အေးမြချမ်းသာရှိစေကြောင်း
နေညိုလို့ အတွေးပို ဇရာပြိုနေတဲ့ အမေအိုဟာ ရင်ခွင်ကို စုံကန်ပြေး အဝေးကို ပျံထွက်သွားတဲ့ သားသမီးတွေကို အလွမ်းပိုမိပါပေါ့။
ဘဝကူးကောင်းဖို့အရေး ဘာဝနာကုသိုလ်ရေးကတစ်ဖက်
ဘယ်လောက်ပင် ဘဝက ခါးသီးနေပါစေ။
မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲ တစ်သက် ဆိုရိုးရှိပေသမို့ အမေအိုမှာ မျက်ရည် မစို့ရက်ပါဘူး။
သားသမီးဘဝ ပူလောင်မှာကို မကြည့်ရက် နေ့စဉ်ရက်ဆက် ကျန်းမာကြပါစေကြောင်း ဆုတောင်းပေးနေတာ အမေအိုရဲ့ မေတ္တာပါ။
အားလုံးကို အမြင့်ကို တွန်းတင်လို့ နောက်ဆုံး ကိုယ့်ဘဝက မြေပြင်မှာပြားပြားဝပ် နလန်မထူနိုင်အောင်ကျန်ခဲ့ပေ မယ့် သားသမီးတွေရဲ့တောက်ပတဲ့ ဘဝအမေအို ကြားသိရတော့ ကျေနပ်လှပါတယ်လေ။
လောကကြီးမှာ စုန်ရေသာရှိ ဆန်ရေမရှိဆိုတာကိုအမေအို သဘောပေါက်လေတော့ ရှိတာနဲ့လေးနဲ့ရောင့်ရဲ အမေအို သေရဲနေပါပြီ။
ဒါပေမဲ့ စွဲလမ်းစိတ်ကို စင်ကြယ်အောင်မဖျောက်နိုင်လေ တော့ တစ်ခါတရံ အမေအို့ ရင်ခွင် သတိတရနဲ့ ပြန်ဝင်လာမယ့် သားသမီးတွေကို မျှော်မိနေတာအမှန်ပါ။
ကိုယ် ကိုယ်တိုင်မမြင်ရပေမဲ့ သူတို့လေးတွေဘဝ ဝမ်းဝပြီးခါးလှနေတယ် ကြားရတော့ အမေအိုပီတိဖြစ်ရပါတယ်လေ။
အမေအို့ဘဝကို မိခင်တစ်ယောက် ပီသစွာနဲ့ သားသမီးတွေဘဝ တင့်တယ်စေဖို့ စတေးပြီးခဲ့ပြီဖို့ အမေအိုရဲ့ နေဝင်ချိန်ဟာ သတ္တိရှိရှိ ရင်ဆိုင်ရဲနေခဲ့ပါပြီ။
အမေအိုကတော့ နွမ်းရိစုတ်ပြတ်နေတဲ့ အိမ်လေးမှာ ချို့တဲ့ တဲ့ အာဟာရကိုမှီဝဲရင်း သားတို့သမီးတို့ ထာဝစဉ် အေးမြချမ်းသာရှိစေကြောင်း နေ့စဉ်မေတ္တာပို့သလျှက်ပါကွယ်။
( သားသမီးအဝေးရောက်နေသော အမေအို တစ်ယောက်၏ ခံစားချက်ကို ရင်နှင့်ရင်း၍ရေးသားထားပါသည်။)အမှားရှိက ခွင့်လွှတ်ပေးကြပါကုန်။)
0 comments:
Post a Comment