Sunday, December 16, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၂)

သစ်ထူးလွင်



Posted: 16 Dec 2012 07:07 AM PST
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ကျောင်းသား တပ်မတော် (ABSDF) မြောက်ပိုင်းတို့ တပ်စွဲထားသည့် လဂျားယန် ဒေသ တဝိုက်အား ဒေါ့ဖုန်းယန်း ဟမ်းကိုင် အခြေစိုက် အစိုးရ လက်နက်ကြီး တပ်မှ တာဝေးပစ် ဟော်ဝဇ်ဟာ (၁၀၅) မမ နှင့် ၁၂၀ မမ စိန်ပြောင်းများဖြင့် တနင်္ဂနွေ ညနေပိုင်း အထိ ပစ်ခတ်လျက် ရှိကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သုံ့ပန်း(၇) ယောက်ထဲက အသက်(၁၆)နှစ် အရွယ် အောင်အောင်ဆိုတဲ့ စစ်သားလေးတော့
မနေ့က ညနေမှာ ဆုံးသွားပါပြီ။ ဓါတ်ပုံ -Min Htay
Posted: 16 Dec 2012 06:21 AM PST
ဒီဇင်ဘာလ (၂၂)ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
 ကော့သောင်း ပြည်သူ လူထုနှင့် တွေ့ ဆုံ ဟောပြောပွဲမှာ ပါတီစည်းရုံးရေး ကိစ္စရပ်များ ထည့်သွင်း ဟောပြောခြင်း မပြုပါက ဘောလုံးကွင်းအား အသုံးပြုခွင့် ပြုကြောင်း ကော့သောင်းမြို့ မြို့ နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက ယနေ့ အကြောင်းပြန် လိုက်ပါတယ်။

မူရင်း အကြောင်းပြန်စာကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Dec 2012 05:51 AM PST
လှိုင်မြို့နယ် (၇)ရပ်ကွက် အတွင်း ဖွင့်လှစ် ထားသည့် ပေါ်ပြူလာ ဖန်စီ စတိုးဆိုင် မှ အသက် (၁၄)နှစ် အရွယ် အလုပ်သမ မိန်းကလေး ငယ်ကို အဓ္ဓမ ပြုရန် ကြံစည်သည့် အိမ်ရှင် အမျိုးသား ကို အမြန်ဆုံး တရား စွဲဆို သွားမည် ဖြစ်ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ချစ်လွင်က ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Dec 2012 05:46 AM PST
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် နေသည့် မြန်မာနိုင်ငံ ၏ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေ များသည် စိုးရိမ်ဖွယ် အနေအထား ဖြစ်နေကြောင်း ဗြိတိန် လက်ထောက် နိုင်ငံခြားရေး နှင့် ဓနသဟာယ ဝန်ကြီး ဟူဂိုဟာ က သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆို လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဝန်ကြီး ဟူဂိုဟာ

Posted: 16 Dec 2012 05:22 AM PST
မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ ဖြစ်ကြောင်း မိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က The Voice Weekly သို့ ပြောကြားသည်။ “တပ်မတော်က လုံခြုံရေး လိုက်ပြီး ဖျက်ဆီး နေတာပါ။ ဖျက်ဆီးတဲ့ စာရင်းကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Dec 2012 05:05 AM PST
ကံမော် ရွာ ၊ ကျွန်းစုမြို့နယ် မြိတ်ခရိုင်တွင် ပေါက်ကွဲမှုအား ဒေသခံ NLD တာဝန်ခံများ နှင့်  ရဲတပ်ဖွဲ့များမှ ပြောသည့် Gas ဗူး သို့မဟုတ် Gas မီးခြစ် ၊ သို့မဟုတ်  အရက်ပုလင်း အဟောင်း ဟု ဆိုနေသည့်  ပေါက်ကွဲမှုတွင် ဒဏ်ရာ ရရှိသူများထံမှ သတ္တု အစအနများ ရရှိကြောင်း သိရပါသည်။

ဒဏ်ရာရရှိသူ လေးယောက်စလုံး ပေါက်ကွဲမှု ဖြစ်သည့် နေရာမှ ၁၂ ပေခန့် အကွာတွင် ရေသောက်နေ သည်ဟု သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည် မလာမှာ စိုးလို့ သတင်းဖုံးတဲ့ သူတွေနဲ့ အရေးယူခံရမှာ ကြောက်တဲ့ သူတွေက အသေးစား Gas မီးခြစ် သို့မဟုတ် အရက်ပုလင်းဟောင်း ဟုပြောနေ ကြပါသည်။

Myanmar News Now


 ပေါက်ကွဲမှုတွင် ဒဏ်ရာ ရရှိသူများမှ ရရှိသည့် သတ္တု အစအနများကို မြင်တွေ့ရစဉ်။





Posted: 16 Dec 2012 12:31 AM PST
ဒီဇင်ဘာလ(၁၄)ရက်နေ့ ည(၉)နာရီခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် လှည်းလမ်းတက် ကျေးရွာ ဟင်္သာတ- ဇလွန်ကားလမ်းမပေါ်တွင် လမ်းပေါ်၌ ရပ်ထားသော ကားအား နောက်မှ ဆိုင်ကယ်ဖြင့် ဝင်တိုက်မှု ဖြစ်ပွားရာ ဆိုင်ကယ်သည် ၈ဌ/၈၄၄၀ ကားဂွန်ဒေါင်း ယာဘက်ခြမ်းသို့ တိုက်မိပြီး အောက်သို့ ဝင်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပေါ်၌ ရှေ့မှ လိုက်ပါလာသော လေးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ဆိုင်ကယ်မောင်းနှင်သူ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရပ်ထားသော ကားဂွန်ဒေါင်းအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိစဉ်။

Posted: 16 Dec 2012 12:18 AM PST
နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်စောပိုင်းမှာ ပြုကျင့်ခံရသော တလုတ္ထော်ရဲစခန်း အပိုင်တွင်းရှိ လုယက်/ လူခိုး/ မုဒိမ်းမှုအား ရဲစခန်းတွင် နစ်နာသူ ကာယကံရှင် မိန်းကလေးဘက်မှ အမှုဖွင့်ရန် ရဲတပ်ဖွဲ့အား အကြံဥာဏ် တောင်းခံ၍ ဖွင့်ခဲ့ရာ မိန်းကလေး အနေဖြင့် အသက်ငယ်သည့် အကြောင်းပြချက်၊ အမှုအတွက် ငွေကုန်ကြေးကျ၊ တရားရုံး ရင်ဆိုင်ရာတွင် ကြာမြင့်မှု စသော အကြောင်းပြ ခြောက်လှန့်ချက်များဖြင့် မုဒိမ်းမှုအား ဖွင့်မပေးဘဲ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Dec 2012 12:02 AM PST
ဥရောပ သမဂ္ဂ၏ ပိတ်ဆို့မှုကို ချိုးဖောက်၍ မြန်မာ နိုင်ငံ အတွက် လက်နက် ကြားခံ ၀ယ်ယူ ပေးခြင်း မရှိခဲ့ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော အိန္ဒိယ ပြည်ပ ရေးရာ ၀န်ကြီး ခါရှစ်က ငြင်းဆို လိုက်ပြီး အိန္ဒိယ တပ်မတော် အတွက် ၀ယ်ယူ ထားသော ဆွီဒင်လုပ် စစ်လက်နက်များ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အိန္ဒိယ ပြည်ပ ရေးရာ ၀န်ကြီး ခါရှစ်

Posted: 15 Dec 2012 11:44 PM PST
စည်ပင် သာယာ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏သားက ရဲအယောင် ဆောင်ကာ ဓားဖြင့် ထောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်သူ့ ၀န်ထမ်း အယောင်ဆောင်မှု၊ မတရားချုပ် နှောင်ထားရန် အားထုတ်ရာတွင် လက်ရောက် မှုတို့ဖြင့် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရဲအယောင် ဆောင်ကာ ဓားဖြင့် ထောက်မှု ဖြစ်ပွားခဲ့သည့် နာနတ်တော
 ခုံးတံတားထိပ် ချဉ်းကပ်လမ်းအား တွေ့ရစဉ်။ ဓါတ်ပုံ - Eleven Media Group

Posted: 15 Dec 2012 11:35 PM PST
ရန်ကုန်တိုင်း ဒေသကြီး သီရိမင်္ဂလာ ဈေးရှိ လူမိုက် အဖွဲ့များအား ထိရောက်စွာ အရေးယူ နိုင်ရန် ပိတောက်ချောင်း ရဲစခန်းကို အင်အား အပြည့် ချထားပြီး စောင့်ကြည့် အရေးယူ နေကြောင်း သိရသည်။ သီရိမင်္ဂလာ ဈေးရှိ လူမိုက်များမှာ ယခင်ကဲ့သို့ တုတ်၊ ဓား ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Dec 2012 11:28 PM PST
ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ် ဆင်းကတ်များကို ကျပ်တစ်သိန်းခွဲဖြင့် ရောင်းချခြင်း များရှိကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းသို့ ရောင်းချရာတွင် မိမိအမည် ပေါက်မဖြစ်ဘဲ ဖုန်းစာချုပ်တွင် အခြားသူ အမည်ဖြင့် ရှိနေမည် ဖြစ်သော်လည်း ၎င်း၏ မှတ်ပုံတင် မိတ္တူပါ ပူးတွဲပါဝင်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိုဘိုင်း ဟန်းဆက် ဈေးရောင်းပွဲ တစ်ခုမြင်ကွင်း ။ ဓါတ်ပုံ - Eleven Media Group

Posted: 15 Dec 2012 11:20 PM PST
ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို Data စနစ်ဖြင့် ပြောင်းလဲ ကောက်ခံ တော့မည် မဟုတ်ဘဲ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Dec 2012 09:11 PM PST
၁။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် သပိတ်စခန်းများ ဖွင့်လှစ် ဆောင်ရွက် နေမှုအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ အသုံးပြုပြီး လူစုခွဲ ဆောင်ရွက်ခဲ့ရာ၌ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Dec 2012 08:53 PM PST
၁၄-၁၂-၂၀၁၂ ရက်နေ့ ၀၈၅၀ အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကပိုင်ကျေးရွာ အရှေ့ တောင်ဘက် (၇)မိုင်ခန့် အကွာ ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄.၈ ရှိ ငလျင်တစ်ခု လှုပ်ခဲ့ သည်။ ငလျင် လှုပ်မှုကြောင့် ရွာသာယာကျေးရွာ၊ တွဲဘက် အလယ်တန်း ကျောင်းရှိ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရွှေဘို ငလျှင်ကြောင့် အပျက်အစီး တချို့ အားတွေ့ ရစဉ်
Posted: 15 Dec 2012 08:24 PM PST
ပဲခူးမြို့တွင် ဆိုင်ကယ်လိုင်စင် သက်တမ်း တိုးပြီးနောက် သူတစ်ပါး ထိခိုက်မှု အာမခံ ပရီမီယံ  ပေးသွင်းရာတွင် မဆီမဆိုင်မြွေ  အန္တရာယ် အာမခံ လက်မှတ်ကို   ကာယကံရှင်အား တရားဝင်အသိ  ပေးမှုမရှိပဲ ရောင်းခြင်း ၊ရောင်းချ သည့် လက်မှတ်ကို မပြည့်မစုံ  ရေးသွင်းခြင်းဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Dec 2012 08:00 PM PST
တိဘက် လူမျိုးတွေ ကိုယ့်ကိုယ်ကို သတ်သေမှု များပြား လာတဲ့ အပေါ် အီးယူ ဥရောပသမဂ္ဂ အနေနဲ့ အထူး စိတ်မကောင်း ဖြစ်မိကြောင်း အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။ တိဘက် လူမျိုးအတွေ အပေါ် ချုပ်လွန်းတဲ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီကြောင့်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Catherine Ashton (ဇွန်လ ၁၉ ရက်၊ ၂၀၁၂)။

Posted: 15 Dec 2012 07:42 PM PST
မြန်မာနိုင်ငံ ကို ရောက်လာတဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ဝန်ကြီး Hugo Swire က မြန်မာအစိုးရ ရဲ့ ပြုပြင် ပြောင်းလဲရေး ကို ထောက်ခံ ပေမယ့် လက်ရှိဖြစ်ပေါ် နေတဲ့ အခြေအနေ တခိျု့ဟာ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ဒုက္ခသည်စခန်း

Posted: 15 Dec 2012 07:35 PM PST
သောကြာနေ့က အမေရိကန် ပြည်ထောင်စု ကွန်နက်တီကတ် ပြည်နယ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး ခဲ့ရတဲ့ ကလေး သူငယ် ၂၀ ဟာ အသက် ၆ နှစ်နဲ့ ၇ နှစ် အရွယ်တွေ ဖြစ်ကြတယ်လို့ အဲဒီက အာဏာပိုင် တွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပေးနေသူတွေ

Posted: 15 Dec 2012 07:29 PM PST
အမေရိကန် ပြည်ထောင်စု မှာတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ် သတ်ဖြတ် မှုမျိုးတွေ ထပ်မဖြစ်ဖို့ ကာကွယ် နိုင်ဖို့ အတွက် လက်နက် ကိုင်ဆောင် နိုင်မှု ဆိုင်ရာ ဥပဒေ တွေနဲ့ ပတ်သက်လို့ ပြောင်းလဲမှုတွေ လုပ်ဖို့ကို ဝါရင့် နိုင်ငံရေး သမား တွေက တောင်းဆို လိုက်ကြပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက် ဝမ်းနည်းနေတဲ့ သမ္မတအိုဘားမား

Posted: 15 Dec 2012 11:13 AM PST
ခေတ်သစ် အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကြီးထဲက တခုဖြစ်တဲ့ သောကြာနေ့ ပစ်ခတ်မှုတွေ အပြီးမှာ အခုလို အဖြစ်ဆိုးမျိုး နောင်မှာ မဖြစ်ပွားအောင် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံရေး သမား အတော်များများ က အမေရိကန် ရဲ့ သေနတ် ပိုင်ဆိုင်ခွင့် ဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အမေရိကန်အလံကို တိုင်တဝက်အထိ ချထားပါတယ်။

Posted: 15 Dec 2012 10:59 AM PST
လက်ပံတောင်းသပိတ် အကြမ်းဖက် ဖြိုခွင်းမှုအပေါ် သံဃာတော် များအား ပြည်ထောင်စု အစိုးရအဖွဲ့ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့အဖွဲ့ ၀န်ချတောင်းပန် လျှောက်ထားပွဲ မြင်ကွင်း။ မန္တလေးမြို့။ ၁၅၊၁၂၊၂၀၁၂ ။ (ရိုက်ကူး အိမ်ခိုင်မြဲ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Dec 2012 10:54 AM PST
မြန်မာနိုင်ငံကို အလည် အပတ်ခရီး ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ဌာန ပြည်ပရေးရာဝန်ကြီး Salman Khurshid ဟာ ဒီကနေ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ မိနစ် ၄၀ ကြာတွေ့ဆုံမှု ပြုလုပ်ပြီး တဲ့နောက် ဒေါ်အောင်ဆန်းစုကြည် က သတင်း ထောက်တွေကို အခုလို ပြောကြား သွားပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...