သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁၂)
သစ်ထူးလွင်
|
- ကေအဲန်ယူ၏ ဗဟိုခေါင်းဆောင် (၅)ဦး ရွေးချယ်
- ရခိုင်ရှိ ဒုက္ခသည် စခန်း အနီးနေထိုင်သူတို့ ကျန်းမာရေး ဆိုင်ရာ အန္တရာယ် ကျရောက်နေဟု ယူနီဆက်မြန်မာ ထုတ်ပြန်
- ဗကသ ကြေးနီ စီမံကိန်းနဲ့ ပါတ်သတ်တဲ့ သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)
- ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာ အလုပ်သမား တန်းလျား မီးလောင်ခဲ့ပြီး အလုပ်သမား ၁၀၀ ကျော် အိုးအိမ်မဲ့ ဖြစ် (ရုပ်/သံ)
- မြန်မာ့ရိုးရာခြင်းလုံးလက်ရွေး
စင်ရွေးချယ်ပွဲ အောင်ဆန်းကွင်း၌ ကျင်းပမည် - လူပုလေး လက်ဝှေ့သမားတွေ ရန်ကုန်မှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်
- ညှို့မဂ္ဂဇင်း နန်းခင်ဇေယျာ အား တောင်းပန်ပြီ
- ဒီကေဘီအေ တပ်မတော်ကြီး ခေတ်မီ ဖွံဖြိုးလာရန် အတွက် ကရင်လူမျိုးများ စည်းလုံး ညီညွှတ်မှု ရှိရမည်ဟု စစ်ဦးစီးချုပ် ပြောကြား
- မြစ်ကြီးနား-မန္တလေး ရထားလမ်း မိုင်းဖေါက်ခွဲမှု ဓါတ်ပုံများ
- ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ်
- ကျောက်မြောင်းတွင် တိုက်ဖြိုစဉ် အမျိုးသမီးတစ်ဦးသေဆုံး
- ဝမ်ပေါင်နဲ့ ဦးပိုင် ကုမ္ပဏီတွေကို တရားစွဲမယ်
- ကမ္ဘာပျက်မယ် ဆိုတဲ့ ဒီဇင်ဘာ နှစ်ဆယ့်တစ်
- မန္တလေး ကြာနီကန် သုဿန်မှာ ဖြစ်ပွါးတဲ့ ထူးခြားတဲ့ ဖြစ်ရပ် ဟူသော သတင်းမှာ မဟုတ်မှန်
- အိန္ဒိယရောက် သမ္မတဦးသိန်းစိန်ကို ဆန္ဒပြ
- လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူအတွက် ပုသိမ် C.I.D ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခွင့် တောင်းခံရာ ၂ ကြိမ်တိုင် ပယ်ချခံရ
- ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် လုံခြုံရေးအတွက် အထူးဂရုစိုက် ပြင်ဆင်လျက်ရှိ
- ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် အချိန်အပြောင်းအလဲမရှိ
- မန္တလေး-မြစ်ကြီးနားလမ်း မိုင်းခွဲခံရ၍ လူသုံးဦးဒဏ်ရာရ
- မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ဘက် ရောင်းစားမှု ရဲတွေပါဝင်လို့ အရေးယူခဲ့ရဟု ဆို(ရုပ်/သံ)
- တရုတ်ပြည်သို့ ရောင်းစား ခံထားရသည့် မြန်မာ အမျိုးသမီးပေါင်း သောင်းဂဏန်း ပမာဏ အထိရှိနေ
- ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ အရေးပေါ် လူနာများ အတွက် ကုသမှု အားလုံး အခမဲ့ လုပ်ဆောင် သွားရန် စီစဉ်
- ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ် … Vol-1,No-41
- ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၇
- ဒီဇင်ဘာလ (၂၁) ရက်နေ့ထုတ် EURO SPORTS JOURNAL (VOL.4, NO.36)
Posted: 21 Dec 2012 06:40 AM PST
ယခု ကျင်းပ ပြုလုပ်သည့် ၁၅ကြိမ်မြောက် ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ကွန်ကရက် တွင် ကေအဲန်ယူ၏ ဗဟို ခေါင်းဆောင်ကြီး ၅ကြီးကို ယနေ့၌ လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ် တင်မြောက် လိုက်ပြီဟု သိရသည်။ အဆိုပါ အသစ် ရွေးချယ် ခံရသည့် ဗဟိုခေါင်းဆောင် ၅ဦးမှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 06:22 AM PST
ရခိုင်ဒေသရှိ ရွှေ့ပြောင်း နေထိုင် သူများ၏ ဒုက္ခသည် စခန်းများ အနီးတစ်ဝိုက်၌ နေထိုင်သူများ အနေဖြင့် ကျန်းမာရေး ဆိုင်ရာ အန္တရာယ်များ ကျရောက် လျက်ရှိသည်ဟု ဒီဇင်ဘာ ၂ဝရက်နေ့တွင် ယူနီဆက် မြန်မာက ထုတ်ပြန်သည်။ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် မူရင်းဒေသမှ ရွှေ့ပြောင်း နေထိုင် သူများတွင် ရေကောင်း ရေသန့်ရရှိမှု အကန့်အသတ်များ ရှိနေခြင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 05:48 AM PST
ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပါတ်သတ်တဲ့ သတင်းစာ ရှင်းလင်းပွဲ ဒီဇင်ဘာလ ၂၁ ရက် နေ့ က ပြုလုပ်ခဲ့ပါတယ်။ ဒေါ်လှလှဝင်း တင်ဆက်။ ရိုက်ကူး လှလှဝင်း
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 04:58 AM PST
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ နေတဲ့ အလုပ်သမား တန်းလျား မီးလောင်ခဲ့ပြီး အလုပ်သမား ၁၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ဂျိုး
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 04:53 AM PST
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် မြန်မာ့ ရိုးရာ ခြင်းလုံး လက်ရွေးစင် ရွေးချယ်ပွဲကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ (၂၆)ရက်မှ စတင်၍ ရန်ကုန်မြို့ အောင်ဆန်းအား ကစား ပြိုင်ပွဲကွင်း၌ ကျင်းပ သွားမည် ဖြစ်သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 04:42 AM PST
ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်အဖြစ် လူပုလေး လက်ဝှေ့သမားတွေ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အားကစား ၀န်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ်က ကြီးမှူးပြီးတော့ မြန်မာ မီဒီယာ ဂရုပ်က ဦးစီး ကျင်းပတဲ့ ၅ ကြိမ်မြောက် ဒဂုံရွှေအောင်လံ မြန်မာ ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ၂၀၁၃ ပြိုင်ပွဲကြီးရဲ့ ဆီးမီးဖိုင်နယ် ပွဲစဉ်တွေကို ကျင်းပစဉ်မှာ အခုလို လူပုလေး လက်ဝှေ့ သမားတွေကို ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 04:06 AM PST
နန်းခင်ဇေယျာ၏ ဓာတ်ပုံများအား ခွင့်ပြုချက် မရရှိသေးပဲ ရိုက်နှိပ် ဖော်ပြ မိသည့် အတွက် ညှို့ မဂ္ဂဇင်းမှ ကြေးမုံ သတင်းစာ၊ မြန်မာ့ အလင်း သတင်းစာ၊ အလင်းတန်း ဂျာနယ် နှင့် လျှပ်တပြက် ဂျာနယ်တို့တွင် တောင်းပန်လွှာများ အမြန်ဆုံး ထည့်သွင်း ပေးမည်ဖြစ်ကြောင်း ကတိပြုစာချုပ်။---
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 21 Dec 2012 03:20 AM PST
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဖွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက ယနေ့နံနက် ဒီကေဘီအေ တပ်မတော်နေ့ အခမ်းအနားတွင် ၄င်းတို့၏ တပ်မတော် ကြီးခေတ်မီ ဖွံဖြိုး တိုးတက်လာရန် အတွက် ကရင်လူမျိုးများ စည်းလုံး ညီညွှတ်မှု ရှိစေရန် အရေးကြီးကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 06:52 AM PST
ကုန်တင်ရထား အမှတ်(၉၃၇)အဆန် ရထားသည် နံနက် (၁)နာရီ (၁၅)မိနစ်တွင် နန်းမားနှင့် မြို့သစ်ကလေးကြား မိုင်တိုင်အမှတ် ၆၄၃/၂၂-၂၃ တွင် ရထားလမ်းအား မိုင်းဖေါက်ခွဲမှုကြောင့် လမ်းချော်ပြီး စက်ခေါင်း( DD.1127)မှန်ကွဲကာ ၊ ကပ်လျက် တွဲ(၄)တွဲ
တိမ်းမှောက်၍ ကုန်တွဲတစ်တွဲ လမ်းချော်ခဲ့သည်။ စက်ခေါင်းမောင်း ဦီးကျော်မြင့်(၄၅-နှစ်) ၊ လက်ထောက် စက်ခေါင်းမောင်း ဦးနေလင်းထွန်း(အသက်-၃၄ နှစ်) နှင့် လက်ထောက် စက်ခေါင်းမောင်း ဥာဏ်ထွန်း(၂၈)နှစ် တို့ (၃)ဦးစလုံး ညာဘက် မျက်လုံးတွင် ထိခိုက် ဒဏ်ရာများရရှိ၍ မိုးညှင်းဆေးရုံမှ တဆင့် မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိပါသည်။ ထိခိုက်ပျက်စီးမှုများနှင့် ပါတ်သတ်၍ မူရင်း အစီရင်ခံစာ လက်ရေးမူ ကို ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ Myanmar News Now ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး ရထားလမ်း ၊ နန်းမား နှင့် မြို့သစ်ကလေး ကြားတွင် ရထားလမ်း မိုင်းဖေါက်ခွဲမှု ဖြစ်ပွားမှု ဓါတ်ပုံများ ဖြစ်ပါတယ်။ | ||
Posted: 21 Dec 2012 02:18 AM PST
နောက်ဆုံးနေ့ အဖြစ် ဒီကနေ့ (ဒီဇင်ဘာ ၂၁) ကျင်းပတဲ့ ၁၅ ကြိမ်မြောက် ကရင် အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) ကွန်ဂရက်က ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက် လိုက်ပါတယ်။
စောမူတူး ဥက္ကဌဖြစ်လာတဲ့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်တိုက် ဆက်လုပ်သွားလိမ့်မယ်လို့ ယူဆကြောင်း မဲဆောက်က ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦးက သုံးသပ်ပါတယ်။ အတွင်းရေးမှူးကိုတော့ မကြာခင်မှာပဲ ရွေးချယ်မယ်လို့ သိရပါတယ်။ BBC Burmese
| ||
Posted: 21 Dec 2012 01:50 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ယနေ့ နေ့လည် ၁ နာရီ ၄၅ မိနစ် အချိန်က တာမွေမြို.နယ် ကျောက်မြောင်း ရပ်ကွက် ၊ ကျောက်မြောင်းလမ်း ရှိ နှစ်ထပ်တိုက် တစ်လုံးအား ဖြိုဖျက်စဉ် တိုက်ပြိုကျ ၍ ဆောက်လုပ်ရေး လုပ်သား အမျိုးသမီး တစ်ဦး သေဆုံး ခဲ့သည်။ သေဆုံးသူမှာ အသက်၃၈ နှစ် အရွယ်ရှိ မသန်းဌေး ဆိုသူဖြစ် ပြီး ၄င်း သည် အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ထမင်းချက် အဖြစ် ၀င်ရောက်လုပ်ကိုင်နေသူ ဖြစ်ကာ အခင်းဖြစ်ချိန် က ၄င် မှာ လုပ်ငန်းခွင် ခေတ္တရပ်နားစဉ် ဖျက်လက်စ တိုက် ခန်းရှေ့၌ အိပ်နေစဉ် တိုက် အရှေ့ရှိ အမိုးအုတ် ပြို ကျ ခဲ့ပြီး ၄င်းအပေါ်သို့ပြုတ်ကျ ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သူရထွန်း သတင်း - ဓါတ်ပုံ ။ ။ Popular Myanmar News Journal | ||
Posted: 21 Dec 2012 01:29 AM PST
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး၊ ပြည်ပက နိုင်ငံခြားသား ရှေ့နေတွေ အပါ အဝင် မြန်မာ ရှေ့နေတွေက ဝမ်ပေါင်နဲ့ ဦးပိုင် ကုမ္ပဏီတွေကို တရား စွဲဖို့ စီစဉ် နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေချိန် မှာပဲ အခုလို တရားစွဲဖို့ ဖြစ်လာ တာပါ။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 21 Dec 2012 01:20 AM PST
မာယာ ရှေးဟောင်း ပြက္ခဒိန် အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ရက် နေ့မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ ပြောဆို သံတွေကြောင့် ကမ္ဘာ တဝန်းမှာ စိုးရိမ် ပူပန် သူတွေ ရှိနေပါတယ်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ ပြောဆို ချက်တွေဟာ အင်တာနက်နဲ့ ဟောလီဝုဒ် ရုပ်ရှင်ကားတွေ ကြောင့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 21 Dec 2012 12:56 AM PST
မန္တလေး ကြာနီကန် သုသာန်တွင် သေဆုံးသူအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ် အသက်ပြန် လည်လာသည် ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ရက်နေ့က မဟာတန်း တက်ရောက်နေသူ ကျောင်းသူတစ်ဦး၏ ရုပ်အလောင်းအား ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 21 Dec 2012 12:41 AM PST
မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ မနက်မှာပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် အကြိမ် ၂၀မြောက် အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိ လာပြီဖြစ်ပါတယ်။ ဒီလို အိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန် လာရောက်တဲ့ အချိန်မှာပဲ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီရေး လူပ်ရှားသူတွေက ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေက ဘာအချက်တွေကို အဓိကထား တောင်းဆို ဆန္ဒပြနေကြ ပါသလဲဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
ဒီဇင်ဘာလ ၂၀ရက်နေ့မှာပဲ မြန်မာသမ္မတဦးသိန်းစိန်ဟာ အာဆီယံထိပ်သီး နိုင်ငံ့ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးကြမယ့် အကြိမ် ၂၀မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့အတူ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန ကျမ်းမာရေးဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေ လိုက်ပါသွားကြတယ် ဆိုတာကို နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ကျနော်တို့က ထွက်တာပဲပြောလို့ရတယ်။ သတင်းက ကျန်တာတော့ ပြောလို့မရဘူး။ ကျနော်တို့ဝဘ်ဆိုဒ်မှာ အခုတင်ဖို့လုပ်တယ်။ တင်လိုက်တယ်။ အဲ့မှာပဲ သွားဖတ်လိုက်ပါနော်။” ဒါကတော့ သမ္မတဦးသိန်းစိန်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်သတင်းထုတ်ြ အခုလိုမျိုး အိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန် သွားရောက်နေတဲ့အချိန်မှာ လက်ရှိပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပါတယ်ဆိုတဲ့ အရပ်သားအစိုးရ လက်ထက် တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်ပွားနေတဲ့ အခြေအနေတွေ၊ နောက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေနဲ့ လက်ပံတောင်းတောင် အရေး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေက ထိုင်သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၀ရက်နေ့ဟာ ငါးရက်တာထိုင်သပိတ်ဆင်နွှဲတာ စတုတ္တမြောက် နေ့ဖြစ်ပါတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်က ဦးကျော်သန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါ “ကျနော်တို့ ထိုင်သပိတ်ပြုလုပ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ရေရှည်အားဖြင့် ကျနော်တို့ သဘာဝရေမြေ တောတောင်တွေကို အရင်းတည်တဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုေ ဆန္ဒပြသူတွေရဲ့ အဓိကတောင်းဆိုချက်တွေကတော့ လက်ပံတောင်းတောင်အရေးမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နှင်းမှုမှာ သမ္မတဦးသိန်းစိန် ကိုယ်တိုင် တောင်းပန်သင့်တဲ့အကြောင်းနဲ့ နောက်ပြီးတော့ ဒေသခံပြည်သူတွေ နစ်နာဆုံးရုံးမှုတွေကို အဓိကထား ထည့်သွင်းစဉ်းစားပေးသင့်တယ်ဆို “အဓိကအားဖြင့်တော့ လက်ပံတောင်းတောင်မှာဖြစ်ခဲ့တဲ့ အခုလိုလက်ပံတောင်းအရေးစုံစမ်း “သိသိသာသာ ရှင်းရှင်းလင်းလင်းမရှိဘူး။ လူထုကျေနပ်လောက်တဲ့ အဖြေပါမလာဘူးဆိုတဲ့ သူများတွေ ဝေဖန်တဲ့ကိစ္စ အပေါ်မှာ ကျနော်ကတော့ သဘောတူတယ်။ ဒီအတိုင်းပဲ ကျနော်တို့လည်း ဒီလိုပဲ ဆုံးဖြတ်တယ်။ ဒီလိုပဲ မြင်တယ်။ တကယ် လက်တွေ့ကျတဲ့ ဖော်ထုတ်မှုတွေရှိဖို့ လိုတယ်။ အဲ့ဒီ့တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စစ်အာဏာရှင်တွေ၊ စစ်အုပ်စုတွေဘက်က တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စ ဘိုးဘွားအမွေတွေကို ချရောင်းတဲ့ကိစ္စမှာ တိုင်းသူပြည်သားတွေ သိသင့်တယ်ဆိုတဲ့ အချက်တွေ သူတို့ဖွင့်ပြဖို့လိုတယ်။ ဒေါ်စုအနေနဲ့လည်း အဲ့ဒီ့ဗိုလ်ချုပ်တွေကို တိုက်တွန်းဖို့လိုတယ်လို့ ကျနော်တို့ကတော့မြင်တယ်။” မြန်မာနိုင်ငံတွင်းမှာ လက်ပံတောင်းတောင်အရေးလို နိုင်ငံခြားရင်းနှီးမြုတ်နှံမှု စီမံကိန်းတွေ အပါအဝင် နိုင်ငံတွင်းမှာ ဒေသခံပြည်သူတွေနဲ့ ရင်းနှီးမြုတ်နှံသူတွေကြား မကျေနပ်မှု ပဋိပက္ခတွေဖြစ်လာနိုင်တဲ့အပေါ် အာဆီယံ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ ထည့်သွင်းစဉ်းစားနိုင်အောင်အတွ ထိုင်သပိတ်ငါးရက်တာ အဆုံးသတ်ပြီး ဒီဇင်ဘာလ ၂၁ရက်နေ့မှာတော့ အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေး ကျင်းပတဲ့ နေရာ အနီးနားအထိ ချီတက်ဆန္ဒပြမှုပြုလုပ်ကြမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံအတွင်းမှာ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပနေတာက တကြောင်း၊ နောက်ပြီးတော့ အိန္ဒိယမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွ မဆုမွန် (ဗွီအိုအေ)
| ||
Posted: 21 Dec 2012 01:10 AM PST
လူသတ်မှုနဲ့ တရားစွဲ ဆိုခံရပြီး ရှေ့နေဖြင့် ခုခံချေပခွင့်၊ အယူခံ ၀င်ခွင့် မရခဲ့ဘဲ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရသူ တပ်ကြပ်ကြီး သန့်ဇင်ဦး အတွက် မိဘများက ဆန္ဒဖော်ထုတ်ခွင့် တောင်းခံခဲ့ရာ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ၂ ကြိမ်တိုင် ပယ်ချခဲ့ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 21 Dec 2012 12:15 AM PST
ကော့သောင်းမြို့သို့ ဒီဇင်ဘာ ၂၂ ရက်တွင် ရောက်ရှိမည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ၎င်း၏ လုံခြုံရေး အတွက် အထူးဂရုစိုက်ပြင်ဆင် လျက်ရှိသည်ကို တွေ့ရကြောင်း ကော့သောင်းမြို့ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 21 Dec 2012 12:06 AM PST
မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသို့ သွားရောက်မည့် ဒေါ်အောင်ဆန်း စုကြည် ၏ ခရီးစဉ်သည် လေ ယာဉ် ထွက်ခွာချိန် အပြောင်းအလဲကြောင့် ခရီးစဉ် အချိန်ဇယား အပြောင်းအလဲ ဖြစ်မည်ဟု သတင်း ထွက်ပေါ် ခဲ့သော်လည်း မူလအတိုင်းပင် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း ကော့သောင်းနှင့် ရန်ကုန်မှ NLD အဖွဲ့ဝင်များက ပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Dec 2012 11:51 PM PST
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း နမ္မားဘူတာနှင့် မြို့သစ် ဘူတာ အကြား မိုးညှင်း အကျော် ဆယ်မိုင်ခန့် အကွာ မိုင်တိုင် ၆၄၃/၂၂-၂၃ ကြားတွင် ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပေါက်ကွဲမှုကြောင့် မန္တလေး မြို့ဟောင်း-မြစ်ကြီးနား ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Dec 2012 11:39 PM PST
တရုတ်နိုင်ငံက အမျိုးသားတွေ မြန်မာပြည်က အမျိုးသမီးတွေကို ၀ယ်ယူတဲ့ လူကုန် ကူးမှုထဲမှာ မြန်မာ နိုင်ငံက ရဲအရာရှိ အချို့ ပါဝင် ပတ်သက် ခဲ့တာကြောင့် အရေးယူ ခဲ့ရတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုအဆင့်က ရဲမှူးချုပ်ဟောင်း ရာလီရန် မုန်းက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောဆို ခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Dec 2012 11:35 PM PST
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မ ထိမ်းမြား လက်ထပ်မှု ပြုလုပ်ရန် ရောင်းစား ခံထားရသည့် အမျိုးသမီး ပမာဏမှာ သောင်းဂဏန်း အထိ ရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု ဗဟိုတွင် ဆယ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Dec 2012 11:28 PM PST
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိ လာသော အရေးပေါ် လူနာများအား ကုသမှု အားလုံးတွင် အခမဲ့ ကုသပေး နိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဆေးရုံ အုပ်ကြီး ဒေါက်တာ ကျော်ကျော်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောပြခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Dec 2012 11:12 PM PST
ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ် … Vol-1,No-41 … Dec,22-28,2012
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Dec 2012 11:10 PM PST
ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Dec 2012 11:08 PM PST
|
0 comments:
Post a Comment