သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၁)
သစ်ထူးလွင်
|
- ဆမ်ဆောင်းဖုန်း ဈေးလျှော့ရောင်းမယ့် အစီအစဉ်ဖျက်သိမ်းလို့ လူကြီးမင်းဆိုင်တွေကို လူအုပ်ကြီးက တိုက်ခိုက် (ရုပ်/သံ)
- ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဒေါ်စု သဘောထား
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၄၃)
- စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစ္စလာမ်ဘာသာဝင် နှစ်ဦးထုတ်ပယ်ခံရ
- နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် The Voice Weekly Vol.8/No.44
- ရခိုင်ပဋိပက္ခ ဆွေးနွေးရန် စစ်တွေမှ ဘုန်းတော်ကြီး လေးပါး ရန်ကုန်သို့ ပင့်ဆောင်
- မိုးထိ မိုးမိ ရွှေလုပ်သားများ ဆက်လက်ဆန္ဒပြ
- လူကြီးမင်းဖုန်းဆိုင် တစ်ချို့ Samsung Galaxy Mini ဖုန်းရောင်းမည် အစီအစဉ် အကန့်အသတ်မရှိ ရွေ့ဆိုင်း
- မြန်မာ ပြည်သူများ Samsung Glaxy Mini ကိုအလုအယက်ဝယ်ယူ
- ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင် အိမ်ခြေ ၅၀ ကျော် မီးလောင်မှု ကျပ်သိန်းပေါင်း များစွာဆုံးရှုံးခဲ့ (သတင်း-ဓါတ်ပုံ)
- ရခိုင် ပဋိပက္ခ ဒုက္ခသည်များကို တိုက်ရိုက်ကူညီမည်ဟု သံတမန်များ ပြောကြား
- ရခိုင် ပြည်နယ် အကြမ်းဖက် မှုများတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံး သူများ ရှိခဲ့ဟု သိရ
- ကမ္ဘာပျက်မယ့်ဘေးကို တားဆီး ပေးနိုင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အကောင်းဆုံး စွမ်းဆောင်ချက်များ
- ကမ္ဘာ့ဘဏ်အကူအညီိထိရောက်ဖို့ ပွင့်လင်းမြင်သာမှုအရေးကြီး
- နယူးယော့ မာရသွန် ပွဲပျက်
- ဥရောပ ကော်မရှင်ဥက္ကဌ နေပြည်တော်ရောက်
- ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အတွက်စိုးရိမ်နေကြ
- သမ္မတရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တပ်အတွက် ခက်ခဲ
Posted: 03 Nov 2012 07:25 AM PDT
ဆမ်ဆောင်းဂလက်စီ mini ဟန်းဆက်ဖုန်း တစ်လုံးကို ကျပ် ၅ထောင်နဲ့ အလုံး ၁၀၀ကျော်ကို ရောင်းချမယ်လို့ ကြေညာခဲ့ပြီးမှ ဆိုင်ပိတ်ချလိုက်တဲ့ လူကြီးမင်းဖုန်းဆိုင်တွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ခဲနဲ့ပေါက် ဆိုင်းဘုတ်တွေကို ဖျက်စီးခဲ့ပါတယ်။
လူကြီးမင်း ဖုန်းဆိုင်တွေရှိတဲ့ လသာ၊ ကမာရွတ်၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ စတဲ့မြို့ နယ် တွေက ဆိုင်ခွဲတွေမှာ ဦးရာလူစနစ် နဲ့ မဲနှိုက်ပြီး အထူးလျှော့ဈေးနဲ့ နိုဝင်ဘာ ၃ရက်နေ့မနက်(၇)နာရီမှာ ကျပ်ငွေ ၅ထောင်နဲ့ရောင်းမယ်ဆိုပြီး တရားဝင် ကြေညာခဲ့ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Nov 2012 07:04 AM PDT
မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိတ်ရှည် သီးခံကြဖို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ တိုက်တွန်း ပြောကြားလိုက် ပါတယ်။ ဒါပေမယ့်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဖြစ်စေချင်တဲ့ ပုံစံမျိုး ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခက်အခဲတွေ ဘက်ကနေ ရပ်တည် ပြောကြားဖို့ ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို သွားပါတယ်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Nov 2012 06:23 AM PDT
| ||
Posted: 03 Nov 2012 05:59 AM PDT
ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသော စုံစမ်းစစ်ရေးကော်မရှင်မှ အစ္စလာမ်ဘာသာရေးရာအဖွဲ့ချုပ်မှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ကော်မရှင်၏ စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာသဖြင့် နိုဝင်ဘာလ ၁ရက်နေ့တွင် ထုတ်ပယ်လိုက်ကြောင်း အဆိုပါကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကော်မရှင်ကို ဝေဖန်မှုတွေလုပ်တယ်။ စည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာလို့ ထုတ်ပယ်လိုက်တာပါ“ ဟု ၄င်းက ဆို သည်။ ၄င်းတို့ နှစ်ဦးသည် ကော်မရှင်ကို ကိုယ်စားပြုကာ ကော်မရှင်၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိပဲ ၄င်းတို့ သဘောဖြင့် သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်မှာ လူပုဂ္ဂိုလ် ၂၇ဦးပါဝင်သော ယင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မရုံးက သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆ဦး၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များအပြင် နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်း ပုဂ္ဂိုလ်များသာမက သတင်းစားဆရာများ၊ ဥပဒေပညာရှင် များပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။ The Voice Weekly
| ||
Posted: 03 Nov 2012 05:49 AM PDT
| ||
Posted: 03 Nov 2012 05:31 AM PDT
ရန်ကုန်၊ နိုဝင်ဘာ ၃
ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားနေသော ပဋိပက္ခများ ပြန်လည် တည်ငြိမ် မှု ရရှိရေး ဆွေးနွေးရန် စစ်တွေမြို့မှ ဆရာတော်ကြီး ၄ ပါးကို မြန်မာနိုင်ငံတော် သာသနာရေး ဝန်ကြီး ဌာနက အောက်တိုဘာ လ ၂ ရက်နေ့ နံနက် ၁ဝနာရီ ကျော်ခန့် က ရန်ကုန်မြို့ သို့ လေကြောင်း ခရီးစဉ်ဖြင့် ပင့်ဆောင် သွားကြောင်း စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေး ရဟန်းတော်များ သမဂ္ဂထံမှ သိရှိရ သည်။ ပင့်ဆောင် သွားသော ဆရာတော် (၄) ပါးမှာ ဒက္ခိဏ ရာမ ကျောင်းတိုက် ဆရာတော်၊ မဏိရတနာ ကျောင်းတိုက် ဆရာ တော်၊ နန္ဒာရာမ ကျောင်းတိုက် ဆရာတော်နှင့် ဓမ္မသုခ ကျောင်းတိုက် ဆရာတော် တို့ဖြစ်ကြောင်း၊ ဆရာတော်ကြီး များအား ယင်းသို့ ပင့်ဆောင် သွားခြင်းကို ဒကာ၊ ဒကာမ များက စိုးရိမ်နေကြကြောင်း ယင်းသဂ္ဂ ထံမှသိ ရှိရသည်။ "ပဋိပက္ခတွေ နောက်ထပ် မဖြစ်ရအောင် ဆရာတော်ကြီး တွေက ထိန်းသိမ်း ပေးဖို့ လျှေက်ထား လိုတဲ့ အတွက် ပင့်သွားတာ လို့ သိရပါတယ်" ဟု စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ သမဂ္ဂမှ ဦးနန္ဒောဘာသ က မိန့်ကြားသည်။ ဆရာတော်ကြီး များအား ရခိုင်ပြည်နယ် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး က ရန်ကုန်သို့ ပင့်ယူ သွားခဲ့ပြီး အောက်တိုဘာ လ ၂ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးရှိ နိုင်ငံတော် မဟာသံင်္ဃာ့ နာယက အဖွဲ့မှ ဆရာ တော်ကြီး များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု သိရှိရကြောင်း ဆရာတော်ကြီးက ထပ်မံ မိန့်ကြားသည်။ ဆရာတော် ကြီးများသည် ရခိုင် ပဋိပက္ခ ပြေလည်ရေး အတွက် အစိုးရ ဘက်ဆိုင်ရာ အရာရှိ ကြီးများနှင့် နိုဝင်ဘာလ ၃ ရက်နေ့ တွင်လည်း ဆွေးနွေး သွားမည့် အစီအစဉ် များ ရှိကြောင်း စစ်တွေမြို့ရှိ သင်္ဃာတော်များ ထံမှ သိရှိရသည်။ The Voice Weekly | ||
Posted: 03 Nov 2012 05:24 AM PDT
ရန်ကုန်၊ နိုဝင်ဘာ - ၃
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးချုပ်ရှေ့တွင် ဒုတိယအကြိမ် ထပ်မံဆန္ဒဖော်ထုတ်မှုပြုလုပ်သော ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသမှ ရွှေလုပ်သားများသည် ကုမ္ပဏီမှ ဖြေရှင်းပေးမှုမရှိပါက ၎င်းတို့အနေဖြင့် ရုံးဖွင့်ရက်များတွင် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေလုပ်သားခေါင်းဆောင် ကိုနေအောင်ထက်က ပြောကြားသည်။ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုတွင် မိုးထိမိုးမိဒေသမှ ရွှေလုပ်သား ၁၀၀ ဦးခန့် ပါဝင်ကာ ခွင့်ပြုချက်တင်ပြီး ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ရက်ရှည်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ေ ကုမ္ပဏီက ဆန္ဒပြခေါင်းဆောင်များကို တွေ့ဆုံညှိနှိုင်းခြင်း မပြုလုပ်သော်လည်း ကုမ္ပဏီ၏ မျက်နှာစာတွင် ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို တန်ပြန်တုံ့ပြန်သည့် စာများ ရိုက်နှိက်ထားသော ဗီနိုင်းများ ချိတ်ဆွဲထားသည်။ ၎င်းတို့၏ ရုံးတွင်းဧရိယာအတွင်း အချောင်လိုချင်စိတ်သည် မိမိလူမျိုးနှင့်တိုင်းပြည်အကျု `သူတို့ဗီနိုင်းထဲမှာ ကျွန်တော်တို့ကို လူတစ်စုလိုပြောတယ်။ ရမည်းသင်းမှများ ဆန္ဒထုတ်ဖော်ခွင့်ပြုကြည့် အခုပမာဏထက်များတယ်။ လူနည်းစုလောက်ပဲ ဒုက္ခရောက်ရင် ကျုပ်တို့တောင်ပေါ်က (ရွှေလုပ်ခွင့်ရုပ်သိမ်း)ဆင်းပေး ယခုတစ်ကြိမ် ဆန္ဒထုတ်ဖော်ရာတွင် ယခင်တောင်းဆိုမှုများဖြစ်သော ရမည်းသင်းမြို့ မိုးထိမိုးမိဒေသ ကာကွယ်စောင့်ရှောက်ရေး၊ အနိုင်ကျင့်ဗိုလ်ကျသော ကုမ္ပဏီဝန်ထမ်းများအား အရေးယူရေး၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု အရေးယူရေး၊ ကုမ္ပဏီကြောင့် ဆက်လက်မလုပ်နိုင်သူများအား နစ်နာကြေး ပေးရေး၊ ရွှေလုပ်သားတို့ အရေးတော်ပုံအောင်ရမည်၊ ရွှေမြင်တင်စာချုပ်အား အပြည့်အ၀လိုက်နာရေးစသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။ 7Day News Journal
| ||
Posted: 03 Nov 2012 05:43 AM PDT
ရန်ကုန်၊ နိုဝင်ဘာ ၃
ရန်ကုန်၊ အင်းစိန်ရှိ လူကြီးမင်း ဖုန်းဆိုင်နှင့် မကွေးရှိ ဆိုင်တစ်ဆိုင် ဆိုင်တို့တွင်မူ ကူပွန်များ ဝေငှ ထားပြီး မဲဖောက်ပေးမည့် အစီအစဉ် ကိုမူ ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားကြောင်း ၎င်းဆိုင်များမှ တာဝန် ရှိသူများက ပြန်လည် ဖြေကြားသည်။ ယင်းဖုန်း ရရှိရန် အတွက် နံနက်ငါးရီ ကတည်းက လူကြီးမင်း ဖုန်းဆိုင်ရှေ့တွင် လူအများ စောင့်ဆိုင်းနေပြီး ကူပွန် မရသူများက မကျေနပ်၍ ဆူပူ အော်ဟစ်မှု များ ပြုလုပ်လာ၍ မဲဖောက်မည့် အစီအစဉ်ကို ရွေ့ဆိုင်း လိုက်ကြောင်း လသာလမ်း လူကြီးမင်း ဖုန်းဆိုင်ကို သွားရောက် ခဲ့သူ တစ်ဦးက ဆိုသည်။ နေပြည်တော်ရှိ လူကြီးမင်း ဖုန်းဆိုင်များဖြစ်သည့် ပျဉ်းမနား နှင့် သပြေကုန်းတို့တွင် Samsung Galaxy Mini ဖုန်းများကို ငါးထောင်ကျပ်ဖြင့် မဲနှိုက် ရောင်းချရာ အဆင်ပြေပြေ ရောင်းချနိုင်ခဲ့ကြောင်း ပျဉ်းမနားရှိ လူကြီးမင်း ဖုန်းဆိုင်မှ တာဝန် ရှိသူတစ်ဦးက The Voice Weekly သို့ ဖြေကြားသည်။ "ရန်ကုန်မှာတော့ နည်းနည်း ပြဿနာရှိတယ်လို့ကြားတယ်။ဒီမှာကေ တောင်ကြီးရှိ လူကြီးမင်း ဖုန်းဆိုင်ကလည်း ၎င်းတို့ဆိုင်တွင် ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း၊ မူလက ပြောထားသည့် အတိုင်း ဖုန်းဟန်းဆက် (၁ဝ) လုံးကို ရောင်းချခဲ့ပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ ဆမ်ဆောင်းဂလက်စီမီနီ ဟန်းဆက် တစ်လုံး ငါးထောင်ကျပ်နှင့် အလုံး ၁၁ဝ ကို လူကြီးမင်း ဖုန်းဆိုင်တစ်ဆိုင်လျှင် ၁ဝ လုံးကျစီဖြင့် နယ်ရှိ ဆိုင်ခွဲများ အပါအဝင် ဆိုင်ပေါင်း ၁၁ ဆိုင်တွင် ရောင်းချပေးမည့် အစီအစဉ်ကို ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်မှ စတင်ကာ ကြေညာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လူကြီးမင်း ဖုန်းဆိုင်၏ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင် နှင့် ရန်ကုန်ရှိ အခြားဆိုင်ခွဲများကမူ The Voice Weekly မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း ဖုန်းများ ပိတ်ထားသောကြောင့် ဆက်သွယ်၍ မရခဲ့ပါ။ အဆိုပါဖုန်းသည် ကာလတန်ဖိုး အနေဖြင့် တစ်သိန်းကျော်ခန့် ရှိပြီး ငါးထောင်ကျပ်နှင့် ရောင်းပေးမည် ဆို၍ လူအများ ကျိတ်ကျိတ်တိုး ဝယ်ယူကြခြင်း ဖြစ်သည်။ The Voice Weekly | ||
Posted: 02 Nov 2012 09:35 PM PDT
Samsung ၏ version အနိမ့်တစ်ခုဖြစ်သည့် Glaxy Mini ကို 5000 ကျပ်နုန်းဖြင့် လူကြီးမင်း ဖုန်းဆိုင်မှ ယနေ့ မနက်တွင် ဆိုင်ခွဲ တစ်ခုလျှင် 10 လုံးကျ မဲဖောက် ရောင်းချခဲ့ရာ လူကြီးမင်း ဖုန်းဆိုင်များတွင်လူထောင်နှင့်
အချို့ မှာ မနက် 5 နာရီခန့် ကတည်းက စောင့်ဆိုင်းခဲ့သည်ဟု ဆိုသည်။ ဆိုင်ခွဲ တချို့တွင် လူထုက တိုးတိုက်ရင်းဖြင့် နံရံများမှန်များ ပျက်စီးခဲ့သည်။ လာရောက်သည့်လူတချို့လည်းဒါဏ်ရာ By Myanmar News Now လူကြီးမင်းဘုရင့်နောင်တွင် ၀ယ်ယုရန်ကြိုးပန်းနေကြပုံ | ||
Posted: 02 Nov 2012 08:55 PM PDT
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင် အောက်တိုဘာလ (၂)ရက်နေ့  မနက်ပိုင်း က မီးလောင်ရာ နေအိမ် ၅၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
မြို့လယ် ရပ်ကွက်နဲ့ နမ့်မွန်းရပ်ကွက်မှာ မီးလောင်တာ ဖြစ်ပြီး အိမ်ခြေ ၅၀ ခန့် ပါသွားတယ် ဟု နမ့်ဆန်မြို့ ဒေသခံများက ပြောပါတယ်။ အခုလောလောဆယ် ဒုက္ခသည်က ၃၀၀ ကျော် လောက်ရှိပြီး ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ မီးလောင်မှုကြောင့် ကျပ်သိန်းပေါင်းများ ဆုံးရှုံးခဲ့တယ်လို့ လည်း ဒေသခံများက ပြောပါတယ်။ by Myanmar News Now နမ့်ဆန်မြို့ မီးလောင်မှု မြင်ကွင်း ဓါတ်ပုံများ - ဓါတ်ပုံ - လွေးအေးမြမွန် | ||
Posted: 02 Nov 2012 08:32 PM PDT
ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား ခဲ့သော ပဋိပက္ခများ ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး နေရသည့် ဒုက္ခသည် များ အတွက် လူုသားချင်း စာနာမှု အကူအညီ များကို တိုက်ရိုက် လှူတန်း သွားမည် ဖြစ်ကြောင်း ပဋိပက္ခ ဖြစ် ပွား ခဲ့မှု များကို လေ့လာရန် ရခိုင်ပြည်နယ် သို ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်၊ အမေရိကန် နှင့် Australia နိင်ငံ သံအမတ် ကြီးများက နိုဝင်ဘာ ၁ရက် နေ့တွင် ပြောကြား ခဲ့ကြောင်း----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 02 Nov 2012 08:18 PM PDT
အောက်တိုဘာ ၂၅ ရက် တွင် ရခိုင်နှင့် ဘင်္ဂါလီတို့အကြား အပြန် အလှန် မီးရှို့ခြင်း၊ ခိုက်ရန်ဖြစ်ပွား ခြင်းတို့ မှ အဓိကရုဏ်းအသွင်ဆောင်လာသော အကြမ်းဖက်ဖြစ်ရပ်များတွင် ဒေသခံ ရခိုင်လူမျိုးတို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း၊ ဒဏ်ရာပြင်းပြီး သက်ဆိုင်ရာ ဆေးရုံများသို့ တက်ရောက်ကုသ လျက်ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သေနတ်ဒဏ်ရာဖြင့် ကျောက်တော် မြို့နယ်ဆေးရုံနှင့် စစ်တွေမြို့နယ်ဆေးရုံ တို့သို့ ရောက်ရှိလာ ကြသော ဒေသခံ ပြည်သူတို့တွင် ဘင်္ဂါလီလူမျိုးတို့ ပါဝင်မှု မရှိခြင်းအပေါ် ၎င်းဒဏ်ရာရပြည်သူတို့ က လုံခြုံရေးတပ်ဖွဲ့၏ အဓိကရုဏ်းဖြို ခွင်းမှုသည် ဘက်လိုက်မှုနှင့် မှားယွင်းမှု များရှိနေကြောင်း ပြောကြားကြသော်လည်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဤသို့ မရှိပါကြောင်း အတိအလင်းဖြေကြားခဲ့သည်။ "တပ်က ပစ်တယ်ဆိုတာ လူစုကွဲရုံ လောက်ပဲ ခြောက်လှန့်ပစ်တာပါ။ လူအုပ်က ပိုပြီး များလာတဲ့ အခါ ဆက်ပစ်ရတာမျိုးတွေလည်းရှိတော့ သေနတ်ဒဏ်ရာ ကြောင့် တချို့သေဆုံးမှုတွေလည်း ရှိနိုင် ပါတယ်။ ဒါပေမယ့် ကျောက်တော်မြို့ နယ်ထဲက လက်ဆောင်ကောက်ရွာမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ တူမီး သေနတ်ဒဏ်ရာနဲ့ သေဆုံးမှုတွေလည်း ရှိပါတယ်။ "အဲဒီအဓိကရုဏ်းအပြီးမှာ ကျန်ခဲ့တဲ့ လက်နက်တွေသိမ်းတဲ့အခါ တူမီး သေနတ်တချို့ ရခဲ့ပါတယ်။ နောက်ပြီး ကျောက်တော်မြို့နယ်ထဲမှာ တူမီး သေနတ် အလက်ပေါင်း ၄၀ လောက် သိမ်းဆည်းရမိ ပါတယ်။ ဒေသခံတွေ ပြောသလို တပ်က ဘက်လိုက်မှုတွေ၊ မှားယွင်းမှုတွေတော့ လုံးဝမရှိခဲ့ပါဘူး" ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဦးဝင်းမြိုင်က အောက်တိုဘာလ ၂၆ရက်နေ့ ညနေပိုင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ၂၅ ရက်နေ့ညနေပိုင်း ၆ နာရီခန့်မှ ည ၉ နာရီအတွင်း ကျောက်တော်မြို့နယ် ဆေးရုံသို့ သေနတ် ဒဏ်ရာရလူနာ ပေါင်း ၁၄ ဦးတို့ ရောက်ရှိခဲ့ရာ နားထင် ၌ ထိမှန်သူ တင်းမကျေးရွာသားတစ်ဦး ဆေးရုံရောက်ပြီး ခဏအကြာတွင် သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ တောင်ဗွေကျေးရွာမှ ကျောက်တော်မြို့ သို့ စက်လှေဖြင့် သယ်လာစဉ် လမ်း၌ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းနေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကျောက်တော်မြို့အ၀င် စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ ဘင်္ဂါလီလူမျိုး များနေထိုင်ရာ လက်ဆောင်ကောက်ရွာ ၌ ကားလမ်းပေါ်သို့ ရောက်သွားသော ရခိုင်အမျိုးသားတစ်ဦးအား ဘင်္ဂါလီတို့ က ဓားဖြင့်ခုတ်သတ်ခြင်းကြောင့် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက် သားတို့က အကူအညီပေးနိုင်ရန် လိုက် သွားခဲ့ကြရာ သေနတ်ဖြင့် အပစ် ခံရသည် ဟု ၎င်းဒဏ်ရာဖြင့် ဆေးရုံရောက်ရှိလာ သူ ဦးလှမောင်သိန်းက ပြောသည်။ အလားတူ သွားကြည့်ကြသည့်သူ များတွင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူများ သာမက ရှမ်းရွာ ရပ်ကွက်မှ လူများလည်း ပါဝင်ကြပြီး ရှမ်းရွာရပ်ကွက်နေ အသက် ၁၉ နှစ်ရှိ မလှလှမြင့်မှာ ၀ဲဘက်နဖူးဆံစပ်တွင် ကျည်ရှပ်၍ ထိမှန်ခဲ့သဖြင့် ၎င်းကိုလည်း ကျောက်တော် ဆေးရုံ၌ တွေ့ခဲ့ရသည်။ ကျောက်တော်မြို့နယ် ရတနာပုံ ကျေးရွာအုပ်စုအတွင်းရှိ တောင်ဗွေ ကျေးရွာအဓိကရုဏ်းကမူ ၂၅ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ ကြောင်း၊ တောင်ဗွေ(ဘင်္ဂါလီရွာ)နှင့် တောင်ဗွေ (ရခိုင်ရွာ) နှစ်ရွာအပြင် အလယ်ရွာ(ဘင်္ဂါလီရွာ)တို့ အပြန် အလှန်အိမ်များမီးရှို့ကြချိန်တွ လုံခြုံရေးယူထားသော စစ်တပ်သည် တောင်ဗွေ(ဘင်္ဂါလီရွာ)၌ ရှိနေကြောင်း၊ ထိုစဉ်က ပစ်ခတ်မှု မရှိသေးကြောင်း၊ နောက်ပိုင်း၌ လူနည်းစု ရခိုင်လူမျိုးတို့ကို ကူညီနိုင်ရန် ကဉ္စပနဒီမြစ်တစ်ဖက်ကမ်း မှ ရခိုင်ရွာများဖြစ်သော သာစည်၊ ရွှေ ပြည်၊ မျောက်တောင်ရွာတို့မှ တိုင်းရင်းသားတို့က စက်လှေ ဖြင့် အဆိုပါ တောင်ဗွေရွာသို့ အားဖြည့်လာကြ ကြောင်း၊ ၎င်းစက်လှေကမ်းကပ်ပြီး ကုန်းပေါ်သို့ ရခိုင်တိုင်းရင်းသားတို့ အတက်၌ စစ်တပ်က သေနတ်ထောင်ပစ်ပြီး လူစုခွဲပြန်ကြရန် ပြောသဖြင့် စက်လှေပေါ်သို့ ပြန်ဆင်းကြချိန်တွင် အပစ်ခံရပြီး လှေပါနစ်မြုပ်သွားကြောင်း၊ ထိုအချိန်တွင် အလယ်ကျွန်းရွာနှင့် ခေါင်းတုတ်ရွာတို့မှ ဘင်္ဂါလီများကလည်း တောင်ဗွေရွာရှိ ဘင်္ဂါလီတို့ကို ကူညီရန် စက်လှေဖြင့် ရောက်လာကြပြီး ရေထဲ၌ နစ်မြုပ်လုလုမျောနေသော ရခိုင်လှေနှင့် ထိတွေ့ တိုက်ခိုက်ကြစဉ် ရခိုင်တိုင်းရင်းသားတို့ ယခုကဲ့သို့ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျောက် တော်မြို့နယ်ဆေးရုံသို့ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးသူ တစ်ဦး၊ ဒဏ်ရာရထား သူတစ်ဦးတို့ ထပ်မံရောက်ရှိလာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ရပ်ကွက် အတွင်း အဓိကရုဏ်းသဖွယ်၊ သို့မဟုတ် ယမ်းအိုးကြီးနှင့်တူသော ရခိုင်ပြည်နယ် အတွက် စနက်တံတစ်ခုသဖွယ် ဖောက်ခွဲ လိုက်သကဲ့သို့ ဖြစ်ခဲ့ရကြောင်း၊ ၎င်းမှ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ၊ ကျောက် တော်၊ ရသေ့တောင်တို့၌ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသ "မင်းပြားဆိုပေမယ့်လည်း မင်းပြား မြို့နယ်နဲ့ မြောက်ဦးမြို့နယ်အစပ်မှာ ဖြစ် တာပါ။ ဆက်သွယ်သွားလာရေး အလှမ်း ဝေးတဲ့ လက် လှမ်းမမီနိုင်တဲ့ နေရာမျိုးပါ"ဟု ၎င်းက ပြောသည်။ စိုးသန်းလင်း ( မြန်မာတိုင်း(မ်) ) | ||
Posted: 02 Nov 2012 08:09 PM PDT
နှစ်ပေါင်း ၅၀ လောက် ကမ္ဘာ့အလယ် မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရပ်တည် နေခဲ့ရတဲ့အနေ အထား ပျက်ပြယ်သွား တဲ့အကြောင်းနဲ့ပတ်သက်လို့ မကြာသေး ခင်လများအတွင်းက သတင်း တွေ ပလူပျံ ခဲ့သလို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ် အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ နိုင်ငံသား ထိပ်တန်းသံတမန်ပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်ပြီးတော့ လည်း အမှတ်ရစရာ သတင်းတွေ ပေါ်ပေါက်လာပါတယ်။ လွန်ခဲ့တဲ့နှစ် ၅၀ လောက်က အောက်တိုဘာလမှာ အဲဒီတုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ ၂၀ ရာစုရဲ့ အဆိုးရွားဆုံး အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်တဲ့ ကျူးဘားဒုံးကျည်အရေးအခင်းကာလ အတွင်းမှာ ကုလသမဂ္ဂရဲ့တာဝန်ရှိသူ ဖြစ်ရုံမကဘဲ နျူကလီးယားလက်နက် တွေကြောင့် ကမ္ဘာပျက်သလို ပျက်စီးမှု တွေမဖြစ်ပွားအောင် တားဆီး ပေးနိုင် တဲ့သူတစ်ဦးအဖြစ်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ U-2 သူလျှိုလေယာဉ်မှူး ရစ်ချတ်ဟေး ဆားရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ဆိုဗီယက်ရဲ့ နျူကလီးယားဒုံးကျည်တွေ ကျူးဘာမှာရှိနေတာကို အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ သိသွားပြီးတဲ့ နောက် ဖြစ်ပွားခဲ့တဲ့ ဒီအရေးအခင်းဟာ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် ကနေ ၂၈ ရက်နေ့အထိ ၁၃ ရက်ကြာ မြင့်ခဲ့ပါတယ်။ ဒီလိုသိသွားတဲ့အတွက် အမေရိကန် အစိုးရက ကျူးဘားနိုင်ငံကို လေကြောင်း က တိုက်ခိုက်ဖို့ စဉ်းစားရတဲ့အထိ ဖြစ် သွားစေပါတယ်။ ဒါပေမယ့် သမ္မတ ကနေဒီကတော့ အထက်လွှတ်တော် အမတ်တွေပေးတဲ့ အကြံစည်အတိုင်း မလုပ်ဘဲ ရေကြောင်းကနေ ပိတ်ဆို့တား ဆီးမှုတွေကိုပဲ ဆောင်ရွက်ခဲ့ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့မှာ အခြေ အနေက အရမ်းကိုစိုးရိမ်စရာကောင်း နေပါတယ်။ ကင်း ထောက်လေယာဉ်က ပို့လာတဲ့ဓာတ်ပုံတွေအရ ကျူးဘားမှာ ရှိတဲ့ ဒုံးကျည်တွေဟာ ပစ်လွှတ်ဖို့ အဆင် သင့်အနေအထားမှာ ရှိနေတာကို တွေ့ ရပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက် စစ်သင်္ဘော တွေရဲ့ အနေအထားကလည်း မတိုးသာမဆုတ်သာ အခြေအနေမှာ ရှိ နေပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် မီတာ သုံးလေးရာလောက်ပဲဝေးပြီး လက်နက် တွေနဲ့လည်း အပြန်အလှန် ချိန်ထားကြ ပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန်စစ်တပ်ရဲ့ ကာကွယ်ရေးအတွက် အဆင်သင့်ပြင် ထားတဲ့ အနေအထား အဆင့် ငါးဆင့်ရှိ ရာမှာ အဆင့်သုံးကနေ အဆင့်နှစ်ကို တိုးလိုက်ပါတယ်။ နောက်တစ်ဆင့်သာ ထပ်တိုးလိုက်ရင်တော့ ရာဇ၀င်မှာ အပြင်းထန်ဆုံးဖြစ်တဲ့ နျူကလီးယားစစ် ပွဲဖြစ်ဖို့ပဲ ရှိပါ တော့တယ်။ သမိုင်းကြောင်းအရကတော့ ဆိုဗီယက်စစ်တပ်တွေ နောက်ဆုတ်သွား အောင် အမေရိကန် စစ်တပ်ဘက်က၊ ဘယ်လိုလုပ်ခဲ့လိုက်တယ်ဆိုတဲ့ လေလုံးထွားဖော်ပြမှုတွေ အမြောက်အမြား ရှိပေမယ့် အောက်တိုဘာလ ၁၂ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့"Bulletin of the Atomic Scientists" ဆိုတဲ့သတင်းလွှာ မှာတော့ ကမ္ဘာပျက်သလိုပျက်စီးနိုင်တဲ့ စစ်ပွဲကြီးမဖြစ်အောင် တားဆီးနိုင်ခဲ့ရာ မှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တဲ့ ဦးသန့်ရဲ့ သိမ်မွေ့ပြီး ပညာသားပါပါ မလျှော့တမ်း နားချခဲ့တဲ့ သံတမန်ပရိယာယ်ကို အသေးစိတ်ဖော်ပြပေးထား ပါတယ်။ စာရေးသူ A Walter Dorn နဲ့ obert Pauk တို့က "The Closest Brush: How a UN Secretary General Averted Doomsday" ခေါင်းစဉ်နဲ့ ရေးသားထားတဲ့၊အစီရင်ခံစာမှာ အရေးအခင်းကာလအတွင်း ကြားကနေ ဖျန်ဖြေပေးဖို့အတွက် အမေရိကန် သမ္မတ ကနေဒီ ကိုယ်တိုင် ဦးသန့်ကို တိုက်ရိုက်လျှို့ဝှက် တောင်းဆိုခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ကုလသမဂ္ဂ ရဲ့ မော်ကွန်းတိုက်မှာရှိသလို ပါးစပ်ရာဇ၀င်တွေ လည်းရှိတယ်လို့ ဖော်ပြထားပါတယ်။ "ဦးသန့်ဟာ သူ့ဆန္ဒအရလည်း ဒီ တာဝန်ကို ရဲရဲရင့်ရင့်ယူခဲ့ပါတယ်" လို့ သူ တို့ရဲ့အစီရင်ခံစာမှာ ရေးထားပါတယ်။ "တကယ်တော့ ဦးသန့်ရဲ့ ဆောင် ရွက်ချက်တွေအကုန်လုံးကို မီဒီယာတွေ ကအသေးစိတ် မသိခဲ့ကြပေမယ့် သိပ်ကို ဆိုးရွားတဲ့ အရေးအခင်းကြီး မဖြစ်အောင် ရှောင်လွှဲပေးနိုင်ခဲ့တဲ့ သူ့ရဲ့ ကြိုးပမ်းမှုအတွက် သူ့ကို အဲဒီအချိန်တုန်းက သတင်းစာတွေက ချီးမွမ်းခဲ့ကြပါတယ်"လို့လည်း ရေးသားထားပါတယ်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဦးသန့် ရဲ့ဆောင်ရွက်ချက်တွေထဲမှာ "ငြိမ်းချမ်းစွာ ပြေငြိမ်းရေး အတွက် စေ့စပ်ဆွေးနွေး ကြဖို့ အချိန်ယူသင့်ကြောင်း"တောင်းဆို ထားတဲ့မေတ္တာရပ်ခံချက်ကို အမေရိ ကန်သမ္မတကနေဒီ နဲ့ ဆိုဗီယက်ဝန်ကြီးချုပ် Nikita Khrushchev တို့နှစ်ဦး စလုံးထံ ပေးပို့ခဲ့တာလည်း ပါဝင်ပါတယ်။ သူ့ရဲ့တောင်းဆိုမှုကို အကဲဆတ်နေတဲ့ အမေရိကန်ဘက်က စစ်ခေါင်းဆောင် တချို့က ဦးသန့်ဟာ ကျူးဘားရဲ့ ထိပါး မှုကို အားပေးတယ်လို့ ပြောဆိုကြပြီး ဦးသန့်ရဲ့ မေတ္တာရပ်ခံချက်ကို ကန့်ကွက် ခဲ့ကြပါတယ်။ ဒါပေမယ့် တင်းမာမှုအပြင်းထန်ဆုံး အချိန်ဖြစ်တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ သမ္မတ ကနေဒီက နိုင်ငံခြား ရေးရာဝန်ကြီးဌာနကို ဦးသန့်နဲ့တွေ့ပြီး "ဆိုဗီယက်ဘက်က သူတို့ရဲ့စစ် သင်္ဘော တွေကို နောက်ဆုတ်ပေးမယ်ဆိုရင် သုံး လေးရက်အတွင်းမှာ ဆွေးနွေးမှုစဖြစ် မယ်"လို့ ဆိုဗီယက်ကို ပြောပေးဖို့ ညွှန် ကြားလိုက်ပါတယ်။ အဲဒီအခါမှာ အမေရိကန်ဘက်က တောင်းဆိုတာထက် ကုလသမဂ္ဂအနေနဲ့ တောင်းဆိုတာက ဆိုဗီယက်စစ်သင်္ဘော တွေကို အမေရိကန်တွေ သတ်မှတ်ထားတဲ့ ကြားဇုန်ကနေ ဆုတ်ခွာပေးဖို့ သဘောတူပေးလိမ့်မယ်ဆိုတဲ့ စိတ်ကူး ကို ဦးသန့်ဟာ ရရှိခဲ့ပါတယ်။ "နျူကလီးယားလက်နက်တွေနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်တော့မယ့် ပုံပေါ်တဲ့ အရေးကြီး တဲ့ကာလမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ဖျန်ဖြေပေးမှုကြောင့် ကျူးဘားနဲ့ ကျွန်တော်တို့ရေတပ်ရဲ့ ကြားဇုန်ကို ဦးတည်နေတဲ့ ဆိုဗီယက်သင်္ဘောတွေ ပြန်ဆုတ်ခွာ သွားအောင် လုပ်ပေးနိုင်ခဲ့ တာဟာ ကျူးဘားအရေး ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ပထမအဆင့်ပဲဖြစ်တယ်"လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်Adlai Stevensonက ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကို နောက်ပိုင်းမှာ ပြောပြ ခဲ့ပါတယ်။ Dorn နဲ့ Pauk တို့ ရေးသားခဲ့တဲ့ အစီရင်ခံစာမှာ ဦးသန့်ဟာ ဒုံးကျည် ဖြုတ်သိမ်းရေး ဆွေးနွေးမှု မှာလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်ခဲ့သေး တယ်လို့ဖော်ပြထားပါတယ်။ သံတမန် နည်းလမ်း အရ သူပါဝင်ပေးခဲ့တဲ့ အရေးပါတဲ့ အချက်တစ်ချက်ကတော့ "အမေရိကန်က ကျူးဘားကိုဝင်ပြီး မကျူးကျော်ဘူးလို့ ကတိပေးရင် အပြန်အလှန်အနေနဲ့ ရုရှားက သူ့ရဲ့ဒုံးကျည်တွေကို တစ်စစီ ဖြုတ်ပေးလိမ့်မယ်" ဆိုတဲ့ အကြံပြုချက် ပဲ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က နယူးယော့ခ်စီးတီးရှိ UN အဆောက်အအုံရှေ့တွင် ငြိမ်းချမ်းရေးလိုလားသူအမျိုး ဒါ့အပြင် ဦးသန့်ဟာ နှစ်ဖက်စလုံး နောက်ထပ်တောင်းဆိုမှုတွေနဲ့ ဆက် ဖြေရှင်းနိုင်ဖို့နဲ့ အချင်းချင်း ရန်မစဘဲ တစ်ဦးကိုတစ်ဦး သည်းခံပြီး ဖြေရှင်းကြဖို့ မရပ်မနားတိုက်တွန်းပေးခဲ့ပါတယ်။ သဘောတူညီမှုပျက်ပြားသွားအောင် ကျူးဘားကွန်မြူနစ်တော်လှန်ရေး က ခြိမ်းခြောက်တာ မျိုးမရှိအောင် ကာကွယ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့လည်း ကျူးဘားက ဒုံးကျည် တွေကို ဖြုတ်သိမ်းဖို့ သဘောတူညီမှု နောက်ဆုံးအဆင့်ရောက်လာတဲ့အခါ ဦးသန့်ဟာ ကျူးဘားကို လေယာဉ်နဲ့ လိုက်သွားခဲ့ပါတယ်။ Dorn နဲ့ Pauk တို့ဟာ သူတို့ရဲ့ အစီရင်ခံစာမှာ ဦးသန့်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သံတမန်နည်းအရ နောက်ထပ် ကြိုးပမ်းမှုတွေကိုလည်း အသေးစိတ် ဖော်ပြထားပါသေးတယ်။ ကျူးဘားဒုံး ကျည်အရေးအခင်းကာလအတွင်းမှာ "နျူကလီးယားစစ်ပွဲကြီး မဖြစ်ခဲ့ရတာဟာ နှစ်ဖက်စလုံးရဲ့ သိက္ခာကို မထိခိုက်စေဘဲ စစ်ပွဲမဖြစ်အောင် အဓိကတား ဆီးပေးနိုင်တဲ့ ဦးသန့်ကြောင့်ပါ" ဆိုတဲ့ အရေးအသားနဲ့ သူတို့ရဲ့ အစီရင်ခံစာ ကို အဆုံးသတ်ပေးထားပါတယ်။ ဒါဆို ဒီလိုအရေးပါတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ စွမ်းဆောင်မှုတွေကို အခုချိန်ကာလမှာ ဘာကြောင့် အမှတ်တရမရှိဘဲ မေ့ထား ကြရတာလဲ။ ဦးသန့်ရဲ့မြေးဖြစ်သူ၊ ကိန်းဘရစ်ခ်ျရှိTrinity ကောလိပ်ကျောင်းထွက် သမိုင်း ပညာရှင်စာရေးဆရာ သန့်မြင့်ဦးက နိုင်ငံရေး ခံယူချက်အရအပြင် ဦးသန့်ရဲ့ နှိမ့်ချပြီးနေတတ်တဲ့ ပင်ကိုစရိုက်အရကြောင့် အောင်မြင်မှုအတွက် ချီးကျူး ဂုဏ်ပြုခံရမှုကို ရသင့်တာထက် လျော့နည်းသွားစေတာပါလို့ ဆိုပါတယ်။ "ကျွန်တော့ရဲ့အဘိုးဟာ စစ်ပွဲကြီး မဖြစ်အောင် တားဆီးရာမှာ ပထမ အဆင့်ဖြစ်တဲ့ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့သလို ကျူးဘားဒုံးကျည်အရေး အခင်းဖြစ်တဲ့ ဒုံးကျည်ဖြုတ်သိမ်းရေး မှာလည်း ကူညီဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အဘိုးရဲ့ စွမ်းဆောင်ချက်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ မေ့ပျောက် သွားကြပါတယ်။ ဒီလို ဖြစ်ရတာကလည်း အဘိုးက သူ့ရဲ့စွမ်းဆောင်မှု တွေကို ချီးကျူးမှတ်တမ်းတင်ဖို့ သူများတွေလို မတောင်းဆိုတတ်တာကြောင့်လို့ ကျွန်တော် ထင်တယ်"လို့ သန့်မြင့်ဦးက မြန်မာတိုင်း(မ်)ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားပေးခဲ့ပါတယ်။ "ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအပေါ် သူဝေဖန်ပြောဆိုခဲ့ တာကလည်း သူ့ရဲ့ စွမ်းဆောင်မှုတွေကို သူတို့က မေ့ပစ်လိုက်ချင်ကြတာပါ" လို့လည်း သူက ပြောပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းသုံးခုကို တာဝန်ယူဆောင်ရွက်ခဲ့သလို ကုလသမဂ္ဂ နိုင်ငံရေးကိစ္စရပ်များ ဆိုင်ရာဌာနရဲ့ မူဝါဒချမှတ်ရေးဒါရိုက် တာအဖြစ်လည်း တာဝန်ထမ်းဆောင် နေတဲ့၊ သန့်မြင့်ဦးက၊ သူ့အဘိုးဟာ၊ ငြိမ်းချမ်း ရေးနိုဘယ်ဆုအတွက် လျာထားခံခဲ့ရ ဖူးတယ် လို့လည်း ပြောပြပါတယ်။ "သူ နိုဘယ်ဆုရနိုင်ဖွယ်ရာရှိတယ်လို့ ၁၉၆၅ ခုနှစ်မှာ နော်ဝေအစိုးရက သူ့ကို ပြောခဲ့ရာမှာ သူက ကျွန်တော့အလုပ် ကျွန်တော်လုပ်ခဲ့တာပါလို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ယူနီဆက်ဖ်အဖွဲ့က ရရှိခဲ့ပါတယ်။ သူ့ လုပ်ဖော်ကိုင်ဖက် နိုဘယ်စာပေဆုရှင် Ralph Bunche က ဒါဟာ ဦးသန့်အတွက် လုံးဝမတရားဘူးလို့ နောက်ပိုင်း မှာ ပြောကြားခဲ့ တယ်" လို့ သန့်မြင့်ဦးက ပြောပြပါတယ်။ သူက ကုလသမဂ္ဂရဲ့အတွင်းရေးမှူး ချုပ်အဖြစ် ၁၉၆၀ ပြည့်လွန်နှစ်များမှာ ဦးသန့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ တာကို မြန်မာတွေ ဂုဏ်ယူသင့်တယ်လို့ လည်း ပြောပါတယ်။ ဦးသန့်ရဲ့စွမ်းဆောင်မှုတွေကို အသိ အမှတ်ပြုတဲ့အနေနဲ့ ပန်းပုဆရာ ဦးတင်ဝင်းရဲ့လက်ရာဖြစ်တဲ့ ဦးသန့်ရဲ့ ကိုယ် တစ်ပိုင်းပုံကြေးရုပ်တုကို မွေးရပ်မြေဖြစ် တဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က ဦးသန့်အထိမ်းအမှတ်စာကြည့်တိုက် မှာ ဒီနှစ်ဇူလိုင်လကစပြီး အမှတ်တရ ထားရှိပေးခဲ့ပါတယ်။ "ပြီးခဲ့တဲ့နှစ် ၅၀ လောက်မှာ ကမ္ဘာ ကြီးကို နျူကလီးယားစစ်ပွဲချောက်ထဲကို မကျအောင် ဆွဲတင် ပေးနိုင်ခဲ့သူ၊ ပန်းတနော်မှာ ကျောင်းအုပ်ဆရာကြီးအဖြစ် ၁၅ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ သူ တစ်ပြည်တည်းသား ဦးသန့်ကို မြန်မာပြည်သူတွေက အမှတ်တရ ရှိနေသင့်ပါတယ်"လို့ သန့်မြင့်ဦးက ပြောပါတယ်။ by Myanmar Times |
[Message clipped] View entire message
0 comments:
Post a Comment