Wednesday, December 19, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁၂)


သစ်ထူးလွင်


Posted: 19 Dec 2012 05:14 AM PST
 ABSDF အဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံ၍ ငြိမ်းချမ်းရေး အတွက်  ၎င်းတို့ နှစ်ဖွဲ့ အပြင် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ တစ်ရပ် ကျင်းပရန် အတွက် ဒီဇင်ဘာ (၁၉)ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်း၌ တွေ့ဆုံ နွေးနွေး ခဲ့ကြသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Dec 2012 05:10 AM PST
ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ်  7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၄၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 04:33 AM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် စုံစမ်းရေး ကော်မရှင် စုံစမ်း နေချိန် မှာတောင် လုပ်ငန်းတွေ မရပ်ပဲ ဆက်လက် လုပ်ကိုင်နေတဲ့ အတွက် တုံရွာ သပိတ်စခန်းကို ဆက်လက် ဖွင့်ထားမယ်လို့ ဦးဆောင် သူတွေက ပြောပါတယ်။ ဒေါ်ခင်မင်းဇော် ။ ရိုက်ကူး အိမ်ခိုင်မြဲ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 04:27 AM PST
စစ်ကိုင်းတိုင်း အတွင်း  ငလျင် ဒဏ်ကြောင့် ပျက်စီး သွားတဲ့ စေတီ ပုထိုးတွေနဲ့  သာသနိက အဆောက် အဦးတွေ ပြန်လည် မွမ်းမံ ပြင်ဆင်ဖို့ အလှူငွေ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ အကူအညီ လိုအပ် နေတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောကြား လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 04:08 AM PST
၁၈-၁၂-၂၀၁၂ ရက်နေ့ ၀၄၀၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်း မြိုနယ်၊ ရွှေပြည်သာ အင်းအတွင်း ကျန်ဖတ်လန် ပြုတ်၍ လူ(၃)ဦး မြေပိ သေဆုံးကြောင်း သတင်း အရ သပိတ်ကျင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 19 Dec 2012 04:06 AM PST
၁၇-၁၂-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့ မြောက်ဘက် မြို့အ၀င်ရှိ ““ရွှေကမ္ဘာ”” စက်သုံးဆီ အရောင်း ဆိုင်တွင် ကျောက်ဆည်မြို့၊ မင်းရပ် ရပ်ကွက်နေ ကျော်မင်းစိုး (၂၀)နှစ်သည် ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ရပ်ကွက်နေ ဆီပန့်ကိုင်သူ မဝေေ၀နိုင်(၂၀)နှစ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 19 Dec 2012 03:47 AM PST
ဧရာဝတီ တံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်း ထားသော ကတ္တရာ လမ်းပိုင်း အချို့ ပျက်စီးမှုများ ရှိနေ၍ ပြင်ဆင်မှုများ ပြုလုပ် နေရကြောင်း သတင်း ရရှိသည်။ ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပြီး ၁ နှစ် မပြည့်မီ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Dec 2012 03:36 AM PST
မပြီးဆုံး နိုင်သေးသည့် ကချင်ဒေသ စစ်ပွဲကြောင့် အစိုးရ ထိန်းချုပ် နယ်မြေ အတွင်း၌ ဒုက္ခသည် ဦးရေ တစ်ရှိန်ထိုး မြင့်တက် လာနေကြောင်း ကချင် လူမှု ကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်နယ် အစိုးရ စာရင်းများ ၏ ဖော်ပြချက်အရ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 01:54 AM PST
ရခိုင်ပြည်နယ်မှ သာယာ လှပသော ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့နယ်ရှိ ပင်လယ် ကမ်းခြေမှ အကွက် အကောင်း ကျသော နေရာ အများစုမှာ ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် သူတို့၏ ဆွေမျိုး မိသားစု လက်ထဲသို့ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ငပလီ ကမ်းခြေမှ ဒေသခံပြည်သူများ၏ နေ့စဉ်ဘ၀။

Posted: 19 Dec 2012 01:32 AM PST
ယခုလ အကုန်တွင် အပြီးသတ် ရွေးချယ်ရမည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူး သစ်များ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အမျိုးသမီးများ ပါဝင်မှု အလွန် နည်းပါးကြောင်း 7Day News က မြို့ပေါင်း ၃၀ကျော်နှင့် မေးမြန်း ချက်များ အရ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 01:16 AM PST
စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ် အနောက် ဖက်ခြမ်းရှိ အလောင်းတော် ကဿပ ဘုရား ဘုရားဖူး လမ်းပိုင်း ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဖွင့်ပွဲကျင်းပ မည်ဖြစ်ကြောင်း ဖိုလ်ဝင်တောင်ရှိ နာယက ဆရာတော် အရှင်သုမနက မိန့်ကြား သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အလောင်းတော် ကဿပ ဘုရား ဘုရားဖူး လမ်းပိုင်း

Posted: 19 Dec 2012 01:11 AM PST
ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၂၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 12:42 AM PST
ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ၊တောင်ဒဂုံမြို့ သစ်တွင် ဖွှင့်လှစ် ထားသော hiv/aids prevention and care centre သို့ unaids ဌာနေကိုယ် စားလှယ် မစ္စတာမာဖီနှင့် ထိုင်းနိုင်ငံမှ ကြက်ခြေနီ အသင်းတို့  လာရောက်လေ့ လာခဲ့ ကြကြောင်း သိရှိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Dec 2012 12:34 AM PST
ခေတ်မီခြင်း မရှိတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်း စီမံကိန်းအား ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ ဂျပန်နိုင်ငံ အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား ၀န်ကြီးဌာန၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အင်းစိန်မြို့နယ် အတွင်းရှိ တညင်းကုန်း ဘူတာ အနီးမြင်ကွင်း။ ဓါတ်ပုံ  - Eleven Media Group



Posted: 19 Dec 2012 12:24 AM PST
အကျဉ်းသားများ ပြစ်ဒဏ် ကျခံ ပြီးနောက် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်း ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာလ ကုန်ပိုင်းက အင်းစိန် အကျဉ်းထောင် အတွင်းမှ လွတ်မြောက်
လာသည့် အကျဉ်းသား များကို တွေ့ရစဉ်။ ဓါတ်ပုံ  - Eleven Media Group

Posted: 18 Dec 2012 11:43 PM PST
ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ် The Hot News Weekly Journal Vol-3,No-121

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Dec 2012 11:40 PM PST
ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ် The Yangon Times Journal အတွဲ(၈) အမှတ် (၄၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Dec 2012 11:34 PM PST
“ဒီမိုကရေစီ လမ်းပေါ် လျှောက် နိုင်အောင် ယခင် စစ်အုပ်စု ခေါင်းဆောင်တွေ လုပ်ပေး ခဲ့တယ်ဆိုတာ လုံးဝ လက်မခံ ပါဘူး´´၀ါရင့် နိုင်ငံရေး သမားကြီး ဟံသာဝတီ ဦးဝင်းတင် နှင့် တွေ့ဆုံခြင်း

လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့် ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly  သတင်းထောက်မှ တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ် ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား မေးမြန်းဖြစ်ခဲ့သည်။

လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။

ခုသမ္မတဦးသိန်းစိန်နဲ့ အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင် တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင် ယခင် နှစ် နှစ်ဆယ်ကျော်ထဲက ဒီမို ကရေစီစနစ်တည်ဆောက်ဖို့ စီစဉ်ပြီး သားပါဆိုတာတွေ ပြောကြတယ်။ အဲဒီ အချိန်ကတည်းကပြောရရင် ၁၉၈၈/၈၉ ထဲက တိုင်းပြည်ကိုဖျက်ဆီးခဲ့တာ၊ နှိပ်ကွပ် ခဲ့တာ စစ်အုပ်စုတွေပဲ။ သူတို့က ဒီမို ကရေစီနဲ့ တိုင်းပြည်ကိုသွားဖို့ ဖွင့်ပေးခဲ့ တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ပိတ်ခဲ့ တာ။

၁၉၉၀ အထွေထွေရွေးကောက်ပွဲကြီး တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးစော မောင်က အနိုင်ရ NLD  ကို အခြေခံ ဥပဒေဆွဲခိုင်းတယ်လို့ သိရပါတယ်။ အဲဒီတုန်းက တိုင်းပြည်ရဲ့အခြေအနေ တွေအပေါ် ဘဘအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။

အဲဒီအချိန်က လူထုက စစ်အုပ်စု တွေကို မလိုလားလို့ NLD ကို မဲပေးခဲ့ တာ အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့တာပဲ။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရတဲ့သူကို အာ ဏာလွှဲပေးမယ်။ ပြီးရင် သူတို့တွေ စစ် စခန်းတွေကို ပြန်မယ်။ ဒီတော့ လိုအပ် တဲ့အခြေခံဥပဒေဆွဲပါလို့ ပြောတယ်။ ဒီဟာက ကမ္ဘာ့သတင်းစာတွေမှာတောင် နေရာယူခဲ့တာ။ အဲဒီတုန်းက အခြေ အနေတွေကို သုံးသပ်ရရင် NLD နိုင်ခဲ့ တယ်။ NLD နိုင်တယ်ဆိုတာက သိပ် ကောင်းလို့မဟုတ်ဘူး။ အဲဒီ ရွေးကောက် ပွဲရဲ့ရလဒ်ကို စစ်အုပ်စုတွေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်ချယ်မှုတွေနဲ့ နေ လာခဲ့ရတဲ့ ပြည်သူတွေက စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေကို လက်မခံတော့ ကြောင်း ပြလိုက်တာ NLD ပွဲကလည်း တစ်နှစ်နဲ့ ၇ လကျော်ပဲရှိတာ။ ဒါဟာ စစ်အာဏာရှင်အုပ်စုကို ပြည်သူက ငြင်း ပယ်လိုက်တာပဲ။ မင်းတို့တွေသွားလို့ မောင်းထုတ်လိုက်တာပဲ။ အဲဒီတုန်းက လူထုက ဒီမိုကရေစီလိုချင်တယ်ဆိုတာ ထက် စစ်အုပ်စုကို အလိုမရှိဘူးဆိုပြီး ငြင်းလိုက်တာပဲ။

အဲဒီတုန်းက အနိုင်ရတဲ့ NLD က လွှတ်တော်ခေါ်ပေးဖို့ န၀တအစိုးရကို တောင်းဆိုတုန်း ၁/၉၀ ကြေညာချက် ထုတ်ပြန်မှုအရ အမျိုးသားညီလာခံကြီး ကျင်းပရတဲ့အပေါ်ရော ဘယ်လိုမြင်မိ ပါသလဲ။

၁၉၉၀ မှာ NLD က ရွေးကောက်ပွဲ နိုင်တယ်။ အဲသလို နိုင်ပြီးတဲ့နောက် န၀တကို လွှတ်တော်ခေါ်ပေးဖို့ တောင်း ဆိုတယ်။ နှစ်လအထိ အစိုးရက လွှတ် တော်မခေါ်ဘူး။ အဲဒါနဲ့ နောက်တစ်လ ထပ်စောင့်မယ်။ အဲဒီလိုစောင့်တာမှ မရ ရင် ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော် ခေါ်မယ်ဆိုပြီး န၀တကို ရာဇသံပေး လိုက်တယ်။ အဲဒီမှာပဲ န၀တက ၁/၉၀ ကြေညာချက်ဆိုပြီးထုတ် ဒီတော့ အစိုးရ က အာဏာလွှဲပြောင်းဖို့တာ ဟုတ်ပြီ။ အခြေခံဥပဒေဆွဲပါ။ တကယ်တော့ စစ် အုပ်စုတွေက အာဏာလည်း မလွှဲချင် ရော အမျိုးသားညီလာခံ ခေါ်ပြီးမှ အခြေခံဥပဒေဆွဲပါ။ အဲဒီညီလာခံမှာ NLD ကိုယ်စားလှယ်တွေလည်း တက် ပါ။ တကယ်တက်ခွင့်ရတော့ အနိုင်ရ NLD အမတ် ၄၀၀ ထဲက လေးပုံတစ်ပုံ ပဲ တက်ရတယ်။ ညီလာခံကိုယ်စားလှယ် တွေနဲ့ယှဉ်ရင် ၈ ပုံ ၁ ပုံပဲ တက်ရတယ်။ ဒါဟာ အစိုးရရဲ့ တစ်ဖက်သတ်ဖိနှိပ်တဲ့ သဘောကို ပြခဲ့တာပဲ။ အနိုင်ကျင့်တဲ့ သဘောကို ပြခဲ့တာပဲ။ ကျွန်တော် ဆွဲ ပြောနေတာ မဟုတ်ဘူး ဒီလိုပဲမြင်တယ်။

အဲဒီညီလာခံကြီးရဲ့ ရလဒ်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာတို့၊ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့တာရော ရှိခဲ့ပါသလား။

အဲဒီညီလာခံကြီးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ် အခတ်ရပ်စဲရေးဆိုတာလည်း လုပ်ခဲ့တာ ပဲ။ ပြဿနာကို အဖြေရှာခဲ့ကြတာပဲ။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ လောက်ပဲ လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့ နိုင်ငံ ရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ဘူး။ အဖြေမရှာနိုင်ခဲ့ဘူး။ အဲသလို ဘာမှ အဖြေတိတိကျကျ မထွက် ခဲ့တဲ့ ညီလာခံက ထွက်ပေါ်လာတဲ့ အခြေ ခံဥပဒေလည်း ဘာမှ အသုံးမကျဘူး။ တိုင်းပြည်အတွက်ရော ညီလာခံတက်ခဲ့ တဲ့ တိုင်းရင်းတွေအတွက်ရော ဘာမှ အသုံးမကျခဲ့ဘူး။

ခု သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။

ခုသမ္မတက တိုင်းရင်းသားတွေကို လာခဲ့ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် လွှတ်တော်ထဲဝင်ကြပါ။ ပါတီ တွေဖွဲ့ကြပါ။ ပြီးလျှင် လွှတ်တော်ထဲက နေ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြပါလို့ ပြောတယ်။ မသိတဲ့ လူကျတော့ ဒီအစိုးရ သိပ်ကောင်းတာပဲ။ သိပ်ပွင့်လင်းတာပဲ။ သင်ကြမယ်။ တကယ်တော့ ဒီလိုလုပ်နေတာတွေ၊ ဒီလို ပြောနေတာတွေဟာ ဒီမိုကရေစီကို သူတို့ပေးတာ၊ ဒီမိုကရေစီကို သူတို့ဖန်တီး တာဆိုတာမျိုး ဖြစ်အောင်ပြောနေတာ ကျွန်တော်က ဒီလိုပဲမြင်တယ်။

ဘဘခင်ဗျား… လက်ရှိမြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီပြောင်းလဲလာမှုကရော ဘယ်အတိုင်းအတာထိ ရှိပါသလဲ၊ အဲဒီ အပေါ်မှာရော ဘဘအနေနဲ့ ဘယ်လို မြင်မိပါသလဲ။

လက်ရှိဒီမိုကရေစီ ပြောင်းလဲမှုဖြစ် စဉ်က အရမ်းကို အရှိန်အဟုန်မြင့်နေ တယ်လို့ မသိတဲ့လူတွေက ထင်ကြတယ်။ ပြီးတော့ ဒီအစိုးရကိုလည်း ဒီမိုကရေစီကို ဖွင့်ပေးတဲ့အစိုးရ၊ ယခင် စစ်ခေါင်းဆောင် တွေကိုလည်း ဒီမိုကရေစီသွားနိုင်အောင် လုပ်ပေးခဲ့သူတွေလို့ မြင်ကြတယ်။ တကယ်တော့ စစ်အစိုးရ အသွင်ပြောင်း အုပ်စုတွေက ဒီမိုကရေစီကို ဖွင့်ပေးတဲ့ သူတွေ၊ ဒီမိုကရေစီရအောင် လုပ်ပေးသူ တွေမဟုတ်ဘူး။ ဒီမိုကရေစီမရအောင် ပိတ်သူတွေပဲ။ ပြီးတော့ သူတို့လုပ်လို့ ရတယ်ဆိုတဲ့ ဒီမိုကရေစီကလည်း ရေ ပေါက်လေးပမာပဲ။ သူတို့တွေ ပိတ်ဆို့တဲ့ ကြားကနေ ပြည်သူတွေရဲ့ လိုလားမှုနဲ့ စိမ့်ထွက်လာတဲ့ ရေပေါက်လေးပမာပါပဲ။ ဒီတော့ ဒီကနေ့ ဒီမိုကရေစီဟာ ဘာမှ မပြည့်ဝသေးတဲ့ ဒီမိုကရေစီ လုံးဝပြည့်ဝမှု မရှိသေးတဲ့ ဒီမိုကရေစီပဲလို့ မြင်တယ်။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘဘ။

ခန့်ခန့်(ဒဿနိက)


Posted: 18 Dec 2012 10:46 PM PST
မြန်မာ နိုင်ငံ၏ တရား စီရင်ရေး ကဏ္ဍအပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့ သြဇာလွှမ်းမိုးမှု ရှိလာသည်ဟု လွှတ်တော် ကိုယ်စားလှယ် များနှင့် ဥပဒေ ပညာရှင် များက ပြောသည်။ ''တချို့ နေရာတွေမှာ အာဏာ ပိုင်တွေတင် မကဘူး။ လွှတ်တော် ကိုယ်စား လှယ်တွေ ကိုယ်တိုင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တို့ပါ ဝင်ပြီးတော့ တရား ရုံးတွေကို သြဇာ လွှမ်းနေတဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Dec 2012 10:29 PM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေသည့် သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှု အတွက် စိတ်မကောင်းဖြစ် ရကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။ အောက်ခြေတွင် ညှိနှိုင်းမှု အဆင်မပြေ ခြင်းကြောင့် ညှိနှိုင်းဖြေ ရှင်းရမည့် အစား တရား ဥပဒေ စိုးမိုးမှု လုပ်ထုံး လုပ်နည်း အတိုင်း ဆောင်ရွက် ခဲ့သောကြောင့် သံဃာတော်များကို ထိခိုက်ခဲ့ရကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Dec 2012 10:00 PM PST
ထောင်သက်လေးနှစ်ပြည့်အမှတ်တရ သူမ၏ခင်ပွန်း ထောင်တွင်းမှ ရေးဆွဲထားသော ကံ့ကော်ပန်းငါးပွင့်ပုံပါ ပန်းချီကားကို ရရှိခဲ့စဉ်က မ၀ါရင်ထဲ၌ ထိထိခိုက်ခိုက်ခံစားခဲ့ရ၏။ “အထဲမှာဒါလေးကို ငါ့အတွက် ရေးခဲ့တာဆိုပြီး အရမ်းခံစားခဲ့ရတယ်။ သူ့လက်မှတ်လေးလည်းပါတော့ ထားစရာနေရာတောင် မရှိဘူး”ဟု မ၀ါက သူမ၏အတွေ့အကြုံကို ဖွင့်ဟသည်။

ကိုပြုံးချိုနှင့် မ၀ါတို့ လက်ထပ်ပြီး လေးလအကြာတွင် ခင်ပွန်းဖြစ်သူ ကိုပြုံးချိုသည် ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ ချမှတ်ခံခဲ့ရသည်။

ကိုပြုံးချိုကို ကော့သောင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရသော်လည်း မ၀ါက ရက်သတ္တပတ်နှစ်ပတ်ခန့်ကြာမြင့်သည့် သင်္ဘောခရီးစဉ်ဖြင့်ပင် ၁၂ ကြိမ်တိုင်တိုင် ထောင်ဝင်စာသွားတွေ့ခဲ့သည်။ ခင်ပွန်းထံမှ ပထမဆုံးအမှတ်တရအဖြစ် ပန်းချီကားတစ်ချပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

မ၀ါက သူမပါဝင်လှုပ်ရှားခဲ့သည့် ၈၈ ကျောင်းသားအရေးတော်ပုံ ကာလကပင် သူမအနေဖြင့် ပြည်သူ့ဘက်မှ ရပ်တည်သည့် နိုင်ငံရေးလှုပ်ရှားသူကိုသာ လက်ထပ်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

ကိုပြုံးချို ဒုတိယအကြိမ် ထောင်ကျနေစဉ်တွင် သရက်ထောင်တွင်ရှိနေသော ကိုပြုံးချို၏ညီ ကိုသက်ဝင်းအောင် သေဆုံးသွားချိန်တွင်တော့ သူမအနေဖြင့် ကိုသက်ဝင်းအောင်နေရာမှနေ၍ ကိုပြုံးချိုကို ကူညီပေးလိုစိတ်၊ မေတ္တာစိတ်များဖြင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသမား၏ ဇနီးဖြစ်သည့်အတွက် အိမ်ထောင်ရေးပျော်ရွှင်မှုသည် သာမန်အိမ်ထောင်ရေးနှင့်မတူဘဲ နိုင်ငံအပြောင်းအလဲပေါ်တွင်သာ မူတည်ပြီး ပျော်ရွှင်မှုများရရှိသည်ဟု သူမကပြောကြားခဲ့သလို သာမန်အိမ်ထောင်ဖက်များထက်လည်း ကြိုတင်ပြင်ဆင်မှုများ လိုအပ်သည်ဟု သူမကဆိုသည်။

သို့သော်လည်း ထောင်မှ လွတ်ပြီး ယခုကဲ့သို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာချိန်တွင်ပင် ဇနီးမောင်နှံနှစ်ဦး ထမင်းလက်ဆုံ စားနိုင်ရန် ခက်ခဲနေဆဲပင် ဖြစ် သည်။

“ဘယ်လောက်ပဲ စိတ်တွေမာတယ်ဆိုဆို တစ်ရက်တော့ ကန်စွန်းရွက်ကြော်တွေမည်းသွားလို့ ငိုခဲ့ရသေးတယ်”ဟု ညည့်နက်ခံ၍ ထမင်းစားစောင့်ခဲ့သော်လည်း ခင်ပွန်းသည် ပြန်မလာနိုင်သောကြောင့် အမျိုးသမီးတစ်ယောက်အနေဖြင့် ခံစားရမှုကို အမှတ်မထင်ပင် ပြောကြားလိုက်သည်။

နိုင်ငံရေးလှုပ်ရှားသူများကို လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့သော အမျိုးသမီးများအနေဖြင့် ခံနိုင်ရည်ရှိမှု၊ သစ္စာရှိမှုများအပြင် တစ်ခါတစ်ရံလည်း စွန့်စားရတတ်ပေသည်။

“သူ့အဘွားဆုံးသွားလို့ သူ့ကိုအားပေးဖို့ သွားတဲ့အချိန်မှာ လမ်းမှားသွားတယ်။ ညလည်းမှောင်နေတော့ မျက်စိလည်ပြီး အကြာကြီးနေမှ ရောက်သွားတာ။ အားပေးဖို့သွားတဲ့သူက အားမပေးနိုင်ဘဲနဲ့ သူ့ကိုတွေ့တာနဲ့ ဖက်ပြီးငိုရတယ်”ဟု ရွှေဝါရောင်တော်လှန်ရေးတွင် လှုပ်ရှားခဲ့သဖြင့် ရှောင်တိမ်းနေရသူ ကိုစိုးထွန်းကို သွားတွေ့စဉ်က တစ်ယောက်တည်း အပြင်သွားလေ့မရှိခဲ့သည့် မိန်းကလေးတစ်ဦးအနေဖြင့် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုစိုးထွန်း၏ချစ်သူ မမာလာက ပြန်ပြောင်းပြောပြသည်။

နိုင်ငံရေးအသိုင်းအ၀န်းမှ မဟုတ်သည့် မမာလာက ကိုစိုးထွန်းကို လက်ထပ်မည်ဆိုသောအခါ ကိုစိုးထွန်းကို ပုဂ္ဂိုလ်ရေးလေးစားသော်လည်း မမာလာ၏ လက်တွဲဖော်အဖြစ် ပို၍ပြည့်စုံသော အခြေအနေကို သူမ၏အသိုင်းအ၀န်းအနေဖြင့် မျှော်လင့်ခဲ့ကြသည်။

“ပထမဆုံးက အကုန်ကန့်ကွက်ကြတယ်။ လူမှုရေးအရ မဟုတ်ဘူး။ စီးပွားရေးအရ တွက်ကြတာ”ဟု မမာလာက လက်ထပ်ရန် အသိုင်းအ၀န်းကို ဖွင့်ပြောစဉ်က အခြေအနေကို ပြောပြခဲ့သည်။

နိုင်ငံရေးလှုပ်ရှားသူများ၏ ဘ၀ဖြတ်သန်းမှုတွင် လက်တွဲဖော်များမှာ အရေးကြီးသောကဏ္ဍမှ ပါဝင်နေပြီး ပေးဆပ်မှုလည်း ကြုံတွေ့ရတတ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုသိန်းဆွေက “ကျွန်တော် လစာသုံးသိန်း ရတယ်။ ဒါပေမဲ့ ဆရာမကို မပေးနိုင်ဘူး။ အိမ်ကို ကျွန်တော်ဘာမှ မထောက်ပံ့နိုင်ဘူး”ဟု လက်တွဲဖော်၏ ပေးဆပ်မှုကို ရှင်းပြခဲ့သည်။

နိုင်ငံရေးဆိုသည်မှာ ရှုပ်ထွေးကျယ်ပြန့်သည့်အတွက် မည်သည်ကိုမှ မျှော်မှန်းတွက်ဆ၍မရဘဲ ဆိုးရွားသောအခြေအနေကိုလည်း လက်တွဲဖော်များအနေဖြင့် တွက်ဆထားရန်လိုသည်။

“ဒီနေ့ခေါင်းပေါင်းစလေးတလူလူနဲ့ နောက်နေ့ ထောင်ထဲရောက်သွားနိုင်တယ်။ ဒါကို သူ့ကို ပြောပြထားရတယ်။ ပြင်ဆင်နိုင်အောင်လို့ပါ”ဟု မကြာခင်ကမှ လက်ထပ်ထားသည့် ကိုသိန်းဆွေက သူ၏ဇနီးကို ပြောကြားခဲ့သည့် အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။

အမျိုးသမီးများအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူများကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရာတွင် အမြင်အမျိုးမျိုးရှိကြသော်လည်း အများစုမှာ တူညီသောအချက်များကို အခြေခံလေ့ရှိကြသည်။

“သူ့ရဲ့ မဟုတ်မခံတဲ့ စိတ်ဓာတ်ကို ကြိုက်တာ။ ပြီးတော့ ရိုးသားပြီး အများအကျိုးလုပ်တတ်တဲ့ စိတ်ဓာတ်ကိုရောပေါ့”ဟု ကိုသိန်းဆွေ၏ဇနီး မသင်းမိုးမိုးလွင်က သူမ၏ခံယူချက် သဘောထားကို ရှင်းပြသည်။

နိုင်ငံရေးလှုပ်ရှားသူများ၏ လက်တွဲဖော်များသည် သာမန်အိမ်ထောင်ရှင်မတစ်ဦး၏ အချစ်သာမက မိဘမောင်နှမများကထားသော မေတ္တာစိတ်၊ အတူလက်တွဲရင်ဆိုင်မည့် ရဲဘော်ရဲဘက်စိတ်များပါ ထားရှိရန်လည်း လိုပေသည်။

“သာမန်အိမ်ထောင်ရေးနဲ့ မတူဘူးလေ။ ညီမ၊ အစ်မ၊ အမေလို မေတ္တာကြီးတယ်။ အချစ်ထက်ပိုတယ်လို့ ပြောရမှာပေါ့”ဟု မ၀ါကဆိုသည်။

နိုင်ငံရေးလှုပ်ရှားသူများသည် ယုံကြည်ချက်ကြောင့် ဘ၀ကို စွန့်လွှတ်အနစ်နာခံနိုင်ကြသော်လည်း နောက်ကွယ်မှ ပံ့ပိုးပေးသော
မိသားစုများမှာ ပိုလေးစားတန်ဖိုးထားဖွယ်ကောင်းသော စိတ်ဓာတ်ကို ပိုင်ဆိုင်ကြသည်။ ယုံကြည်ရာတွင် ဆောင်ရွက်ခဲ့သော ခင်ပွန်း၊ ဇနီးနှင့် သားသမီးများအတွက် အခက်အခဲများကြားမှ ပံ့ပိုးခဲ့ကြခြင်းဖြစ်သည်။

“ကိုယ်တွေက ယုံကြည်ရာကိုလုပ်လို့ ပေးဆပ်ရတာ။ နောက်ကပံ့ပိုးတဲ့ မိသားစုက စကားလုံးနဲ့တောင် မလုံလောက်ဘူး။ ဘ၀တွေရင်းရတာလေ”ဟု ကိုသိန်းဆွေကဆိုသည်။

မည်သို့ပင်ဖြစ်စေကာမူ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူများ၏ ပါရမီဖြည့်ဖက်များသည် ပုထုဇဉ်များသာဖြစ်သည့်အတွက် ဘ၀ကို သာမန်အတိုင်း ဖြတ်သန်းလိုစိတ်လည်း ရှိကြသည်။ အဆိုးဆုံးကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြသော်လည်း ပျော်ရွှင်အေးချမ်းစွာ နေထိုင်လိုစိတ်များလည်း ၀င်လာတတ်ကြသည်။

“တစ်ခါတလေတော့လည်း ခံစားချက်ရှိတာပေါ့။ ပျော်ပျော်ရွှင်ရွှင်သွားခဲ့ရတဲ့ အချိန်ကလည်း နည်းတယ်။ အေးအေးချမ်းချမ်းနေချင်စိတ် ပေါ်ပေါ်လာတတ်တယ်”ဟု မမာလာဆွေက ရိုးစင်းသည့်ဘ၀ကို မျှော်လင့်သော မိန်းကလေးတစ်ယောက်၏ဆန္ဒကို ထုတ်ဖော်ပြောသည်။

ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူများသည် မိမိယုံကြည်ရာကိုသာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသည့်အတွက် သူတို့၏ အိမ်ထောင်ပြုချိန်မှာ နောက်ကျတတ်သည်။ ထို့အပြင် လက်တွဲဖော်ရွေးချယ်ရာတွင်လည်း မိမိကိုနားလည်နိုင်သော ခံယူချက်တူသူ၊ ယုံကြည်ချက်တူသူများကိုသာ မေတ္တာသက်ဝင်၍ ရွေးချယ်လေ့ရှိကြသည်။

“နိုင်ငံရေးဖြတ်သန်းမှုမှာ လက်တွဲဖော်က အရေးပါတယ်။ သူ့ကို အထင်လည်းကြီးတယ်။ ကိုယ့်ကိုလည်း နားလည်နိုင်တယ်”ဟု အသက် ၄၀ ကျော်တွင် ဘ၀တစ်ခု ထူထောင်ခဲ့သော ကိုသိန်းဆွေက လက်တွဲဖော် ရွေးချယ်ခဲ့သော သဘောထားကို ပြောပြသည်။

ယခင်အကြောက်တရားကို အခြေခံသော စနစ်အောက်တွင် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများကို လမ်းတွေ့လျှင်တောင် မနှုတ်ဆက်ရဲကြပေ။ ထိုသို့သော အခြေအနေများတွင် မိမိကိုအားပေးသော နားလည်နိုင်သောသူများကြောင့် အားတက်ခဲ့ရကြောင်းလည်း နိုင်ငံရေးလှုပ်ရှားသူများက ပြောကြားသည်။

“အဲဒီအချိန်တုန်းက ရေစုန်လိုက်နေတဲ့သူများတယ်။ ဆန်တက်တဲ့သူက မရှိဘူး။ အကြောက်တရားပဲပေးတဲ့ စနစ်ကြီးလေ။ အဲဒီလိုအခြေအနေမှာ ထောင်ကလွတ်လာတော့ သူက၀မ်းသာအားရ နှုတ်ဆက်တော့ ပီတိဖြစ်တာပေါ့။ မခံစားဖူးဘူးလေ”ဟု ကိုစိုးထွန်းက ၂၀၀၄ ခုနှစ် ထောင်မှလွတ်လာချိန်တွင် သူ၏လက်တွဲဖော် မမာလာနှင့် တွေ့ဆုံခဲ့ပုံကို အမှတ်တရပြောပြခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံသည် ဘ၀အပြောင်းအလဲများကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုလာရပြီဖြစ်သည်။ မျှော်လင့်ချက်ရောင်ခြည် သန်းလာသော အခြေအနေတွင် နိုင်ငံရေးကိုလည်း ပို၍စိတ်ဝင်စားလာကြပြီး နိုင်ငံရေးသမားများသည်လည်း ပို၍ရေပန်းစားလာကြသည်။

ထို့ကြောင့် နိုင်ငံရေးသမားများ၏ လက်တွဲဖော်များမှာ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာကြပြီး နိုင်ငံအပြောင်းအလဲများတွင် ထိရောက်သော ပံ့ပိုးမှုများ ပြုလုပ်ရန် လိုအပ်လာသည်။

“အနာဂတ်မှာ သူကလည်း တိုင်းပြည်အတွက်ပဲဖြစ်ရမယ်။ သူ့ကို အကောင်းဆုံးပံ့ပိုးမယ်။ သက်လုံကောင်းအောင် ပြင်ဆင်ထားတယ်”ဟု ကိုပြုံးချို၏လက်တွဲဖော် မ၀ါကဆိုသည်။

ရေးသားသူ- အိဖြူလွင်၊ အောင်ခိုင်-7Day News Journal



Posted: 18 Dec 2012 09:32 PM PST
မန္တလေးမြို့ပေါ် မြို့နယ် တစ်ခုဖြစ် သော ချမ်းအေးသာစံ မြို့နယ်တွင် ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် မသင့်လျော်သော သမဏ သာရုပ္ပ မဖြစ်သော ကိစ္စရပ်များ ပြုလုပ် နေခြင်းများကို စစ်ဆေး အရေးယူ နေကြောင်း သတင်းရရှိ သည်။ ဒီဇင်ဘာ ၆ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က မန္တလေး ဘူတာကြီးတွင် အသက် ၄၈ နှစ်အရွယ် သံဃာတစ်ပါးသည်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 18 Dec 2012 09:22 PM PST
သက်တမ်း ခုနစ်နှစ်သာ ရှိသေးသည့် ကန်ထရိုက် တိုက်၏ နောက်ဖေး ခြမ်း၌ အက်ကွဲ တိမ်းစောင်းမှု တစ်ခု ဒီဇင်ဘာ ၁၇ ရက် နေ့လယ်က ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း မပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၀၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သည့် အဆိုပါ တိုက်၏ မြေညီထပ်----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 18 Dec 2012 09:04 PM PST
ယောမြို့နယ် တေးရွာမှ ကြက်သွန် ဖြူစိုက် တောင်သူ ကိုဝင်းမောင် တစ်ယောက် အားသွန် ခွန်စိုက် ကြက်သွန်ဖြူ စိုက်ပျိုး ပြီးနောက် စာရင်းချုပ် လိုက်သောအခါ ကျပ်သိန်း နှစ်ဆယ်ကျော် ရှုံးနေသည်။ သူ၏လယ်ကွက် ၁၅ ကွက်တွင် စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းခဲ့ သော ကြက်သွန်ဖြူများမှာ ယခုအခါ ရွာတွင် တစ်ပိဿာ သုံးရာဈေးဖြင့် ရောင်း သော်လည်း ၀ယ်သူ မရှိဖြစ်နေသည်။

ကြက်သွန်ဖြူ စိုက်၍ အထွက် ကောင်းသော်လည်း ဈေးမကောင်း၍ အရှုံးပေါ်နေသူမှာ ကိုဝင်းမောင် တစ်ယောက်တည်း မဟုတ်ပါ။ မကွေးတိုင်း
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...