Friday, April 1, 2016

အိပ်ရာထဲမှာဖုန်းအသုံးပြု ခြင်းရဲ့အန္တရယ်နှင့် အသုံးမပြု ဖြစ်အောင်နေနည်း

 
 
 
 
Aung Bhone Myint

 သင်သည် သင်စွဲလမ်းစွာအသုံးပြုနေသော လက်ကိုင်ဖုန်းကို မိမိအိပ်ရာ တွင်မိမိ နှင့် အတူတကွ ထားရှိတတ်ပါသလား?
လက်ကိုင်ဖုန်းကို မိမိအိပ်စက်အနားယူမည့် အိပ်ရာတွင်ထားခြင်းသည် အလွန်ပင် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တွေပြောကြားထားပါသည်။

၁။ လက်ကိုင်ဖုန်းရဲ့ မီးကြောင့် သင့်အိပ်ချိန်တွေ မှားယွင်းစေပါတယ်။

လက်ကိုင်ဖုန်းရဲ့  မီးအလင်းရောင်ဟာ မနက်ခင်းနေအလင်းရောင်နှင့် တူပါတယ် ထို့ကြောင့် ညဘက်တွင် ထိုအလင်းရာင်အားမြင်လိုက်သော အခါမှာ ဦးနောက်သည် နေ့နှင့်ညအထင်မှားယွင်းမှုဖြစ်ကာ
(Melatonin Hormones) ခေါ်ညဘက်အိပ်ပျော်စေသော ဟောမုန်းအား မထုတ်ပေးတော့ပါ။ ထို့ကြောင့် လွှယ်လွှယ်ကူကူအိပ်လို့မပျော်နိုင်ပြီး ၊ ကောင်းမွန်နှစ်ချိုက်စွာ မအိပ်စက်နိုင်တော့ပါ။ အိပ်ချိန်တွေကို ထိခိုက်စေနိုင်ပြီး ကောင်းမွန်စွာအနားယူခြင်းမရှိသောကြောင့် ကျန်းမာရေး နှင့် စိတ်ဖိစီးမှုများပိုမိုဖြစ်ပေါ်လာစေပါတယ်။
၂။ လက်ကိုင်ဖုန်းရဲ့ မီးကြောင့် သင့်ဦးနောက်ကိုထိခိုက်မှု
တွေဖြစ်ပေါ်စေပါတယ်။
အိပ်ချိန်မမှန်လျှင် စိတ်ပျံ့လွင့်ခြင်းများပိုမိုဖြစ်လာစေရုံသာမက မှတ်ညဏ်စွမ်းရည်သတ္တိတွေလျော့နည်းစေနိုင်ပြီး သင်ယူမှတ်သားရာမှာလည်း ဆိုးဝါးစွာထိခိုက်လာစေနိုင်ပါတယ်။
အိပ်ရေးမဝခြင်းသည်ခန္ဓာကိုယ်အတွင်းတွင် ကောင်းမွန်စွာအိပ်စက်လို့
မရစေသော အဆိပ်အတောက် (neurotoxin ) ကို ထုတ်လုပ်ပေးပါသည်။
အိပ်ရာမဝင်ခင် နှင့် အိပ်ရာထဲတွင် လက်ကိုင်ဖုန်းအား
အလွန်အကျွံအသုံးပြုခြင်းကိုရှောင်ရှားနိုင်မည့် နည်းလမ်းကောင်း (၅) သွယ်
၁။ သင်အိပ်ရာမဝင်မှီလက်ကိုင်ဖုန်းဖြင့် ဂိမ်းဆော့သည်ဖြစ်စေ ၊ facebook (သို့မဟုတ်) အခြားသော social media အားအသုံးပြုသည်ဖြစ်စေ အနည်းငယ်လောက်အသုံးပြုချိန်ကိုလျော့ချပေးပါ။
၂။ မိမိ တန်ဖိုးထားသော ချစ်သူ၊ မိသားစု၊ သူငယ်ချင်း များကိုအချိန်ပိုပေးပါ။
၃။ ပညာဗဟုသုတပိုမို ရရှိစေမည့် စာအုပ်တွေကိုဖတ်ပါ။
၎။ခန္ဓာကိုယ်၏ နေ့စဉ်ပုံမှန်လည်ပတ်ရာတွင် ကောင်းမွန်စွာအကျိုး
သက်ရောက်မှုရှိစေမည့် (Yoga)ယောဂကျင့်စဉ်ပြုလုပ်ပါ။
၅။ သာယာနာပျော်ဖွယ် သီချင်းများနားထောင်ပါ။
Ref. Duwun

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...