သစ်ထူးလွင် သတင်းစုစည်းမှု (၈-၁၁)
သစ်ထူးလွင်
|
- လိုင်စင်မဲ့ဆိုင်ကယ်၊ ကယ်ရီသမားများအုပ်စုဖွဲ့ ရမ်းကားမှု တညတည်း၌ နှစ်ကြိမ်ဖြစ်ပွား
- တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူလုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ
- တရုတ်အုပ်စိုးမှု တိဗက်လေးဦး မီးရှို့ဆန္ဒပြ
- မသင်္ကာဖွယ် လူသုံးဦးကို လိုက်လံဖမ်းဆီးသော သင်္ဃန်းကျွန်းမှ ဒုရဲအုပ်တစ်ဦး ဓားထိုးခံရ
- ဒေါ်အောင်ဆန်းစုကြည် ၀တ်စားဆင်ယင်မှု အမျိုးသမီးတွေကြားမှာ ပြန်ခေတ်စားနေ (ရုပ်သံ)
- ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့
- ပဲခူးမြို့က ရှင်ဆောင်းအထည်ချုပ် အလုပ်သမားများ လစာတိုးမြှင့်ရေး ဆန္ဒပြ
- မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး
- ကျူးကျော်နေထိုင်ခွင့် ပါမစ်အတွက် စည်ပင်သို့ စာရင်းပေးသွင်းနိုင်
- ယာဉ်တိုက်ခံရသူ အချိန်မှီအခါမှီ ဆေးရုံမပို့သဖြင့် သေဆုံး
- နှုတ်ခမ်းမွေးပါပါလေး'မကြောက်တရာ
း'၊လိုက်လံဟောပြော - အိုဘားမား မြန်မာသို့ လာလည်မည်
- တရားရေးကိစ္စကိုင်တွယ်မှုသည် စိုးမိုးသည်ဟုမြင်ပါက ထပ်မံစိုးမိုးသွားမည်ဟု သူရဦးအောင်ကိုပြောကြား
- ရခိုင်အရေး နယ်စပ် ပြဿနာ ဘင်္ဂါလား ဒေ့ရှ်လည်း တာဝန်ရှိ
- အဓမ္မ ပြုကျင့်တဲ့ အာဖဂန် ရဲတွေ ထောင်ချခံရ
- မောင်တောမှာ လက်နက်ကိုင်တွေ ဝင်တိုက်
- မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်
- အထူးစီမံချက်နဲ့ မင်းမဲ့စရိုက်
- နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် EURO SPORTS JOURNAL အတွဲ(၄)အမှတ်(၃၀)
- SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၄၀)၊နိုဝင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ။
- နိုဝင်ဘာလ(၅)ရက်နေ့ ထုတ် 7Day Shopping Guide Journal အတွဲ(၃)အမှတ်(၁၃)
- သမ္မတအိုဘားမား အနိုင်ရမှု မြန်မာကြိုဆို
- ရိုဟင်ဂျာဒုက္ခသည် စက်လှေ ဘင်္ဂလား ပင်လယ်အော်မှာ တိမ်းမှောက်
- သမ္မတအိုဘားမား အနိုင်ရမှု နိုင်ငံတကာ ဂုဏ်ပြုချီးကျူး
- ပညာရေး ၀န်ကြီးဌာနပိုင် အခြေခံပညာ ကျောင်းများကို ပုဂ္ဂလိကအား ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည် မဟုတ်
Posted: 08 Nov 2012 05:50 AM PST
မြောက်ဥက္ကလာပ (ဂ)ရပ်ကွက် ခေမာသီလမ်း ဆေးတက္ကသိုလ်(၂)ရှေ့နှင့် အဝိုင်း အနီးတွင် နိုဝင်ဘာ (၆)ရက်နေ့၌ ညသန်းခေါင်ကျော်အချိန်ခန့်တွင် (၁၅) မိနစ်ခန့်ခြား၍ ဆိုင်ကယ် ကယ်ရီ သမားများမှ အုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ညတည်း၌ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒဏ်ရာရသူ(၃) ဦးအနက် မြောက် ဥက္ကလာပ၊ မေဓါဝီဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုအောင်မြင့်မြတ်နှင့် ကိုဟန်ဝင်းက---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Nov 2012 05:29 AM PST
“ အဲဒီ တပ်မတော်သား (၃) ဦးက အခုအချိန်ထိ အသက်ရှင် ရှိနေသေးတယ်။ ဒီကနေ့ နောက်ဆုံး သတင်းရတာက ဖမ်းဆီးခေါ်ဆောင် ခံသွားရတဲ့ တပ်သား (၃) ဦးကို အပေးအယူ လုပ်ပြီး ပြန်လွှတ်
ပေးမယ်လို့ အဲဒီ လက်နက်ကိုင် အဖွဲ့က ကမ်းလှမ်းတယ်။ ဒါကို မြန်မာဘက်က ပယ်ချလိုက်ပါတယ်” --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 05:00 AM PST
တိဗက် ဒေသ အပေါ် တရုတ်တို့ရဲ့ မူဝါဒကို ဆန့်ကျင်ပြီး ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြတဲ့ တိဗက် လူမျိုးတွေထဲမှာ အခု နောက်ဆုံး ဆန္ဒပြတဲ့ သူတွေကတော့ ငယ်ရွယ်တဲ့ ကလေး အမေတဦးနဲ့ ဘုန်းတော်ကြီး သုံးပါးတို့ ဖြစ်ပါတယ်။ သူတို့ထဲက ကလေးမိခင်နဲ့ ဘုန်းတော်ကြီး တစ်ပါးတို့ သေဆုံး ပျံလွန်တော် မူသွားကြတယ်လို့---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 04:32 AM PST
ဘက်ထရီ အိုးများဖြင့် မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့သူ သုံးဦးကို လိုက်လံဖမ်းဆီးစဉ် သင်္ဃန်းကျွန်း ရဲစခန်းမှ ဒုရဲအုပ် တစ်ဦး ဓားဖြင့် အထိုးခံ လိုက်ရကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခန့်က သင်္ဃန်းကျွန်း မြို့နယ် ဝေဇယန္တာလမ်းနှင့် ပြည်သာယာ လမ်းထောင့်တွင် ထိုသို့ ဖြစ်ပွားခဲ့ ခြင်းဖြစ်ရာ ဓားဖြင့်အထိုးခံလိုက်ရသူ ဒုရဲအုပ်မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 04:01 AM PST
မြန်မာ ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကြားမှာ ပြန်ခေတ်စား နေတယ်လို့ အင်္ကျီစက်ချုပ်ဆိုင်တွေက ပြောပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ရီဘွန်း
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 04:41 AM PST
နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင် လာသော ကွန်တိန်နာ သင်္ဘောတစ်စီး ၀င်ရောက် လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာ စကား ပြောတတ်သူ သုံးဦးခန့်သာ ပါဝင်ကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 05:17 AM PST
ပဲခူးမြို့ ရှင်ဆောင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁၅၀၀ လောက်ဟာ လုပ်ခလစာတိုးမြှင့်ဖို့၊ နားရက်တွေမှာ လစာဖြတ်ထောက်တဲ့ကိစ္စ ဖြေရှင်းဖို့၊ ကျန်းမာရေးစရိတ်ပေးဖို့ အပါအ၀င် အချက် ၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေဟာ ဒီနေ့ နေ့ခင်း ၁၂ နာရီလောက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြတာလို့ အဲဒီစက်ရုံကို သွားရောက်မေးမြန်းခဲ့တဲ့ ပဲခူးမြို့ခံ ကိုအောင်မျိုးဝင်းက ပြောပါတယ်။ “အဓိက တောင်းဆိုတာက လစာတိုးပေးဖို့ကိစ္စ။ နောက်တချက်က ဒီမှာ ဗမာထဲက စက်ရုံမန်နေဂျာ နှစ်ယောက်ကနေ ကိုရီးယားမန်နေဂျာကို အလုပ်ဖြုတ်တဲ့အတွက် မကျေနပ်ဘူး။ ကိုရီးယားမန်နေဂျာကို ပြန်ပြီး အလုပ်ခန့်ဖို့။ အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်ပိတ်တဲ့ကိစ္စကို သူတို့လစာထဲက ဖြတ်တဲ့ကိစ္စ၊ အဲဒါကိုလည်း မကျေနပ်ကြဘူး။ စက်ရုံထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူ စက်ချုပ်သမားတွေကို ၃ လပြည့်ရင် လစာတိုးပေမယ်လို့ အလုပ်ရှင်တွေက ပြောဆိုပေမယ့် ၃ လပြည့်ပြီး နိုဝင်ဘာ ၅ ရက်နေ့ လစာထုတ်တဲ့နေ့မှာ လစာတိုးမြှင့်ခြင်း မရှိပါဘူး။ ဒါကို သွားရောက်ပြောဆိုရာမှာ မန်နေဂျာကနေပြီး ၁၅၀၀ လောက်ပဲ ပေးတဲ့အတွက် အဲဒီနေ့ကတည်းက အလုပ်သမားတွေ မကျေမနပ်ဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။ အလုပ်သမားတွေ အခုလို ဆန္ဒပြတဲ့အတွက် အလုပ်ရှင်တွေအပါအ၀င် ပဲခူးမြို့အလုပ်သမားရုံး ဥပေဒစစ်ဆေးရေးအရာရှိ ဦးအောင်ကျော်ဦးအပါအ၀င် အရာရှိတချို့နဲ့ အလုပ်သမားတွေ ညနေပိုင်း မှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ အလုပ်သမားတွေဘက်ကတော့ သူတို့ တောင်းဆိုချက်တွေကို မလိုက်လျောရင် အလုပ်ထွက်မယ်လို့ ပြောဆိုထားပါတယ်။ ရှင်ဆောင်းအထည်ချုပ်စက်ရုံဟာ ကိုရီးယားပိုင်ဖြစ်ပြီး အလုပ်သမား ၁၅၀၀ လောက် ရှိပါတယ်။ by နော်နိုရင်း (ဒီဗွီဘီ)
| ||
Posted: 08 Nov 2012 04:38 AM PST
မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံး သွားကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာက ရေးသား ဖေါ်ပြ သည်။ စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေမှ မလေးရှားကို ထွက်ခွာစဉ် ယမန်နေ့ (နိုဝင်္ဘာလ ၇ ရက်) နံနက်က ကမ်းခြေမှ ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ်သွားသည်ဟု ဆိုသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 08 Nov 2012 02:54 AM PST
ရန်ကုန်တိုင်း ဒေသကြီး တွင်းရှိ ကျူးကျော် နေထိုင်သူများ အနေဖြင့် ကော်မတီ ဖွဲ့စည်းကာ နေထိုင်ခွင့် ပါမစ် ရရှိနိုင်ရန် မြို့တော် စည်ပင်ဌာနသို့ စာရင်း တင်သွင်း ထားနိုင်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေကော်မတီ အဖွဲ့က သိရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင်း မြို့နယ်ပေါင်း (၄၅)မြို့နယ်ရှိပြီး မြို့နယ် အသီးသီး၌ ကျူးကျော် နေထိုင်ကြ သူများမှာ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ကျူးကျော် နေထိုင်သူများ အနေဖြင့် ကော်မတီဖွဲ့စည်းကာ စည်ပင်ဌာနသို့ စာရင်း ပေးသွင်း ထားရန်--
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 02:36 AM PST
၅.၁၁.၂၀၁၂ ရက်နေ့တွင် ပြည်လမ်းမ ရေစက်မှတ်တိုင် Dagon State အထည်ချုပ် စက်ရုံရှေ့တွင် လိုင်းကား နှစ်စီး ယှဉ်ပြိုင် မောင်းနှင်ရာမှ တစ်ဖက် ယဉ်ကျောဘေး မြေးသား လမ်းပေါ်မှ စက်ဘီး တွန်းလာသူ တစ်ဦးကို ၀င်ရောက် တိုက်မိပြီး အတိုက်ခံ ရသူမှာ ဆေးရုံးသို့ ရောက်ရှိချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း ၊ ယာဉ်မောင်း နှင့် စပါယ်ယာမှာ ထွက်ပြေး သွားသည်ဟု သိရှိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 02:01 AM PST
မန္တလေးမြို့မှ နှုတ်ခမ်းမွေး ပါပါလေးဟု လူသိများသော လူရွှင်တော်ပါပါလေးမှာမန္တလေးနှင်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အင်န်အယ်လ်ဒီ ပါတီရပ်/ ကျေးရုံးဖွင့်ပွဲများတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြရန် ရည်ရွယ်လျက် 'မကြောက်တရား' လိုက်လံဟောပြော ကာ စည်းရုံးဆောင် ရွက်ပေးနေကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 12:59 AM PST
ဒုတိယ သက်တမ်း အတွက် ပြန်လည် ရွေးကောက်ခံ ခဲ့ရသော အမေရိကန် သမ္မတ အိုဘားမားသည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ရှိကြောင်း အမည် မဖော်လိုသူ မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းသို့ ပြောကြားသည်။ သတင်း၌ ယင်းအရာရှိက "သမ္မတ အိုဘားမားဟာ သမ္မတ(ဦးသိန်းစိန်)နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကို တွေ့ဆုံ သွားမှာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 12:41 AM PST
" တရားလွှတ်တော်ကို လွှတ်တော်က စိုးမိုးတယ်လို့ ပြောသံကြားတယ်။ အဲလို ထင်ရင်လည်း ကျနော်တို့ အနေနဲ့ ဆက်ပြီး လုပ်သွားရမှာပဲ၊ ဒီအစိုးရ သက်တမ်းမှာ တရားရေးမဏ္ဍိုင် မှန်ကန်ပြီး အားကောင်း လာအောင် လုပ်ကို လုပ်ရမှာပဲ၊ နောက်ရွေးကောက်ပွဲ ပြီးတဲ့ လွှတ်တော်မှာ ကျနော်တို့ ပြန်ပါလာဖို့လဲ မသေချာသလိုပြန် အရွေးချယ်ခံရရင်တောင် ဒီကော်မတီမှာ ပြန်တာဝန်ထမ်းဆောင် ရဖို့လည်း ပြောလို့မရပါဘူး၊ ဒါကြောင့် စိုးမိုးတယ်ထင်ရင်လည်း ထပ်စိုးမိုးသွားရမှာပဲ"---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 07 Nov 2012 08:06 PM PST
ရခိုင် ပြည်နယ် နယ်စပ် လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးမှာ မြန်မာနဲ့ ဘင်္ဂါလားဒေ့ရှ် နှစ်နိုင်ငံ စလုံးမှာ တာဝန်ရှိပြီး ဘင်္ဂါလားဒေ့ရှ် ကလည်း နယ်စပ် ပြဿနာကို တာဝန် ယူသင့် တယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား လွှတ်တော် အမတ် တခိျု့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့လည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ရေရှည် အတွက် ဖြေရှင်းရေးမှာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 07 Nov 2012 07:44 PM PST
အခုနှစ် မေလ တုန်းက ရဲ ဝန်ထမ်း အမျိုးသားတွေ အုပ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်း အဓမ္မ ပြုကျင့် ခဲ့တယ် ဆိုတာ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး လာလ် ဘီဘီ Lal Bibi က တရားရုံးမှာ ငိုကြွေးရင်း ပြောပြခဲ့ ပါတယ်။ တခြား ရဲဝန်ထမ်း သုံးယောက် ကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။ အဲဒီ အမျိုးသမီးက သူ့ကို မတရား ပြုကျင့် ခဲ့တာနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သွားရောက် တိုင်ကြား ခဲ့တာပါ။ အာဖဂန် နစ္စတန် နိုင်ငံမှာက လိင်ပိုင်း ဆိုင်ရာ မတရား ပြုကျင့်ခံရတဲ့ အမျိုး သမီးတွေဟာ အခုလို ကိုယ်တိုင် ထုတ်ဖော် တိုင်ကြားတယ် ဆိုတာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်တဲ့ ကိစ္စပါ။ သူ့ရဲ့ ထွက်ဆိုချက် တွေကို နိုင်ငံတကာ သတင်း မီဒီယာတွေမှာ စိတ်ဝင် တစား ဖော်ပြ ခဲ့ကြသလို သမ္မတ ကာဇိုင်း ကိုယ်တိုင်က ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးဖို့ အမိန့် ပေးခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 07 Nov 2012 07:21 PM PST
မြန်မာ နိုင်ငံနဲ့ ဘင်္ဂါလားဒေ့ရှ် နိုင်ငံ နယ်စပ် မောင်တော မြို့နယ် မြောက်ပိုင်းကို အမည် မသိတဲ့ လက်နက်ကိုင်တွေ ၀င်ရောက် တိုက်ခိုက် ခဲ့တဲ့ အတွက် မြန်မာ စစ်တပ် ဘက်က လူသေဆုံးမှု ရှိခဲ့ ပါတယ်။ အောက်တိုဘာလ ၆ ရက် အင်္ဂါနေ့ ညနေ ပိုင်းက မောင်တော မြို့နယ် မြောက်ပိုင်း နယ်စပ် လုံခြုံရေးနဲ့ ကွပ်ကဲရေး နယ်မြေ အမှတ် ၁ ရှိရာ ရခိုင်ရွာ ဖြစ်တဲ့ ဗန္ဓုလရွာ အနီးမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ တာပါ။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 07 Nov 2012 07:11 PM PST
မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ် အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာရေတပ်က ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေး ခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 07 Nov 2012 05:35 PM PST
အထူးသဖြင့် ပြည်သူ့ ရင်ပြင်ရှေ့မှာ ရွှေတိဂုံဘုရားကြီး အရှေ့မှာထားပြီး ညညဆို ထင်တိုင်းကျဲ ၊ အရက်သောက်၊ သီချင်းတွေဖွင့်၊ မဖွယ်မရာလုပ်၊ ပြိုင်ကားမောင်း ၊ မနက်ဆို ရင်ပြင်စောင့်တွေက သူတို့ဖယ်ခဲ့တဲ့ တားဆီးထားတဲ့ အတုံးတွေ ပြန်ရွှေ့ရတယ် ----
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 07 Nov 2012 05:25 PM PST
| ||
Posted: 07 Nov 2012 04:34 PM PST
| ||
Posted: 07 Nov 2012 04:28 PM PST
နိုဝင်ဘာလ(၅)ရက်နေ့ ထုတ် 7Day Shopping Guide Journal အတွဲ(၃)အမှတ်(၁၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Nov 2012 12:21 AM PST
အမေရိကန် ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama ပြန်ပြီး အနိုင်ရတဲ့ အတွက် မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေး အရှိန်ကို ပိုပြီးတိုးမြှင့် သွားမယ်လို့ ယုံကြည်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ သမ္မတအိုဘားမား အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လမ်းမလွဲအောင် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလို မစ္စတာအိုဘားမား သမ္မတ အဖြစ် ပြန်လည် အရွေးခံရတဲ့အပေါ် မြန်မာနိုင်ငံ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်က တုံ့ပြန်မှုတွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama က ဒုတိယသက်တမ်းအနိုင်ရရှိခဲ့တာကို မြန်မာနိုင်ငံ သမ္မတရုံးက ကြိုဆိုပါတယ်။ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးကောင်းမွန်တိုးတက်လာဖို့ မျှော်လင့်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို ပြောပါတယ်။ “အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ၊ သူတို့ ပါတီနှစ်ရပ်လုံးရဲ့ ထောက်ခံမှုကို ရယူပြီး ဆောင်ရွက်နေ တာ ဖြစ်တဲ့အတွက်ကြောင့် တကြောင်း၊ အခု မြင်တွေ့ရတဲ့ အခင်းအကျင်း အရပေါ့။ House မှာရော၊ ဆီးနိတ်မှာရော အနေအထားတွေကို ကြည့်ရင်တော့ ကျနော်တို့ နှစ်နိုင်ငံ ပူးပေါင်းမှု၊ မြှင့်တင် ဆောင်ရွက်မှုက အိုဘားမား ပြန်အနိုင်ရတဲ့အတွက် မူလရရှိထားပြီး အခြေအနေကောင်းတွေပေါ် မူတည်ပြီး အရှိန်အဟုန် ပိုပြီး မြင့်မားလာဖို့တော့ သေချာပါတယ်။” အိုဘားမားအစိုးရနဲ့ တည်ဆောက်ထားနိုင်တဲ့ နားလည်မှုတွေကြောင့် မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲ မှုတွေမှာ အမေရိကန်က ဆက်ပြီး ကူညီအားပေးသွားလိမ့်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျနော်တို့ဘက်ကတော့ လွှတ်တော်ရောပေါ့နော်-အစိုးရရော၊ ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစု တွေနဲ့ရော ထိတွေ့ဆက်ဆံနေတဲ့အချိန်မှာ လောလောဆယ် ကျနော်တို့ အပြန်အလှန် နားလည်မှုတွေ အတော်များများ တည်ဆောက်ထားနိုင်ပါပြီ။ အဲဒီလိုပဲ အပြန်အလှန် ယုံကြည်မှုတွေ ခိုင်မာလာပြီး တော့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီးတော့ မြင့်မားလာဖို့ မှန်းပြီးတော့ ဆက်ဆံရေး အခြေအနေ မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။ ဒီအချိန်မှာ အမေရိကန် အစိုးရဘက်မှာ အုပ်ချုပ်ရေးက သမ္မတ အိုဘားမားအစား တခြားတယောက် မစ်ရော်မနီပေါ့- တက်လာမယ်ဆိုရင် တည်ဆောက် ထားတဲ့ နားလည်မှုတွေက ဘယ်လိုပဲ ပြောပြော နဂိုရ်လို ဆက်ပြီးတော့ မြှင့်ဖို့ မမြှင့်ဖို့ ဆိုတာ သေချာပေါက် တော့ အခုလောက်တော့ မသေချာဘူးပေါ့နော်။ အဲဒီအခါကျရင် နှစ်ဦးနှစ်ဘက် အပြန်အလှန် ထိတွေ့ ဆက်ဆံပြီးတော့ နားလည်မှု၊ ယုံကြည်မှုတွေ အသစ်တဖန် ထပ်ပြီးတော့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။” သမ္မတ Obama ထပ်မံ အနိုင်ရမှုကြောင့် မြန်မာနိုင်ငံ နိုင်ငံရေးအတွက်လည်း အထောက်အပံ့ ဖြစ်နိုင်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် “အိုဘားမားအစိုးရက အခု ဒုတိယအကြိမ် ပြန်ပြီးတော့ ရွေးကောက်ပွဲကို နိုင်လိုက်တယ်။ နိုင်တဲ့နေရာ မှာလည်း တော်တော်လေး ကောင်းကောင်းမွန်မွန် နိုင်တဲ့အခါကျတော့ ကျနော်ထင်တယ်။ ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေးကိစ္စတွေ၊ အပြောင်းအလဲ ကိစ္စတွေမှာ အများကြီး အထောက်အပံ့ဖြစ်မယ်လို့ ထင်ပါတယ်။” လက်ရှိ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေ လမ်းလွဲမသွားရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် နောက်ထပ် တွန်းအားပေးနိုင်ဖို့ကိုလည်း ဦးဝင်းတင်က မျှော်လင့်ပါတယ်။ “မစ္စတာ အိုဘားမားတို့အနေနဲ့ လက်ရှိပေါ့ဗျာ။ ဘာပဲပြောပြော အာဏာရှင်တွေရဲ့ အကြွင်းအကျန် တွေနဲ့ အမွေခံပြီး လုပ်နေရတဲ့ ဒီအစိုးရကိုလည်း ဒီလမ်းကြောင်းကို ဆက်ပြီး ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်ဖို့၊ တွန့်ခြင်း၊ ဆုတ်ခြင်း၊ ကွေ့ခြင်း၊ ချော်ခြင်း မရှိအောင်လုပ်ဖို့ သူ အများကြီး ကူညီထိန်းမ နိုင်မယ်လို့ ယူဆပါတယ်။ နောက်တခုက ဒီမိုကရေစီကို အစိုးရကပဲ လုပ်နိုင်မယ်လို့ဆိုတာ ကျနော်တို့ မယုံကြည်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲဖို့ ကိစ္စ အောင်မြင်ဖို့ ဆိုရင် တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ နိုင်ငံရေးအင်အား စုတွေ၊ နောက်ပြီးတော့ ကျောင်းသားလူငယ် စသည့်အဖွဲ့အစည်းတွေ ဒါတွေ အများကြီးရှိပါတယ်။ ဒီအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံးရဲ့အင်အားတွေ တိုးမြှင့်အောင်၊ လုပ်ဆောင်ရည်၊ စွမ်းဆောင်ရည် တိုးမြင့်အောင်လည်း ကူညီပါ။ အဲလို ကူညီပြီးတော့ ဒီအစိုးရကိုလည်း ထိန်းကျောင်းပြီးတော့ ၊ ကြပ်မတ်ပြီးတော့ နောက်ကြောင်းပြန်မလှည့်အောင်လို မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ကျင့်သုံးတဲ့ အိုဘားမားအစိုးရ အနေနဲ့ ဒုတိယ သမ္မတသက်တမ်းကာလမှာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ကိစ္စတွေမှာ ပိုပြီးအာရုံစိုက် အကူအညီပေးဖို့ မျှော်လင့်သူကတော့ မြန်မာ့နိုင်ငံရေးကမ္ဘာ့နိုင်ငံေ “တကယ်တန်း ပိုပြီးဖြစ်သင့်တာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ်ကို တကယ်ပေါ့လေ -နောက်ပြန်မလှည့်အောင်၊ သေသေချာချာ ပြောင်းလဲဖြစ်တဲ့ဟာမျိုးပေါ့လေ၊ ခိုင်ခိုင်မာမာဖြစ်အောင် သူ့အနေနဲ့က ပိုပြီး တိုက်တွန်းအားပေးသွားပြီးတော့ အဓိက-ကတော့ နောက်ကျကျန်နေခဲ့တဲ့ အရေးကြီးတဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပေါ့- အဲဒီလို ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ ပိုပြီးတော့ ဦးဆောင်ပြီးတော့ တခြားနိုင်ငံတွေ အနေနဲ့အတူတူ တတ်နိုင်သရွေ့ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီးတော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်းရော၊ နောက်တပိုင်းကကျတော့ အကူအညီပေးတဲ့ဟာပေါ့နော်။ USAId က အကူအညီပေးတဲ့ဟာမျိုး။ ဖြစ်နိုင်ရင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ပါတယ်။” အဲဒီလို မျှော်လင့်တဲ့နေရာမှာပေါ့လေ- စောစောကပြောသလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပိုင်းတွေမှာ တကယ်ပဲ အောက်ခြေ လူတန်းစားတွေ၊ အောက်ခြေ ပြည်သူတွေအတွက် ထိရောက်တဲ့ အကူအညီပေးမှုတွေ ဖြစ်အောင်ကော အမေရိကန် အစိုးရအနေနဲ့ အကူအညီပေးဆိုရင် ဘာတွေ ကူညီသင့်တယ်လို့ရော အကြံပြုချင်ပါလဲရှင့်။ “ကျေးလက်အထိ ဆင်းပြီးတော့မှ ကျနော်တို့ ကျေးလက်မှာရှိတဲ့လူတွေ၊ လယ်သမားတွေ၊ သက်ဆိုင် ရာ လူတွေနဲ့ထိတွေ့ပြီးတော့မှ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီးတော့မှ အကူအညီပေး ရင်တော့ ပိုပြီးထိရောက်မယ်လို့ ထင်တာပေါ့နော်။ လက်ရှိ အနေအထားအရ လာတဲ့သူ အများစု ဟာ နေပြည်တော်ကို သွားတယ်။ လူကြီးတွေနဲ့ တွေ့တယ်။ လက်တွေ့ အောက်ခြေ အထိ ရောက်တဲ့ သူတော့ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။” သမ္မတဦးသိန်းစိန်အစိုးရရဲ့ဆောင် ဗွီအိုအေ (မြန်မာဌာန)
| ||
[Message clipped] View entire message
0 comments:
Post a Comment