အိပ်ပျော်နေသော ဥပဒေများ
““စည်းကမ်းသည် လူ၏တန်ဖိုး””ဟူ သည့် စကားကိုအားလုံးကြားဖူးကြပါလိမ့် မည်။စည်းကမ်းမလိုက်နာသူ၊စည်းကမ်းမ ရှိသူသည် တန်ဖိုးမဲ့သူဖြစ်ပါသည်။နိုင်ငံ သားများ စည်းကမ်းရှိမှသာ ထိုနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပေလိမ့်မည်။အာရှတိုက် တွင် ဂျပန်နှင့်စင်ကာပူနိုင်ငံတို့သည် စည်း ကမ်းပြည့်ဝသော နိုင်ငံသားများကြောင့် ယနေ့အဆင့်မြင့်နိုင်ငံများအဖြစ် ရပ်တည် နေနိုင်ခြင်းဖြစ်ပါသည်။
စည်းကမ်းကိုတစ်ဆင့်မြှင့်လိုက်လျှင် ဥပဒေအဖြစ် မြင်တွေ့ရပေမည်။စည်း ကမ်းရှိသော နိုင်ငံသားများကို ကာကွယ် ရန်၊မြို့ရွာများ၊လမ်းတံတားများ၊လယ်ယာ၊ တောတောင်များ၊သဘာဝပတ်ဝန်းကျင်စ သည်တို့ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဥပဒေမျိုးစုံပြဋ္ဌာန်းထားကြသည်။
ဥပဒေ များသည် ဖိနှိပ်ချုပ်ချယ်ခြင်းမဟုတ်။နိုင်ငံ တော်နှင့်နိုင်ငံသားများကို ကာကွယ်ပေး ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ စည်း ကမ်းမရှိသူများ၊လူဆိုး၊သူခိုးများ၊မကောင်း မှုပြုလုပ်ချင်သူများကို နှိမ်နင်း၊အရေးယူ နိုင်ရန်တရားဥပဒေများလိုအပ်ပါသည်။စည်းကမ်းကိုတစ်ဆင့်မြှင့်လိုက်လျှင် ဥပဒေအဖြစ် မြင်တွေ့ရပေမည်။စည်း ကမ်းရှိသော နိုင်ငံသားများကို ကာကွယ် ရန်၊မြို့ရွာများ၊လမ်းတံတားများ၊လယ်ယာ၊ တောတောင်များ၊သဘာဝပတ်ဝန်းကျင်စ သည်တို့ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဥပဒေမျိုးစုံပြဋ္ဌာန်းထားကြသည်။
““ဥပဒေကို မသိနားမလည်၍ ဖောက် ဖျက်ကျူးလွန်ပါသည်””ဟု ဆင်ခြေပေး၍ မရပါဆိုသည့် စကားကိုလည်း မကြာခဏ ကြားရပါသည်။ထို့ကြောင့် နိုင်ငံသားအား လုံးသည် မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းထား သော ဥပဒေများကို သိရှိထားသင့်ပါသည်။ ဥပဒေသည် တရားသူကြီး၊ဥပဒေအရာရှိ၊ ရှေ့နေများနှင့်သာ သက်ဆိုင်နေသည်မ ဟုတ်ပါ။မသိ၍ ဥပဒေကို ဖောက်ဖျက်မိ ခြင်းမဖြစ်ရန်၊အရေးယူခံရခြင်းမဖြစ်ရန် ပြည်သူအားလုံး ဥပဒေကို လေ့လာထား သင့်ပါသည်။ဥပဒေအားလုံး မဖတ်နိုင် လျှင်လည်း မိမိပတ်ဝန်းကျင်တွင် နေ့စဉ် ကြုံတွေ့နေရသော မိမိနှင့်သက်ဆိုင်လာ နိုင်သော ဥပဒေများကို သိရှိထားသင့်ပါ သည်။
ဥပဒေတစ်ခုသည် ပယ်ဖျက်လိုက်ပြီ ဟု မကြေညာမချင်း အသက်ဝင်နေပါ သည်။ သြဇာသက်ရောက်နေပါသည်။ တည်ရှိနေပါသည်။သို့ရာတွင် အများပြည် သူကောင်းစွာသိရှိထားသော ဥပဒေများ ကို ချိုးဖောက်သူများစွာ တွေ့ရှိနေရပါ သည်။ ထို့ကြောင့် ထိုဥပဒေများကို အိပ် ပျော်နေသော ဥပဒေများဟု တင်စားလိုက် ရပါသည်။ဥပမာအချို့ကို ဖော်ပြပါမည်။
ယာဉ်စည်ကမ်း၊လမ်းစည်းကမ်းဥပဒေများ
ပြည်သူများ နေ့စဉ်ကြုံတွေ့နေရ သည့် ဥပဒေများဖြစ်သည်။မီးပွိုင့်တွင် မီး စိမ်းမှ ယာဉ်များဖြတ်ရမည်ကို အားလုံး သိကြသည်။သို့သော် မန္တလေးမြို့တွင် မီးပွိုင့်များကလည်း မကြာခဏပျက်၊ VIP ဆိုသူများအတွက် ယာဉ်ထိန်းရဲက လည်း မကြာခဏ ကြိုက်သလိုပြင်၊လူ တွေကလည်း ယာဉ်စည်းကမ်း မလိုက်နာ သဖြင့် ဖြစ်ချင်တိုင်းဖြစ်နေသည်။ စည်း ကမ်းလိုက်နာပြီး ဆိုင်ကယ်စီးလာစဉ် မီး ၀ါသွားသဖြင့် ရပ်လိုက်မိသောကြောင့် နောက်မှ ၀င်အတိုက်ခံခဲ့ရသော ဆရာ ၀န်မတစ်ယောက်၏ဖြစ်ရပ်က ထင်ရှား သော သက်သေဖြစ်ပါသည်။
ဆိုင်ကယ်စီးသူများလာချိန်တွင် ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျ မဆောင်း သဖြင့် သေကြေ၊အပြင်းအထန်ဒဏ်ရာရ သူများလှပေသည်။ဦးထုပ်ဆောင်းရန် ဥပဒေရှိသော်လည်း အများစုမှာ မေးသိုင်း ကြိုးမတပ်ကြပေ။အချို့မှာ ဦးထုပ်ကို ယာဉ်ထိန်းရဲရှိသည့် မီးပွိုင့်ရောက်မှ ဆောင်းပြီး ကျန်သည့်အချိန်တွင်ချွတ်ထား ကြသည်။ဥပဒေသည် မီးပွိုင့်ကိုဖြတ်သည့် အချိန်အတွက်သာ သတ်မှတ်ထားသလို ဖြစ်နေသည်။ လူအင်အားများများဖြင့် စီမံချက်ချ ဖမ်းဆီးပြီး၊ထိထိရောက်ရောက် အရေးယူသင့်ပါသည်။
နောက် ဥပဒေတစ်ခုမှာ ကုန်ကား များ ကုန်ပိုတင်သည့်ကိစ်္စဖြစ်သည်။တန်ပို ချိန်သည့်နေရာမရောက်ခင် အခြားကား များဖြင့်ကဲ့ယူပြီး ကျော်သွားမှ ပြန်တင် ကြသည်။တန်ပိုမတင်ရန် ဥပဒေသည် ကတ္တားနေရာသာမက အဝေးပြေးလမ်း တစ်လျှောက်လုံးအတွက်ဖြစ်သည်။မြင် တွေ့နေသော်လည်း အရေးယူသံမကြား ရပါ။
စည်ပင်သာယာရေးဥပဒေများ
သင်္ကြန်မှာ စည်ပင်က ဥပဒေတွေ ထုတ်သည်။မီးသတ်ပိုက်ဖြင့်မပက်ရ။ည နေ(၆)နာရီကျော်လျှင်မပက်ရ။ သို့သော် ကျုံးပတ်ချာလည် မီးသတ်ပိုက်ဖြင့် ပတ် သူတွေများစွာတွေ့ရသည်။ လူတွေကို အေးမြစေသည့် သင်္ကြန်၏ အနှစ်သာရ မရှိတော့။အနာတရဖြစ်ကြသည်။ အ၀တ် အစားတွေကျွတ်ကုန်ကြသည်။ပက်သည့် ရေစုပ်စက်များကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းယူမည်။ပက်သည့်သူများကို သင်္ကြန် တွင်းမှာ ဖမ်းချုပ်ထားမည်ဆိုလျှင် မည်သူ ပက်ဝံ့မည်နည်း။လွန်ခဲ့သည့်(၂)နှစ်ကျော် က ကျုံးအရှေ့ဘက် မဏ္ဍပ်တစ်ခုတွင် သင်္ကြန်လည်းမကျသေး၊ညနေ(၆)နာရီ ကျော်မှ သူတို့ရှေ့ဖြတ်သမျှလူ ရွှဲရွှဲစို အောင် ရေပက်နေတာကြုံဖူးသည်။ ရေ ပိုက်စမ်းချင်လျှင် ကျုံးထဲ၊လူမရှိသည့်နေ ရာလှည့်၍ စမ်းနိုင်သည်။ ကျွန်တော် လည်း စည်ပင်သို့ ဖုန်းဆက်၍တိုင်ကြား ပါသည်။ မြို့တော်စည်ပင်က မြို့နယ်စည် ပင်ကိုလွှဲသည်။မြို့နယ်က မြို့တော်စည် ပင်ကိုပြန်အဆက်ခိုင်းသည်။တာဝန်ယူ ဖြေရှင်းမည့်သူမရှိ။အရေးယူရန်ကားဝေး လေစွ။
ယခု သီတင်းကျွတ်၊မီးရှူးမီးပန်းများ မဖောက်ရဟု ကြေညာသည်။ဖောက်ကြ သည်မှာ ဆူညံနေသည်။ ရောင်းသည့်သူ များကို ထောင်ချမည်။ဆိုင်ကိုတစ်လလောက် ချိတ်ပိတ်မည်ဆိုလျှင်ရောင်းဝံ့ပါမည်လား။ အိမ်များပေါ်မှ ဖောက်နေသည့်သူများကို တကယ်အရေးယူချင်လျှင် အလွန်လွယ် ကူပါသည်။
လမ်းမများပေါ် ကွမ်းမထွေးရဟု ဥပဒေထုတ်ပြန်သည်။သတင်းစာမှာ တွေ့ ပြီးနှစ်ရက်မှာပင် (၂၆)လမ်းနှင့် လမ်း (၈၀)ကျုံးထောင့်မီးပွိုင့်တွင် ပြဿနာတက် သည်။ ဂျစ်ကားပေါ်မှ ကွမ်းထွေးချ သည်။ ကတ်္တရာလမ်းမှတဆင့် ဆိုက် ကယ်စီးလာသောကျွန်တော့်ခြေထောက်ကို တော်တော်များများ ပေကုန်သည်။ ကွမ်းထွေးသူကမတောင်းပန်ရုံမက မချေ မငံ ပြန်ပြောသေးသည်။ စည်ပင်သို့ ဖုန်းဆက်တော့ လမ်းတံတား ဌာနကများ ရုံးဆင်းသွားပြီဟု ဖြေပါသည်။ ပြဋ္ဌာန်း ထားသော ဥပဒေအတွက် တာဝန်သိသိ သတင်းပို့သည်ကိုပင် အရေးမယူနိုင်လျှင် ထိုဥပဒေကိုမထုတ်သင့်ဟုယူဆပါသည်။
ကျန်းမာရေးဆိုင်သည့် ဥပဒေများ
ကျွန်တော်တို့နိုင်ငံတွင် ကျန်းမာရေး အသုံးစရိတ်အလွန်နည်းခဲ့သည့် အကျိုးဆက်လည်းဖြစ်ကောင်းဖြစ်ပါမည်။ မယ်လမင်းတွေ၊တရုတ်နို့မှုန့်မှာပါသည့် အချိန်က တစ်လကျော်အထိ မယ်လမင်း ပါ၊မပါသတင်းမထုတ်ပြန်ခဲ့ပါ။အိမ်နီးချင်း ဖြစ်သဖြင့် အလွန်စိုးရိမ်ဖွယ်ဖြစ်ပါသည်။ ပြည်သူအများက ကျန်းမာရေးဌာနတွင် စစ်ဆေးနိုင်စွမ်းမရှိ၍ဟု ယူဆကြပါသည်။ အလွန်ရှက်ဖွယ်ကောင်းပါသည်။
လတ်တလော မြောင်းထဲမှ စွန့်ပစ် ဆီများကို မြန်မာပြည်သို့ တင်ပို့ကြောင်း ကြားနေရပါသည်။အလွန်စိတ်မကောင်း ဖြစ်မိပါသည်။မယ်လမင်းကိစ်္စတွင် ထည့် သူများကို တရုတ်တွင် ထိထိရောက် ရောက် အရေးယူသကဲ့သို့၊မြောင်းဆီ တင်သွင်းရောင်းချသူများကိုလည်း နှစ် ရှည်ထောင်ဒဏ်များ ချမှတ်သင့်ပါသည်။ ရောင်းသည့်ဆိုင်များကိုလည်း နှစ်လ၊ သုံး လ ချိတ်ပိတ်လိုက်မည်ဆိုမှသာ ထိထိ ရောက်ရောက် နှိမ်နင်းနိုင်ပါလိမ့်မည်။
အလားတူ သတ်မှတ်ပမာဏထက် အဆိပ်ပိုများသော ခြင်ဆေးခွေများ၊ကလေး များကို ဘေးဥပါဒ်ဖြစ်စေသောမုန့်များ၊ Cortisoneပါသော ဆေးဝါးများတင်သွင်း ရောင်းချသူများကိုလည်း နှစ်ရှည်ထောင် ဒဏ်များချမှတ်ခြင်း၊ဆိုင်ကို ချိတ်ပိတ်ခြင်း များ ဆောင်ရွက်သင့်ပါသည်။ပြည်ပမှ တင်သွင်းသည့်ပစ္စည်းများအားလုံး သက် တမ်းကုန်ဆုံးရက်နှင့်ပါဝင်သည့်ပစ်္စည်းအ မျိုးအမည်ကို မြန်မာ(သို့မဟုတ်)အင်္ဂလိပ် ဘာသာဖြင့် ရေးသားရမည်ဟု ဥပဒေ သတ်မှတ်သင့်ပါသည်။
သတင်းစာတွင် ဖတ်ခဲ့ဖူးပါသည်။မီး ရထားပေါ်တွင် ဆေးလိပ်မသောက်ရဟု သတ်မှတ်ရန် အကြံပြုစာဖြစ်ပါသည်။ အ မှန်မှာ ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ပါသည်။ လူ အများစုဝေးရာဖြစ်သည့် ယာဉ်များ(မော် တော်ကား၊မီးရထား၊သင်္ဘော၊လေယာဉ်) ပေါ်နှင့်ဆေးရုံ၊ကျောင်းဝင်းများအတွင်း ဆေးလိပ်မသောက်ရန် ဥပဒေရှိပါသည်။ သို့သော် အဝေးပြေးကားများတွင် ခရီး သည်သာမက ဒရိုင်ဘာစပယ်ယာများပါ ဆေးလိပ်သောက်နေသည်ကို မကြာခဏ တွေ့ရပါသည်။ဒဏ်ငွေရိုက်ရုံသာမက ယာဉ်ကိုအချိန် တစ်လခန့်ပြေးဆွဲခွင့် ပိတ် ပင်မည်ဆိုလျှင် ထိရောက်ဟန့်တားသော ဥပဒေဖြစ်လာပါလိမ့်မည်။
လွန်ခဲ့သော တစ်လခန့်က မန္တလေး တောင်ခြေရှိ အစိုးရဆေးရုံကြီး၏ ၀င်း အတွင်း လူမြင်ကွင်းတွင် လက်ရှိဆေးရုံ အုပ်ကြီး ဆေးလိပ်သောက်နေသည်ကို တွေ့ခဲ့ဖူးပါသည်။မည်သို့ဝေဖန်ရမည်ကို ဆုံးဖြတ်စေလိုပါသည်။ ဆေးလိပ်သာမက စာရိတ္တနှင့်ကျန်းမာရေးထိခိုက်နိုင်သော အရက်အတွက်ပါ ဥပဒေများပြဋ္ဌာန်းသင့် ပါသည်။
နိဂုံးချုပ်အားဖြင့် ဥပဒေများကို ကျယ်ကျယ်ပြန်ပြန့်သတိထားမိအောင် ပညာပေး၊အသိပေးခြင်း၊ဥပဒေကျူးလွန် သူများကို ထိထိရောက်ရောက်အရေးယူ အပြစ်ပေးခြင်းဖြင့် အိပ်ပျော်နေသော ဥပဒေများကိုလျော့နည်းသွားစေပါလိမ့် မည်။သို့မှသာ စည်းကမ်းရှိသော၊တရား ဥပဒေစိုးမိုးသော၊အေးချမ်းသာယာသော နိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်လိမ့်ဖြစ် ကြောင်း တင်ပြအပ်ပါသည်။
အောင်စိတ်ဖြူ
http://www.hotnewsweekly.com/archives/13952 မှ ....
0 comments:
Post a Comment