Tuesday, November 20, 2012

(၂၃) ရက်နေ့ နန်းခင်ဇေယျာ ကျေးဇူးတုံ့ပြန်မည်



Tuesday, 20 November 2012

နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပမည့်နန်းခင်ဇေယျာ၏ ပရိတ်သတ်များ ကို ကျေးဇူးတုံ့ပြန်ပွဲ (သို့မဟုတ်) Thank You Party ပွဲကိုတက်ရောက်လိုသူများ
သည် နန်းခင်ဇေယျာမေးလ်ထဲသို့ စာရင်းပေးထားသူများမှာ နိုဝင်ဘာ (၁၉) ရက်နေ့အထိ ၆၇၃ ယောက်ရှိကြောင်းသိရသည်။

“ညီမရဲ့မေးလ်ထဲကို နေ့စဉ်ပွဲတက်ရောက်ချင်လို့ ပို့တဲ့စာတွေ
အရေအတွက်တော်တော်များတယ်။ တစ်ချို့ဆိုရင်နှစ်စောင်၊သုံးစောင်
ထပ်နေတဲ့သူတွေရှိတယ်။ အဲ့ဒါတွေကိုပြန်ပြီးစိစစ်နေရတယ်။ ဒီရက်ပိုင်းခရီးသွားနေရတဲ့ အတွက် ပွဲစီစဉ်သူတွေနဲ့ တာဝန်ရှိတဲ့သူတွေကို
ချက်ချင်း forward လုပ်ပေးနေပါတယ်။ “ဟု နန်းခင်ဇေယျာက ပြောသည်။

ပရိတ်သတ်များအား ကျေးဇူးတုံ့ပြန့်ပွဲကို ညနေ (၄) နာရီမှ ည (၇) နာရီ (၁၀)မိနစ်အထိ အစီအစဉ် (၁၅) ခုဖြင့်ကျင်းပမည်ဖြစ်ကြောင်းသိရပြီး
ယခုပွဲကိုကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ vote လုပ်ပေးတဲ့သူတွေကို မမေ့ဘူးဆိုတာကို ပြချင်တဲ့အတွက် တတ်နိုင်သည့်ဘက်ကကျင်းပရခြင်း
ဖြစ်ကြောင်း သိရသည်။

“ ညီမအနေနဲ့ လက်ရှိနေရာကိုရောက်ခဲ့တာဟာ vote လုပ်ပေးခဲ့ကြတဲ့
မြန်မာနိုင်ငံသားတွေရဲ့ ကျေးဇူးကြောင့်ပါ။ အဲ့ဒီကျေးဇူးတွေကိုညီမ
ဘယ်တော့မှ မမေ့ဘူးဆိုတာလေးကိုပြချင်တဲ့အတွက် ညီမဘက်က
နေနိုင်သလောက်လေးနဲ့ ညီမကိုပံ့ပိုးကူညီပေးနေတဲ့ Red Link Company တို့ပူးပေါင်းပြီးလုပ်ဖြစ်တဲ့သဘောပါ။” ဟု နန်းခင်ဇေယျာက ပြောသည်။

နန်းခင်ဇေယျာသည် Red Link ရဲ့ Brand Ambassador တစ်ယောက်
ဖြစ်ပြီးယခုရက်ပိုင်းတွင် Tourist တွေနဲ့ ခရီးသွားနေရကာ (၂၃)ရက်နေ့တွင်
ကျင်းပမည့် ကျေးဇူးတုံ့ပြန်ပွဲသို့ မလာရောက်နိုင်သည့်နန်းခင်ဇေယျာ၏ ပရိတ် သတ်များအား စိတ်မကောင်း ဖြစ်မိကြောင်းသိရသည်။

“ဒီပွဲကိုမလာရောက်နိုင်တဲ့ ပရိတ်သတ်တွေအတွက်လည်း ညီမ သူတို့နဲ့ထပ်တူစိတ်မကောင်းပါဘူး။ ဖြစ်နိုင်ရင် တော့ ညီမလည်း
အားလုံးကိုတွေ့ချင်တာပါ။ဒီပွဲကိုလာမှ နန်းခင်ဇေယျာကို အားပေးခဲ့တဲ့
လူတွေ လို့သတ်မှတ်တာမဟုတ်ဘဲ။ နန်းခင်ဇေယျာကိုအားပေးခဲ့
တဲ့လူတွေထဲကမှ လာနိုင်သလောက်လူတွေကိုသာဒီပွဲမှာတွေ့ဆုံ ခွင့်၊ ကျေးဇူးတင်ကြောင်းပြောခွင့် ရမှာပါ။” ဟုနန်းခင်ဇေယျာက ဆက်ပြောသည်။

နိုဝင်ဘာ (၂၃) ရက်နေ့တွင်ကျင်းပမည့် ပွဲတွင် အဆိုတော်ဘိုဖြူက
လက်တီးသီချင်းဖြင့်တီဆိုဖျော်ဖြေကာနန်းခင်ဇေယျာ ကိုယ်တိုင်
ရှမ်းအကဖြင့်ဖျော်ဖြေမည်ဖြစ်ပြီး၊ We Are TheWorld တေးသီချင်းဖြင့် နန်းခင်ဇေယျာနှင့်အတူ အကလေးများမှတေးသရုပ်ဖော်သွားမည်
ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင်ပရိတ်သတ်များကို လည်း မဲဖေါက်ပေးမည့် အစီစဉ်သစ်ကိုပါထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...