Friday, November 2, 2012

ဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့သည့် ဥပဒေ

by Myanmar Online News on Friday, November 2, 2012 at 11:00am ·

လာမည့် ၂၀၁၅ တွင်းအများပြည်သူ မျှော်လင့်ထားသော “သမ္မတ” အဖြစ်၊ ပုဂ်္ဂိုလ် ၃ ဦးရှိနေသည်။ နှစ်ဦးမှာ ပြဿနာ တစ်စုံတစ်ရာမရှိချေ။ အများစုသဘော ကျလျှင် အဆင်ပြေသွားမည်ဖြစ်သည်။ နောက်တစ်ဦးကား အခြေခံ ဥပဒေနှင့် ငြိ နေသည်။ ပြင်ကြမည်ဟုအားခဲနေကြ သည်။ ထိုကိစ္စကိုစဉ်းစားမိသောအခါ ကျွန်မသည် ကာလတစ်ခု ကို သတိရလိုက်မိ ပါသည်။

၁၉၉၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်း ပမည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်၏။ထိုကာလ၌ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး က နေအိမ်အကျယ်ချုပ်ကျနေသည်။ ပါတီ ဗဟိုအဖွဲ့ဝင်များ၊ တိုင်းစည်းရုံးရေးမှူးများ အားလုံးနီးပါး တစ်နေရာ၌တာဝန်ယူ အရွေးခံကြရန်ဆုံးဖြတ်သည်။ ထိုနည်းတူ စွာ အထွေထွေအတွင်းရေးမှူးလည်း အရွေးခံမည်မဲဆန္ဒနယ်မှာ ၎င်းနေအိမ်ရှိ သော ဗဟန်းမြို့နယ်တည်း။ကိုယ်စားလှယ်လောင်းများမှတ်ပုံတင် ကာလတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းအချင်းချင်း “ကန့်ကွက်ပိုင်ခွင့်”ရှိသည်။ ထိုအခါ ဗဟန်း မြို့နယ်မှ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ကို ကန့်ကွက်သူပေါ်လာ၏။
ကန့်ကွက်သူကားတိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဗဟန်းမြို့နယ်၊ မဲဆန်္ဒနယ်ကိုယ်စား လှယ်လောင်း “ဦးလဘန်ဂရောင်” ဖြစ်၏ အဖွဲ့ချုပ်နှင့် တခသုတို့ကားအဓိကပြိုင် ဘက်များဖြစ်ရာ၊ ဤကန့်ကွက်မှုနှင့်ပတ် သက်ပြီး ကန့်ကွက်သူကို ဆန္ဒပြခြင်း၊ ဆဲရေးခြင်း၊ တံတွေးနှင့် ထွေးခြင်းစသဖြင့် တုံ့ပြန်ခဲ့ကြသည်။

ဦးလဘန်ဂရောင်သည် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ထိုးခဲ့ ကြသော တိုင်းရင်းသားကိုယ်စားလှယ် များအနက်၊ အသက်အငယ်ဆုံးဖြစ်သည်။ ကချင်ပြည်နယ်ကိုယ်စားပြုဖြစ်ပြီး၊ သူ့ဇနီး မှာ ကျွန်မတို့ရွှေကူမြို့၊ ကျွန်မနှင့် တစ်ရပ် ကွက်တည်းမှဖြစ်ရာ၊ ကျွန်မတို့အမြဲဂုဏ်ယူခဲ့ရသူဖြစ်ပါသည်။ ကျွန်မတို့က သူ့ခယ်မ များနှင့် ကျောင်းနေဘက်ဖြစ်ပြီး၊ သူ့ခယ်မ များကသူ့ကို “ကိုကြီးလဆန်”ဟုခေါ်ကြ၏။ ကျွန်မတို့က “အန်ကယ်လဆန်”ဟုခေါ် ကြသည်။ ရန်ကုန်ရောက်ကချင်ပြည်နယ်
အသင်းတွင် လှုပ်ရှားမှုများအတူပြုလုပ် ကြသဖြင့်၊ ပို၍ရင်းနှီးနေသည်။ ကျွန်မက သူ့ကိုကလေးတစ်ယောက်အနေဖြင့် ဆက်ဆံပြီးသူကလည်း ကျွန်မကိုဆုံးမပြော ဆိုလေ့ရှိခဲ့သည်။
ယခု နိုင်ငံရေးကိစ္စတွင်၊ ကျွန်မတို့ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးအား ကျွန်မ ချစ်ခင်လေးစားသောဦးလေးတစ် ယောက်က ကန့်ကွက်ခြင်းအတွက် ကျွန်မတစ်မျိုးခံစားရ၏။ သူများတွေကို “မုန်းတီး”ခြင်းမဟုတ်ပါ။
- ဒီကိစ္စကို အန်ကယ်လဆန်ဘာဖြစ်လို့ လုပ်တာလဲ။
- အန်ကယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်လား။
- ပါတီညီလာခံကိုယ်စားလှယ်ကို အသုံး ချတာလား။ ဒါတွေသိချင်နေခဲ့သည်။ သွားမေးဖို့တော့မတွေးပါ။ ဖုန်းဆက်ဖို့ လည်း ယခုခေတ်ကို လက်လှမ်းမမီသေး။ ဤသို့ဖြစ်နေဆဲ။

ကျွန်မက ကိုယ့်ကိစ္စနှင့် ကိုယ်အနော်ရထာလမ်းမကြီးကိုဖြတ်ကူး နေသည်။ ၃၃ လမ်းထဲ လေထန်ကုန်းဘက် သွားရန်ဖြစ်၏။ ဤတွင် ကျွန်မနှင့် မလှမ်း မကမ်းမှာ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ကိုယ်လုံးထွားထွား၊ နိုင်ငံခြားသားတစ် ယောက်မြန်မာဝတ်စုံဝတ်ထားသကဲ့သို့ထင် ရသော လူတစ်ဦးကလည်း မျက်နှာချင်း ဆိုင်မှဖြတ်ကူးသည်။ သူ့ကိုကျွန်မမှတ်မိ၏။ သူကလည်းကျွန်မကိုမှတ်မိ၏။ လမ်း လယ်ခေါင်ကြီးမှာပင်သူကျွန်မဆီကပ်လာ ပြီးအော်ခေါ်သည်။
“အန်တီမေနှင်း”တဲ့။
“ဟမ် အန်တီ ပါလား”
ကျွန်မလည်း ပြန်နှုတ်ဆက်လိုက်သည်။ ကျွန်မတို့ချင်းဝေးနေချိန်ဘယ်လောက်ကြာ ကြာ အိမ်နီးချင်းတွေဖို့မှတ်မိကြခြင်းပါ။ သူကားအန်ကယ်လဆန်၏ တစ်ဦးတည်း သောသားဖြစ်၏။
အန်တီက ကျွန်မလက်မောင်းကိုတွဲ ပြီး လမ်းဘေးပလက်ဖောင်းဆီခေါ်သွား ရင်း၊ “အန်တီအတော်နေမကောင်းဖြစ်နေတယ်”ဟုဆိုသည်။ သူတို့နေအိမ်က ၃၅ လမ်း၊
(၃၆ လားမမှတ်မိ) အစိုးရတိုက်ခန်း မှာဖြစ်ရာ၊ ယခုကျွန်မတို့ရပ်နေသော ၃၃ လမ်းထိပ်နှင့် မဝေးတော့ချေ။
“လိုက်မယ်။ လိုက်မယ်၊ အန်တီမှာ အန်ကယ်လဆန်ကိုမေးစရာရှိလို့” သူ့ကို ဖွင့်မပြောသောစကားတစ်ခုက “မသေခင် မေးမှ” ဟူ၍ ဖြစ်ပါသည်။ ဤသို့ဖြင့် အန်တီလေးနှင့် ကျွန်မတွဲပြီး၊ စကားတ ပြောပြောနှင့် လမ်းထဲဝင်ခဲ့ကြသည်။ သူတို့တိုက်ခန်းသို့တက်ခဲ့ကြသည်။
(ဤ မြင်ကွင်းကားသာမန်မဟုတ်ပေ။ တစ်ယောက်က ဖြူဖြူထောင်ထောင်မောင်းမောင်း၊ နိုင်ငံခြားသားရုပ်ပုံတစ်ယောက်က ပိန်ပိန်သွယ်သွယ်မြန်မာအမျိုးသမီးမြင် ကွင်းမှာ ထင်းနေပုံရ၏။)

ထို့ကြောင့်ပင်၊ ထိုက်တိုက်ခန်း၏ မျက်နှာချင်းဆိုင်မှ အဖွဲ့ချုပ်၏သစ္စာရှိသော၊ ကျောက်တံတားမြို့ နယ်တာဝန်ခံက တိုက်တိုက်ဆိုင်ဆိုင်မြင်သွားခဲ့ပြီး၊ ဤအမျိုးသမီးကား တစညနှင့် ပေါင်းနေပြီ၊ လျှို့ဝှက်အစည်းအဝေးလုပ်သည် ဟုယူဆကာပြန်ဆင်းချိန်ကိုစောင့်ကြည့် မှတ်သားလျက်၊ နောက်နေ့တွင် အဖွဲ့ချုပ် လက်ဖက်ရည်ဆိုင်၌ ရွှေပေလွှာကြဲခဲ့ပေ သည်။ ထိုစာကို အမှတ်မှတ်ကာ ကျွန်မ အား ကျဉ်ရှောင်သူများရှိခဲ့၏။ တရားကျစရာကောင်းပါ၏။
ကျွန်မခမျာကားဒါတွေကို မသိရှာ ပါ။ အန်ကယ်လဆန်မသေခင်ဒီကိစ္စမေးရမယ်ဟုဇော်နှင့် သွားခဲ့ခြင်းပါ။ အန်ကယ် ကို ဧည့်ခန်းမှာပင် ပတ်လက်ကုလားထိုင် ၌ သက်သက်သာသာထိုင်နေသည်ကိုတွေ့ ရ၏။ ကျွန်မက အန်ကယ်ဘေးကြမ်းပြင်၌ ထိုင်ချရင်းအန်ကယ်နေသာရဲ့လားတစ်ခွန်းပဲမေးပြီး၊ သိချင်တာမေးချလိုက်သည်။
“အန်ကယ်ဒေါ်စုကိုကန့်ကွက်တာ အန်ကယ်ဘာသာကန့်ကွက်တာလား၊ ပါတီကခိုင်းတာလား” ဤတွင်အဆိုးကြီး ဖြစ်နေပြီဖြစ်သော အန်ကယ်လဆန်ဂရောင် ၏ဖြူသောမျက်နှာက ဒေါသဖြင့် နီရဲလာ ကာ၊ ကုလားထိုင်လက်တန်းကိုသူ့လက် ၀ါးဖြင့်ပုတ်ချလိုက်၏။

“ငါ့ကိုဘယ်သူကခိုင်းလို့ရမှာလဲကွ၊ ငါက ဘယ်သူခိုင်းတာကို လုပ်ရမှာလဲ”ဟု အော်လေသည်။
ကျွန်မလည်း မျက်တောင်လေးပုတ် ခတ်ပုတ်ခတ်လုပ်ရင်း “ဟုတ်ကဲ့အန်ကယ် ၏ မိစံမေကအဲဒါသိချင်တာပါ” (သူက ကျွန်မကို မိစံမေဟုခေါ်လေးရှိသသည်။)
“နို့ ဘာဖြစ်လို့ အန်ကယ်ကကန့်ကွက်တာ လဲ”
“ဟ ငါက ဗဟန်းကိုယ်စားလှယ် လောင်းလေ၊ သူကဗဟန်းမှာ လာပြိုင် တော့ ငါကကန့်ကွက်တာပေါ့။ သူဟာ သူတခြားမြို့နယ်မှာ ပြိုင်ရင်ငါနဲ့မဆိုင်ဘူး”
“ဟုတ်ကဲ့ပါ။ ဒါနဲ့ ဒီ ဒီပေါ့လေ ကိုယ်စားလှယ်ဟာ နိုင်ငံခြားသားနဲ့ မပတ်သက်ရဘူးဆိုတာ ဒါက”
ကျွန်မခမျာ သူ့ကိုငယ်ကြောက်မို့ အထစ်ထစ်အငေါ့ငေါ့ဖြစ်ရ၏။ သူက ရေ နွေးကြမ်းတစ်ငုံမော့သည်။ ဘေးမှခပ်လန့် လန့်ဖြစ်နေရှာသော အန်တီက
“အန်တီ အပူသောက်မလား၊ အအေးလား”ဟု တိုးတိုးမေးသည်။ ကျွန်မက ဘာဖြစ်ဖြစ် ဟုအမူအရာဖြင့်သာပြမိ၏။
“အဲဒါ သူ့အဖေလုပ်ခဲ့တဲ့ဥပဒေပဲလေ”
အန်ကယ်အသံနည်းနည်းပျော့လာ သည်။ “ဥပဒေ အခန်း (—–) အပိုဒ် (—-)မှာပါတယ်။ နင့်မှာမရှိရင်စာကြည့်တိုက်မှာသွားရှာဖတ်” ကျွန်မခပ်ကြောက် ကြောက်နှင့် ခေါင်းညိတ်ပြရ၏။ သူပြော သောအခန်းနှင့် အပိုဒ်များကို မမှတ်နိုင် ပေ။ သူကမူ အလွတ်ရွတ်ပြနေသည်။
“ဒီလိုဖြစ်တာကွ” အေး အဲဒါသောက်လိုက် ဦး” အန်တီယူလာသော စပါကလင်ကို မေးငေါ့ပြီးပြောသည်။ ကျွန်မလှမ်းယူ သောက်ရ၏။
“၁၉၇၄ အခြေခံဥပဒေဆွဲဖို့တိုင်းပြု ပြည်ပြုလွှတ်တော်အမတ်တွေရွေးချယ်ရ တယ်။ ဥပဒေဆွဲတဲ့ညီလာခံလုပ်တယ်။ အမြန်လုပ်ရတာဆိုတော့ ခုလပဲအချိန်ယူ ခဲ့တယ်”
“ဟုတ်ကဲ့ အဲဒါသိပါတယ်”
“အေး မိစံမေနင်မှတ်ထား၊ အဲဒီ အစည်းအဝေးလုပ်တဲ့အချိန်က ဗမာပြည် မှာ “၀ံသာနုစိတ်ဓာတ်” ခေတ်စားနေတဲ့ အချိန် ကျွန်ဘ၀ပဲရှိသေးတဲ့အချိန်အား လုံးဝံသာစိတ်ဓာတ်ရှိရတယ်လို့ နှိုးဆော် နေတာ”
“ဟုတ်ကဲ့ပါ အန်ကယ်”
“အဲဒါ အစည်းအဝေးလုပ်တော့ နေ့လည်ပိုင်းခဏနားတယ်။ ထမင်းစား ချိန်ပေါ့။ အဲတော့ အမတ်တွေလည်း စားသောက်ပြီး အခန်းထဲပြန်လာ၊ အစည်း အဝေးမစခင်ဟိုဟာဒီဟာပြောကြတာပေါ့။ အဲဒီမှာ ဘာပြောကြလဲဆိုတော့ နောက် တီးနောက်တောက်လူက “ကျုပ်တို့တော့ ၀ံသာမနုနိုင်ဘူး၊ ၀မ်းစာပဲလုရမယ်”လို့ ပြောတာ။ အဲဒါကိုအခန်းထဲပြန်ဝင်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကကြားသွားတာ။ ကြားလည်းကြားရောဘာပြောကောင်းမ လဲ၊ သူ့လူတွေကို ဆဲတော့တာ။
“ဘယ်သူလဲကွ ၀မ်းစာလုချင်တာ”
“အေး ၀မ်းစာတော့မရဘူး။ --ီး စာပဲ ရမယ်”တဲ့။
ကျွန်မကြက်သီးထသွားပါသည်။

ဟုတ်ပါလိမ့်မည်။ ဗိုလ်ချုပ်သည် တိုင်းပြည်အပေါ်ကရုဏဒေါသောနှင့် ပြောရှာတာဖြစ်ပါမည်။
“အဲဒါနဲ့ ဒါလောက်ဝံသာနုမဖြစ်ချင် ကြတဲ့သူတွေ၊ ကိုယ့်အမျိုးမစောင့်ချင်တဲ့ လူတွေ အမတ်လောင်းအရည်အချင်းထဲ မှာ ထည့်လိုက်နိုင်ငံခြားသားနှင့်
လုံးဝမ ပတ်သက်ရနိုင်ငံခြားအထောက်အပံ့မယူရ လို့”
အန်ကယ်လဆန်ဂရောင်ကွယ်လွန် ခဲ့တာပင်ကြာခဲ့ပြီ။ ကျွန်မမျက်စိထဲတွင် ဒေါသတကြီးဖြစ်နေသော မျက်နှာတွေ နီရဲနေသော၊ ကချင်အမျိုးသားစစ်စစ်၊ မျိုးချစ်ပုဂ်္ဂိုလ်ပင်လုံကိုယ်စားလှယ်တော်ကြီး ၏ ရုပ်ပုံလွှာကား၊ ပျပျထင်နေဆဲပါ။
“သူ့ အဖေလုပ်ခဲ့တဲ့ဥပဒေပဲလေ” ဟူ သော အသံကြီးကလည်း “ဟိန်း” နေဆဲပါ။

ရွှေကူမေနှင်း
Hot News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...