - စာလုံးအမည်းဖြင့် ဖော်ပြထားသောစကာလုံးများသည် ကြိယာများဖြစ်ပြီး၊ စာလုံးစောင်းများဖြင့် ဖော်ပြထားသောစကားလုံးများသည် နာမဝိသေသနများ ဖြစ်သည်။) စာပိုဒ်ကိုအချိန်၊ နေရာအလိုက် အစီအစဉ်တကျ ဖော်ပြပေးရမည်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နှင့် ပတ်သက်၍ ရေးသားရာတွင် အမူအယာကိုဦးစွာဖော်ပြရမည်ဖြစ်ပြီးအတွေး၊ ခံစားမှုများကို မြင်သာအောင် ဆက်လက်ရေးသားရမည်။ ဥပမာ - She opened the door – and stared beyond the picket gate at Willis Hurd and his friends, who all broke into a sudden and uproarious laughter – all except Willis, who was smiling his chicken-killing smile.
Expository
Expository စာပိုဒ်သည် စာဖတ်သူအားတင်ပြလိုသောသတင်းအချက်အလက်၊ အကြောင်းအရာများကိုရှင်းလင်းတင်ပြခြင်း ဖြစ်သည်။အထက်ပါ စာပိုဒ်ပုံစံများအတိုင်း Topic Sentenceသည် စာပိုဒ်၏အဓိပ္ပာယ်ကိုပေါ်လွင်အောင် ဖော်ပြနိုင်ရမည်။ ဥပမာ - Going to college can be expensive.စာပိုဒ်ကိုကြည့်ခြင်းအားဖြင့်College တက်ခြင်းအတွက် ကုန်ကျစရိတ် အကြောင်းကိုတင်ပြမည်ဖြစ်ကြောင်းစာဖတ်သူကသိနိုင်သည်။ တင်ပြမည့်အကြောင်းအရာကိုအသေးစိတ် ထပ်မံရှင်းလင်းပေးသော Supporting Sentences များကိုရေးသားရမည်။ ဥပမာ - First, college tuition and room and board can cost anywhere from $2,000 to more than $10,000 per semester. Other expenses make going to college even more expensive. For example, books typically cost between $100 and $500 each term.နောက်ထပ်ဝါကျ(စာကြောင်း)များကိုအကျိုးအကြောင်းဆီလျှော်စွာအစီအစဉ်အလိုက် အသေးစိတ် ဆက်လက် တင်ပြရမည်ဖြစ်သည်။ ဥပမာ - Second, materials are also very expensive. Paper, notebooks, writing utensils, and other supplies required often cost more at the college bookstore than at any local discount department store. For instance, a package of notepaper costing $2 at a discount store might cost $5 at a college bookstore.သင့်လျော်ရာ Concluding Sentence ပုံစံဖြင့် စာပိုဒ်ကိုအဆုံးသတ်ပေးရမည်။ ဥပမာ -The fees required to attend college never seem to end.ဖော်ပြပါ ဝါကျ အရ Topic Sentence ကိုထိရောက်အောင် ပြန်လည်တင်ပြထားသည်ကိုတွေ့ရမည်။ရေးသားမည့် အကြောင်းအရာအပေါ်မူတည်၍ သင့်တော်ရာစာပိုဒ် အမျိုးအစားများရွေးချယ်နိုင်ကြပါစေကြောင်းရည်ရွယ် ရေးသားလိုက် ပါသည်။
အောင်ကိုဦး (UMK)
အောင်ကိုကိုဦး
Assistant English Language Teacher
U MYA KYAING ENGLISH LANGUAGE SCHOOL for life
Face book: www.facebook.com/aungkou
Phone : (95) 9 421752568
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment