Tuesday, November 20, 2012
ယနေ့  အမေရိကန်သမ္မတ မြန်မာပြည်ကို လာရောက်မှာမို့  စင်ကာပူကို ရှောင်ထွက်သွားတဲ့ အာဏာရှင်ကြီး နေ၀င်းရဲ့  သမီး စန္ဒာဝင်း။
မနေ့ မနက် (၈) နာရီက MAI လေယာဉ်ခရီးစဉ်အမှတ် 8M-231 နဲ့  စင်ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။ ဒီလိုထွက်ခွာသွားရတဲ့ အကြောင်းရင်းက ဒီနေ့  အမေရိကန်သမ္မတ အိုဘာမား မြန်မာပြည်ကို လာရောက်မှာကို မမြင်တွေ့ လိုတဲ့အတွက်လည်း ပါတယ်လို့  နီးစပ်သော အတွင်းသတင်းအရ သိရှိရပါတယ်။
အာဏာရှင်ကြီး နေ၀င်းရဲ့ သမီး စန္ဒာဝင်းကို ဇွဲနေ၀င်းကိုယ်တိုင် လေဆိပ်လိုက်ပို့ ပြီး ခရီးသည်တွေ စောင့်ဆိုင်းရမယ့်နေရာမှာ အခြားသော ခရီးသည်တွေ မရောက်ခင် ဦးအောင်သွားပြီး အထူးပုဂ္ဂိုလ်အခွင့်အရေးမျိုးယူကာ လေယာဉ်ပေါ်တက်ဖို့  ကြေညာမခေါ်ခင်အချိန်ကတည်းက ၀င်ရောက်သွားကြောင်း သိရှိရပါတယ်။
အာဏာရှင်ကြီး နေ၀င်းရဲ့ သမီး စန္ဒာဝင်းဟာ ခရမ်းရောင် luggage အိတ်ကြီးတစ်လုံး၊ လက်ပွေ့ အိတ်တစ်လုံး၊ အမဲရောင်အိတ် နှစ်လုံး၊ စက္ကူပုံးတစ်ပုံး သယ်ဆောင်သွားကြောင်းကိုလည်း သိရှိသူတွေက ပြောကြပါတယ်။ ထို့ အတူ အခြားသော နိုင်ငံများသို့  သွားတဲ့အခါမှာလည်း အိတ်အများအပြားကို သယ်ယူသွားလေ့ရှိကြောင်း သူမရဲ့ အနီးရှိ သိရှိသူများမှ ပြောပြပါတယ်။
မနေ့ မနက် (၈) နာရီက MAI လေယာဉ်ခရီးစဉ်အမှတ
် 8M-231 နဲ့  စင်ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။ ဒီလိုထွက်ခွာသွားရတဲ့ အကြောင်းရင်းက ဒီနေ့  အမေရိကန်သမ္မတ အိုဘာမား မြန်မာပြည်ကို လာရောက်မှာကို မမြင်တွေ့ လိုတဲ့အတွက်လည်း ပါတယ်လို့  နီးစပ်သော အတွင်းသတင်းအရ သိရှိရပါတယ်။
အာဏာရှင်ကြီး နေ၀င်းရဲ့  သမီး စန္ဒာဝင်းကို ဇွဲနေ၀င်းကိုယ်တိုင် လေဆိပ်လိုက်ပို့ ပြီး ခရီးသည်တွေ စောင့်ဆိုင်းရမယ့်နေရာမှာ အခြားသော ခရီးသည်တွေ မရောက်ခင် ဦးအောင်သွားပြီး အထူးပုဂ္ဂိုလ်အခွင့်အရေးမျိုးယူကာ လေယာဉ်ပေါ်တက်ဖို့  ကြေညာမခေါ်ခင်အချိန်ကတည်းက ၀င်ရောက်သွားကြောင်း သိရှိရပါတယ်။
အာဏာရှင်ကြီး နေ၀င်းရဲ့  သမီး စန္ဒာဝင်းဟာ ခရမ်းရောင် luggage အိတ်ကြီးတစ်လုံး၊ လက်ပွေ့ အိတ်တစ်လုံး၊ အမဲရောင်အိတ် နှစ်လုံး၊ စက္ကူပုံးတစ်ပုံး သယ်ဆောင်သွားကြောင်းကိုလည်း သိရှိသူတွေက ပြောကြပါတယ်။ ထို့ အတူ အခြားသော နိုင်ငံများသို့  သွားတဲ့အခါမှာလည်း အိတ်အများအပြားကို သယ်ယူသွားလေ့ရှိကြောင်း သူမရဲ့  အနီးရှိ သိရှိသူများမှ ပြောပြပါတယ်။
ဤကဲ့သို့  အာဏာရှင်ကြီး နေ၀င်းရဲ့  သမီး စန္ဒာဝင်းအား နိုင်ငံကူးလက်မှတ်များ အလွယ်တကူ ထုတ်ပေးခြင်း၊ ပြည်ပနိုင်ငံများသို့  မကြာခဏ သွားလာခွင့်ပေးခြင်း၊ လေဆိပ်မှ ထွက်ခွာရာ ဆိုက်ရောက်ရာတွင် အထူးပုဂ္ဂိုလ်တစ်ယောက်အဖြစ် အခွင့်အရေးပေးနေခြင်းတို့ အား မျက်မြင်တွေ့ ရှိ သိရှိသူများမှ အငြိမ်းစားယူထားသည်ဟုဆိုသော သန်းရွှေနှင့်တစ်ကွ လက်ရှိ အာဏာရယူထားကြသူများအနေဖြင့် အာဏာရှင်ကြီး နေ၀င်း သေဆုံးခဲ့သည့်တိုင် ၄င်း၏ သားသမီး မြေးမြစ်များ၏ သြဇာအရှိန်အဟုန် ဆက်လက်သက်ရောက်မှုနှင့် မလွန်ဆန်နိုင်မှု ရှိနေသေးသည်ဟု ယူဆသုံးသပ်နေကြပါသည်။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...