Tuesday, December 25, 2012

ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်သို့ အဆင်းတွင် ပျက်ကျ၍ လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် မြန်မာဧည့်လမ်းညွှန် တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ

http://www.news-eleven.com/ မှ ကူးယူဖေါ်ပြပါသည်...
WEDNESDAY, 26 DECEMBER 2012 07:10
1
ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်အား ပျံသန်းလာသော Air Bagan လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှဟဲဟိုး လေဆိပ်သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး၊
အဆိုပါလေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် အသက် ၃၇ နှစ်အရွယ်ရှိ ဧည့်လမ်းညွှန် မနွဲ့လင်းရှိန် သေဆုံးခဲ့ကာ ခရီးသည်ခုနစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦး အပါအ၀င် စုစုပေါင်းကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရ ရှိပါသည်။
ယင်းပြင် အဆိုပါလေယာဉ် ပျက်ကျပြီး ကားလမ်းမပေါ်သို့ ဖြတ်သန်းချိန်တွင် မန္တလေး-တောင်ကြီးကား လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးအနက်မှ တစ်ဦးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ၊ ၅၀ မိနစ်ခန့်က အဲပုဂံလေကြောင်း ခရီးစဉ်အမှတ် W9-011၊ လေယာဉ်အမှတ် XY-AGC ၊ လေယာဉ် အမျိုးအစား F-100 သည် မန္တလေး လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ အရှေ့အနောက် ကန့်လန့်ဖြတ် သွယ်တန်းထားသော ကလော-အောင်သပြေ ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး သစ်ပင်တန်းကို ဆက်လက် ၀င်ရောက်တိုက်မိကာ မြေပြင်ကွက်လပ်သို့ လျောထိုးကျရောက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လေယာဉ်မြေပြင် မြေကွက်လပ်သို့ ကျရောက်ပြီးနောက် လေယာဉ်အဖွဲ့သားများက အရေးပေါ် ထွက်ပေါက်များအားဖွင့်ပေးပြီး ခရီး သည်များအား လေယာဉ်ပြင်ပသို့ ခေါ်ထုတ်ပေးနိုင်ခဲ့ပြီး နှစ်မိနစ်ခန့်အကြာတွင် လေယာဉ်အစိတ်အပိုင်းများမှ စတင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည် ဟု နိုင်ငံပိုင်သတင်းဌာနများမှ ကြေ ညာချက်များအရ သိရသည်။

အဲပုဂံလေကြောင်း ခရီးစဉ်အမှတ် W9-011၊ လေယာဉ်အမှတ် XY-AGC ၊ လေယာဉ် အမျိုးအစား F-100 သည် မန္တလေး လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ အရှေ့အနောက် ကန့်လန့်ဖြတ် သွယ်တန်းထားသော ကလော-အောင်သပြေ ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး သစ်ပင်တန်းကို ဆက်လက် ၀င်ရောက်တိုက်မိကာ မြေပြင်ကွက်လပ်သို့ လျောထိုးကျရောက်ခဲ့ကြောင်း
ယင်းသို့ မတော်တဆမှု ဖြစ်ပွားပြီးချိန်တွင် ပိုင်းလော့နှစ်ဦး အပါအ၀င် ခရီးသည်ခုနှစ်ဦးအား တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။ ကျန်ခရီးသည်များအား ဟဲဟိုးလေယာဉ်ကွင်း၌ ခေတ္တထားရှိခဲ့ကာ ယင်းနေ့ ညနေပိုင်းတွင်မှ Air Bagan လေကြောင်းလိုင်းနှင့် Asian Wings  လေကြောင်းလိုင်းမှ လေယာဉ်များဖြင့် ဟဲဟိုးမြို့မှ ရန်ကုန်မြို့သို့သွားရောက် ခေါ်ယူပေးခဲ့သည်။
လေယာဉ် မတော်တဆမှုဖြစ်စဉ်တွင် ရှင်သန်လွတ်မြောက်လာခဲ့သူ အများစုမှာ အထိတ်တလန့်ဖြစ်ခဲ့ခြင်း၊ အနည်းငယ်ပွန်းပဲ့ ဒဏ်ရာရခြင်းများ ရှိခဲ့ခြင်းကြောင့် Air Bagan လေ ကြောင်းလိုင်းမှ ၄င်းတို့၏နေအိမ်နှင့် တည်းခိုရာဟိုတယ်များသို့ တိုက်ရိုက် မပြန်စေဘဲ ၀ိတိုရိယဆေးရုံကြီးတွင် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီးမှသာလျှင် ခရီးသည်များသွားလိုရာသို့ Air Bagan လေကြောင်းလိုင်းမှ တာဝန်ရှိသူများ က လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Air Bagan လေကြောင်းလိုင်း၏ လေယာဉ် မတော်တဆမှုတွင် ပါဝင်ခဲ့ပြီး တောင်ကြီးစပ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးခဲ့ရသည့် သူများအား ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး လိုအပ်သည့် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း Air Bagan လေကြောင်းလိုင်း၏ Deputy Director ဒေါ်ဂရေစ့်က ပြောကြားခဲ့သည်။
''ဟဲဟိုးလေဆိပ်ကနေ ထိခိုက် ဒဏ်ရာရမှုမရှိဘဲ ရန်ကုန်ကိုပြန်လည် ပို့ဆောင်ပေးခဲ့တဲ့ ခရီးသည်တွေကို ၀ိတိုရိယဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဟိုတယ်ကို ပို့ဆောင်ပေးခဲ့ပြီးပါပြီ။ သူတို့အကုန်လုံး က ဆေးရုံတက်ပြီး ကုသဖို့မလိုတဲ့အတွက်ပါ။ တောင်ကြီးစ၀်စံထွန်းဆေးရုံ ကပြောင်းရွှေ့လာတဲ့ ခရီးသည်တွေနဲ့ လေယာဉ်မှူးတွေကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးပြီး ကုသမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်'' ဟု ဒေါ်ဂရေ့စ်က ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရဌာန တစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ''အခုအချိန်မှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက အရင်နှစ်တွေကထက် အများကြီး ပိုလာနေကြတဲ့အချိန်ဖြစ် ပါတယ်။ အခုလို အခြေအနေကာလမျိုးမှာ လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ရင်တော့ ကောင်းမွန်တဲ့လေယာဉ်တွေ၊ ကျွမ်းကျင်တဲ့ လေယာဉ်မှူးတွေ အများကြီး လိုအပ်မှာပါ။ အခုဖြစ်သွားတဲ့ဖြစ် စဉ်မှာ လေယာဉ်ပေါ်မှာ ပါတဲ့လူစာရင်းကို တစ်နာရီကျော်တဲ့အထိ အတိအကျမသိရဘူး။ ဒါကြောင့်လေဆိပ် တစ်ခုနဲ့တစ်ခု ဆက်သွယ်ရေးစနစ်တွေ မှာ ခေတ်မီဖို့ အထူးလိုအပ်ပါတယ်'' ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန်အတွက် ၁၉၃၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လေကြာင်းအက်ဥပဒေ ၇၅  အရ လေကြောင်းပို့ဆောင်မှု ညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းနှင့်အဖွဲ့ဝင် လေးဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် Air Bagan လေကြောင်းလိုင်း၏ Deputy Director ဒေါ်ဂရေစ့်က ''ကျွန်မတို့အနေနဲ့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှု တွေလုပ်နေပါတယ်။ အခုချိန်မှာ ကျွန်မတို့ လေကြောင်းလိုင်းအနေနဲ့ ပြောနိုင်တာက ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကိုရော၊ ပစ္စည်းဆုံးရှုံးခဲ့ရသူတွေ အားလုံးအတွက်ကို Air Bagan လေကြောင်းလိုင်းက တာဝန်ယူဖြေရှင်း ပေးသွားမှာပါ''ဟု ပြောပါသည်။
ဆက်လက်သိရှိရသော သတင်း များအရ စ၀်စံထွန်းဆေးရုံတွင် တက်ရောက်ကုသခဲ့ရသော ခရီးသည် ၁၁ ဦး အနက်မှ အမေရိကန်နိုင်ငံသား ခရီးသည်နှစ်ဦးအား အမေရိကန်နိုင်ငံ သံရုံး၏ တောင်းဆိုချက်အရ ဟဲဟိုးလေ ဆိပ်မှတစ်ဆင့် အဲပုဂံလေကြောင်းလိုင်း၏ အထူးလေယာဉ်ဖြင့် ဘန်ကောက် မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်ပျက်ကျမှုအား ဟဲဟိုးရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၂ ၊ ၁၇/ ၂၀၁၂ တို့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
2
3
4
5
6
7
8
9
ကိုယ်တွေ့ကြုံသူများ၏ ပြောစကားများ
''လေယာဉ်က ဘီးကျတဲ့အချိန်မှာ ဓာတ်ကြိုးကို စပြီးတိုက်မိတယ်။ မီးကြိုးကရှော့ခ်ဖြစ်ပြီး ဖောင်းကနဲမြည်သွားတဲ့အသံကို ပတ်ဝန်းကျင်က လူတွေ အကုန်လုံးကြားလိုက်ရတယ်။ ပြီးတော့ လေယာဉ်နောက်ပိုင်းက ပွင့်ထွက်သွားတယ်။ နောက်ပြီးလေယာဉ်က ပန်းခင်းထဲကိုကျသွားတယ်။ ကျတဲ့အချိန်မှာ မီးလုံးဝ မလောင်သေးဘူး။ မီးမလောင်သေးတဲ့အချိန်မှာ လေယာဉ်မယ်က ခရီးသည်တွေအကုန်လုံးကို လေယာဉ်ထဲကနေ ဆွဲထုတ်ပေးတယ်။ သူအဲဒီလိုထုတ်ပေးနေတဲ့ နောက် ဆုံးအချိန်မှာ သူ့ဆံပင်ကို မီးဟပ်သွားတယ်။ သူအပြင်ကို ရောက်ပြီး၊ ခရီးသည်တွေ အကုန်လုံးလွတ်ပြီးချိန်ကျမှ လေယာဉ်က မီးလောင်ပြီး ပေါက်ကွဲသွားတယ်။  ကျွန်တော်က လေယာဉ်စပြီး ပျက်ကျလာကစကတော့ ခရီးသည်တွေရဲ့ အခြေအနေကို ဘာမှမမြင်ရဘူး။ အပြင်ရောက်မှသာ တွေ့ရတာပါ။ အဲ့ဒါပြီးတော့ ဒဏ်ရာရတဲ့သူတွေကို အဲပုဂံ လေယာဉ်နဲ့ ခေါ်သွားတာကိုတွေ့ပါတယ်။ ရပ်စောက်မှာနေတဲ့ တိုးဂိုက် အမျိုးသမီးတစ်ယောက်တော့ ဆုံးသွားတယ်လို့သိရတယ်''
ဟဲဟိုးလေဆိပ်မှ တာဝန်ရှိသူတစ်ဦး

''မနက်တုန်းက နှင်းတွေ တအားကျတယ်။ လေယာဉ်ကိုမမြင်ရဘူး။ လေယာဉ်ဆင်းလာတဲ့ အချိန်မှာ ဓာတ်ကြိုးနဲ့တိုက်ပြီး လေယာဉ်နောက်မြီး တစ်ခုလုံးက ပြုတ်ထွက်တော့မလို ဖြစ်သွားတယ်။ မီးမလောင်ခင် နာရီဝက်လောက်အလိုမှာ အသက်ကယ် တံခါးပေါက်ကနေ လှေကားကိုချပြီး ခရီးသည် အကုန်လုံးကို အောက်ကိုချပေးတယ်။ အဲ့ဒီ့လေယာဉ်မယ်လေးက တော်တော်လေးကို တော်ပါတယ်။ ခရီးသည်တွေကို သူဆွဲထုတ်ပေးနေရင်းနဲ့ ၀ုန်းခနဲဆို ပေါက်ကွဲတဲ့အသံကြီးကို ကြားလိုက်ရတယ်။ အဲ့ဒီ့အချိန်မှာတော့ နောက်ဆုံးကျန်တဲ့တစ်ယောက်ကို သူမကယ်နိုင်တော့ဘူးပေါ့။ ပေါက်ကွဲမှု ဖြစ်ချိန်ကျမှ သူက လေယာဉ်ပေါ်ကဆင်းတာ။ သူ့ဆံပင်ကိုမီးဟပ်သွားတယ်။ ခရီးသည်တွေအောက်ကို ရောက်လာတဲ့အချိန်မှာ ကျွန်မက သူတို့အနားကို သွားကြည့်တော့ သူတို့တွေပြောနေကြတာက သေသွားတဲ့ ဧည့်လမ်းညွှန် အမျိုးသမီးကသူ့ရဲ့ ဧည့်သည်ကို အရင်ဆင်းခိုင်းတယ်။ သူ့ဧည့်သည်အောက်ကိုရောက်သွား ချိန်မှာပဲ လေယာဉ်ထဲကို မီးခိုးငွေ့တွေ ၀င်လာတော့ သတိမေ့သွားပြီး မထွက်နိုင်တော့တာ ဖြစ်မယ်လို့ ပြောကြတယ်''  
 ဒေါ်စိုးစိုးလွင် ဟဲဟိုးမြို့မှ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး
'' လေယာဉ်ပျက်ကျမှုမဖြစ်ခင်မှာ မြူတွေက ထူထပ်နေတယ်။ လေယာဉ်က တောင်ကြီးမြို့ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်းကြိုး တွေပေါ်ကို အရင်ဆုံးကျခဲ့ပြီးတော့ လေယာဉ်ကိုယ်ထည်နဲ့ ညပ်ပါသွားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေက လမ်းပေါ်မှာ မောင်းနေတဲ့ ဆိုင်ကယ်တစ်စီးပေါ်က လူတစ်ယောက် ကို ထိမိပြီးတော့ အဲဒီလူဟာ သေဆုံးခဲ့တယ်။ ကျွန်တော်ထင်တာတော့ ဓာတ်လိုက်ပြီး သေတာဖြစ်မယ်။ သူ့ရဲ့မျက်နှာတစ်ခြမ်းက မဲပြီး တစ်ခြမ်းကဖြူနေတယ်။ ပြီးတော့ အပင်တွေကြားထဲဝင်ပြီး တောင်ပံနှစ်ဖက်လုံးကျိုးသွားတယ်။ ပြီးတော့ လေယာဉ်က တရွတ်တိုက်ပါသွားပြီး ထက်ပိုင်းကျိုးသွားတယ်။ အဲဒီမှာ ခရီးသည်တွေ က လေယာဉ်ပေါ်ကထွက်လာတယ်။ ပြီးတော့ မီးလောင်သွားတယ်''
ဟဲဟိုးမြို့မှ မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦး
လေယာဉ်ပေါ်တွင်လိုက်ပါလာသူများနှင့် ဒဏ်ရာသူများစာရင်း
Air Bagan လေကြောင်းလိုင်း၏လေယာဉ်အမှတ် XY-AGC ၊ လေယာဉ်အမျိုးအစား F-100 ပေါ်တွင် လေယာဉ်မှူး ကပ္ပတိန်မောင်မောင်ထွေး အပါအ၀င် လေယာဉ်အမှုထမ်းခြောက်ဦး၊ နိုင်ငံခြားသားခရီးသည် ၅၁ ဦး အပါအ၀င် ခရီးသည် ၆၅ ဦး၊ စုစုပေါင်း ၇၁ ဦး လိုက်ပါလာခဲ့သည်။ လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင်ပါလာသော အသက် ၃၇ နှစ် အရွယ် မြန်မာ ဧည့်လမ်းညွှန် အမျိုးသမီး ဒေါ်နွဲ့လင်းရှိန် သေဆုံးခဲ့ပြီး လေယာဉ်မြေပြင်သို့ ရောက်ရှိချိန်တွင် ဆိုင်ကယ်တစ်စီးအား တိုက်မိခဲ့ရာ ဦးပြား ဆိုသူ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်ပျက်ကျမှုတွင် ဒဏ်ရာရရှိသူ ခရီးသည်ခုနစ်ဦးနှင့် လေယာဉ်အမှုထမ်းနှစ်ဦးတို့မှာ
၁။       LOKOS/ ALLAN MR မစ္စတာ အဲလန်လိုကော့စ် (အမေရိကန်)
၂။       WEISS/ SUSANNA CHOJNIC မစ္စဆူဆန်နာစီဝေ့စ်(အမေရိကန်)
၃။       KO SOE MOE THU ကိုစိုးမိုးသူ(မြန်မာ)
၎။       EVELYNE/MOR MS မစ္စမောအယ်ဗလင် (အင်္ဂလန်)
၅။       MA TOE TOE KHIN မတိုးတိုးခင်(မြန်မာ)
၆။       MA KHIN AYE HLAING မခင်အေးလှိုင်(မြန်မာ)
၇။       HUN CAUN LU မစ္စတာဟန်ကျောင်းလူ (ကိုရီးယား)
 လေယာဉ်မှူးနှစ်ဦး
Capt MAUNG MAUNG HTWE လေယာဉ်မှူး မောင်မောင်ထွေး
F/O NAY LIN HTUN တွဲဖက် လေယာဉ်မှူး နေလင်းထွန်း
၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် မတော်တဆမှုဖြစ်စဉ်များ
နေ့စွဲလေယာဉ်အမျိုးအစားလေကြောင်းလိုင်းလေဆိပ်သေဆုံးသူဦးရေ
၁၆/၆/၁၉၈၈Fokker F-27မြန်မာ့လေကြောင်းပူတာအို
၀၃/၀၂/၁၉၈၉Fokker F-27မြန်မာ့လေကြောင်းမင်္ဂလာဒုံ၂၆
၀၆/၁၀/၁၉၉၃Fokker F-27မြန်မာ့လေကြောင်းကော့သောင်း-
၂၄/၇/၁၉၉၆Fokker F-27မြန်မာ့လေကြောင်းမြိတ်
၂၇/၁/၁၉၉၈Fokker F-27မြန်မာ့လေကြောင်းသံတွဲ၁၆
၂၄/၈/၁၉၉၈Fokker F-27မြန်မာ့လေကြောင်းတာချီလိတ်၃၆
၀၂/၀၇/၁၉၉၉Fokker F-27မြန်မာ့လေကြောင်းစစ်တွေ
၁၃/၈/၁၉၉၉Fokker F-28မြန်မာ့လေကြောင်းမင်္ဂလာဒုံ-
၂၉/၈/၂၀၀၇Fokker F-28မြန်မာ့လေကြောင်းထားဝယ်-
၁၉/၂/၂၀၀၈ATR-72-212Air Baganပူတာအို-
၀၆/၀၆/၂၀၀၉Fokker F-28မြန်မာ့လေကြောင်းစစ်တွေ-
၁၇/၂/၂၀၁၂ATR-72-212AAir KBZသံတွဲ-
၂၅/၁၂/၂၀၁၂Fokker 100Air Baganဟဲဟိုး၁+၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...