Sunday, December 2, 2012

ဒီမို လက်ပန်းတောင်း သြ၀ါဒခံယူမှု အရှုပ်တော်ပုံ (သို့) ကြံသကာများနဲ့ ပုရွတ်ဆိတ်


by မိုးကြာညို မိုး on Sunday, December 2, 2012 at 7:35am

Mg Myatthu
တပည့်တော်တို့ အနေနှင့် ဥပဒေနှင့်အညီ
ဆန္ဒပြသူတွေကို မီးလေးပဲ လောင်အောင် လုပ်မိပါတယ်ဘုရား
နံနက် နှစ်နာရီပဲ သပိတ် စခန်း သိမ်းမိတာပါ ဘုရား
တောင်းပန်ပါတယ်ဘုရား
တောင်းပန်ရင် ကျေနပ်ပေါ့ ဘုရား
မကျေနပ်လည်း မတတ်နိုင်ဘူး ဘုရား။ — with Heinn FiveStrings.

Linn Eain Mhuu, Thaw Zin Htun, Daungkhit Burma and 15 others like this.


  • Linn Eain Mhuu သာတာပေါ့ ရှင်တို့ က ရဲတွေကို ......

  • Mg Myatthu တပည့်တော်တို့က ပြည်သူ့ရဲဖြစ်တဲ့အတွက် သံဃာတွေကို ထိခိုက်စေလိုတဲ့သဘောမပါပါဘူး ပြည်သူတွေကိုပဲ တိုက်ရိုက် လုပ်တာပါ ပြည်သူတွေက မကျန်တော့တဲ့အတွက် သံဃာတွေကိုထိခိုက်သွားတာပါ အဲ့တော့ ဆရာတော်တို့ ကျေနပ်ပါ မကျေနပ်လည်း မတတ်နိုင်ဘူး ဒါပဲ ::D

  •  Linn Eain Mhuu သံသရာမှာ တို့ ကလည်း ဆွမ်းစားရဟန်းဖြစ်ခဲ့တာကို ဒကာရဲ့ မနက်အာရုံဦး တရားလေးပေးအုံးမှ ကျောင်းလာခဲ့ပါလား .....

  • Mg Myatthu အရှင်ဘုရားတို့ ဒီလိုနေရတယ်ဆိုတာက တပည့်တော်တို့ရဲ့ မိဘလိုမျိုး စောင့်ရှောက်မှုအောက်မှာ နေနေရတာ ဘုရား တပ်မတော်သာအမိ တပ်မတော်သာ အဖ လေ ဘုရား နွားရှေ့မှာ ထွန်မကျူးပါနှင့်ဘုရား တပည့်တော်တို့က နွားတွေပါဘုရား

  • Heinn FiveStrings ဗုံးလေးနဲ့ပဲ ထုတာကို အရှင်ဘုရားတို့က ဘာကြောင့် ဒေါသထွက်နေရတာလဲဘုရား။ တပည့်တော်တို့က အထက်ကအမိန့်အတိုင်းလုပ်ရတာဘုရား။ အမိန့်ပေးခံရရင် ကိုယ့်မယားကိုယ်လည်း ထုရမှာပဲဘုရား။ ကိုယ့်သမီးကိုယ်လည်းထုရာမှာပဲဘုရား။

  • Mg Myatthu ကိုယ်မေကိုယ်လည်း -ိုးရတာပဲ ဘုရား မကျေနပ်လည်း မတတ်နိုင်ဘူး ဘုရား

  • Linn Eain Mhuu သာသနာအလံနဲ့ နိုင်ငံတော်အလံ မှားတက်လွန်းပါတယ် ဒကာရယ် ..........

  • Mg Myatthu ဒီမှာ ဆရာတော်တို့ ဆရာတော်တို့က သိမ်တွေဘုရားတွေပါ အဖြိုခံရမှာဆိုးလို့ ဆန္ဒပြတာက ဟုတ်ပါပီ ဘာလို့ နိုင်ငံရေးသမားတွေက ပါလာရတာတုန်း ပါရင်တော့ ချမှာပဲ ကျေနပ်အောင် တောင်းပန်နေတယ်နော် ထပ်ထုလိုက်ရမလား

  • Heinn FiveStrings တပည့်တော်တို့က ကျေးဇူးရှင်ကိုကာကွယ်ရမှာပဲဘုရား။ သာကောကြီးတွေကျွေးတဲ့ထမင်းကိုစားလာတာဘုရာ့။ အရှင်ဘုရားတို့က သာကောကြီးတွေလို..ထမင်းကျွေးနိုင်လို့လားဘုရား။ ခွေးတောင်မှ ထမင်းရှင်ကို ကာကွယ်စောင့်ရှောက်သေးတာပဲဘုရာ့။ တပည့်တော်တို့က ခွေးထက်မသာတောင် ခွေးထက်အနိမ့်မခံနိုင်ဘူးဘုရား။

  • Mg Myatthu တပည့်တော်တို့က ခွေးထက်လည်း မိုက်တယ် ဘုရား

  • Heinn FiveStrings တပည့်တော်တို့ ခွေးလိုဟောင်တုန်းက အရှင်ဘုရားတို့ ဘာလို့ကြွမသွားသလဲဘုရား။ ဒီတော့ တပည့်တော်တို့က ခွေးလိုကိုက်ရမှာပဲဘုရား။ ရခိုင်မှာက အမဲသားတုံးစားရလို့ အမြီးနှနှ့်ခဲ့ပေမယ့် ဒီမှာတော့ အရှင်ဘုရားတို့က ထန်းလျက်တစ်ခဲတောင်မှ မစွန့်ကြဲဘဲကိုး..ဘုရား။

  • Mg Myatthu လူ့အခွင့်အရေးကို လာမပြောနဲ့ဘုရား နားမလည်ဘူး ဘုရား ကိုယ်ချင်းစာစိတ်လား ကျုပ်မယားဗိုက်ကိုပဲ ကိုယ်ချင်းစာတယ်ဘုရား ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ်နော်ဘုရား ဘာမှ လာမရှုပ်နဲ့နော် ဘုရား သေသွားချင်သလားဘုရား ပစ်ထည့်လိုက်ရမလား ဘုရား တောင်းပန်နေတာနော်ဘုရား ကပ်တာယူပီးပြန်နော် ဘုရား နာသွားချင်သလားဘုရား ကျေနပ်သလားဘုရား မကျေနပ်လည်း ဒါပဲ ဘုရား

  • Linn Eain Mhuu ကိုယ်တော်တို့ တောင် သပိတ်မှောက်ပါတယ်ဆို ဒကာရယ်.....

  • Mg Myatthu သပိတ်မှောက်ရင် သပိတ်ပဲ မှောက်ဘုရား သပိတ်စခန်းမဖွင့်နဲ့ဘုရား မီးခိုးဗုံးဆိုတာ မီးလည်းလောင်တတ်တယ်နော် ဘုရား နာသွားချင်သလား ဘုရား

  • Linn Eain Mhuu ကပ္ပိယကြီး ဖိုထိုးဖို့ လိုလို့ ပါ ဒကာရယ် .......

  • Heinn FiveStrings တပည့်တော်တို့ ဘာလုပ်လုပ် လာမပြောနဲ့ဘုရား။ တပည့်တော်တို့က သာကောကြီးတွေပေါင်ကြားအောက်ကပ်နေတာဘုရား။ အရှင်ဘုရားတို့ တပည့်တော်တို့လောက် ဇ ရှိလို့လား ဘုရား

  • Mg Myatthu ဒါက နိုင်ငံတော်စီမံကိန်းဘုရား တခြားသောနိုင်ငံတွေနဲ့တွဲလုပ်ရတာဘုရား နိုင်ငံတော်အတွက်အကျိုးရှိတယ်ဘုရား ဘာရှိသလဲလာမမေးနဲ့ဘုရား လာမေး၇င် ပစ်ထည့်လိုက်မယ်ဘုရား တောင်းပန်နေတာပါဘုရား

  • Linn Eain Mhuu ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေတောင် မကယ်နိုင်တော့ဘူးလား ဒကာရယ် .....

  • Mg Myatthu လာပြန်ပီလားဘုရား ခေါ်ရင်လာရတာပဲမှလားဘုရား တပည့်တော်ကို စကားများများမပြောနဲ့ဘုရား တည်တည့်ပစ်ချင်လာပီဘုရား ဒါပြည်သူတွေ အပြစ်ဘုရား ဘုန်းကြီးအားကြီးစကားများတယ်နော် ဗုံးနဲ့ထုလိုက်ရ

  • Heinn FiveStrings စိတ်ကထစ်ဆို လက်က ၀ုန်းခနဲ ထုတတ်အောင် နှစ်ပေါင်းများစွာ သင်ကြားလာပြီးသားဘုရာ့။ သင်္ကန်းမြင်လို့ မလုပ်ရဲဘူးမထင်နဲ့ဘုရား။ တပည့်တော်တို့က ဆဒ္ဒန်ဆင်မင်းမဟုတ်ဘူးဘုရား။ အနီရောင်အ၀တ်စမြင်ရင် ဒေါသထွက်တဲ့ နွားရိုင်းတွေဘုရား။

  • Mg Myatthu တပည့်တော်တို့က ထုစရာမရှိရင် အိမ်ပြန်ထုနေတဲ့ကောင်တွေ ဘုရား( တူတွေဘာတွေ ပြောပါတယ်)

  • Linn Eain Mhuu စာပုလွေ ရင်မှာ ပိုက်ပါတယ် ဒကာရယ် ......

  • Mg Myatthu သံဃာဆိုရင် ဘန်ကာမလိုဘူးနော်ဘုရား ပေါက်တယ်ဟုတ် အေးရာအေးကြောင်းနေဘုရား လုပ်ထည့်လိုက်မယ်နော် ပီးမှ သြ၀ါဒ ခံယူပလိုက်မယ် ဟဲဟဲ

  • Linn Eain Mhuu ကိုယ့်ကိုယ်ကို သရဏဂုံတင်ပြီးမှ တရားဟောတာပါ ဒကာရယ် .....

  • Mg Myatthu ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့အချိန်မှာ တပည့်တော်တို့ အနေနဲ့ တိုင်းပြည်ရဲ့သိက္ခာကို ဒီလိုမျိုး ထိန်းသိမ်းနေရတယ် ဘုရား အရှင်ဘုရားတို့ ကျောင်းကသိမ် မီးထဲမပါရင် ဆန္ဒလာမပြနဲ့ဘုရား လုပ်ထည့်လိုက်မယ်နော် ဘုရား မြွေမကြောက် ကင်းမကြောက်ဆိုတာ တပည့်တော်တို့ကိုခေါ်တာနော် သိတယ်ဟုတ် ဟင်းဟင်းဟင်း

  • Ko Ye မကျေနပ်ရင်လဲ အိုဗားမား သွားတိုင်ပါဘုရား ပြက်သနာမရှိဘူး ဘုရား

  • Mg Myatthu အိုဘားမား ရောက်တယ်နော် ဘုရား တက္ကသိုလ်ကြီး ပြင်ပလိုက်မယ် ဘုရား လက်ဆွဲနှုတ်ဆတ်ပလိုက်မယ်ဘုရား ကြေးစင်တောင် ကုန်တယ်နော် လူတွေ ကျန်သေးတယ်ဘုရား အကုန်လုံးေ၇ာင်းပလိုက်မယ် ဘုရား

  • Heinn FiveStrings လုပ်မယ်ဆို တပည့်တော်တို့က လက်သည်အပျောက်လုပ်တတ်တယ်ဘုရား။ ရှေ့မှာလည်း သာဓကတွေရှိပြီးသားပဲဘုရား။ အရှင်ဘုရားတို့ အခုတောင် ဘယ်သူ့လက်ချက်လဲသိလို့လားဘုရား။

  • Mg Myatthu မနက်နှစ်နာရီကြီး တဟေးဟေးနဲ့စခန်းသိမ်း ခံချင်လားဘုရား မိသွားရင်လည်း မီးသတ်ပိုက်လေးနဲ့ပဲထိုးတာ မျက်ရည်ယိုဗုံးလေးပဲ သုံးတာလို့ ပြောလိုက်မှာနော် ဘုရား စိတ်မရှည်တော့ဘူး ဘုရား

  • Linn Eain Mhuu တော်ပြီ တော်ပြီ ဒီဘုန်းကြီးလည်း မယုံရဘူး သင်္ကန်းဝတ်ရင် ဆံရှည်ကိုယ်တော်လုပ်မယ် မတော် လည်ပင်း သင်တုန်းဓားနဲ့ လှီး လည်ပင်းပြတ်လို့  ခွေးချီမှ ခက်ချေရဲ့ .......

  • Mg Myatthu ၂၀၀၇ တုန်းကတောင် သံဃာတုတွေ တစ်နိုင်ငံလုံး ထောင်ဂဏန်းသောင်းဂဏန်းချီပီး ပေါ်သေးတာပဲဘုရား ဒီတစ်ခါလည်း ဆန္ဒပြတာက သံဃာတုတွေပါလို့ ပြောပလိုက်မယ်နော် ပေါက်တယ်ဟုတ် ငြှင်းငြှင်း

  • Linn Eain Mhuu ကိုယ်တော်တို့  သံဃာကဒ်က အေဒီအမ်ကဒ်လို လွယ်တယ် ဒကာ ....

  • Heinn FiveStrings တပည့်တော်တို့စခန်းမှာ ကူညီပါရစေ ဆိုင်းဘုတ်ချိတ်ထားတယ်ဘုရား။ လယ်သိမ်းခံရတာ တပည့်တော်တို့ကို လာပြောပါ့လားဘုရား။ လာမပြောတော့ မသိဘူးပေါ့လို့။ အခုလို အရည်မရအဖတ်မရ လမ်းပေါ်ထိုင်တာမျိုးမလုပ်ရဘူးပေါ့ ဘုရာ့။

  • Mg Myatthu လယ်သိမ်းခံရရင်လည်း သိမ်းခံရတယ်လို့ မှတ်ဘုရား နေစရာမပေးတော့လည်း မပေးဘူးမှတ်ဘုရား လျော်ကြေးမပေးရင်လည်း အကုန်လုံးကို အစိုးရက မှတ်ဘုရား ကောင်းရင်ကောင်းတယ်မှတ်ဘုရား ဆိုးရင်ဆိုးတယ်မှတ်ဘုရား ဒီနိုင်ငံမှာလူလုပ်ရင် တော်ရုံသည်းခံခြင်းမျိုးလောက် မရှိပဲ လာမလုပ်နဲ့ဘုရား

  • Heinn FiveStrings အခုလည်း မီးလောင်သွားတဲ့ သင်္ကန်းတွေ ပြန်ရော်ပေးပြီးပြီပဲမလားဘုရား..။ ဘာတွေ မကျေမနပ်ဖြစ်နေရတာတုန်းဘုရား။

  • Mg Myatthu ဒီလောက်လုပ်ပေးရင် ကျေနပ်ပေါ့ဘုရား တပ်မတော်က ကယ်တင်ပလိုက်မယ်နော် ဘုရား ကယ်ချင်နေတာနော် အခုတောင် ဘပြောင်တို့က ကယ်ပါတပ်မတော် လုပ်ချင်နေတာ ဟစ်ဟစ် ကယ်ပလိုက်ရမလား ဘုရား စုပ်လည်းရူးဘုရား စားလည်း ရူးပလိုက် ဘုရား ဒီဘ၀မှာ ရူးပလိုက်ကြတာ ကောင်းမယ် ဘုရား သွေးကြောင်ကြောင်နဲံ့ဘေးရှောင်နေဘုရားး))

  • Linn Eain Mhuu ဂတုံးရူပ်တာရှင်းရပါတယ် ဒကာရယ် ဆံထုံးဖြည်ပေးနေပါတယ် ဒကာရယ် ဒကာဗိုလ်ကေလုပ်မှ ကိုယ်တော် ဘုံပျောက်ပါမယ် ဒကာရယ် .........

  • Mg Myatthu ဒီမိုကရေစီဘုရား သတ်ချင်ရင်သတ်မယ်ဘုရား ဗုံးနဲ့ထုချင်ရင်ထုမယ် ဘုရား ဒါပဲ ဘုရား

  • Nway Yate တပ်မတော် အမှု ဘုန်းကြီး ကို မပတ်ချင်ပါဘူး ဘုရား...။တပည့်တော်တို့ ပြည်သူတွေကို ပဲ ပတ်ချင်တာဘုရား။

  • Mg Myatthu တပည့်တော်တို့အနေနဲ့ ဒီကိစ္စကို ဘယ်သူမှ မသိခဲပ့ါဘူး ဘုရား ပြည်ထဲရေးက သူ့ဘာသာ လုပ်တာပါ ဘုရား တပည့်တော်က ပြုပြင်ပြောင်းလဲရေးသမားပါ ဘုရား ပစ်ထည့်လိုက်ရမလား ဘုရား

  • Linn Eain Mhuu ဟူးမန်းရိုက်စ်က ဒကာတို့ လက်မှာပါ ဒကာ .....

  • Mg Myatthu ဘာ လူ့အခွင့်အရေး အော်တယ်ဟုတ်လား ပြည်သူကအရေးကြီးတယ် ဟုတ်လား အရှင်ဘုရားက ကွန်မြူနစ်ပဲ ငြှင်းငြှင်း

  • Nway Yate လက်ညှိုးတစ်ချက်ကွေးဖို့ ဦးကျော်လို ဆယ်နှစ်မစောင့်ခိုင်းရတော့ဘူး ဘုရား...။ပြောင်းဝက ပန်းတွေမပွင့်ဘူးဘုရား..။တပည့်တော်တို့ တောင်းပန်တုန်း ဗြောင်းဆန်အောင်ထပ်မလုပ်ချင်ပါနဲ့ဘုရား။

  • Linn Eain Mhuu ဒကာရယ် ဒိုင်းကာနဲ့  ဒိုင်းခနဲ့  ပစ်ပြီးတော့ ......

  • Nway Yate တပ် မတော် သာ အမိ တပ် မတော် သာ အဖ ဘုရား။ ဒီမတော် တာကြီးတွေကိုပဲ တော်နေရတာဘုရား။ တပည့်တော်တို့ အေးဆေးတုန်း အရှင်ဘုရားတို့ အေးဆေးပါဘုရား။

  • Mg Myatthu သံဃာနော် ဘန်ကာမလိုဘူးလို့ ပြောပီးသားပဲဘုရား ဘာလို့ ရေစိုစောင်ကြီး ခြုံနေရတာလည်း ဘုရား နွေးသွားအောင် မီးလေး နဲနဲ့ပဲ တိုက်တာကို ဘုရား

  • Heinn FiveStrings တောင်းပန်တယ်ကွာ တလောကလုံးဗြောင်းဆန်နေတာပဲ..တကယ်ထုခဲ့ပါတယ်ဆိုတာကတော့ လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးဆိုတဲ့ စိုင်းစိုင်းသီချင်း အရှင်ဘုရားတို့ မကြားဘူးဘူးလားဘုရား။ အဲ့ဒါ တပည့်တော်တို့ကို ဂုဏ်ပြုစပ်ဆိုတာဘုရာ့။

  • Mg Myatthu ကယ်တင်ခံချင်လား ဘုရား တပ်မတော်ဆိုတာ မကယ်ခိုင်းလည်း ကယ်တယ်ပါဘုရား အရှင်ဘုရားတို့ ပြောပြောနေတဲ့ ကယ်ပါတပ်မတော် နဲ့ တွေ့ချင်လား ဘုရား လွှတ်လိုက်ရမလားဘုရား စစ်တပ်ဆိုတာ ပစ်ရင်တည့်တည့်ပစ်တယ် မိုးပေါ်ထောင်မပစ်ဘူးနော်ဘုရား (အဲ့ပြောတဲ့လူကြီးကတော့ သေရှာပီလေ)

  • Mg Myatthu တပည့်တော်တို့က သာသနာကို စောင့်သိရိုသေလိုက်နာကာကွယ်နေတဲ့ မင်းကောင်းမင်းမြတ်တွေပါ ဘုရား ဒါပဲ ဘုရား တပည့်တော်တို့က သက်ဦးဆံပိုင် ရှင်ဘုရင်တွေ ဘုရား

  • Linn Eain Mhuu နေသန်းစိန် ပူလောင်ပါတယ် ဒကာရယ် ....

  • Nway Yate ဟ..ဒကာရ အသက်သာ ဦးရင်ဦးမယ်...ငါတို့ရဲ့ ဆံတော့ ဒကာတို့ မပိုင်ပါဘူးဟ..။ ငှဲငှဲ..။

  • Mg Myatthu ဒီမှာ ဘုရား ဆံပင်မပိုင်ရရင် သင်္ကန်းတွေ မီးကျွမ်းချင်လား ဘုရား တက်ထရွန်တွေဆိုတော့ လောင်လွယ်တာပေါ့ ဘုရား တပည့်တော်တို့ အပြစ်မဟုတ်ဘူးနော် ဘုရား ဟဲဟဲ

  • Thaw Zin Htun အစွယ်ကိုလိုသူပေါက်ဖော်များ ... အသွားစေခိုင်းသူ ဘပြောင်ပြောင် လေးပြစ်သူ ကျတော်များရဲသား .. ကြံဖော်ကြံဖက် သုံးကောင်သား အနက်တွေင်မှ ငမိုက်သားမုဆိုးလေ .. နင့်ချည်းပင် တေလေတော့ဟု

  • Thaw Zin Htun :P

  • Mg Myatthu လာကြပန်ပီလား ဘုရား ဇာတ်သံမနှောနဲ့ဘုရား ဆဒ္ဒန်ဆင်မင်းဇာတ်လောက်နဲ့ တတ်မလာနဲ့ဘုရား ပစ်ချလိုက်မယ်နော်ဘုရား လောင်သွားချင်လား ဘုရား

  • Nway Yate လောင် လွယ်မှန်းသိလို့ ချောင်ကွယ်မှာ ကုပ်ကုပ်လေး..ပြ.အဲလေ..ဆန္ဒပြနေတာပါ ဒကာရယ်..ဘယ်နှယ့် ခုတော့ ကြားလို့မှမတော် မြင်လို့မှမကောင်း ရေနဲ့လောင်းပြီး မီးနဲ့မြှိုက်တာ လောင်ရတယ်လို့ကွယ်။။

  • Mg Myatthu ရေပါ၇င် မပူလောက်ဘူး ထင်လို့ပေါ့ ဘုရား ဒါလေးပဲ လုပ်မိတာဘုရားလူ့အခွင့်အရေး မအော်နဲ့ဘုရား လွတ်လပ်စွာဆန္ဒထုတ်ဖောိခွင့်က အိပ်ရာထဲမှာပဲ ရှိတယ် ဘုရား

  • Linn Eain Mhuu ကိုယ်တော်တို့  သင်္ကန်နီ သင်္ကန်းစိမ်း ချိန်းပါမယ် ဒကာ နွားရိုင်းမခွေ့ ပါနဲ့ တော့ ဒကာ ........

  • Thaw Zin Htun ဆဒ္ဒန်ဆင်မင်းဇာတ်မဟုတ်ကြောင်းပါဖျား ။။။။ ဂန္ဒလာရဇ် ကျေးဇူးတော်ရှင် ဇာတ်ပါဖျား ... တောင်ဖြိုတော်မူခန်း နဲ့  တန်ဆောင်တိုင်ပွဲကျင်းပခန်း ရောသွားကြောင်းပါဖျား

  • Nway Yate တပည့်တော်တို့က ထွန်းအိန္ဓြာဗိုလ် ကို အားကျလို့ပါဘုရား...။မီးနဲ့ရေ ဘာကိုရွေးမလဲ ဘုရား..။မြန်မြန်ဖြေဘုရား။။။ပစ်ထည့်မှာနော် ဘုရား။

  • Mg Myatthu ကိုယ်တော်တို့က နီတယ်ဆိုတော့ ကွန်မြူနစ်လားဘုရား မီးနဲ့ရေ ဆိုတာ ခေါင်းဆောင်ကြီးအတွက် ယတယြာ ချေတာ ဘုရား

  • Nway Yate ရေမှုတ်တစ်ဖက် မီးစ တစ်ဖက် မလုပ်နဲ့ဘုရား..။သိကြားမင်းကြီး နကင်းကြီးနဲ့ ဆင်းလာရင်တောင် မှ ထု လွှတ်မှာပဲ ဘုရား။မိုးပေါ်ထောင်ပစ်တာ တပည့်တော်တို့ မဟုတ်ဘူး ဘုရား။ပြဇာတ်ထဲက ဓားပြတွေဘုရား။

  • Linn Eain Mhuu ရှင်လိမ်ပြန် တောခိုတော့မယ် ဒကာ .....

  • Thaw Zin Htun ထွန်းအိန္ဒြာဗိုလ်လောက်နဲ့ တတ်မလားနဲ့ ဘုရား ... ခုက ကိုငဲ သီချင်း မီးမရှို့ နဲ့ ကိုဆိုနေရကြောင်းပါဖျား

  • Mg Myatthu ဘာလဲ ဘုရား လက်နက်ကိုင်မလို့လား ဘုရား ရွာတွေကို မီးရှို့နေတယ်တို့ မိန်းကလေးတွေကို မုဒိန်းကျင့်နေတယ်တို့ ဆိုပီး တပြန်ကြီး အော်လိုက်ရမလား ဘုရား

  • Linn Eain Mhuu စစ်ကိုင်းတောင် တောခိုရင်း ပဒိုင်းသီးသာစားပါတော့မယ် ဒကာ စစ်ခုံရုံးက ချိတ်ပိတ်ထားပါတယ် ဒကာ....

  • Mg Myatthu တောထဲသွားရင်လည်း တပည့်တော်တို့ သစ်ခိုးနေတဲ့ နေရာနားကို မလာနဲ့ဘုရား သစ်ခိုးသမားဆိုပီး ဖမ်းထည့်လိုက်မယ် ဘုရား

  • Thaw Zin Htun ကိုယ်တိုင်မီးရှို့ ပြီး လက်ခမောင်းမခတ်သင့်ကြောင်းပါဖျား

  • Nway Yate မီးလောင်နေတုန်း တောကြောင်တွေ လက်ခမောင်း ခတ်ခိုင်းလိုက်ရမလားဘုရား။

  • Linn Eain Mhuu ဒကာရယ် ပစ်မယ်ဆိုလည်း ပစ်သာထည့်လိုက်ပါတော့ ......

  • Nway Yate ပစ်လိုက်မှ...ဖေ့ဘုတ်ပေါ်က မျက်ရည်စက်များ ဖြစ်ကုန်မယ် ဘုရား။သွေးသံရဲရဲ မကြည့်ရဲလို့ ကိစ္စတစ်ခါတည်း ချောအောင် မီးနဲ့ မြှိုက်တာဘုရား။

  • Thaw Zin Htun ပစ်သာပစ်ခိုင်းပါဖျား ... မထည့်ခိုင်းပါနဲ့ ဖျား သူတို့ က အမိန့် ကို တသွေမတိမ်းလုပ်တတ်တယ်ဖျာ့

  • Nway Yate ကျည်ထည့်တာကို ပြောတာပါ ဘုရား။ဖြည့်တွေးပါ ဘုရား။

  • Thaw Zin Htun တောကြောင်လက်ခမောင်းခတ်ရုံဆိုတော်ပါရဲ့ ဖျား .. မျက်ရည်ယိုအောင် တော့ မီးမရှို့ ပါနဲ့ ဖျား

  • Mg Myatthu စိန်မခေါ်နဲ့ဘုရား တပကည့်တော်တို့ အူးအူးတွေက ဘာမှ ထပ်မပြောသေးလို့ဘုရား ဟွန်း ဒီဘုန်းကြီးကြည့်ရတာ ကယ်ပါတပ်မတော် ကနေ ကယ်တင်တာကို ခံချင်နေပီထင်တယ် ငြှင်းငြှင်း

  • Linn Eain Mhuu တိုင်းပြည်မှာ ထောင်တွေလည်း စုနေပါတယ် ဒကာ ပြည်ထောင်စုထဲမှာ တရားရှာမလို့ ပါ ဒကာ ထည့်လိုက်ပါတော့ ဒကာ နေစရာလည်း မရှိတော့ပါဘူး ဒကာ ........

  • Mg Myatthu ပြည်ထောင်စု ဆိုတာက ပြည်မြို့ကထောင်မှာ လူတွေ စုကုန်တာကို ပြောတာဘုရား မသိရင်မေးဘုရား အထင်နဲ့ ရမ်းမကြိတ်နဲ့ဘုရား

  • Nway Yate နောက်ခါဆို တပည်တော်တို့ မီးမလောင်အောင် ကြက်သွန်နီ ဗုံး ထွင်ပြီးထုပါ့မယ်ဘုရား။လောလောဆယ်တော့ ခန္တီပဲ စ ထားပါဦးဘုရား။

  • Thaw Zin Htun ဖြည့်တွေးရအောင် မြန်မာကားဟုတ်ဘူးဖျား .... ဒါဂန္ဒလရာဇ်ဇာတ်ဖျား .. တကယ်ကိုင်မှာဖျား

  • Nway Yate ကိုင်မှာဆိုရင်တော့ ညင်ညင်သာသာကိုင်ပါ ဒကာတို့ရယ်..။ခု ဒကာတို့ ကိုင်တာကြီးက ကြမ်းထှာ...။

  • Thaw Zin Htun ခန္တှီ ကတော့ထားပါတယ်ဒကာ ... ခက်တာက မုန်လာဥကိုကြက်သွန်နီလုပ်နေကြတယ် ဒကာရဲ့ 

  • Thaw Zin Htun ကြမ်းကြမ်းတမ်းတမ်း အက်ရှင်သာကြိုက်ကြောင်းပါဖျား

  • Mg Myatthu ကိုယ်တွယ်တယ် ဆိုထဲက ကိုင်ပီးရင် တွယ်တာကို ပြောတာဘုရား ဘာသာစကားကို ရှင်းရှင်းနားလည်အောင် ကြိုးစား ဘုရား (ပြန်ပီ ဘုရား အရှင်ဘုရားတို့ ဆက်ပြောထားဘုရား နောက်နေ့မှ ပြန်ပီ သြ၀ါဒ ခံယူမယ် ဘုရား×

  • Thaw Zin Htun ကြည့်ပြန်ဒကာ .... တန်ဆောင်တိုင်ပွဲတော်ဖြစ်သွားဦးမယ် ငိငိ

  • Nway Yate ကိုင်တွယ်ရင် တိုင်ကွယ်ပြီး နေပါ့မယ် ဒကာ။ ခု တုန်းဆို လည်း ကြောက်... ဗုံးဆိုလဲ မှောက် နေရပါတယ် ဒကာ။

  • Nway Yate သေးသေးလေးပဲလား အကြီးကြီးလား..သေးသေးကြီးကြီးလားဘုရား။။။အထက် က ထု ဆို တပည်တော်တို့ ထုရမှာပဲဘုရား။။
  • Thaw Zin Htun ထုဆိုတိုင်းထုရအောင် ကြည့်လုပ်ဒကာ ....

  • Nway Yate တင်ပါ့ ဘုရား..တပည့်တော်တို့က ဘုန်းကြီးတွေ သေချာမှ တည့်တည့် ချိန်ထုတာဘုရား။။။သေသေချာချာ ကြည့်ပြီး သေသေချာချာ ကို ထုတာ ဘုရား။လောင်တာကိုတော့ အပြစ်လာမပြောနဲ့ဘုရား။ကျေနပ်ရင် ကျေနပ် မကျေနပ်လည်း ထုမှာပဲ ဘုရား။တစ်သွေးတစ်သံ တစ်မိန့်ပဲ ဘုရား။သူတို့က ထု ဆို တပည့်တော်တို့က ပုနေလို့ မရဘူးဘုရား။ကွိုင်ကုန်မယ် ဘုရား။

  • Thaw Zin Htun အဲ့တော့ လဲ ခံယုံပေါ့ဒကာရယ် ... ဘယ်တတ်နိုင်ပါ့မလဲ လုပ်ကြပေါ့ ... ရှင်တို့ က ရဲတွေကိုး

  • Nway Yate ဘုန်းဘုန်း မာယာ မျက်ရည်လောက်တော့ ပျင်းသေးတယ်..ပျင်းတောင်ပျင်းသေးတယ် ဘုရား။ကန်တော့ပါရဲ့ ဘုရား။ရုတ်ရုတ်တော့ မလုပ်နဲ့ ဘုရား...ကျော်ရဲအောင်လို အုတ်ချပ်ခဲမဟုတ်ဘူးဘုရား။ မျက်ရည် လောင် ဗုံး ဘုရာ့...။

  • Thaw Zin Htun မျက်ရည်ယိုဗုံးပါ ဒကာရယ် .... ဦးဇင်းတို က ကိုယ့်ဘာသာကို မီးရှို့ လိုက်ကြတာပါ ... တကယ်က ချစ်လို့ ကြီစယ် ပြီး ဖျောင်းတိုင်လေးထဲ့လိုက်တာကို ဦးဇင်းတို့ က အမှုကြီးအောင်လုပ်မိတာပါကွယ် .. (အဲ့လိုမှမပြောလို့ မဖြစ် )

  • Nway Yate ဘုန်းဘုန်းတို့ကလည်း ဘုရား..။ဒီအရွယ်ကြီးတွေမှ ဆော့စရာလား ဘုရား။ခုတော့ လူပြောသူပြောဖြစ်ကုန်ပြီဘုရား။လေသံကြား ဖမ်းတရားနာကြပြီဘုရား။ပြောပြောက စောလိုက်ပါ့လား ဘုရား။တန်ဆောင်တိုင်ဆိုပြီး ဗျောက်တွေ ဖောက်တာကို ပြောကြတာက မီးလောင်ဗုံးတဲ့ ဘုရား။ဆော့ချင်လည်း အသံတိုးတဲ့ ပေသီးလောက်နဲ့ပဲဆော့ပါဘုရား။မီးလည်း မလောင်ဘူးပေါ့ ဘုရား။

  • Thaw Zin Htun တိပုလေကွယ် .... ဦးဇင်းက လဲ ပေသီးမှတ်လို့ ဆော့လိုက်တာပါ .... ခက်တာကဗျောက်အိုးဖြစ်သွားတယ်ကွဲ့  အဲ့ဗျောက်ကလဲတစ်သက်မမြင်ဖူးပေါင် မီးခိုးလေးတွေပဲထွက်တာပါတဲ့သူတို့ ပြောတော့ ... ပြီးတော့ အဟင့် .. ညာတယ် .. လူဆိုး

  • Nway Yate အရှင်ဘုရားတို့က မီးလေး မဆိုစလောက် အလောင်ခံရတာပါ ဘုရား။တပည့်တော်တို့က လူလယ်ခေါင်ကြီးမှာ တောင်းလည်းတောင်းပန်ရသေးတယ် အလှောင်ခံရတယ်ဘုရား။ လောင်တာနဲ့ လှောင်တာ ဘယ်ဟာ ပိုဆိုးတယ်ဆိုတာ အရှင်ဘုရားတို့လည်း သိမှာပေါ့ဘုရား။ ရန်သူမျိုးငါးပါးထဲက မီးကလောင်လည်း ဆေးကုလို့ ရတယ်ဘုရား။ ခုတော့ တပည့်တော်တို့က အလှောင်ခံလိုက်ရတာဘုရား။တပည့်တော်တို့ သောက်ခွက်..အဲ..တပည့်တော်တို့ မျက်နှာ ဘယ်နား သွားကပ်ထားရတော့မလဲ ဘုရား။ကြုပ်ကြတ်လဲ လိကြပါ ဘုရား။ဘယ်နှယ့်..။

  • Thaw Zin Htun ထားဈာမရှိ မိန်းကလေးအိမ်သာထဲသွားထဲ့ထားဒကာရဲ့ ငိငိ .. မဆိုစလောက်ပါကွယ် .. တစ်သက်ဒုက္ခိတ ဖြစ်ယုံလေး

  • Nway Yate မိန်းခလေး အိမ်သာထဲဆို တော့ မဆိုးဘူး ဘုရား။အကြံကောင်းပေးတာတော့ ကျေးဇူးတင်ပါရဲ့ ဘုရား။ဒါပေတဲ့ ကျေးဇူးက ကျေးဇူး ဘုရား..။ထုရမှာက ထုရမှာပဲ ဘုရား။

  • Thaw Zin Htun ဘယ်လိုပြောပြောမလွတ်ပါလားကွယ် ရီု့  ... တယ်လဲစွမ်းတဲ့ ကျေးဇူးရှင်ပေါက်ဖော်တွေပါလားကွယ်

  • Nway Yate ဆွေမျိုးညာတိ မောင့်မိဘ တွေပါ ဘုရား။ပေါက်ဖော်လို့ မခေါ်သင့်ပါဘူး ဘုရား။အဲ့လို ခေါ်ရင် ရိုင်းတယ် ဘုရား။ဂန္ဒလရာဇ် ကျေးဇူးရှင်တွေပါဘုရား။ပြင်ခေါ်ရင်ခေါ်ဘုရား။ ထုရတော့မလား ဘုရား။

  • Thaw Zin Htun မထုပါနဲ့ ဒကာရယ် .... ဂန္ဒလာရဇ် ကျေးဇူးရှင်တွေပါ ... ဂန္ဒလာရဇ် ကျေးဇူးရှင်တွေပါ ... ထုမယ်ဆိုတာကြီးပဲ ... ငါနော်

  • Nway Yate တပည့်တော်တို့က စိတ်ကြီးတယ် ဘုရား။ ထု ဆို ထုရမှ..။မထု ရရင် စိတ်ထဲ တစ်မျိုးကြီးရယ် ဘုရား။ဒီတစ်ခါ ထုလိုက်ရရင်တော့ မိုးတိမ်ထဲ ၀ဲ ပဲ ဘုရား။

  • Thaw Zin Htun အရေးထဲ လေးဖြူနဲ့ တွေ့ နေသေးတယ် မိုးတိမ်ထဲဝဲ ဆိုပဲ .... ဦးဇင်းတို က တော့ မီးမရှို့ နဲ့  လေးပဲဆိုပါရစေကွယ် တကယ်ထုတယ်ဟ

  • Nway Yate မီးမရှို့ပါဘူး ဘုရား။မီးလောင်တိုက်လေးပဲ သွင်းမိတာပါဘုရား။မီးရှို့တယ်လို့ မပြောနဲ့ဘုရား..၀ တို့ စိတ်အားကြီး ဆိုးတယ်ဘုရား။

  • Thaw Zin Htun ဖျားဖျား... မှားပါတယ် ဒကာရယ် .. မွှားပါတယ် .... ချစ်လို့ မီးလေးနဲ့ ကြည်စယ်တာပါ ... ဟုတ်ပြီလား အဟင့် တော်ကြာထပ်ထုမှဖြင့် ...

  • Nway Yate ကြည်စယ်တယ်လို့မပြောနဲ့ဘုရား။အရှင်ဘုရားတို့က ခုချိန်ထိတောင်မှ တပည့်တော်တို့ စေတနာကို နားမလည်သေးဘူး ဘုရား။တပည့်တော်တို့က မီးနဲ့ပူဇော်တာပါဘုရား။ဘုန်းဘုန်းတွေကို ကြည်စယ်ရင် ငရဲတွေ ကြီးကုန်တော့မှာပေါ့ဘုရား။မကြည်စယ်ရဲကြောင်းပါဘုရား။

  • Thaw Zin Htun တော်ပါပြီကွယ် ...ဒကာတို့ ကိုပဲဘုရားပြန်ထုးပါတော့မယ် .. အဟင့်

  • Nway Yate ခုမှ လာမဖားနဲ့ ဘုရား။အရင်ထဲက ခေါ်နေကြတာတွေရှိတယ်ဘုရား။အရွဲ့တိုက်တယ်ဆိုပြီး အမိန့်ကျလာလို့ ထပ်ထုရမယ့် ကိန်းတွေ မပြောပါနဲ့ ဘုရား။

  • Thaw Zin Htun ဂယ်ကြောက်ပါပြီကွယ် ... တော်ပြီ .. နောက်ဆို ကျောင်းပေါ်ကမဆင်ူးတော့ဘူး .. ဒါလဲပြောမျပု ... ကျောင်းပေါ်ထိတက်ထုရင်ထုမှာ

  • Nway Yate အဲ့ဒါ တပည့်တော်တို့ကို အထင်သေးတာပဲ ဘုရား။ကျောင်းပေါ်ထိ တက်ထုစရာမလိုဘူး ဘုရား။ဘူဒိုဇာတွေ ဘာလုပ်ဖို့ထားသလဲ ဘုရား။မြေလှန်တယ်ဆိုတာ ဒီခေတ်မှာ အလွယ်လေးဘုရား။

  • Thaw Zin Htun ဟေ ဟေ ... အာ့တော့လုပ်နဲ့ လေကွယ် .... ထိုင်ကန်တော့ရမဲ့ပုံပဲ

  • Thaw Zin Htun ဦးဇင်းတို့ ကန်တော့တာလောက်ဂရုမစိုက်ပါဘူးဒကာ တို့ က .. ဒကာတို့ ကိုကန်တော့နေတာတွေချိဒယ်ဟုတ် မှန်မှန်ကြော

  • Nway Yate ဘယ်လိုမှ မကန်တော့ပါနဲ့ ဘုရား။အဲ့ဒါလည်း ပြစ်မှုပဲဘုရား။အမှုတွေ သေးအောင် ရှို့ပစ် ဖျောက်ပစ်နေတာ မရွဲ့ပါနဲ့ ဘုရား။

  • Thaw Zin Htun ဘယ်အပေါက်ကမှမလွတ်ပါလားကွယ် တောထွက်တော့မှပဲ ... တောလဲဒကာတို့ လုပ်တာ ပြုန်းနေပါပြီ

  • Nway Yate အေးချမ်းမေလို တစစီ ကျိုးပဲ့ သွားချင်လို့လားဘုရား။အာဇာနည်လို ပင်လယ်ကိုမှောက်ကာ သွန်ပစ်လိုက်ရမလားဘုရား။ဟာနုမာန်လို သိမ်းဃိုပြည် မီးနဲ့တက်ရှို့ရမလားဘုရား။

  • Nway Yate မင်း..ထုချင်တယ်ဆို ထုလိုက်ပေါ့...မင်း ပစ်ချင်တယ်ဆိုပစ်လိုက်ပေါ့...။ဒီလူ ကုန်းလို့ ကန်တော့ပါ့မယ်။ဒါတွေဟာ ၀တို့ကို ချစ်လို့...။ကျောကုန်းမှာ မီးလောင်ရာများ...။ :P:P

  • Thaw Zin Htun လုပ်ကြပေါ့ကွယ် ... လုပ်ကြ .. အဟင့် ခုတော့ကျိန်းစက်ပြီ ... တာ့ာာာာာာာာာာာ

  • Nway Yate တစ်နေ့တော့...ပြန်တွေ့မှာပေါ့...နောင် တစ်နေ့တော့ ပြန်တွေ့မှာပေါ့...(ချစ်သုဝေလေးနဲ့ တို့လည်း အိပ်ပြီ..။ )

  • Thaw Zin Htun တွေ့ မှာပါ ပူနဲ့  .. ခိခိ .. နာကတော့ ၀တ်မှုန်လေးနဲ့ ငိငိ

  • Nway Yate ငိငိ...ချီးယူ...

  • Thaw Zin Htun နီလဲယူ

  • Nway Yate ယူဝူး။။ရုတ်ရုတ်မလုပ်နဲ့နော် ထုပစ်ရမလား..ပြော..။

  • Thaw Zin Htun မလုပ်နဲ့ 

  • Thaw Zin Htun အိပ်ခါနီးလေး မှ ဆင်ပြောင်ကြီး အမြီးကျမှတစ်နေဦးမယ် ကောင်းကောင်းအိပ်တော့

  • Nway Yate :P

  • Linn Eain Mhuu Mg Myatthu အချက်အလက် အကုန် ကူးယူပါ အထက်ကို တင်ပြပါ သထ္ထုဆက်လက်တူးဖော်ပါ Heinn FiveStrings သာသနာညှိုးနွမ်းမှုနဲ့  နိုင်ငံတော် ၀န်ထမ်းကောင်းများ သိက္ခာချမှုအတွက် အော်လွှတ်ပြီး အပေါ်ဖုံးထားပါ တရုတ်ကို တုတ်ထိုးရောင်းဖို့ အတွက် အမဲသားဈေးများလည်း ကြီးကြောင်း ခွေးတွေကလွဲ၍ လူမသိစေရ ပုဒ်ထီး၊ပုဒ်မ ချ၍ ကုရင်ပျောက်တဲ့ ကုလသမဂ္ဂသို့  စာချွန်ပို့  ကျူပ် Linn Eain Mhuu မှ ဆေးရုံရောက် သံဃာများအား ပလစ်စတစ် လောင်သောအသားများအတွက် အက်စစ်ကုထုံး ဓါတုဗေဒ နည်းအရ ယားနာဆေးများနှင့်နွားရိုင်းမခွေ့ ခင် အရောင်ပြောင်းရန် သင်္ကန်းစိမ်းများ သွားရောက် လှူဒါန်းပါမည် ... ပုံ အထက်ဆင် အမိန့်  နေသန်းစိန်

  • Mg Myatthu တို့ဗမာတွေ ရဲစွမ်းပြမည် အာဇာနည်ပီပီ သံဃာတော်များ မီးသင့်ပေမယ့် ဇွဲ့ကမလျော့လေပြီ ။ အမျိုးယုတ်တဲ့ ရာဇ၀င်မှာပင်ရိုင်းသည် လူရမ်းကားများ ထွန်းကားသည် တီတီ

  • Linn Eain Mhuu လောလောဆယ် Mg Myatthu သတင်းထောက်လိုလို မှတ်တမ်းတင်လိုလို မိုးကြာညို မိုး ကို ကိုလိုနီခေတ်ကအတိုင်း ခြောက်ပေါက်ခေါ် ထိပ်တုံးနဲ့ ခတ် လှေဝမ်းဖောက်ပြီး မြစ်ထဲ အရင်မျောလိုက်ဗျာ ......

  • မိုးကြာညို မိုး ဒီလောက်ဆို အဆုံးသတ်ပြီထင်ပါ့.... notes လုပ်လိုက်ပါတော့မယ်ချင့်
  • Mg Myatthu လုပ်ပလိုတော့ တော်ပီ ဒီလောက်ဆို ဟိဟိ
  • Linn Eain Mhuu ကြံသကာများနဲ့ ပုရွတ်ဆိတ် ....
  • Mg Myatthu ဒီမို လက်ပန်းတောင်း သြ၀ါဒ ခံယူမှု အရှုပ်တော်ပုံ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...