Saturday, December 8, 2012

ကမ္ဘာတဝန်းအပြန်အလှန် တရားဝင်ငွေလွှဲနိုင်မည်။


Soe Min shared Tun Wai's photo.
ကမ္ဘာတဝန်းအပြန်အလှန်တရားဝင်ငွေလွှဲနိုင်မည်။

မြန်မာနိုင်ငံရှိ မြန်မာအရှေ့တိုင်းဘဏ် MOB နှင့်အမေရိကန်နိုင်ငံတွင်အခြေစိုက်ပြီးနိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေ သော Western Union Company တို့ပူပေါင်း၍ မြန်မာနိုင်ငံမှနေပြီး ကမ္ဘာနိုင်ငံပေါင်း နှစ်ရာကျော်နှင့် နိုဝင်ဘာလ၂၉ ရက်နေ့မှစတင်ကာအပြန်အလှန် ငွေလွှဲပို့နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ငွေလွှဲသူကသာ ဝန်ဆောင်ခပေးရန်လိုအပ်ပြီ ငွေထုတ်သူအနေဖြင့် ဝန်ဆောင်ခပေးရန်မလိုကြောင်း၊ ငွေလွှဲ ထုတ်ယူမည့် သူကိုယ်တိုင်မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီး ငွေပို့သူ၏အမည် ပေးပို့သည့်နိုင်ငံလွှဲငွေပမာဏနှင့် ငွေလွှဲသူ၏လျှိုဝှက်နံပါတ်တို့ကို သိရှိလျှင်ထုတ်ယူနိုင်မည် ဖြစ်ကြောင်း လွှဲငွေထုတ်ယူရာတွင်လည်းဗဟိုဘဏ်ရဲ့သက်မှတ် ပေါက်ဈေးအတိုင်း ထုတ်ပေးလျှက်ရှိကြောင်း MOB ဘဏ်လက်ထောက် အထွေထွေ မန်နေဂျာဒေါ်ဖြိုးသူထွေး၏ ပြောကြားချက် များအရသိရသည်။

ငွေလွှဲခြင်းလုပ်ငန်းများကိုမြန်မာနိုင်ငံရှိ MOB ဘဏ်ခွဲ ၁၉ခုမှလုပ်ဆောင်မည်ဖြစ်ပြီး Western Union Company အနေဖြင့်နည်းပညာပိုင်း၊ စည်းမျဉ်းစည်းကမ်းများ အခက်အခဲနှင့် ပြဿနာများအပေါ်တွင်သာ ကိုင်တွယ်ဖြေရှင်ပေး မည် ဖြစ်ကြောင်းသိရသည်။

ကျူးဘား၊ မြောက်ကိုရီးသားနှင့် အီရန်နိုင်ငံများမှလွဲ၍ ကျန်နိုင်ငံများနှင့် ငွေပို့ငွေလွှဲနိုင်ပြီးဖြစ်ကြောင်း၊ ယခုအချိန် တွင်အမေရိကန်၊ သြစတြေးလျနှင့်နော်ဝေနိုင်ငံတို့မှလွှဲသူပိုများနေပြီး ထိုင်း၊ မလေးရှား၊ ဒူဘိုင်း၊ စင်ကာပူ၊ ဂျပန်၊ ဗြိတိန်၊ နော်ဝေး၊ ကမ္ဘောဒီးယား စသောနိုင်ငံတို့နှင့်လည်း အပြန်အလှန်ငွေလည်းလှယ်မှုများရှိကြောင်းသိရသည်။

ပြည်ပရောက်နေသော မြန်မာနိုင်ငံသားများသည်ယခင်က ငွေလွှဲရာတွင် ယုံကြည်စိတ်ချရမှုနည်းသော ဟွန်ဒီလုပ်ငန်းများကို အားကိုလာခဲ့ရာမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်ယခုအခါတွင်ပုဂ္ဂလိကဘဏ် ၁၄ ခုကိုခွင့်ပြုခဲ့ပြီး ဖြစ်သည်။ အဆိုပါဘဏ်များထဲမှ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးမှုဘဏ် တို့သည် ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံများနှင့်သာအပြန်အလှန်ငွေလွှဲပို့နိုင်ပြီးယခုအခါတွင် မြန်မာအရှေ့တိုင်းဘဏ် MOB မှတစ်ဆင့်တစ်ကမ္ဘာလုံးသို့ အပြန်အလှန်ငွေလွှဲပို့နိုင်ပြီး ဖြစ်ကြောင်းသိရသည်။

Yangon chronicle

http://tunwai-states.blogspot.jp/2012/12/blog-post_5136.html

မြန်မာနိုင်ငံရှိ မြန်မာအရှေ့တိုင်းဘဏ် MOB နှင့်အမေရိကန်နိုင်ငံတွင်အခြေစိုက်ပြီးနိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဘဏ္ဍာရေးဝန်ေ
ဆာင်မှုပေးနေ သော Western Union Company တို့ပူပေါင်း၍ မြန်မာနိုင်ငံမှနေပြီး ကမ္ဘာနိုင်ငံပေါင်း နှစ်ရာကျော်နှင့် နိုဝင်ဘာလ၂၉ ရက်နေ့မှစတင်ကာအပြန်အလှန် ငွေလွှဲပို့နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။


ငွေလွှဲသူကသာ ဝန်ဆောင်ခပေးရန်လိုအပ်ပြီ ငွေထုတ်သူအနေဖြင့် ဝန်ဆောင်ခပေးရန်မလိုကြောင်း၊ ငွေလွှဲ ထုတ်ယူမည့် သူကိုယ်တိုင်မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီး ငွေပို့သူ၏အမည် ပေးပို့သည့်နိုင်ငံလွှဲငွေပမာဏနှင့် ငွေလွှဲသူ၏လျှိုဝှက်နံပါတ်တို့ကို သိရှိလျှင်ထုတ်ယူနိုင်မည် ဖြစ်ကြောင်း လွှဲငွေထုတ်ယူရာတွင်လည်းဗဟိုဘဏ်ရဲ့သက်မှတ် ပေါက်ဈေးအတိုင်း ထုတ်ပေးလျှက်ရှိကြောင်း MOB ဘဏ်လက်ထောက် အထွေထွေ မန်နေဂျာဒေါ်ဖြိုးသူထွေး၏ ပြောကြားချက် များအရသိရသည်။

ငွေလွှဲခြင်းလုပ်ငန်းများကိုမြန်မာနိုင်ငံရှိ MOB ဘဏ်ခွဲ ၁၉ခုမှလုပ်ဆောင်မည်ဖြစ်ပြီး Western Union Company အနေဖြင့်နည်းပညာပိုင်း၊ စည်းမျဉ်းစည်းကမ်းများ အခက်အခဲနှင့် ပြဿနာများအပေါ်တွင်သာ ကိုင်တွယ်ဖြေရှင်ပေး မည် ဖြစ်ကြောင်းသိရသည်။

ကျူးဘား၊ မြောက်ကိုရီးသားနှင့် အီရန်နိုင်ငံများမှလွဲ၍ ကျန်နိုင်ငံများနှင့် ငွေပို့ငွေလွှဲနိုင်ပြီးဖြစ်ကြောင်း၊ ယခုအချိန် တွင်အမေရိကန်၊ သြစတြေးလျနှင့်နော်ဝေနိုင်ငံတို့မှလွှဲသူပိုများနေပြီး ထိုင်း၊ မလေးရှား၊ ဒူဘိုင်း၊ စင်ကာပူ၊ ဂျပန်၊ ဗြိတိန်၊ နော်ဝေး၊ ကမ္ဘောဒီးယား စသောနိုင်ငံတို့နှင့်လည်း အပြန်အလှန်ငွေလည်းလှယ်မှုများရှိကြောင်းသိရသည်။

ပြည်ပရောက်နေသော မြန်မာနိုင်ငံသားများသည်ယခင်က ငွေလွှဲရာတွင် ယုံကြည်စိတ်ချရမှုနည်းသော ဟွန်ဒီလုပ်ငန်းများကို အားကိုလာခဲ့ရာမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်ယခုအခါတွင်ပုဂ္ဂလိကဘဏ် ၁၄ ခုကိုခွင့်ပြုခဲ့ပြီး ဖြစ်သည်။ အဆိုပါဘဏ်များထဲမှ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးမှုဘဏ် တို့သည် ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံများနှင့်သာအပြန်အလှန်ငွေလွှဲပို့နိုင်ပြီးယခုအခါတွင် မြန်မာအရှေ့တိုင်းဘဏ် MOB မှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ အပြန်အလှန်ငွေလွှဲပို့နိုင်ပြီး ဖြစ်ကြောင်းသိရသည်။

Yangon chronicle

http://tunwai-states.blogspot.jp/2012/12/blog-post_5136.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...