Thursday, December 20, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁၂)

သစ်ထူးလွင်


Posted: 20 Dec 2012 06:43 AM PST
အိန္ဒိယသို့ ရောက်ရှိနေသော နှစ်ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ကုန်းဘောင် နောက်ဆုံးမင်းဆက် သီပေါမင်း ဗြိတိသျှ အစိုးရ လက်အောက် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့သော ရတနာဂီရိရှိ စံအိမ်သို့ သွားရောက် လေ့လာမည် ဖြစ်ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ။ ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ်

Posted: 20 Dec 2012 05:59 AM PST
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် စင်ကာပူတွင် ၅ လခွဲခန့် အကြာ ကျန်းမာရေး ဆေးကုသမှု ခံယူ ပြီးနောက် မြန်မာ နိုင်ငံ သို့ ပြန်လည် ရောက်ရှိ လာပြီ ဖြစ်ကြောင်း သိရှိရသည်။ ““အဘအေးရဲ့ ကျန်းမာရေးက ပြန်ကောင်း လာပြီ ဖြစ်ကြောင်း၊ ယခု လောလောဆယ် နေပြည်တော်သို့ မရောက် သေးကြောင်း၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Dec 2012 05:46 AM PST
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ ပြည်နယ်၊ ဆူဘန်ရာရမြို့ရှိ လွန်သွား အစရှိသော စက်အပို ပစ္စည်း ထုတ်လုပ်သည့် သံမဏိ စက်ရုံ တစ်ရုံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် နိုင်ငံသား တစ်ဦး မြန်မာနိုင်ငံသို့ ပြန်မလာမီ ရက်ပိုင်း အလိုတွင် နေထိုင်ရာ စက်ရုံ အိမ်ယာဝင်း အတွင်း၌ ရုပ်ရှင်ဆန်ဆန် လုယက် တိုက်ခိုက် ခံရကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Dec 2012 05:37 AM PST
ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဧည့်မထ အုပ်စုဝင် စပါးများ၏ ဈေးနှုန်းသည် စပါးတင်း ၁၀၀ လျှင် ကျပ် လေးသိန်း ခန့်ရှိရာမှ တစ်နေ့အတွင်း ကျပ်ငါးသောင်းခန့် ထိုးကျသွားသည်ဟု ဒေသခံ တောင်သူ လယ်သမားများက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Dec 2012 03:53 AM PST
ခိုးမှု၊ မသင်္ကာမှုဖြင့် ဖမ်းဆီးခံ ထားရသူမှ အချုပ်ခန်း အတွင်း မိမိကိုယ်ကို သေကြောင်း ကြံစည်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ည (၇)နာရီခန့်က---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Dec 2012 03:33 AM PST
မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ စက်တင်ဘာ ၁၇ ရက်တွင် မန္တလေးမြို့ အရှေ့ဘက် ချမ်းမြ သာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက် အနီး စီမံကိန်းမြေဟု သတ်မှတ် ထားသော မြေလွတ် မြေရိုင်းများ ပေါ်တွင် ဆောက်လုပ် ထားသော နေအိမ်များကို ဖျက်ဆီးခြင်းနှင့် သယ်ယူသွား ခဲ့ခြင်း အပေါ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက် ကျူးကျော် နေအိမ်များကို မြေထိုး စက်သုံးပြီး အဓမ္မ ဖယ်ရှားနေစဉ်။

Posted: 20 Dec 2012 03:19 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ အတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ မကြေလည် မှုတွေဟာ အဖွဲ.ချုပ် တခုလုံးရဲ. ငါးရာခိုင်နှုန်း လောက်သာ ဖြစ်တယ်လို့ ဗဟို အလုပ်မှုဆောင် တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဒေါ်အေးမိစံက ပေးပို့ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Dec 2012 03:01 AM PST
ပြစ်မှု ကျူးလွန် သူများဟု ယူဆရ သူများ အနေဖြင့် တရားရုံး၏ စစ်ဆေး စီရင် ဆုံးဖြတ်မှု မခံရမီ ရဲတပ်ဖွဲ့ဝင်များ၏ လက်တွင် အသက် ဆုံးရှုံးမှုများ ရှိနေခြင်း အပေါ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြရန် ကြိုးစားသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရဲစခန်းမှာ ရဲက စစ်ဆေးစဉ် သေဆုံးသွားသူ ကုလားကြီး ခေါ် မျိုးမြင့်ဆွေ

Posted: 20 Dec 2012 01:50 AM PST
နတ်တလင်းမြို့ ဇီးကုန်းကလေး ရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ် တင်မြှောက်ရာတွင် အမှန်မကန်မှုများ ရှိနေပါသည်။ အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် အရွေးခံရသော ဦးအောင်ဝင်း ၏ မသာမာမှုများကို အချက်အလက် များစွာဖြင့် ဒေသခံ ပြည်သူများက တိုင်ကြားထားပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Dec 2012 01:15 AM PST
ရန်ကုန် -ဒီဇင်ဘာ၂၀

ရွှေတိဂုံ စေတီတော်သို့ တက်ရောက် ကြည်ညိုမည့် နိင်ငံခြားသားများ ဒီဇင်ဘာ နောက်ဆုံး ပတ်မှစ၍
ရှမ်းတိုက်ပုံ နှင့် ရှမ်းဘောင်းဘီကို သတ်မှတ် နေရာတွင် လဲလှယ် ၀တ်ဆင်ပြီးမှသာ တက်ရောက်ခွင့် ပြုမည်ဟု သိရသည်။

ယခင်က ပ၀ါပတ်၍ ခွင့်ပြု ခဲ့သော်လည်း ပုဝါကို ဖြုတ်ချပြီး နဂို အ၀တ်အစား ဘောင်းဘီတို၊ ချိုင်းပြတ်များဖြင့်
ပင် တက်ရောက် ကြည်ညို ကြသဖြင့် ရှမ်းတိုက်ပုံ နှင့် ရှမ်းဘောင်းဘီကို ၀တ်ဆင်စေခြင်း ဖြစ်ကြောင်း နိင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

Popular Myanmar News Journal

Posted: 20 Dec 2012 12:52 AM PST
ယနေ့(ဒီဇင်ဘာ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် ၆၈ မိုင်အကွာ သပိတ်ကျင်းမြို့၏ မြောက်ဘက် ၅ မိုင်အကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မန္တလေး မြေငလျင် သတင်းဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ငလျင်ငယ်မှာ သပိတ်ကျင်းမြေငလျင်ကြီး၏ နောက်ဆက်တွဲ မြေငလျင်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် နံနက်တွင် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့သော သပိတ်ကျင်းမြေငလျင် လှုပ်အပြီး နောက်ဆက်တွဲမြေငလျင် လှုပ်ခဲ့သော အကြိမ်ရေ ၄၀ နီးပါးရှိပြီးဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီ ၂ မိနစ်ကျော်တွင်လည်း နေပြည်တော်အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

7Day News Journal


သပိတ်ကျင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်က တွေ့ ရပုံ။

Posted: 20 Dec 2012 12:01 AM PST
ဒီဇင်ဘာလ(၁၉) ရက်နေ့  မွန်းလွဲ၁၂ နာရီ ၁၅ မိနစ်မှာ ကုန်ထုတ် ဓါတုဗေဒ မဟာတန်း ကျောင်းသူလေး အသုဘ မီးသဂြိင်္ုလ်ခါနီး မိခင်ဖြစ်သူမှ နောက်ဆုံး အနေနှင့် နမ်းလိုက်စဉ် နှလုံးခုန်သံ ကြားရ၍ ဆရာဝန်ပင့် စမ်းသပ်ရာ အသက်ရှင် နေကြောင်း သိရှိရ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Dec 2012 11:27 PM PST
လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း အရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ရှေ့နေများ ကွန်ယက် အဖွဲ့ဝင်များမှ ဒေသခံ ပြည်သူများ ကိုယ်စား တရားစွဲ ဆိုမည့် အမှု(၂)ခု အတွက် အမေရိကန် နိုင်ငံ ဥပဒေ ပညာရှင် ရော်ဂျာနော်မန်က အခမဲ့ အမှု လိုက် ပေးမည်ဖြစ်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 11:16 PM PST
“ပုဂံ ရှေးဟောင်း ဇုန်မှာ အဆောက် အဦး အသစ် ထပ်မ ဆောက်ရင် လက်ခံနိုင်တဲ့ အနေအထားပါ” ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန သတင်း ထုတ်ပြန်ရေး အဖွဲ့နှင့် တွေ့ဆုံခြင်း

ရှေးဟောင်း ပုဂံ ယဉ်ကျေးဇုန်အား ကမ္ဘာ့ ရှေးဟောင် ယဉ်ကျေးမူ အမွေအနှစ် စာရင်း ၀င်ရောက် စေရေး ဆောင်ရွက်မှု များနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန သတင်း ထုတ်ပြန်ရေး အဖွဲ့အား မေးမြန်း ဖြစ်သည်များကို ဖော်ပြ အပ်ပါသည်။

မေး- ပုဂံရှေးဟောင်းနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အောင် ရှေးဟောင်းဝန်ကြီး ဌာနအနေနဲ့ လက်ရှိလုပ်ဆောင်ထားတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သိချင်ပါတယ်။

ဖြေ- ပုဂံရှေးဟောင်းနယ်မြေနှင့်ပတ်သက်၍ မြန်မာ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဒေသနယ်မြေ အဖြစ် ၁၉၂၂ ခုနှစ်ကစပြီး List Of Anicient Monuments In Burma သတ်မှတ်ခဲ့ပါတယ်။ ပုဂံ ငလျင်နောက်ပိုင်း ၁၉၅၇ ခုနှစ် UNESCO,UNDPတို့၏ ဘဏ္ဍာရေးနှင့်နည်းပညာပံ့ပိုးမှုနဲ့ ထိန်းသိမ်းမှု လုပ်ငန်းကို ရေရှည်ဆောင်ရွက်ခဲ့ပါတယ်။

မေး- ၀န်ကြီးဌာနအနေနဲ့ လက်ရှိဘာတွေဆောင်ရွက်နေပါလဲ။

ဖြေ။ ။ Tentative List Of World Heritage ဌာနအနေဖြင့် ပုဂံဒေသအား (World Heritage List) တင်သွင်းသတ်မှတ်နိုင်ရန်အတွက် -

(၁) ပုဂံဒေသ၏ သုတေသနနှင့် ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းတို့အား ပုံမှန်ဆောင်ရွက်ခြင်း၊

(၂) ပုဂံဒေသအတွက် တိကျသေချာသည့် ဇုန်နယ်မြေသတ်မှတ်ခြင်း၊

(၃) ပုဂံဒေသရေရှည်တည်တံ့နိုင်စေရန် လိုအပ်သော Master Plan ရေးဆွဲခြင်း၊

(၄) ဇုန်နယ်မြေသတ်မှတ်၊ Management Plan ရေးဆွဲခြင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာလုပ်ငန်းများ (Inventory and Registration) လုပ်ဆောင်ခြင်းတို့အား အနည်းဆုံး(၂)နှစ်ကာလဆောင်ရွက်ရန်လျာထားပါသည်။

မေး- လက်ရှိအချိန်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းဖို့ အစီအစဉ် ရှိပါသလား၊ ရှိခဲ့မယ်ဆိုရင် ဘယ်အချိန်လောက်မှာ စာရင်းတင်သွင်းသွားမယ်ဆိုတာသိပါရစေ။

ဖြေ- စာရင်းတင်သွင်းဖို့ အစီအစဉ်ရှိပါတယ်။ ပုဂံယဉ်ကျေးမှုဒေသကို (၂၀၁၅)ခုနှစ် နောက်ပိုင်းမှာ တင်သွင်းနိုင်မည်ဟု ခန့်မှန်းထားပါတယ်။

မေး- ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အောင် အရင်က တင်သွင်းဖူးပါသလား၊ တင်သွင်းခဲ့ခြင်းရှိခဲ့ဖူးရင် ဘာကြောင့် ကမ္ဘာ့စာရင်းဝင်နိုင်မှု မရှိခဲ့ သလဲ။

ဖြေ။ ။ပုဂံရှေးဟောင်းယဉ်းကျေးမှုဒေသအား (၁၉၉၆) ခုနှစ်၌ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းခဲ့ ဖူးပါတယ်။ပုဂံဒေသကို- ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းသည့် ခိုင်မာသော ဥပဒေမရှိသေး၍လည်းကောင်း၊ ဇုန်သတ်မှတ်ထားမှု မရှိသေး၍လည်းကောင်း၊ ပုဂံဒေသရေရှည် တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက် Master Plan မရှိသေး၍လည်းကောင်း၊ အခြားသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လိုအပ်ချက်များ ရှိသေး၍လည်းကောင်း စသည့်အချက် တွေကြောင့် ဖြစ်ပါတယ်။

မေး- ပုဂံရှေးဟောင်းနယ်မြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်မယ်လို့ ထင်ပါသလဲ၊

ဖြေ- ပုဂံရှေးဟောင်းနယ်မြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ယဉ်ကျေးမှုဝန်ကြီး ဌာနက ထုတ်ပြန်သော (၁၉၉၈)ခုနှစ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ် ပါတယ်။ ပြည်တွင်း၊ပြည်ပဘုရားဖူးများ၊ဒေသခံပြည်သူများ၊ဒေသဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ ပုဂံဒေသ အတွက်လိုအပ်လို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှသာ ရေရှည်တည်တံ့မည် ဖြစ်ပါတယ်။

မေး- ရှေးဟောင်းဇုန်ထဲတည်ဆောက်ထားတဲ့ နန်းမြင့်မျှော်စင်၊ပုဂံပြတိုက်၊ နန်းတော်ရာ အဆောက်အဦး၊ နှစ်လမ်းသွား အနော်ရထာလမ်းမကြီး ၊ ဟိုတယ် ၊အဆောက်အဦးသစ်တွေက ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်ဖို့ ထိခိုက်နိုင်ပါသလား၊

ဖြေ- ရှေးဟောင်းဇုန်ထဲမှာ ဆောက်ထားတဲ့ အဆောက်အဦးတွေဟာ ကမ္ဘာ့ယဉ်ကျေးမှုဝင်ရန် အတွက် အထိုက်အလျောက်တော့ ထိခိုက်မှုရှိ နိုင်ပါတယ်။ ဒေသခံတွေအနေနဲ့ အခုလို အဆောက်အဦး တွေဟာ ရှေးဟောင်ယဉ်ကျေးမှုကို အများကြီးထိခိုက်နိုင်တယ်လို့ ပြောနေကြတာ မှန်ပါတယ်၊ဒါတွေကို ကျွန်တော်တို့က ကြိုတင်ကာကွယ်ခဲ့ပါတယ်၊

ဥပမာ - ပေပင်ကျောင်းဘုရားကြီးအနီးတွင်ဇာတ်ရုံဆိုပါတော့၊ ပွဲတော်လေး ယာယီဆိုပြီး ဆောက်တယ်၊ ယခုလို ဖျက်မပေးသေးလို့ ကျွန်တော်တို့ဌာနက ကန့်ကွက်ခဲ့ပါတယ်။ ကျန်တဲ့ ပြတိုက် ၊ နန်းတော်ရာတွေက ပုဂံယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်မှာဖြစ်လို့ ထိခိုက်မှု အနည်းငယ်သာရှိပြီး အကျိုးကျေးဇူးက ပိုများပါတယ်။သို့သော်လည်း UNESCOရဲ့သတ်မှတ်ချက်တွေနဲ့ ချိန်ထိုး ပြောရရင်တော့ အခြားသောနိုင်ငံတွေနည်းတူဖြစ်တဲ့အတွက် နောင်ထပ်မလုပ်ရင် လက်ခံနိုင်တဲ့ အနေအထားရှိပါတယ်။

မေး- အဆောက်အဦးအမျိုးမျိုး လုပ်ကိုင်လာတဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေရှိတယ်လို့လည်း သိရပါတယ်၊ အဲဒီအတွက် ပုဂံရှေးဟောင်းရဲ့ ယဉ်ကျေးမှုပုံရိပ်တွေကို ထိခိုက်မှုတွေရှိလာနိုင်ပါသလား၊ လက်ရှိဖြစ်ပေါ်နေတဲ့ ဒေသခံတွေက စီပွားရေးလုပ်ငန်းရှင်တွေက ရှေးဟောင်းဇုန်အတွင်း လုပ်ကိုင်နေကြတဲ့ အပေါ်မှာရော ဌာနအနေနဲ့ ဘာများပြောလိုပါသလဲ။

ဖြေ။ ။ ဒေသခံတွေပြောင်းရွှေ့ပေးရတယ်ဆိုတဲ့ ပုဂံမြို့ဟောင်းထဲမှာ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်မှုမှာ Bagan Beachဟိုတယ်တစ်လုံးပဲ ရှိပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှဆောင်ရွက်တဲ့ ပုဂံနန်းတော်ရာတူးဖော်မှု ၊ ပုဂံနန်းတော်ပုံစံတူတည်ဆောက်မှု၊ယွန်းကောလိပ်တည်ဆောက်မှု စတဲ့နိုင်ငံတော်ပိုင်များသာ ရှိပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းဇုန်များနှင့် ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြားမည်သူပဲဖြစ်ဖြစ် ထုတ်ပြန်ထားတဲ့ ဥပဒေများကို လေးစား လိုက်နာပါလို့ပဲ ပြောချင်ပါတယ်။

မေး- ပုဂံမြို့ဟောင်းကို ယဉ်ကျေးမှုဇုန်အဖြစ်သတ်မှတ်ထားဖို့ အတွက်ဒေသခံပြည်သူတွေကို နေထိုင်မှုပြောင်းရွေ့ ခိုင်းတာတွေရှိခဲ့တယ်လို့သိရပါတယ်၊ပြောင်းရွေ့ပေးလိုက်ရတဲ့ နေရာတွေ(ယဉ်ကျေးမှုဇုန်)မှာ စီးပွားရေးလုပ်ငန်းရှင်တွေက ၀င်ရောက်လုပ်ကိုင်နေလာတဲ့ အပေါ်မှာရော ဌာနအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ ရှိပါသလဲ။

ဖြေ- ပြောင်းရွှေ့ပေးလိုက်ရတဲ့နေရာ(ယဉ်းကျေးမှုဇုန်)မှာ စီးပွားရေး လုပ်ငန်းရှင်တွေက၀င်ရောက် လုပ်ကိုင်နေလာကြတဲ့ကိစ္စက ဗူးဘုရားအနီးမှာ Bagan Beach Hotelတည် ဆောက်ခြင်း တစ်ခုသာ ရှိပါတယ်။ အဲဒီဟိုတယ်လည်းယခုထိ ဆက်မဆောက်တော့ပါဘူး။ ဌာနကလည်း ခွင့်မပြုပါဘူး။ အခြားစီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ကိုင်မှုကလည်း ပုဂံမြို့ဟောင်းမှာ မရှိပါဘူး။ နောင်လည်း ခွင့်ပြုမှာမဟုတ်ပါဘူး။ လက်လုပ်လက်စားအချို့ကျူးကျော် ဆောက်လုပ်နေထိုင်ခြင်းသာ ရှိပါတယ်။ ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာဌာနများ ကိုပြန်လည်ဖျက်သိမ်းရွှေ့ပြောင်းပေးရန် အကြိမ်ကြိမ်စာထုတ်ပြန်ခြင်း၊ (ဥပမာ)ဗူးဘုရားအနီး ညဈေးတန်းအတွက် ယာယီဆိုင်ဆောက်ထားသောဆိုင်ခန်းများနှင့် ပေပင်ကျောင်းဘုရားအနီးကပ် လျက် ဇာတ်ရုံကြီးတွေသာရှိပါတယ်။

(ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ကို မြစ်မခမီဒီယာက ကျေးဇူးတင်ပါတယ်)

ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup



Posted: 19 Dec 2012 11:07 PM PST
ယခု ပြုလုပ် လျှက်ရှိသော ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ အချို့ အနက် ပခုက္ကူမြို့နယ် အတွင်း ပထမဦးဆုံး အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 11:00 PM PST
ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင် ကျေးရွာ အုပ်စု တွင်းရှိ အသိမ်းခံ လယ် မြေများနှင့် ပက်သက်၍ ဘားအံ တရားရုံးတွင် စစ်ဆေးလျက် ရှိသော်လည်း အဆိုပါ အမှုအား မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှလည်း အကြိမ်ကြိမ် ခေါ်ယူ စစ်ဆေး လျက် ရှိကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 10:41 PM PST
၂၀၁၃ခုနှစ် ဇန်န၀ါရီလ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ ကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 19 Dec 2012 10:30 PM PST
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဒီဇယ်ဆီ ဂါလန်ပေါင်း ၁၅၀၀၀ ၀န်းကျင် တင်ဆောင်လာသည့် မှောင်ခိုသင်္ဘော တစ်စီးအား ဒေးဒရဲမြို့နယ် အတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း ဒေသကြီး အတွင်း ပုသိမ် ရေလမ်းကြောင်း၊ ဒေးဒရဲ ရေလမ်းကြောင်းနှင့် ဖျာပုံ ရေလမ်းကြောင်း၊ မော်လမြိုင်ကျွန်း(မော်ကျွန်း) ရေလမ်း တို့မှ စက်သုံးဆီများအား မှောင်ခို ကုန်သွယ် နေခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေးဒရဲမြို့နယ် တိုးမြစ်ဝတွင် ဆီမှောင်ခိုယာဉ်အား တပ်မတော်ရေမှ ဖမ်းဆီးလာစဉ်။ ဓါတ်ပုံ - Eleven Media Group

Posted: 19 Dec 2012 10:07 PM PST
ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေထဲက တရားဝင် လက်မှတ် မရှိတဲ့သူတွေ ကို ထိုင်း အာဏာ ပိုင်တွေက မဖမ်းဆီးသေးဘဲ ၃လလောက် ရပ်ဆိုင်းထား ပေးဖို့ စဉ်းစား ဆောင်ရွက် နေတယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီး ဌာနက ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 09:52 PM PST
မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲ မှုတွေကို အားပေးတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာ တပ်မတော်နဲ့ စစ်ရေး ဆက်ဆံမှု တွေကို မကြာခင် စတင် တော့မယ့်လို့ မနေ့က ပြောဆို လိုက်ပါတယ်။ ပင်တဂွန် အမေရိကန် စစ်ဌာနချုပ် ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo Credit: MNA / Oct 18, 2012
Deputy Secretary Burns meeting with Defense Minister Lt. General Wai Lwin.

Posted: 19 Dec 2012 09:10 PM PST
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို ၂၀၁၂ ခုနှစ် အတွက် အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ရွေးချယ် လိုက်ပါတယ်။ သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ရွေးကောက် ပွဲ အောင်မြင်မှုဟာ အမေရိကန် နိုင်ငံရဲ့ အပြောင်းအလဲ ကို ဖော်ဆောင်တဲ့ ပြယုဂ်တခုဖြစ်ပြီး---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 09:01 PM PST
ရန်ကုန်မြို့ နေရာတိုင်း လိုလိုတွင် မျက်နှာဖုံးမစွပ်၊ သေနပ်မကိုင်ဘဲ၊ လှေကား ပခုံးထမ်းကာ ပလာယာ တစ်ချောင်းဖြင့် ဖုန်းလိုင်းများအား ပြန်ပေး ဆွဲမှု့များ နေ့စဉ်ပြုလုပ် နေပါသည်။ ရန်ကုန်မြို့၊ မြို့နယ် အသီးသီးတွင် ယူနီဖေါင်းဝတ် ဖုန်းလိုင်းမန်း များသည် ----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 08:36 PM PST
မြန်မာ စစ်တပ်နဲ့ ကချင် သူပုန်တွေကြား တိုက်ပွဲ သတင်းတွေကြောင့် နုနယ်သေးတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်မှု အတွက် ပြည်တွင်း မှာရော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်းမှာပါ စိုးရိမ်မှုတွေ တိုးပွား လာစေပါ တယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟာလည်း ကချင်ပြည်နယ်တွင်း အခြေအနေမှန်ကို သိရှိနိုင်ရေး အတွက် ကချင် ပြည်နယ်ကို ပထမဆုံး အကြိမ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ တော်ကနေ ဗွီအိုအေ သတင်းထောက် Deniel Schearf ပေးပို့ထားတဲ့သတင်းဆောင်းပါးကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာအစိုးရတပ်တွေဟာ ရုရှားလုပ် စက်သေနတ်တင် ရဟတ် ယာဉ်တွေ အသုံးပြုပြီး တရုတ်နယ်စပ်အနီးမှာ အခြေစိုက်တဲ့ ကချင် လက်နက်ကိုင် တပ်တွေ ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်လို့ ပြည်ပ အခြေစိုက် မြန်မာသတင်း ဌာနတွေ က ဖော်ပြခဲ့ကြပါတယ်။

အစိုးရတပ်တွေဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်စခန်းနဲ့ သိပ်မဝေးတဲ့ နေရာ အထိ လာ ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ပြောခွင့်ရ ဦးလာနန် ပြောကြား ချက်ကို ကိုးကားပြီး ကချင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီသီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ခွဲ တစ်ခုက ကချင်လက်နက်ကိုင်တချို့နဲ့ တိုက်ခိုက်မှုတွေအတွင်း မြန်မာစစ်သား ဒါဇင်နဲ့ ချီ သေဆုံးခဲ့တယ်လို့ ဦးလာနန်က ပြောပါတယ်။

ဒီဒေသက ဝေးလံခေါင်သီပြီး မြန်မာအစိုးရကလည်း ဒီလို တိုက်ပွဲသတင်းတွေကို ထုတ်ပြန်မှု သိပ်မရှိလှတာကြောင့် သတင်းတွေကို အတည်ပြုချက်ရယူဖို့ကတော့ ခက်ခဲပါတယ်။

အရာရှိတွေက စစ်တပ်က ထိုးစစ်ဆင်နေတယ်ဆိုတာကို ငြင်းနေကြပေမယ့် တကယ်မှာတော့ အစိုးရ တပ်တွေက တိုက်ခိုက်နေပါတယ်လို့ လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဒေါ်ဒွဲဘူက ပြော ပါတယ်။

“လွှတ်တော်မှာ မေးမြန်းတဲ့အခါမှာလည်း တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ဖြေဆို သွားတာ ကတော့ သူတို့အနေနဲ့ သမ္မတကြီး ပြောတဲ့အတိုင်းပဲ ထိုးစစ်တွေမဆင်ပါဘူးလို့ လွှတ်တော်မှာ လာရောက်ဖြေဆိုသွားပါတယ်။ အဲလိုပဲ သမ္မတဘက်ကလည်း အောက်ခြေမှာ ဒီလိုမျိုးဖြစ်နေတာ တွေဟာ ပြင်းပြင်းထန်ထန် မဖြစ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အောက်ခြေက လူထုကိုယ်စား လှယ်တွေ အနေနဲ့ရော၊ လူထုတွေ အနေနဲ့ရော သိတာကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီ တပ်မတော်တွေသာ ကချင်ပြည်နယ်ဘက်ကို ထိုးစစ်လာ မဆင် လို့ရှိရင်တော့ ဒီပြဿနာတွေက ဖြစ်ပွားမှာ မဟုတ်ပါဘူး။”

ဦးမင်းဇော်ဦးကတော့ ရန်ကုန် အခြေစိုက် မြန်မာ ငြိမ်းချမ်းရေး စင်တာက အပစ်အခတ် ညှိနှိုင်းရေးနဲ့ အကောင်အထည်ဖော်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ စစ်တပ် ဘက်ကတော့ သူပုန်တွေက တိုက်ခိုက်တာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ လို့ ပြောဆိုနေကြောင်း သူက ပြောပါတယ်။

“ကချင်တွေဘက်က ပြီးခဲ့တဲ့နှစ်က စစ်တပ်ဘက်က သိမ်းယူလိုက်တဲ့ သူတို့ရဲ့ နယ်မြေ ကို ပြန်ရဖို့ တိုက်တာ ဖြစ်နိုင်ပါတယ်။ တချိန်တည်းမှာဘဲ မြန်မာ့ တပ်မတော်ဘက်ကလည်း ဒီဒေသတွင်း ထောက်ပံ့ရေးနဲ့ ဗျူဟာကျတဲ့ လမ်းမကြီးတွေကို ကာကွယ်ဖို့ တပ်အင်အားကို တိုးနေပါတယ်။”

အင်္ဂါနေ့တုန်းကတော့ ကချင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတစ်ခုကို KIA ဘက်က ၀င်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ရပါတယ်။

KIA နဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေက အပစ်အခတ်ရပ်စဲထားတာ ၁၇ နှစ်တာ ကာလ နောက်ပိုင်း ပြီးခဲ့တဲ့နှစ်ဇွန်လက ပြန်ဖြစ်ခဲ့တာပါ။ မြန်မာအစိုးရက လက်နက်ကိုင် တိုင်းရင်းသား သူပုန်တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခဲ့ တာကလည်း တိုက်ပွဲတွေ ပြန်ဖြစ်စေခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခဲ့ကြရပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ KIO တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတော်များများ လုပ်ခဲ့ပေမယ့်လည်း ဖြစ်ထွန်းမှုကတော့ သိပ်မရှိလှပါဘူး။ KIO ဘက်က အတိမ်းအစောင်း မခံတဲ့ ကိစ္စ တခုဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စကို ဆွေးနွေးချင်နေပေမယ့် အစိုးရ ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကိုပဲ အာရုံစိုက် ဆွေးနွေးချင်နေတာပါ။

မြန်မာ ငြိမ်းချမ်းရေး စင်တာဘက်ကနေ နှစ်ဘက်စလုံးကို တပ်တွေရုပ်သိမ်းဖို့ တိုက်တွန်း ခဲ့ပေမယ့် KIO ဘက်ကတော့ မြန်မာအာဏာပိုင်တွေကို အယုံအကြည် မရှိဘူးလို့ ပြောဆို ထားပြီး ဆုံးဖြတ်ချက် ချခွင့်ရှိတဲ့ စစ်ဦးစီးချုပ်တယောက် စေလွှတ်ဖို့ဆိုတာကိုလည်း သဘောမတူ ဖြစ်နေပါတယ်။

တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေပေမယ့်လည်း အစိုးရ စစ်တပ်ဘက်က စိုးရိမ်မှုတချို့ရှိနေပြီး သူပုန်တွေကို အပြုတ်တိုက်မယ့်ပုံတော့ မရှိဘူးလို့ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါ တယ်။ လတ်တလော တိုက်ပွဲတွေက တဖက်နဲ့တဖက် စစ်ဆင်ရေး အကဲစမ်းမှုလုပ်တဲ့ ပွင့်လင်းရာသီနဲ့လည်း တိုက်ဆိုင်နေပါတယ်လို့ ဦးမင်းဇော်ဦးက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲဖို့ရာက နှစ်ဘက်လုံးအနေနဲ့ စွန့်စားရမှာ ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အနည်းဆုံးတော့ အချိန်သိပ်မကြာစေဘဲ တပ်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့ ပြန်လည်နေရာ ချထားဖို့ လုပ်ကြရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ အခုလို ပွင့်လင်းရာသီမှာ ပဋိပက္ခတွေ ပိုပြီး ဆိုးလာနိုင်ပါတယ်။”

အရပ်သားအစိုးရရဲ့ သမ္မတအဖြစ် ဦးသိန်းစိန် တာဝန်ယူလိုက်ချိန်ကစပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ တိုင်းရင်းသား သွေးစည်းညီညွတ်မှုတွေကို ထိပ်တန်း ဦးစားပေးအဖြစ် အရေးယူ လုပ်ဆောင်ခဲ့ပါတယ်။

သူပုန်အဖွဲ့အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ လက်မှတ်ရေး ထိုးခဲ့သလို ထိုးစစ်ဆင်တာတွေကိုလည်း အဆုံးသတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် သမ္မတက စစ်တပ်ကို ထိန်းချုပ်မှုမရှိသေးတဲ့အပေါ်မှာတော့ စိုးရိမ်မှုတွေ တိုးလာပါတယ်။

ကုလသမဂ္ဂကတော့ KIA ထိန်းချုပ်ရာ ကယ်ဆယ်ရေး စခန်းတွေမှာ လူသားချင်းစာနာမှု အထောက် အပံ့တွေ ပေးခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ အရင်တုန်းကတော့ အစိုးရက ဒီလို အထောက်အပံ့တွေကို အကန့်အသတ်နဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီလတွေအတွင်းမှာတော့ ဒေသ မအေးချမ်းတာကို အကြောင်းပြပြီး ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတဲ့ ကယ်ဆယ်ရေး စခန်းတွေကို အကူအညီပေးခွင့် ပိတ်ပင်ထားပါတယ်။

အစိုးရစစ်တပ်က သူပုန်တွေကို ထောက်ပံ့ရေး ဖြတ်တောက်ပြီး ဖိအားပေးချင်တာ ဖြစ်တယ် လို့လည်း ဝေဖန်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်ဟာလည်း နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို ဒီသီတင်းပတ်အတွင်း သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သူ့အနေနဲ့ ဇူလိုင်လက သံအမတ်တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်ဟာ KIA ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေအပါအ၀င် ကယ်ဆယ်ရေးစခန်းတွေဆီကို သွားရောက် ခဲ့ပြီး ဒေသခံ ခေါင်းဆောင်တွေနဲ့လည်း လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မသိင်္ဂီထိုက် (ဗွီအိုအေ)
Posted: 19 Dec 2012 08:26 PM PST
ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ် အတွင်း ရပ်/ကျေး အုပ်ချုပ် ရေးမှူး ရွေးချယ်မှုတွင် ဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များ အတွက် နိုင်ငံတော် သမ္မတထံသို့ စာရေးသား တင်ပြသွားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုသည်။

“ ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း လုပ်နေတဲ့နေရာမှာ ပေါ်ပေါက်လာတဲ့ ပြဿနာတွေပါ၊ လျှို့ဝှက်မဲ ပေးတဲ့နေရာတွေမှာပါ ထိခိုက်လာတဲ့ ပြဿနာတွေရှိတယ်၊ ရပ်ကွက်အတွင်း ကွင်းဆင်းလေ့လာပြီး ဥပဒေနဲ့ မညီညွတ်တဲ့ကိစ္စတွေ စာရေးတင်ဖို့ အစီအစဉ်ရှိပါတယ်၊ ဒီတစ်ပတ် အတွင်းတင်မှာပါ”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီမှ ရှေ့နေဦးသိန်းညွှန့်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်မှု စနစ်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုံမြို့နယ် အမှတ်(၂) မိုးကောင်းသစ်ဆိပ်ဝင်း ကျူးကျော်ရပ်ကွက်၌ နေထိုင်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ဝ
...

[Message clipped] View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...