Saturday, December 22, 2012

ဝတ်စားဆင်ယင်မူနှင့် ဘာသာရေး


posted by River Syp

ဟူးးးးးးးးးးးးးးး ရှုပ်သမျှအလုပ်တွေထဲက ပထမဆုံးတစ်ခုပြီးသွားလို့ နဲနဲ အနားရတဲ့အချိန်လေး ရင်ထဲမှာ တနုံ့နုံ့ နဲ့ ပြောချင်နေတဲ့ အကြောင်းအရာလေး ပြောဖြစ်အောင်ပြောရတော့မယ်။

ပြောချင်နေတာက ကြာလှပြီ ...... ကဲခုစပြောပြီ....
ပြီးခဲ့တဲ့အပါတ်က ကျွန်တော်တို့ အလုံမှာ ဆရာတော်ဘု၇ားကြီးဒေါက်တာအရှင်ဥာဏ်နိဿရ ရဲ့တရားပွဲ ကျင်းပခဲ့ပါတယ်.......။

ကျွန်တော်လည်း ဆရာတော်ဘုရားကြီးရဲ့တရားပွဲကို ကိုယ်တိုင်ကိုယ်ကျ မနာရတာကြာပြီဖြစ်လို ရုံးဆင်းတာနဲ့ ရေချိုးမိုးပြီး တရားပွဲအရောက်သွားပြီး နေရာဦးပါတော့တယ်။

စိတ်ထဲမှာလေ ပြီးခဲ့တဲ့နှစ်ရက်ကတည်းလောက်က တရားပွဲသွားဖြစ်အောင်သွားမယ် တရားနာဖြစ်အောင်နာမယ်ဆိုပြီး စိတ်ထဲမှာ ကြည်နူးစိတ်နဲ့ အားခဲ ခဲ့တာ ဒီနေ့ရောက်ပြီးဖြစ်လို့
တရားပွဲကို သဒ္ဒါတရားထက်ထက်သန်သန်နဲ့ ထားပြီး ချီတက်ခဲ့ပါတယ်......အိမ်ကထွက်ကတည်းက
ကြည်နူးတဲ့စိတ်လေးနဲ့ထွက်ခဲ့တာပါ ။

ဒါပေမဲ့ကျွန်တော့်အတွက် ပြဿနာက တရားပွဲအ၀င်ဝမှာပဲ တည့်တည့်ကြီးစတွေ့ပါတော့တယ်....။
 ဖြစ်ပုံကဒီလို.......
ကျွန်တော်ခံယူချက်ကြောင့်လားတော့မသိ.....(ဒီပြဿနာဖြစ်ရခြင်းအကြောင်းက)

ကျွန်တော်နားလည်ထားတာက တရားပွဲကိုလာတဲ့ တရားနာပရိတ်သတ်သူတော်ကောင်းတွေဟာ ထေရ၀ါဒဗုဒ္ဓဘာသာမြန်မာလူမျိုး တွေဖြစ်ကြတဲ့အတွက်...

.ယောက်ျားလေးများ(လူကြီး-လူလတ်-လူငယ်) အားလုံး ပုဆိုးလေးကိုယ်စီ ၊ (တိုက်ပုံ/စတစ်ကော်လံ) သို့ (ရိုးရိုးကော်လံအင်္ကျီ တို/ရှည်) လုံလုံခြုံခြုံစသဖြင့်ပေါ့လေ..

.မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဘုရားသွားကျောင်းတက် ထုံးထမ်းစဉ်လာလေးနဲ့ အညီပေါ့......
မိန်းကလေးများဆိုရင်လဲ (လူကြီး-လူလတ်-လူငယ်) အားလုံး ထမီ(လုံချည်) လေးတွေကိုယ်စီ၊ ယဉ်ဖုံး(သို့) အခြား အင်္ကျီ လက် (တို/ ရှည်) လေးတွေနဲ့ သပ်သပ်ယပ်ယပ် လုံလုံခြုံခြုံ
မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ဘုရားသွားကျောင်းတက်ထုံးထမ်းစဉ်လာလေးနဲ့အညီပေါ့လေ.....
ကျွန်တော့်အမြင်ကိုပြောတာပါ......ဆိုတော့.......တရားပွဲအ၀င်ဝကိုရောက်ခါနီးကတည်းက
စောစောကပြောတဲ့ ခံယူချက်(ကျွန်တော့်အမြင်)လေးနဲ့ အ၀င်ဝကိုလှမ်းကြည့်မိတယ်...... အိမ်ကထွက်လာတုန်း ကပါလာတဲ့ ကြည်နူးမှု(ချိုမြိန်မှု) လေးကို သကာလောင်းပေးလိုက်သလိုပဲ....
အ၀င်ဝမှာ သာသန အလံလေးတွေ တလွင်လွင်နဲ့ ပရဟိတလူငယ်လေးတွေက အင်္ကျီဖြူလက်ရှည် ၊ ပုဆိုးလေးတွေ ကိုယ်စီနဲ့ ဘေးပါတ်ဝန်းကျင်မှ ဓမ္မအကျိုးဆောင် ဦးကြီးများကလည်း ပင်နီတိုက်ပုံ
ပုဆိုးလေးတွေကိုယ်စီဝတ်ပြီးစိတ်အားထက်သန်စွာကူညီနေကြတဲ့ ထုံးတမ်းစဉ်လာနဲ့အညီမြင် ကွင်းလေးမြင်ရတော့ ကြည်နူးလိုက်တာပြောမနေနဲ့..........ယောက်ျားလေးတွေမြင်ကွင်းပြီးတော့
မိန်းကလေးတွေဘက် တစ်ချက်ကြည့်မိလိုက်တယ်
အို......ဗုဒ္ဓဘာသာနွယ်ဝင်မြန်မာမိန်းကလေးတစ်သိုက်.......ပရဟိတ၀ိုင်းကူလုပ်ရင်း တရားနာလာတဲ့ပရိတ်သတ်တွေကို နေရာချထားပေးရင်းနဲ့မမောနိုင်မပန်းနိုင်... အပြောချိုချိုလေးတွေနဲ့ယဉ်ကျေးလိုက်ကြတာ....

တစ်ဖက်က တရားနာလာကြတဲ့ ဒေါ်ဒေါ် အန်တီ မမ ညီမငယ်လေးများ သူတို့လဲ ယဉ်ဖုံး အကျီ င်္ ကိုယ်စီလေးတွေနဲ့ ခပ်ကျုံ့ကျုံ့လေးလမ်းလျှောက်လာကြ ရိုရိုကျိုးကျိုးလေးဝင်ပြီးနေရာယူကြနဲ့
တကယ့်ရိုးရာထုံးတမ်းစဉ်လာနဲ့အညီပါပဲ..........တကယ့်ကြည်နူးစရာမြင်ကွင်းလေးပါပဲ.....

ကဲ......ကျွန်တော်တက်တဲ့ ပြဿနာက စပါပြီဗျာ...... ကျွန်တော့်ရှေ့ တည့်တည့်ကြီးမှာကို တက်တာ.....အစက ကျော်ပြီးကြည့်နေမိလို့လားမသိ..
သတိမထားမိဘူး......

ကျွန်တော့်အမေအရွယ် အဒေါ်ကြီးတစ်ယောက်ရယ် ကျွန်တော့်အရွယ် မိန်းကလေး သုံးယောက်ရယ်...... အ၀င်ဝက ဓမ္မလက်ကမ်းစာစောင် ၊ စေတနာရှင်တွေရဲ့ ရေသန့်ဘူး စတဲ့ ဝေငှပေးတဲ့နေရာနဲ့
ဖိနပ်ချွတ်တဲ့နေရာမှာ ဘွားကနဲ့တွေ့လိုက်ရတာ စိတ်ထဲက စောစောက ကြည်နူးခဲ့ရသမျှ အရည်ပျော်ကုန်တော့တာပဲ........ဒေါ်ဒေါ်ဝတ်လာတာက ထုံးတမ်းစဉ်လာနဲ့ အညီလေးပါပဲ ဒါပေမဲ့သူ့ဘေးကပါတဲ့ မိန်းကလေးသုံးယောက်က ... .ဘောင်းဘီရှည် အကျပ် ကိုယ်စီနဲ့
 ခေတ်ပေါ်အင်္ကျီကိုယ်စီနဲ့......

ကျွန်တော်အစထင်လိုက်တာက သြော် တ၇ားပွဲလာကြတာမဟုတ်လောက်ဘူး သူတို့ လူကြီးကို
လိုက်ပို့တယ်ပေါ့လေ.......မဟုတ်ဘူးဗျာ.........ကျွန်တော့်ရှေ့ကတင် ခုန်ဆွ ခုန်ဆွနဲ့ လှစ်ကနဲ့ တရားပွဲကိုဝင်သွားကြတယ် သူတို့နှစ်ယောက်..........စိတ်ထဲမှာလေကိုယ့်ညီမ အစ်မတွေဆိုလို့ကတော့
ဆိုပြီး ကြိမ်းမိသေးတယ် (ကျွန်တော်ဒေါသကြီးတာလဲဖြစ်နိုင်ပါတယ်)........

ထားလိုက်တော့ဒီအတိုင်းပဲ....တရားနာဖို့လာတာ ဒေါသကရှေ့ဆိုရင်မဖြစ်ချေဘူး...... .အောင်မောင်းကိုယ့်စိတ်ကိုယ်ဖြေစမ်းဟဆိုပြီး တရားပွဲမှာ သတ်မှတ်နေရာလေးထဲက ရှေ့ကကောင်မလေးနှစ်ယောက်နဲ့ဝေးရာမှာတစ်နေရာစာယူပြီးထိုင်ချလိုက်မိတယ်....... ထိုင်းပြီးချုင်းပဲ တရားပွဲမှာ တရားနာလာကြတဲ့ သူတော်ကောင်းအပေါင်း အအေးခွက်လေးတွေနဲ့ တစ်ယောက်တစ်ခွက်
စီဧည့်ခံ့ပေးတဲ့ ညီမငယ်လေးတွေက အအေးတစ်ခွက်လာချင်ပေးတယ်..... သာဓုဗျာ သာဓု သာဓု .........စေတာနာသဒ္ဒါတရား ထက်သန်လိုက်ကြတာ............
ဒါပေမဲ့....ပြဿနာက အဲဒီမှာ ပိုဆိုးတော့တာပဲဗျို့.................. အအေးခွက်လာချပေးတဲ့ညီမလေး....... သူဝတ်ထားတာကအပေါ်က ခေတ်ပေါ်အင်္ကျီနဲ့ အောက်က ပေါင်အရင်းလောက်ရောက်နေတဲ့ ဘောင်းဘီ တိုကျပ်ဝတ်ထားပြီး (နှမချင်းမစာနာလို့ ပြောခြင်း မဟုတ်ပါ....စေတနာသက်သက်ပါ ကျွန်တော့်မှာလဲ နှမတွေရှိပါတယ်.....
သူတို့ကိုယ်လဲ မျက်နှာမထောက်ပဲ ကျွန်တော်ပြောပါတယ်) ကုသိုလ်ယူနေတဲ့မြင်ကွင်း......
တရားပွဲ.....ဟောမည့်ဘုန်းကြီးက ကမ္ဘာကျော်........နာမည့်တရားနာပရိတ်သတ်က လူကြီးလူကောင်း လူငယ်သူတော်ကောင်းတွေ...... တရားပွဲရဲ့အပြင်အဆင်..........ဖွင့်နေတဲ့ ဓမ္မတေး.......စတာတွေနဲ့
ဒီမိန်းကလေးဝတ်ထားတာနဲ့က ဘယ်လိုမှမအပ်စပ်......လားလားမျှမဆိုင်.......ထုံးတမ်းစဉ်လာနဲ့ ရိုးရာယဉ်ကျေးမှုနဲ့လည်း လုံးဝမကိုက်ညီ ယုတ်စွအဆုံး တရားနာလာတဲ့ (ပုထုစဉ်) သံဃာတော်အရှင်သူမြတ်နဲ့လူကြီးလူငယ်ယောက်ျားလေးများအတွက် လုံးဝမကောင်း......
 မတော်လို့ တရားနာချင်စိတ်မရှိတော့ဘဲ စိတ်ပြောင်းသွားရင်ဒုက္ခ.(နောက်တာ).................. 

အားမနာတမ်းပြောရလျှင်ဒီလိုပွဲမျိုးဟာ နိုက်ကလက်မဟုတ်တဲ့အတွက်ဒါမျိုးဝတ်တာ တော်တော်လေးရိုင်းသည်ဟုထင်သည်..........လုံးဝမဖြစ်သင့်.........မသိလို့ဝတ်မိတာဆိုရင်လည်း သိတဲ့ မိဘလူကြီးတွေက သွန်သင်ပေးရပေမည်....
မိဘတွေဘက်က ပျက်ကွက်ခဲ့ရင်တော့ ဒီမိန်းကလေးရဲ့အနာဂါတ်နဲ့ သူ့ရဲ့မျိုးဆက်သစ်လေးတွေရဲ့ အနာဂါတ် ၊ ကျွန်တော်တို့ နိုင်ငံနဲ့လူမျိုးတွေရဲ့အနာဂါတ်......ရင်လေးစရာကောင်းလှပါတယ်.......
အ၀တ်အစားကို မိန်းကလေးတွေ ခေတ်ဆန်ဆန် ၀တ်စားခြင်ကြတာကို ကျွန်တော်မပြောလိုပါဘူး ကျွန်တော်လည်းခေတ်လူငယ်ပါပဲ....ခေတ်နဲ့အညီဝတ်ပါတယ်....

.ဒါပေမဲ့ နေရာဆိုတာရှိပါတယ်.....
သူ့နေရာလေးနဲ့သူဝတ်စေချင်ပါတယ်......နောက်ပြီး အမြင်လေးတွေကျယ်စေချင်ပါတယ်......
.ခေတ်အမြင်ခေတ်အတွေးလေးတွေနဲ့ ရိုးရာယဉ်ကျေးမှု ဘာသာ သာသနာ ပတ်ဝန်းကျင်းနေရာဒေသနဲ့
ပါတ်သတ်ဆက်နွယ်ပြီး အရာရာကို စဉ်းစားလုပ်ဆောင်သင့်ပါတယ်လို့ အကြုံပြုချင်ပါတယ်ဗျာ..........

..River SYP

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...