သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁၂)
သစ်ထူးလွင်
|
- ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မိန့် ခွန်းပြောကြား
- မြန်မာချုပ်အထည်တွေ အမေရိကန်ပို့ဖို့ ကြိုးပမ်း
- အီဂျစ်သမ္မတက သမ္မတ အခွင့်အာဏာ အမိန့်ကို ရုတ်သိမ်း
- ဆေးလိပ် နဲ့ ကွမ်း အန္တရာယ်
- ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
- နိုင်ငံရေး ဆွေးနွေးအဖြေရှာဖို့ အီဂျစ်စစ်တပ် သတိပေး
- ဒေါ်အောင်ဆန်းစုကြည် နတ်မောက်မိန့်ခွန်း အပိုင်း(၁) ရုပ်/သံ
- ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသား တပ်ဦး သဘောတူညီမှု အချို့ရရှိ
- ရခိုင်ပြည်နယ် ပဋိပက္ခ ကြိုးကိုင်သူများကို ပြည်သူလူထုထံ အသိပေးမည်
- တွေ့မရှောင်နှင့် မာဆွတ် ပထမဆုံး အကြိမ် တွေ့ဆုံမည်
- ကချင်ဒုက္ခသည် များကို ထောက်ပံ့ရန် UN တောင်းဆိုမှု ခွင့်ပြုချက် မရ
- ဘုရားမီး ပူဇော်ရာမှ ဘုန်းတော်ကြီးကျောင်း မီးလောင်
Posted: 08 Dec 2012 08:55 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မကွေးမြသလွန် ဘုရားဝင်း အတွင်း ယနေ့ နံနက် မနက် ၇နာရီ ၄၅မိနစ်တွင် မိန့်ခွန်း စတင် ပြောကြား ခဲ့ပြီဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရေနံချောင်းမြို့နှင့် ကျောက်ပန်းတောင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၅နာရီကျော်အချိန်တွင် ညောင်ဦး လေဆိပ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ဒီဗွီဘီ
| ||
Posted: 08 Dec 2012 08:49 PM PST
မြန်မာနိုင်ငံချုပ် အထည်တွေ အမေရိကန်ကို ပို့နိုင်ဖို့အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေက အမေရိကန် နိုင်ငံကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံက ပို့ကုန်တွေကို ပိတ်ဆို့ထားရာက လျော့ပေါ့ပေးမယ့်အကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Dec 2012 08:33 PM PST
အီဂျစ် နိုင်ငံမှာတော့ သမ္မတ မိုဟာမက် မော်ဆီက ပြီးခဲ့တဲ့ လက သူ ပြဌာန်းခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို တရားရေး ဘက်ကတောင် ဝင်စွက်လို့ မရတဲ့ အမိန့် ဒီကရီကို ပြန်လည် ဖျက်သိမ်းလိုက် ပါတယ်။ ဒါပေမယ့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းနဲ့ ပတ်သက်တဲ့ ဆန္ဒခံယူ ပွဲတွေကိုတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Dec 2012 01:30 PM PST
ဆေးလိပ်သောက် ကွမ်းစားခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ အကြောင်းကို လင်းလက်ကြယ်စင်က တင်ဆက် ထားပေးပါတယ်။
အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Dec 2012 10:13 AM PST
ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံ ရှင်းလင်းပွဲကို စနေနေ့က ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ ကျင်းပခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ရခိုင်ဒေသ အခြေအနေတွေကို ဓါတ်ပုံတွေနဲ့ တကွ ရှင်းလင်း ပြောပြသွားခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Dec 2012 10:03 AM PST
အီဂျစ် နိုင်ငံမှာ ရှိတဲ့ ပြိုင်ဖက် နိုင်ငံရေး အင်အားစုတွေ အကြား ကွဲလွဲချက် တွေကို တွေဆုံ ဆွေးနွေးတဲ့ နည်းနဲ့ အဖြေရှာ မရဘူး ဆိုရင် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာ လိမ့်မယ်လို့ အီဂျစ် စစ်တပ် ကနေ သတိပေး ပြောကြား လိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Dec 2012 09:47 AM PST
မကွေးတိုင်း၊ နတ်မောက်မြို့၊ မကွေး - ပျော်ဘွယ်လမ်း၊ ဗိုလ်ချုပ် ကြေးရုပ်ကွင်း အတွင်း၊ ၉၂နှစ်ပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် လူထု ဟောပြောပွဲ။ (ရိုက်ကူး - ကျော်ဇေယျာဝင်း၊ ကိုသိုက်)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Dec 2012 09:29 AM PST
ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ကြား အဓိက မူကြီးနှစ်ချက် ဖြစ်သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း ချင်းအမျိုးသား တပ်ဦးမှ Pu Thomas Thang Nou က ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Dec 2012 09:22 AM PST
တစ်ကျော့ပြန် ပဋိပက္ခကြောင့် လူပေါင်း၉၀နီးပါး သေဆုံးခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင် လှုံဆော် လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း ချပြအသိ ပေးသွားမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Dec 2012 08:51 AM PST
ရန်ကုန်တိုင်း ဒေသကြီး သိမ်ဖြူ အားကစား ရုံ၌ ဒီဇင်ဘာလ ၁၆ရက်နေ့ တွင် ကျင်းပမည့် ဒဂုံ ရွှေအောင်လံ ပထမ တန်း ဆီမီး ဖိုင်နယ်တွင် ကမ္ဘာ့ မွေထိုင်းနှင့် အီရန်နိုင်ငံ၏ မွေထိုင်း ချန်ပီယံ မာဆွတ်မှာ တွေ့မရှောင် နှင့် ပထမဆုံး အကြိမ် ထိုးသတ် ရမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦး ဖြစ်သည့် ဦးဝဏ္ဏက ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Dec 2012 08:39 AM PST
မြန်မာ အစိုးရ ထိန်းချုပ် နယ်မြေ ပြင်ပရှိ ကချင် ဒုက္ခသည် လေးသောင်း နီးပါးကို အရေးပေါ် ထောက်ပံ့မှု ပေးရေး အတွက် UN တောင်းဆိုမှု အား ငါးလကျော် ကြာမြင့် သည့်တိုင် အစိုးရက ခွင့်ပြုချက် မပေးသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေးရုံး (UNOCHA) လက်ထောက် အတွင်း ရေးမှူး Ms. Baroness Valerie Amos က ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Dec 2012 08:00 AM PST
ရွှေပြည်သာ မြို့နယ် စက်မှုဇုန် ဘူတာရုံး အနီးရှိ ဘုန်းတော်ကြီး ကျောင်းတွင် ယခုလ ၇ရက်နေ ညက ဘုရားမီး ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ဒေသခံ များနှင့် မျက်မြင် များ၏ ပြောကြားချက် အရ သိရသည်။ ရွှေပြည်သာ မြို့နယ် ၁၂ ရပ်ကွက်ရှိ ပါရဂူ ဘုန်းတော်ကြီး ကျောင်း၏ ဆွမ်းစား ဆောင်တွင် ဒီဇင်ဘာလ၇ရက်၊ ည၈နာရီ ၄၃မိနစ်က----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment