Monday, November 19, 2012

လက်ရှိ နိုင်ငံရဲ့ အခြေအနေ။

Naythit NT's photo.
မြန်မာပြည်လက်ရှိအနေအထားကတော့ 'ကလေးကထူ အကြွေးကပူ ဘေးကလည်းမကူ အယူသာရှိ ' ဆိုတာ နဲ့ကွက်တိဖြစ်နေပါတယ် / အဲဒါဟာ အိမ်ရှင်နွမ်းပါးနေတယ် နိမ့်ကျနေတယ်ဆိုတာကိုပြတာပါ.. အိမ်ရှင်နွမ်းပါးနေတဲ့အချိန် လာရောက်အားပေးတာဟာ စိတ်ထာ
းမှန်တဲ့ဧည့်ကောင်းပါပဲ ...


မည်သို့ပင်ဖြစ်စေ အမေရိကန်သမ္မတကြီးအိုဘားမားလာလည်တာဟာ ဂုဏ်ယူစရာပေါ့ဗျာ အိမ်ပေါ်တက်ပြီး ရှိတာခိုးမယ့် အိုးလှန်စားမယ့် အိမ်နီးချင်းယောင်ဆောင်ပီး အလစ်မှာရှိတာအကုန်ခို
းမယ့် အကောင်တွေထက်စာရင်တော့ သူဟာကြိုဆိုရမယ့် ဧည့်သည်လို့မပြော နိုင်ရင်တောင်မှ .. ဧည့်ဆိုးတော့မဟုတ်ပါဘူး...........



တခုတော့ရှိပါတယ်ခင်ဗျ အိုဘားမား ပြန်သွားတာ ဖင်တောင်မပူသေးဘူး လေယဉ်တောင်မြန်မာ့ လေပိုင်နက်ထဲမကျော်သေး .. လယ်သိမ်းမြေသိမ်းယာသိမ်း ကိစ္စ ဆန္ဒထုတ်ဖော်မှုတွေဟာလည်း ဆက်တိုက်ဆိုသလို ဆက်လက်ဖြစ်ပွားနေခဲ့တယ်........

အဲလိုပဲ ... ကိုယ်နဲ့ရင်းပြီးရှာစားနေရတဲ့ ညပျောက်မလေးတွေကလည်း ဆေးဆိုးပန်းရိုက်မျက်နှာတွေနဲ့ေ ဖာက်သည်ရှာရင်း ၀မ်းစာအတွက်ရုန်းကန်မြဲ ..

ပလတ်စတစ်ကောက်ရတဲ့လူမမယ်လေးကလည်း အမှိုက်ပုံတကာ့အမှိုက်ပုံတွေကိုလိုက်လံသွားရောက်ပီး ညှီစော်တွေ နံယင်တလောင်းလောင်းအမှိုက်ပုံပေါ်ကို တက်ပြီး တ၀မ်းတခါးအတွက်ရှာဖွေနေမြဲ...........

စပယ်ရာကောင်လေးက လည်း ဆဲဆိုတုတ်ထောင်းပြီး ကားတွေကျော်တက်သွားရင် မအေ- တဲ့ဟာတွေ ကလည်းေ-ာက်စည်းကမ်းမရှိဘူး .. ဒီနေ့ အုံနာကြေးတောင်ရပါ့မလား ဟားအကိုတို့အမတို့ရယ် ဒီအပေါက်လေးနဲ့လုပ်စားရတာ အပေါက်ပိတ်ရင်တယောက်အဆိတ်ဟိုးအနောက်မှာဘောလုံးကန်လို့ရတယ် အင်းပိုက်ဆံလေးရေကြည့်မှ ငါးတဆယ်ဆယ့်ငါးနှစ်ဆယ်.. ဟူးးး အုံနာကြေးတောင်မရသေးဘူး ညဖက်ထပ်ဆွဲရမယ်........


ဆိုက်ကားသမားလေးကလည်း ကလင်ကလင် ဖယ်ပေးကြပါ နော် ဒီမှာက မော်တော်ပီကယ်နဲ့အပြိုင်မျက်စိလျင်နေရတဲ့အထဲ ..လူတွေကလည်းခက်ပဲ သူများတွေဘယ်လိုလုပ်စားရလဲနားမလည်ဘူး အမကြီးရယ်ဒီခရီးက ၅၀၀ကျတာ ပိုမတောင်းပါဘူးဗျာ တနေ့လုံး ကျောကွဲအောင်နင်းတာတောင် ၀ါးဒီးမမှန်ချင်ဘူး ဗျာ...


စက်ရုံအလုပ်သမလေးတွေကလည်း ထိုင်းမှိုင်းလေးကန်တဲ့ခြေလှမ်းတွေနဲ့ ..မနက်နေထွက်ကနေ နေ၀င်အထိ ပူစပ်ပူလောင် အခန်းထဲမှာတကုပ်ကုပ်အလုပ်ကလေးတွေရှုပ် အထည်တွေချုပ်ရင်း အနာဂတ်ကိုမှန်းဆတော့လည်း ဘေးပတ်လည် စက်ရုံနံရံထူထူကြီးတွေက ခြောက်လှန့်နေမြဲ အမှောင်ပိတ်နေမြဲ....


ထောင်နံရံခြေကန်ပြီး..... တတ်ခေါက်ရင်း. . ပြင်ပကလေကောင်းလေသန့်လေးရှုရှိုက် မိသားစုထမင်းဝိုင်းလေးနဲ့ကြုံပြီး သားဒီတခါအမေ့ကိုမငိုစေတော့ဘူးဆိုတဲ့ ဆန္ဒနဲ့အားကိုးတကြီးသူများတွေထွက်သွားပြီ ဘယ်သူတော့လွတ်ပီဟေ့ ဆိုရင် ငါ့အလှည့်ဘယ်တော့လဲဆိုတဲ့မျှော်လင့်ချက် မျက်လုံးတွေနဲ့ ငံ့လင့်နေမြဲ ...


တခြားတခြားသော ဘ၀စာမျက်နှာတွေ မြန်မာပြည်သူတွေရဲ့ သတ်ပုံမလှတဲ့ သတ်ပုံမှားတဲ့ ဘ၀စာမျက်နှာပေါင်းများစွာ တွေကျန်ရှိနေပါသေးတယ် ကျနော်လည်းလှန်မဖတ်ရက်လို့ချန်ရစ်ထားရင်းနဲ့ပြောချင်မိတာက ...


ဘယ်သူတွေလာလည်သည်ဖြစ်စေမလည်သည်ဖြစ်စေပါ... အခုအထိ အရင်းအတိုင်းမကွယ်မ၀ှက်ဖောက်သည်ချရရင်တော့..... အရာရာဟာ အရင်အတိုင်းပါပဲ အဟောင်းပကတိ မပြောင်းဘဲရှိနေပြီး ဘာမှကို မဘာ သေးပါဘူး .. (အဆိုးမြင်ဝါဒီဟုလည်းမှတ်ယူနိုင်ပါသည်) ဒါကိုပြည်သူတွေအနေနဲ့နားလည်သိရှိပြီးလူထုခေါင်းဆောင်များ နိုင်ငံရေးပါတီများ အရပ်ဖက်လူ့အဖွဲ့အစည်းများအနေနဲ့ လျှောက်ရမယ့်ခြေလှမ်းတွေ အများကြီးရှိနေသေးသလိုပဲ ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်မှုတွေတရစပ်လုပ်သွားရမှာဖြစ်ပါတယ်....ဒါမှသာ ဒီမိုခရီးမဝေးပါ ဖြစ်မှာပါ..... ပြည်ပရဲ့ အားကိုးကတော့မလိုဘူးလားလို့မေးရင် .. လုံးလုံးမလိုတာမဟုတ်ပါဘူး အရံအတားလောက်သာလိုပါတယ် တကယ့် အပြောင်း အလဲက မြန်မာနိုင်ငံသားအားလုံးအပေါ်မှာပဲမူတည်နေတာပါ.....

မြန်မာပြည်ငြိမ်းချမ်းပါစေ လူ့အခွင့်အရေးထွန်းကားပါစေ တရားသောဥပဒေပေါ်ထွန်းပါစေ........KN

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...