Saturday, November 7, 2015

နိုင်ငံတကာက ဂေးအလှမယ်များ အလှချင်းပြိုင်ကြရာ Miss Interntional Queen အလှမယ်ပြိုင်ပွဲကြီးထဲကသူယောင်မယ်လေး

Myanmar Artists World 

လူတိုင်းအလှကိုယ်စီရှိကြတယ်လို့ဆိုကြတာမို့ အမျိုးသားဘ၀ကို စွန့်လွှတ်ပြီး နုနယ်လှပတဲ့ အမျိုးသမီးဘ၀ဆီကို ကူးပြောင်းလာခဲ့ကြတဲ့ ဂေးတွေမှာလည်း ကိုယ်စီအလှရှိကြ တာ ငြင်းနိုင်ဖွယ်မရှိ ပါဘူး။ အခြေအနေအမျိုးမျိုးကြောင့် အမျိုးသားတွေအဖြစ် မွေးဖွားလာခဲ့ကြပေမယ့် အမျိုးသမီးဘ၀ကို တန်ဖိုးထားလိုကြတဲ့ စိတ်ခံယူချက်ပြင်းထန်ရင့်သန်မှုတွေကြောင့် ပတ်ဝန်းကျင်ရဲ့ဂယက်တွေကို ဂရုမ စိုက်ဘဲ ကိုယ်ယုံကြည်ရာလမ်းကို ရဲရဲကြီး ကူးပြောင်းလှမ်းလာခဲ့တဲ့ ဂေးတွေထဲမှာ
မှ အမျိုးသမီးတွေ
တောင် လက်မှိုင်ချ အရှုံးပေးရလောက်အောင် လှပကြတဲ့ဂေးတွေက သူတို့ရဲ့အလှကို ကိုယ့်ကိုယ်ကို ယုံကြည်စိတ်အပြည့်နဲ့ ဂုဏ်ယူဝံ့ကြွားလိုကြပြီး အများအသိအမှတ်ပြုတဲ့ လူမှုရေးအကျိုးပြု လှုပ်ရှားမှု တွေ မှာလည်း အမျိုးသမီး၊ အမျိုးသားတွေနဲ့ မခြားဘဲ ဂေးတွေ တန်းတူညီ ပါဝင်လိုကြပါတယ်။
ဒီလို အချက်တွေအားလုံးကို ပြီးပြည့်စုံစေမယ့်အပြင် ကမ္ဘာတ၀န်းလုံးက ဂေးတွေရဲ့အခွင့်အရေးတွေအ တွက်လည်း များစွာအကျိုးဖြစ်ထွန်းစေမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ Miss international Queen ပြိုင်ပွဲကြီး ပေါ်ပေါက်လာခဲ့ပါတယ်။




ထိုင်းနိုင်ငံရဲ့ Tiffany's Show Pattaya Co. Ltd.က ကြီးမှုး
ကျင်းပပြီး ထိုင်းခရီးသွားလုပ်ငန်းအဖွဲ့က အဓိကစပွန်ဆာပေးလို့ ၂၀၀၄ခုနှစ်ကတည်းကကျင်းပ လာခဲ့တဲ့ ဒီMiss International Queenပြိုင်ပွဲကြီးက နိုင်ငံတကာက ဂေးပျိုဖြူတွေကို စုစည်းပြီး လက်ရွေးစင်ဂေးအလှမယ်တွေထဲကမှ အလှဆုံး၊ အချောဆုံး၊ အရည်အချင်းအပြည့်ဝဆုံး အလှမယ်ကို သရဖူဆုကြီး ချီးမြှင့်တဲ့ နိုင်ငံတကာဂေးအလှမယ်ပြိုင်ပွဲကြီးအဖြစ် ထင်ရှားလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Miss Thailand ထရီချာဒါပက်ချာရက်မာနီယာပွန်နွန်ပွိုင်ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်အနုပညာ နယ်ပယ်မှာတောင် နာမည်ကျော်ဖြစ်လာခဲ့ပြီဖြစ်တဲ့ ထရီချာဒါပက်ချာရက်မာနီယာပွန်က
Miss International Queen ပြိုင်ပွဲရဲ့ ပထမဦးဆုံးသရဖူဆုရှင် ဖြစ်ခဲ့သူပါ။ အသက်၁၇ခုနှစ်မှာ လိင်ပြောင်းခွဲစိတ်မှုခံယူခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရဲ့အထင်ရှားဆုံး လိင်ပြောင်းမော်ဒယ်သ
ရုပ်ဆောင်မင်းသမီးအဖြစ်လည်း ထိုင်းပရိသတ်တွေကြား နေရာရလာသူလည်း ဖြစ်ပါတယ်။


 ကလေးဘ၀ကတည်းက ကိုယ့်မှာရှိနေတဲ့ အမျိုးသားအင်္ဂါကို ရွံမုန်းစိတ်နဲ့ဘ၀ကိုစိတ်ရှုပ် ထွေးစွာဖြတ်သန်း လာခဲ့ရပြီး မိဘတွေရှေ့မှာ ကျားကျားလျားလျားပုံစံမျိုး တမင်ဟန်လုပ်ပြီးနေထိုင်ခဲ့ရ တဲ့ အချိန်တွေက သူ့ဘ၀မှာ လုံးဝပြန်ပြီးအမှတ်မရချင်တဲ့အချိန်ကာလတွေဖြစ်တယ်လို့ နွန်ပွိုင်က ဆိုပါတယ်။ ဒီလိုနဲ့ အသက်၁၇နှစ်အရွယ်မှာ မိဘတွေကို စည်းရုံးနိုင်ခဲ့ပြီး လိင်အင်္ဂါခွဲစိတ်ပြောင်းလဲမှုကို ခံယူလိုက်တဲ့အခါမှ ကိုယ့်ကိုယ်ကို အမြတ်တနိုးတန်ဖိုးထားတဲ့ စိတ်သန့်သန့်နဲ့ လွတ်လပ်စွာတဖန်ရှင် သန်ခွင့်ရခဲ့တယ် လို့ နွန်ပွိုင်က သူရဲ့အတိတ်ပုံရိပ်ကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အသက်၁၉နှစ်အရွယ်မှာ ၂၀၀၄ခုနှစ် Miss International Queenပြိုင်ပွဲကြီးကို ၀င်ပြိုင်ဖြစ်ခဲ့ပြီး ပထမဦးဆုံး Miss International Queen သရဖူဆုရှင် အဖြစ် ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။


 နောက်ပိုင်းမော်ဒယ် သရုပ်ဆောင်လောကမှာ ဆက်ပြီးခြေဆန့်လာနိုင်ခဲ့ပြီး ဟောင်ကောင်အချစ်ဒရမာ အက်ရှင်ဇာတ်ကားဖြစ်တဲ့ The White Stormမှာ ဟောင်ကောင်နာမည်ကျော် မင်းသား နစ်ခ်ချွန်း၊ရှောင်လူတို့နဲ့ အတူတွဲ ဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားထွက်မလာခင်ကတည်းက ဇာတ်ကားပရိုမိုးရှင်းအနေနဲ့ နစ်ချွန်းနဲ့ နွန်ပွိုင်တို့ တွဲဖက်ရိုက်ကူးထားတဲ့ ညှို့အားပြင်းဓာတ်ပုံတွေက ဟောင်ကောင်အနုပညာမဂ္ဂ ဇင်းတစ်ခုမှာ မျက်နှာဖုံးအဖြစ်ဖော်ပြခံခဲ့ရပြီး ဇာတ်ကားထဲက နစ်ချွန်းနဲ့ နွမ်ပွိုင်တို့ရဲ့ အနမ်းဇာတ်ဝင် ခန်းအတွက်ပါ ဟိုးလေးတကျော်ကျော်ဖြစ်သွား
ခဲ့ဖူးပါသေးတယ်။ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ဒါရိုက် တာမင်းသား လူးဝစ်ကူးနဲ့လည်း နွန်ပွိုင်တို့တွဲနေပြီဆိုပြီး သတင်းတွေလည်း ထွက်လာခဲ့ပါသေးတယ်။ နွမ်ပွိုင်ကတော့ သူတို့ရဲ့ဇာတ်လမ်းက တကယ်မဟုတ် ဘဲ ကောလာဟလသာဖြစ်တယ်လို့ အတိအ လင်းပြန်ငြင်းခဲ့ဖူးပါသေးတယ်။ ထူးခြားလှပတဲ့ နွန်ပွိုင်တစ်ယောက် အမျိုးသားဘ၀ကနေ ကူးပြောင်း လာတဲ့ အမျိုးသမီးဆိုတာကိုတောင် ယုံကြည်ဖွယ်မကောင်းလောက်အောင် လှပလွန်းခဲ့တာဖြစ်ပါ တယ်။
ကိုယ်ရဲ့နှစ်သက်သဘောကျမှု၊ ယုံကြည်ချက်၊ဆုံးဖြတ်ချက်တွေနဲ့ အရာအားလုံးကို ရဲဝံ့တဲ့ စိတ်ဓာတ် ခွန်အားနဲ့ ကျော်ဖြတ်ကြိုးစားခဲ့ကြပြီး အောင်မြင်မှုတွေအသီးသီးရသွားခဲ့ကြတဲ့ လိင်ပြောင်း အမျိုးသမီးတွေက ဒီကဏ္ဍမှာ ဖော်ပြသလောက်ဘဲရှိတာမဟုတ်ပါဘူး။ ဖိနှိပ်မှုတွေ၊ ပတ်ဝန်းကျင်က စော်ကားပြောဆိုမှုတွေစတာတွေအားလုံးကို တွန်းလှန်ပြီး ယုံကြည်ရာရည်မှန်းချက် ပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့ကြတဲ့ လိင်ပြောင်းအလှမယ်တစ်ချို့ကို ရွေးချယ်ထုတ်နုတ်ပြီး ဒီကဏ္ဍမှာ ဖော်ပြပေး လိုက်တာပဲဖြစ်ပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ဂေးဖြစ်စေ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကြိုးစားရှင်သန်ရပ်တည်ကြတဲ့အခါ လိုရာရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိပြီး အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားနိုင်ကြမှာပဲဖြစ်ပါတယ်။

လင်းလက်
(www.myanmarartistsworld.com)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...