သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁၁)
သစ်ထူးလွင်
|
- မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြား ဧည့်သည်များအထူးစိတ်ဝင်စား
- ၀န်ကြီးဌာနများ၏ ငွေအလွဲသုံးစားမှု အချိန်တခုထားပြီး ပြန်ပေးသွင်းရန် လွှတ်တော်တွင် သဘောတူ
- မောင်တောတွင် အိမ် ၅ လုံး မီးလောင်
- ကြေးနီစီမံကိန်းရပ်ဆိုင်းရန် မုံရွာတဖက်ကမ်းအထိ သွားရောက်ဆန္ဒပြ
- ရာမူး ဗုဒ္ဓဆင်းထုတော်များ ဆက်လက် ဖမ်းဆီး ရရှိ
- ချင်းပြည်နယ် ဆေးရုံ အချို့သို့ ထုတ်ပေးသော ဆေးဝါးများ အရည်အသွေး မပြည့်ဟုဆို
- ဆီတွဲရထား တိမ်းမှောက်မီးလောင်ဒဏ်ရာသူတွေ
ထဲက ၂၉ ဦး သေဆုံး - ကုန်တင်ယာဉ်တစ်စင်း မော်တော်ယာဉ် (၈)စင်းအား တိုက်မိ
- အမျိုးသားကြီးပွားတိုးတက်ရေး အများပိုင်ကုမ္ပဏီ ခွင့်ပြုချက်မရဘဲ လုပ်ငန်းလုပ်
- နိုင်ငံပိုင်သတင်းစာများအား ရပ်ဆိုင်းသင့်ကြောင်း ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော်သို့တင်ပြ
- နိုက်ကလပ်များနှင့် KTV များကို မူလအချိန်အတိုင်း ပြန်လည်ခွင့်ပြုသွားမည်
- တရားမ၀င်ရွှေ့ပြောင်းလုပ်သားမျ
ားကို ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းကြေညာ - အိုဘားမား ခရီးစဉ်ကြောင့် မြန်မာကို တရုတ်ထံမှ ယူသွား၍မရကြောင်း တရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာ
ဖော်ပြ - နိုဝင်ဘာ (၁၉) ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၁
- နိုဝင်ဘာ (၂၀) ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၁)၊ အမှတ် (၉)၊
- ကန် လုံခြုံရေး ဂုဏ်ပြုတပ်ဖွဲ့ ပါ စစ်ဆေး (ဓါတ်ပုံ)
- နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၅
- လုပ်ငန်းရှင်တွေ မြန်မာပြည်မှာ မြုပ်နှံဖို့ စိတ်ဝင်စား
- ကမ္ဘောဒီးယား လူ့အခွင့်အရေး အိုဘားမား ဝေဖန်
- အမေရိကန်သမ္မတအိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း အစအဆုံး (ရုပ်/သံ)
Posted: 20 Nov 2012 06:16 AM PST
ဘ၀နတ်ထံ ပျံလွန် သွားသည်မှာ နှစ်ပေါင်း (၆၀)ကျော် ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မည်သည့် ဆေးဝါး အကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိ အတိုင်း ရှိနေသည့် စွန်းလွန်း ဆရာတော် ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ အထူး ကြည်ညို စိတ်ဝင်စား ကြသကဲ့သို့ ပြည်ပ နိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုး ရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 05:55 AM PST
အစိုးရ ၀န်ကြီး ဌာနတွေရဲ့ ငွေအလွဲ သုံးစားမှုတွေကို အချိန်တခုပေးပြီး နိုင်ငံတော်ကို ပြန်လည် ပေးသွင်းစေဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သဘောတူ လိုက်ပါတယ်။
ဝန်ကြီးဌာန ၁၅ ခုရဲ့ ငွေအလွဲ သုံးစားမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်ထဲကျင်းပတဲ့ လွှတ်တော်မှာ ပြည်ထောင်စု စာရင်းစစ်ချုပ်က အရေးကြီး တွေ့ရှိချက်ဆိုပြီး အစီရင်ခံစာ တင်ပြခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အခုလို သဘောတူလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။ “ပြည်ထောင်စုစာရင်းစစ်ချုပ်က အလွဲသုံးစားတဲ့ကိစ္စတွေ၊ ဘဏ္ဍာငွေကိစ္စတွေမှာရော ပြည်သူ့ငွေစာရင်း ပူးပေါင်းရေးကော်မတီက လွှတ်တော်ကို တင်တဲ့ အစီရင်ခံစာကိုတော့ သဘောတူကြောင်း ဆုံးဖြတ်ထားတာတော့ ရှိတယ်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကိုလည်း သူက ခုလို ပြောပြပါတယ်။ “အလွဲသုံးစားဆိုတာက ဥပဒေရှိတယ်။ ရာဇသတ်ကြီး ဥပဒေလည်း ရှိတာပဲ။ ပြည်သူပိုင်ပစ္စည်းကာကွယ်မှု၊ အများပိုင်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ အပက ၃ လည်း ရှိတာပဲ။ ဘယ်ဌာန ဘယ်သူပဲဖြစ်ဖြစ် အလွဲသုံးစားဖြစ်ရင် ဥပဒေနဲ့အညီ အရေးယူဖို့ဆိုပြီး ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။” ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံး မှန်းခြေ ငွေစာရင်းများအရ ဝန်ကြီးဌာန ၁၅ ခုက နိုင်ငံတော် သို့ ကျပ်သန်းပေါင်း ၅၀၀၀ ကျော် ပေးသွင်းဖို့ ကျန်ရှိနေတဲ့အကြောင်း နိုဝင်ဘာ ၁၄ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု စာရင်းစစ်ချုပ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြောကြားခဲ့ပြီးတဲ့နောက် ၀န်ကြီးဌာနအချို့က သူတို့ဌာနတွေရဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ ပတ်သက်ပြီး အသိပေးကြေညာချက်တွေ ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။ by ရွှေအောင် (ဒီဗွီဘီ) | ||
Posted: 20 Nov 2012 05:51 AM PST
မောင်တောမြို့နယ်တွင် မီးရှို့မူ တစ်ခု အတွင်း အိမ် ၅ လုံး မီးထဲ ပါသွားသည်ဟု သိရသည်။
“ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် မွတ်ဆလင်ရွာမှာ အိမ် ၅ လုံး မီးရှို့ခံရပါတယ်။ သူတို့ အချင်းချင်း ရှို့ကြတာလို့ ပြောတယ်။ အဲဒီ အနီးမှာ ရခိုင်ရွာတွေလည်း မရှိဘူး” ဟု အလယ် သံကျော်က အစိုးရ ၀န်ထမ်း တစ်ဦးက ပြောသည်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိလာသည့် ယခုအခါ မောင်တောမြို့နယ်တွင် အာဏာပိုင်များမှ ရပ်ကွက်၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် ပူး ပေါင်းပြီး အကြမ်းဖက်မှုများတွင် ပါဝင်သူများကို ဖော်ထုတ်နေရာ မကြေနပ်သူများမှ မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ “ အခုက အစိုးရက အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာကလူကြီးတွေနဲ့ပေါင်းပြီး ပြစ်မှု ကျူးလွန်သူတွေကို ဖော်ထုတ်နေတယ်။ ပြီးတော့ သူတို့ ရပ်ရွာတွေမှာ ဖြစ်နေတဲ့ ပြဿနာ တွေကို လည်း ဖော်ထုတ်နေ တယ်။ ဒါတွေကို မလိုလားတဲ့သူတွေက လုပ်တယ်လို့ဘဲ ထင်တယ်။ ပြဿနာဖြစ်ပြီးနောက်ပိုင်း သူတို့အချင်းချင်းလည်း မကြေနပ်တဲ့အတွက် သတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်ခဲ့တယ်” ဟု ဆိုသည်။ မီးလောင်မူ ဖြစ်ပွားရခြင်း အပေါ် အာဏာပိုင်များအား မေးမြန်းရာ စိစစ်ဆဲဟု ရဲအရာရှိ တစ်ဦးက ပြောသည်။ မီးလောင်မှု ဖြစ်ပွားသည့် ဇော်မတတ်ဘင်္ဂလီရွာမှာ မောင်တောမြို့နှင် ၇ မိုင်ခန့်ဝေးပြီး ဇော်မတက်ရွာ နှင့် အနီးဆုံးတည်ရှိသည့် ကိုင်းကြီး ရခိုင်ရွာမှာ ၅ မိုင်ခန့်ဝေးကြောင်း သိရသည်။ မောင်အေး (နိရဉ္စရာ သတင်းဌာန) | ||
Posted: 20 Nov 2012 05:48 AM PST
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် ရဟန်းသံဃာတော်တွေအပါအ၀င် ဒေသခံ ၃၀၀ ကျော်ဟာ ၀မ်ပေါင်ကုမ္ပဏီရှေ့ ထိုင်သပိတ်ဆန္ဒပြရာကနေ မုံရွာတဖက်ကမ်း ညောင်ပင်ကြီးမြို့အထိ သွားရောက်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြသမား ကိုဇော်ဦးက ပြောပါတယ်။
ဒေသခံအာဏာပိုင်တွေနဲ့ ကြေးနီစီမံကိန်းက တာဝန်ရှိသူတွေက ဆန္ဒပြသမားတွေနဲ့ ညှိနှိုင်းတာတော့ မရှိသေးဘူးလို့ ဒေသခံ ဆန္ဒပြသမားတွေက ပြောပါတယ်။ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် နေရာ ၃ နေရာမှာ ဆန္ဒပြသမားတွေကလည်း သပိတ်စခန်းတွေ ဖွင့်လှစ်နေပါတယ်။ ဒီကနေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသမားတွေ နာရီအနည်းငယ်ကြာ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ၀က်မှေးရွာက ဆန္ဒပြသမား မအေးနက်က ဒီဗွီဘီကို ပြောပါတယ်။ “ကျမတို့ ဒီလိုဖြစ်နေတဲ့အချိန်မှာ သူတို့မှာ တာဝန်ခံတွေလေ ရှိတယ်။ အဲတာဝန်ခံတွေနေရာမှာ သူတို့အလုပ်သမားတွေ မထားဘဲနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပေးတယ်။ အဲတော့ ကျမတို့က ရဲတွေကို ရဲတွေက ပြည်သူပေးတဲ့ လစာစားတာလား၊ သူတို့ပေးတဲ့လစာစားတယ်လားလို့ မေးတော့ ပြည်သူပေးတဲ့ လစာ စားတာတဲ့။ အဲတော့ တာဝန်ခံလုပ်တဲ့နေရာမှာ ခင်ဗျားတို့နဲ့ မသင့်တော်ဘူးပြောလိုက်တယ်။ အဲနေရာမှာ ရဲတွေကိုပဲ ပိတ်ခိုင်းတယ်။ အတွင်းထဲက သပိတ်စခန်းကိုလူတွေမသွားရအောင် လယ်တီဆရာတော်ဘုရားကျောင်းမှာ သပိတ်စခန်းဖွင့်ထားရာမှာ ရဲတပ်ဖွဲ့က လမ်းကို ပိတ်ထားတဲ့အတွက် သပိတ်စခန်းကို ရေနဲ့ အစားအသောက်တွေ ပို့ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ မအေးနက်က ပြောပါတယ်။ ဒီနေ့အထိဆိုရင် ဆန္ဒပြ သပိတ်စခန်းဖွင့်ခဲ့တာ ၄ ရက်ရှိသွားပြီ ဖြစ်ပြီး ဆန္ဒပြသမားတွေဆီကို ပခုက္ကူမြို့က သံဃာတော်တချို့လည်း လာရောက်ပူးပေါင်းတယ်လို့ သိရပါတယ်။ ဒီကြေးနီစီမံကိန်းကို တရုတ်ပိုင် ၀မ်ပေါင်ကုမ္ပဏီနဲ့ တပ်မတော်သား အစုရှယ်ယာတွေပါဝင်တဲ့ ဦးပိုင်ကုမ္ပဏီတို့ ပူးတွဲလုပ်ဆောင်နေတာဖြစ်ပြီး ကုမ္ပဏီတွေဘက်ကတော့ ဒီစီမံကိန်းကို ရပ်မှာမဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။ by မင်းလွင် (ဒီဗွီဘီ)
| ||
Posted: 20 Nov 2012 05:39 AM PST
ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရာမူး (ပန်းဝါ) ဘုန်းတော်ကြီး ကျောင်းများမှ လုယက် ယူငင်သွားခဲ့သော ဗုဒ္ဓ ဆင်းထုတော်များကို ဆက်လက် ဖမ်းဆီး ရရှိသည်ဟု သတင်း ရရှိသည်။ ၅ လက်မ အမြင့်ရှိပြီး ကီလိုဂရမ် ၇၅၀ အလေးချိန်ရှိသော ယူရေနီယမ် ( Uranium) နှင့် တစ်ခြား သတ္တုများဖြင့် ရောစပ် ပြုလုပ်ထားသော ဗုဒ္ဓဆင်းထုတော် တစ်ဆူကို ဒက္ကားမြို့တော်ရှိ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Nov 2012 05:20 AM PST
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ် ဖြစ်သော ချင်းပြည်နယ်ရှိ ဆေးရုံများ အတွက် ဗဟို ဆေးဝါး ကွပ်ကဲရေး ဌာနမှ ထုတ်ပေးသော ဆေးဝါး များတွင် သက်တမ်း ကုန်ဆုံးရက် နီးကပ်နေသည့် ဆေးဝါးများ ပါဝင်ကြောင်း ချင်းပြည်နယ် လိုင်တွီးမှ မြို့နယ် ကျန်းမာရေးမှူး ဦပေါင်လမ့်မုန် က ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 04:45 AM PST
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က လောင်စာ ဆီတင်တဲ့ ရထားမှောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး နေရာမှာတင် သေဆုံးခဲ့ရပြီး မီးလောင်လူနာ ၈၀ ကျော် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူခဲ့ပါတယ်။ ဆေးရုံမှာ တက်ရောက် ကုသမှုခံယူတဲ့ လူနာ ၈၀ ကျော်ထဲက ဒီနေ့အထိ ဆိုရင် လူနာ ၂၉ ဦး ထပ်မံ သေဆုံးခဲ့ရပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 04:09 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၂၀။
ဒေါပုံမြို့နယ်၊ မြို့သစ်ဈေးအနီး မဟာဗန္ဓုလ တံတား အဆင်းတွင် ဆီပေပါများ တင်လာသော ကုန်တင်ယာဉ် ၂ခ/၅၉၄၄ သည် တံတားအလယ်မှ စတင် ဘရိတ်ပေါက်လာကာ လမ်းတစ်လျှောက်ရှိ မော်တော်ယာဉ် (၈)စင်းအား ယနေ့ (၁၁း၁၀) အချိန်က တိုက်ကာ တံတားအဆင်း ယမုံနာလမ်းနှင် ဗြဟ္မ၀ိဟာရလမ်းထိပ်ရှိ ယာဉ်ထိန်းရဲရုံအား ဝင်ရောက် တိုက်မိခဲ့ပြီး ဗြဟ္မ၀ိဟာရ လမ်းထိပ်တွင် ထိုးကျရပ်တန့် သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုတွင် လူအသေအပျောက် မရှိဘဲ ဒဏ်ရာရသူ (၂၀)ခန့်ရှိကြောင်း အဆိုပါ ဒဏ်ရာရရှိ သူများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့နေကြောင်း သိရသည်။ သတင်း-ဓါတ်ပုံ ။ ။ မြန်မာ့ခေတ် | ||
Posted: 20 Nov 2012 03:51 AM PST
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး အများပိုင် ကုမ္ပဏီကို ၁၉၉၉ ခုနှစ်ဝန်းကျင်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တရားဝင် လုပ်ငန်းလိုင်စင်မရှိဘဲ ဒီနေ့အချိန်ထိ ရှယ်ယာ စုစုပေါင်း ၃၂ ၀၀၀ ရောင်းချ ထားပြီးလည်း ဖြစ်ပါတယ်။ ဦးခင်ရွှေက လွန်ခဲ့တဲ့ စနေနေ့တုန်းက အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီရုံးချုပ်မှာ ကျင်းပတဲ့ အစုရှယ်ယာ ရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီကုမ္ပဏီကို --
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 03:38 AM PST
(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်း ပြည်ထောင်စု လွှတ်တော်အား ပြန်ကြား ရေးဝန်ကြီး ဌာနမှ နိုင်ငံပိုင် သတင်း စာများ အခန်းကဏ္ဍနှင့် ပက်သက်၍ အစီရင် ခံချိန်တွင် နိုင်ငံပိုင် သတင်း စာများ အား ရပ်ဆိုင်း သင့် ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော် သို့တင် ပြခဲ့ကြောင်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Nov 2012 03:25 AM PST
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ညပိုင်း မှုခင်း ဖြစ်ပွားမှု နှုန်းပေါ် မူတည်၍ နိုက်ကလပ်များနှင့် KTV များကို မူလ အချိန်အတိုင်း ပြန်လည် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 20 Nov 2012 03:13 AM PST
ထိုင်းအစိုးရက လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မတိုင်ခင် နိုင်ငံသား စိစစ်မှု မလုပ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို နေရပ်ရင်း နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်မယ်လို့ ထိုင်းအလုပ်သမား ရေးရာဌာန အကြီးတန်း အရာရှိတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမား (၁ သိန်း ၈ သောင်း ၄ ထောင်) က နိုင်ငံသားစိစစ်ရေး မလုပ်ကြတဲ့ အကြောင်းနဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံက ၄ သောင်းခွဲ။ --
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Nov 2012 02:57 AM PST
အမေရိကန် ပြည်ထောင်စုသည် မြန်မာကို တရုတ်ထံမှ ထုတ်ယူသွား၍ မရကြောင်း တရုတ်နိုင်ငံပိုင် နေ့စဉ်သတင်းစာ ဂလိုဘယ်တိုင်းမ်စ်၏ ဆောင်းပါး တစ်ပုဒ်၌ မြန်မာသို့ အိုဘားမား တနင်္လာနေ့က လာရောက် ပြီးနောက် ရေးသား ဖော်ပြခဲ့သည်။ ဂလိုဘယ် တိုင်းမ်စ်၏ အဆိုပါ Don't read Too Much into Myanmar Visit ဆောင်းပါးတွင် မြန်မာသို့ အိုဘားမား လာရောက်ခြင်းမှာ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 20 Nov 2012 02:48 AM PST
| ||
Posted: 20 Nov 2012 02:45 AM PST
| ||
Posted: 19 Nov 2012 07:53 PM PST
| ||
Posted: 19 Nov 2012 07:47 PM PST
နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 19 Nov 2012 07:15 PM PST
ဒါ့အပြင် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ အရင်ကတည်းက စိတ်ဝင်စားနေကြတာပါ ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့စတဲ့ သယံဇာတ လုပ်ငန်းတွေအတွက်တင်မက တခြား စီးပွားရေး လုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိကြပြီး အာရှဒေသအပေါ် အဓိက အာရုံထားတဲ့ အမေရိကန်ရဲ့ ပေါ်လစီထဲမှာ မြန်မာနိုင်ငံကို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အောက်ကနေ လွှဲဖယ်ချင်တာက တစိတ်တဒေသ ပါတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေကြောင်း ၊ ဒီတော့ မြန်မာနိုင်ငံမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လိုတာ အကြောင်းရင်းခံ နှစ်ခု ရှိတယ်လို့ ပြောလို့ ရပေမယ့် မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာရေးကို အမေရိကန်တို့ဘက်က အတော်လေး လိုလားနေတာ ကတော့ မုချ သေချာကြောင်း ဒီတော့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင် ချင်နေသလို တဖက်မှာလည်း မဟာ ဗျူဟာ ရှုထောင့်အရ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှု ရှိနေတယ်လို့ ပြောလို့ ရကြောင်း မစ္စတာ ရှောင်တာနာက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ တရုတ် ကုမ္ပဏီ တခိျု့အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ ပတ်သက်လို့ လိုက်နာမှုမျိုး မရှိတာ တွေ့နေရတာတွေ မဖြစ်အောင် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမယ့် အနောက်အုပ်စုကုမ္ပဏီတွေ အနေနဲ့ ဘယ်လို စည်းမျဉ်း ကျင့်ဝတ်မျိုးတွေကို လိုက်နာ သင့်ပါသလဲလို့ သူ့ကို မေးကြည့်တော့ ဒါဟာ သိပ်ကို အရေးကြီးတဲ့ ကိစ္စရပ်ဘဲလို့ သူက ဖြေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာတင်မက ဘယ်နိုင်ငံမှာမဆို သယံဇာတ တူးဖေါ် ထုတ်လုပ်ရေး လုပ်ငန်း အပိုင်းကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ် ဆိုရင် ပွင့်လင်း မြင်သာမှု ရှိဖို့ အရေးကြီးပါတယ်။ အရင် စစ်အစိုးရလက်ထက်တုန်းက သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းတွေကို စစ်တပ်က လက်ဝါးကြီးအုပ် ချယ်လှယ် ကြီးစိုးထားတဲ့ အတွက် စီးပွားရေး အပိုင်းမှာ အတော်လေးကို ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ဒီတော့ အခု ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ့် ကုမ္ပဏီတွေအနေနဲ့ ငွေပေးချေမှု ကိစ္စတွေမှာ ပွင့်လင်း မြင်သာမှု ရှိဖို့ လိုသလို ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာနဲ့ လုပ်သား ခိုင်းစေမှုတွေမှာလည်း စည်းမျဉ်း ကျင့်ဝတ်တွေအတိုင်းလိုက်နာ ဆောင်ရွက်ကြဖို့ လိုကြောင်း သူက ပြောပြပါတယ်။ မြန်မာနိုင်ငံမှာက အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီတွေက စီးပွားရေး လုပ်ငန်းတွေကို ချုပ်ကိုင်ထားတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကနေ ရလာတဲ့ အသီးအပွင့် အကျိုးကျေးဇူးတွေက ပြည်သူတွေ လက်ထဲ ရောက်ဖို့ကိုရော အာမခံနိုင်မှာပါလား ဆိုတဲ့ မေးခွန်းကိုတော့ သူက ဒီကိစ္စနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်ကြပြီး မြန်မာအစိုးရအနေနဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဖက်စပ်လုပ်ကိုင်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု ရှိတယ် ဆိုတာကို ပြနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၆လလောက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့ ရေနံနဲ့ စွမ်းအင် လုပ်ငန်းနဲ့ ပတ်သက်လို့ ပြောသွားတဲ့အထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောသွားတဲ့ အတွက် မြန်မာ အစိုးရအနေနဲ့ ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆုံးဖြတ်ချက် ပေါ်လစီတွေ ချမှတ်ဖို့ လိုသလို ဒီလို အရေးပါတဲ့ ဆောင်ရွက်ချက်မျိုးတွေ လုပ်နိုင်ဖို့ အတော်လေး အချိန်ယူပြီး လုပ်ရမယ့် အခြေအနေ ရှိနေကြောင်း သူက ရှင်းပြပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ရေရှည် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ် ဆိုရင် အမေရိကန် လုပ်ငန်းရှင်တွေဘက်က ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊ ဘယ်လို အခက်အခဲမျိုးတွေနဲ့ရောကြုံတွေ့ ပထမ တချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လုံးဝ တည်ငြိမ်မှု ရှိတယ်လို့ မပြောနိုင်သေးပါဘူး ၊ နောက်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ သယ်ယူ ပို့ဆောင်ရေး စနစ်၊ စတာတွေမှာ ခိျု့ယွင်းမှုတွေ ရှိနေသလို လျှပ်စစ်မီး လုံလုံလောက်လောက်မရတဲ့ ပြဿနာလည်း ရှိနေပြီး ၊ တခါ ဘဏ်လုပ်ငန်း စနစ်မှာလည်း လိုအပ်မှုတွေ ရှိနေသေးတဲ့အတွက် နိုင်ငံခြား လုပ်ငန်းရှင်တွေအနေနဲ့ ငွေအပြောင်းအလွှဲ ကိစ္စတွေမှာ အခက်ကြုံနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ပညာရေးစနစ် ခိျု့ယွင်းမှုကြောင့် အမေရိကန်နဲ့ နိုင်ငံခြား ကုမ္ပဏီတွေ လိုအပ်နေတဲ့ အရည်အချင်းပြည့်မှီ လုပ်သား နည်းပါး ခိျု့တဲ့မှုကိုလည်း ရင်ဆိုင်ရနိုင်သလို တဘက်ကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်တမ်း ရှိလာခဲ့မယ် ဆိုရင် အကျိုးအမြတ်တွေ ဖြစ်ထွန်းနိုင်မယ်လို့ နိုင်ငံခြားကုမ္ပဏီတွေက တထစ်ချ ယုံကြည်ထားကြတဲ့ အတွက် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ ကတော့ လိုအပ်နေတယ်လို့ ကျနော့်အနေနဲ့ ယူဆကြောင်း ပါမေက္ခ ရှောင်တာနာက ရှင်းပြ သွားခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 19 Nov 2012 07:09 PM PST
ဖနွမ်ပင် မြို့တော်ကို တနလာင်္နေ့က ရောက်ရှိလာပြီးနောက် မစ္စတာ အိုဘားမားက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေ ထိမ်းသိန်းထားတဲ့ ကိစ္စတွေကို ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေးပုဂ္ဂိုလ် Ben Rhodes က အဲဒီ ပြသနာတွေဟာ အမေရိကန်- ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ လေးမြတ်တဲ့ ဆက်ဆံရေး တည်ဆောက်ရေး အတွက် အဟန့်အတားတွေ ဖြစ်နေတယ်လို့ ကမ္ဘောဒီးယား ၀န်ကြီးချုပ်ကို သမ္မတ အိုဘားမားက ပြောခဲ့တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယား အရာရှိတွေကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဒီစိုးရိမ်မှုတွေဟာ ပုံကြီးချဲ့ထားခြင်းသာ ဖြစ်တယ်လို့ ပြောကြားကြပါတယ်။ မစ္စတာ ဟွန်ဆန်နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန် သမ္မတဟာ ထိပ်သီး အစည်းအဝေး တက်ရောက်လာတဲ့ အာဆီယံ ခေါင်းဆောင် ၁၀ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ တခြား ဖြစ်စဉ်တခုမှာတော့ အာဆီယံ လူ့အခွင့်အရေး ကြေညာချက်ကို အာဆီယံ ထိပ်သီးတွေ ပြဌာန်းခဲ့ကြပုံနဲ့ ပတ်သက်ပြီး အခွင့်အရေး အဖွဲ့တွေက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားကြပါတယ်။ အဲဒီ ကြေညာချက်ဟာ လူထုအခွင့်အရေးကို အပြည့်အ၀ မကာကွယ်နိုင်ဘူးလို့ ဆိုကြပါတယ်။ လူထုကို ဆန္ဒပြခွင့် ပြုထားပေမယ့် တိုင်းပြည် တခုရဲ့ လူမှုရေး တည်ငြိမ်မှုကို ထိခိုက်စေမယ်ဆိုရင် ခွင့်မပြုဘူးဆိုတာ တွေ့ရတယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး အဖွဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း) | ||
Posted: 19 Nov 2012 07:32 AM PST
အမေရိကန်သမ္မတအိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (အစအဆုံး)
အိုဘားမား မိန့်ခွန်း ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ်။ ။ (ဓာတ်ပုံ - Reuters) |
[Message clipped] View entire message
0 comments:
Post a Comment