Sunday, April 3, 2016

ဂီတသည် ကျွန်တော့်အနားတွင် ကူးခပ်နေပါသည် (၂ )




မေးခွန်း(၅၀) အချို့ကလည်း Modern ပန်းချီဆရာတစ်ယောက်နဲ့ တစ်ယောက် လွတ်လပ်တာချင်း မတူကြဖူးတဲ့၊
“ဟင်ဘယ်လိုလုပ်တူမလဲ၊ တူလို့မရဘူး၊ Personal  ခေါ်တယ်။  လူရဲ့ အကြိုက်၊ မင်းက ဘယ်လိုကြီးထွားလာတာတုန်း၊ မင်းကဘယ်သူ့အဖေ၊ မင်းအဖေကဘယ်သူ၊ မင်းဘယ်မှာနေ၊ မင်းဘယ်လိုပညာသင်တာကတင်မတူတော့ဘူးလေ။ ပန်းချီလိုသိဖို့ က အဓိက၊ သိပြီးတော့ လက်ကမလိုက်နိုင်ဘူး၊ မလုပ်တတ်ဘူး၊ အဲဒါကတစ်ကဏ္ဍ။ အ၀တ်စတစ်ခုကို အနီရောင်ဆိုးပေးစမ်းပါ။
ဆိုးပြီါ်မင်းဘာသာချိတ်ထားလိုက်၊ ပြီးပြီလေ။ မင်းဘာသာအနီဆိုပြီး နာမည်ပေးထားလိုက်၊ အဲဒီကျတော့ ဘာတုန်းမေးတော့ ဘာမှလည်းမဟုတ်ဘူး၊ အဲတော့ နှစ်မျိုးပဲကျန်တော့ တယ်။ Representative  နဲ့ Non Representative   အချုပ်ပဲ။Modern Art လို့မင်းကပြောတာ၊Representative ကပုလင်းတစ်ခုဖြစ်ချင်ဖြစ်မယ်၊ မီးခြစ်တစ်ခုဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခုက ဘာမှမဟုတ်ဘူးလောကမှာမရှိတဲ့ ပစ္စည်းဒါပဲဒီနှစ်မျိုးပဲရှိတယ်။ အဲတော့ ပုလင်းဖြစ်လို့Modern  မဟုတ်ဘူးလို့မင်းမပြောနဲ့ ဟုတ်ချင်လည်းဟုတ်မယ်၊ မသိဘူး။ နောက်တစ်ခုကLine & Colour မင်းပါမင်းTexture ထည့်ချင်ထည့်မထည့်ချင်နေ၊Line& Colour  လုပ်ခြင်းအားဖြင့်ွှTexture သူ့ဘာသာပါလာလိမ့်မယ်။ ဒီပစ္စည်းတွေ နဲ့ ဖန်းတီးတာမင်းရဲ့Elements of Design  ပဲ၊ အချုပ်က ဒါပဲ၊ Point လည်းပါတယ် Line လည်းပါတယ်။ Hermony  လုပ်မလား၊ Contrast လုပ်မလားနှစ်မျိုးပဲရှိတယ်။ ဒါတွေသိပြီးတော့မင်းလျှောက်လုပ်နေရင်လည်းမကောင်းဘူး။ မသိပဲနဲ့ လုပ်တော့ မှသူဘာသာသူဖြစ်လာတာ၊ ငါက အသိကောင်ကြီးဆိုပြီးလျှောက်မလုပ်နဲ့၊ ငါကအသိကောင်ကြီးဆိုမင်းဟာကြီးက မကောင်းတော့ဘူးလေ မသိပဲနဲ့လုပ်တာကောင်းတယ်၊
မသိဘဲနဲ့ဆိုဘာမှ မသိဘူး ဟေ့ဆိုတော့ လည်း မဖြစ်သေးဘူး၊သိသင့်တာတော့သိထားရမယ်။ သိတာလေးကို မေးပြီးတော့ လုပ်ချင်တာလုပ် Intangible စကာလုံးမှတ်၊Modern  ဆိုတဲ့ စကားသုံးစရာမလိုတော့ ဘူး၊ မရှိတော့ ဘူး Post Modern တဲ့ ၊ Pre War ဆိုတာစစ်မဖြစ်ခင်က Post War ဆိုတာစစ်ဖြစ်ပြီးက ဒုတိယ ကမ္ဘာစစ်မတိုင်ခင် Pre War Pre လို့ခေါ်တယ်။ စစ်ကြီးပြီးတော့ Post War ၊ အဲဒီတော့ Post Modern, Modern  ပြီးသွားပြီးပြီ”တဲ့ ။

အဲဒီမေးခွန်းတွေကိုဖြေနေမဲ့ ဆရာ့ပုံကိုမြင်ကြည့်လို့ရပါတယ်ဆရာ။ ဆေးပေါ့လိပ်ဖွာလိုက်၊ မျက်လုံးကြီးပြူးလိုက်နဲ့ ပလေကပ်ပုဆိုးအပြာရောင်ပေါ်ကျလာတဲ့ ဆေးလိပ်ပြာတွေကိုခါချလိုက်နဲ့ပေါ့။ Single ကဆရာသဘောနဲ့နေတာပေါ့ Single Life ကိုကြိုက်တယ်ပေါ့လို့ ဆက်မေးတော့ “ကြိုက်တယ်မိန်းမမရတာကိုယ့်ဘာသာကိုယ်ကံကောင်းတယ်။
ဘာသာတရားနဲ့ပတ်သက်လို့ ကျတော့ “ဗုဒ္မဘာသာပဲ၊ ဒါပဲ အမှားတစ်ခုမှမရှိဘူး၊ ဒါပဲပြီးရော၊ ဒီလောက်ကောင်းတာလောကမှာ မရှိဘူး”တဲ့။
တကယ်ကယ်ဆရာခေတ်ပြိင်တွေ ဘယ်သူချရေးရမှာလည်းဆိုတော့ “ပေါ်ဦးသက်” ဒါပဲတဲ့။ ဂီတကျတော့ “ဗီသိုဗင်၊ ချက်ကော့စကီး အကုန်ကြိုက်ဂီတဆို အကုန်ကြိုက်တာပဲ၊ ငါ့စာထဲမှာဂီတအမြဲပါနေတာပဲ”။ အခုခေတ်ပုံစံထဲကရော“ထူးအိမ်သင် အမြဲကြိုက်၊ ဟေမာနေ၀င်း၊ခင်မောင်တိုး”။ ဆရာဟေမာနေ၀င်းက ဆရာထိန်းခဲ့ရလို့မဟုတ်လားဆိုတော့ “ဟုတ်ပေါင်တဲ့ အသံကောင်းလို့ကြိုက်တာတဲ့ ” ခင်ဝမ်းကော မကြိုက်ဘူးလားဆိုတော့ ခင်းဝမ်းတစ်ယောက်မှလွဲÌ “ခင်းဝမ်းမှ အပ အကုန်ကြိုက်၏တဲ့ ၊ ဆရာ ဘာ
Instrument တီးခတ်တတ်သလဲ။ စန္ဒယားနှိပ်ဒါပဲ။
ကျော်ဇံလှက ဆရာ ကို ဆက်မေးထားတယ်။ ဆရာ ခံစားတဲ့ အရောင်တွေ သိချင်ပါတယ်။ “ငါကContrast အစိမ်း၊ အနီ၊ အဲဒီဆန်ကျင်ဘက်က ငါပတ်ဝန်းကျင်မှာ အမြဲရှိနေတယ်။ ပတ်ဝန်းကျင်မှာသိပ်လှတဲ့ အစိမ်းတွေကို ကြည့်စမ်း၊ အဲဒီနှစ်ခုကငါမှာ----
ယဉ်ကျေးမှုနဲ့ပန်းချီ ဘယ်လိုဆက်နွယ်မှုရှိပါသလဲ။ “ပုဂံတစ်မြို့လုံးလည်း Museum ကြီးပါတဲ့ အဲဒါမှတ်ထားဒါလေးပဲ”။

Time and Space အကြောင်းလေးလဲရှင်းပြပါ။
“လောကမှာTime and Space ပဲ ရှိတယ်။ တစ်ချို့ကလည်းTime က အရင်လာတယ်၊ Space က အရင်လာတယ်ငြင်းကြတယ်။ ဘယ်သူပြီးမှ ဘယ်သူလာလာ နောက်ဆုံးတော့ လည်းဘာမှ မဟုတ်ဘူး။ နှစ်ခုစလုံးကပြိုင်တူပဲTime ပြောင်းတိုင်း Space က ပြောင်းသွားတယ်။ Space  ပြောင်းတိုင်း Time ကပြောင်းသွားတယ်။
ဒါလေးပဲ။ လူတွေ ကကိုယ့်ကိုယ်ကိုအထင်ကြီးအောင်ပြောသောစကားများသာလျှင်ဖြစ်တယ်လို့ပဲ့ ငါယူဆလိုက်တော့ တယ်။ဆရာဆီမှာ ပန်းချီပညာသင်ချင်တယ်ဆိုရင် “ပန်းချီက သင်လို့မရဘူး၊ကိုယ့်ဘာသာကိုယ်ဆွဲပန်းချီဆရာတစ်ယောက်အတွက် ပုဂ္ဖလိကတန်ဖိုးဆိုတာ?ပြောပြော မင်းပြော ”။

သူရဲ့ အဆိုကတော့ မြန်မာပြည်ခောတ်သစ် ပန်းချီကို အစောဆုံးလုပ်ခဲ့ ကြတဲ့  ပန်းချီဆရာတွေက သူတိုတစ်ဆိုက်မတ်မတ် လုပ်ခဲ့ ကြတဲ့ ခောတ်သစ်ပန်းချီပြသနာကို လူသိထင်ရှား ရှင်းလေ့မရှိဘူးတဲ့ ။ ပုဂ္ဖလိက တန်းဖိုးဟာခောတ်သစ်ပန်းချီရဲ့ ထင်ရှားတဲ့ ၀ိသေသလက္ခဏာတစ်ရပ်ဖြစ်တယ်လို့ စွဲစွဲ မြဲမြဲ ယုံကြည်ကြဟန်တူတယ်တဲ့ ။
အဲဒီပုဂ္ဖလိက တန်ဖိုးဆိုတဲ့ ကိစ္စကိုပယ်ဖျက်လိုက်ပါတယ်၊ သူဟာသူပုဂ္ဖလိ က တန်ဖိုးနာမည်ပေးတာကို မကြိုက်ဘူး။ ငါဘာသာမကြိုက်တာနော်ကြိုက်ရင်လည်းကြိုက်ကြမှာပေါ့။ငါမှမကြိုက်တာရှင်ပြနေစရာမလိုဘူးဟုတ်တယ်ရှင်းနေရရင်ပန်းချီမဟုတ်ဘူး၊ ပန်းချီဆိုတာကြည့် ၊ ကြည့် ပြီးရင်သိ၊ မသိရင်မသိနဲ့ ဒါပဲ”
ဆရာ ယဉ်ကျေးမှုတို့ အနုပညာတို့ တိုးတက်ဖို့ ပန်းချီဆရာအနေနဲ့ ဘယ်ကဏ္ဍမှာ ရှိသလဲ။
“ပုံဆွဲတဲ့ ကဏ္ဍမှာ ဟဲ....ဟဲ၊ ပုဂံ ခေတ်မှာ လုပ်ခဲ့ တယ်လေ။ ပုဂံခေတ်လောက်ထွန်းကားခဲ့တဲ့ ပန်းချီခေတ်မရှိတော့ ဘူး။ ပုဂံ ခေတ်ထက် ဘယ်ခေတ်မှ မသာဘူး။
ပုဂံ ခေတ်ပန်းချီလောက်ကောင်းတာတကယ်မြန်မာပန်းချီမင်းမှတ်ထား”

 ဆရာ စောစောက စကားကို ပြန်ဆက်ရအောင် Non Realism ဆိုတဲ့ ကိစ္စ။
 Non Realism  မပြောဘူး၊ အဲဒါလက်မခံဘူး၊Representative  နဲ့ Non Representative    နှစ်ခုပဲရှိတယ်တဲ့ ။ငါပြောချင်တာ
Line မှာ ဘာတွေရှိမတုန်းတိုတာတွေရှိမယ်။ရှည်တာ ရှိမယ်၊ ဖြောင့် တာကောက်တာရှိတယ်၊ ထူတာရှိတယ်၊ ပါးတာရှိတယ်။ အရောင်နှစ်ခုတွေ့လိုက်ရင်ူငညန နှစ်ခုဖြစ်တယ်။ အသေးဆုံးပဲ။ ဒီထက်သေးအောင်ဘယ်သူမှ မဆွဲနိုင်ဘူး၊ အဓိကLine ပဲ ဒါမြန်မာပဲ ။ အောင်စိုးက ပြောတယ်၊ ကောက်ကြောင်းဆိုတာ အောင်စိုးက နာမည်ပေးသွားတာ ” ဆရာ ရှုခင်းတွေ အရေးများသလားရေးလား၊ “ရေးတယ်အရေးမများဘူး၊ ဒါပေမဲ့ ငါက ဘာကိုစူးစမ်းနေတာလဲဆိုတော့ ဟိုမိုးကုပ်စက်ဝိုင်းကို ဖြုတ်ချင်တာ အဲဒီမိုးကုတ်စက်ဝိုင်း
ကြီးပါလာတာစိတ်ညစ်တယ်၊ အဲဒါဖြုတ်ချင်တာကြာလှပြီ။ဖြုတ်ပြီးတော့ ငါဒီလိုကြည့်တော့ မိုးကုတ်စက်ဝိုင်းမပါဘူး၊ ဟိုလိုကြည့်တော့ ပါတယ်၊ ဟိုနားမှာမိုးကုတ်စက်ဝိုင်းမင်းသိလား၊ လာလိုဖြုတ်ချင်တာလည်းမမေးနဲ့ဖြုတ်ချင်လို့ဖြုတ်တာ ၊ ဘာအကြောင်းမှမရှိဘူး။ ဒါပေမဲ့ အမြဲပါနေတယ်။ ဒါလေးပဲ ခံနေရတယ်။ ဒါငါပြသနာ၊ ငါပြသနာ ဖြုတ်လို့လည်းရမှာ မဟုတ်ဘူး”


ဂီတနဲ့ပတ်သက်လို့ မြန်မာပြည်ဂီတကို ဘယ်လိုမြင်လဲ၊ “မြန်မာပြည်ဂီတ “အခုခေတ်ပြောတာမဟုတ်ဘူး” မြန်မာဂီတ သိပ်ကောင်းလှတယ်၊ ကမ္ဘာအမွမ်းတင်ပြီးသား
ဆိုင်းတွေ အကုန်ကောင်းတယ်၊ အသဲထဲဝင်လာတယ်၊ နတ်ဆိုင်း”။
နတ်ဆိုင်းသံကို သဘောကျလား၊ “ကျတယ်”အသံကြားရင် ဘယ်လိုနေလဲ၊ ကချင်စိတ်ပေါက်လား၊ “ကိုကြီးကျော် ကိုကြီးကျော်ရေ” နိုင်ငံခြားပန်းချီဆရာတွေထဲက
ဘယ်သူ့ကို သဘောကျလဲ၊ “အကုန်လုံးပဲ၊ အကုန်ကြိုက်တာ ၊ လီဒိုနာဒိုဒါဗင်ချီက စပြောမလား အများကြီးပဲ၊ ခေတ်သစ်တွေ လဲအများကြီးပဲပေါ့လေ၊ ဒီကိုနီး၊ မိုဒီလီယာနီ၊ ကိုယ်ဘာသာရူးပြီးတော့ မိုဒီနီယာနီ့ပုံတွေဆွဲ၊ လည်ပင်းရှည်ရှည်ကြီးတွေနဲ့ အခုမြန်မာပြည်က ပန်းချီဆရာတွေ ဘယ်သူကို ဆရာမျက်စိထဲမြင်ထားလဲ။
“အကုန်မြင်တာ ၊ ဘယ်သိမှမသိတာ၊ ဦးလွန်းကြွယ်သိတယ်လေ”
နောက်ကော။“လူကြီးထဲက ဒီတစ်ယောက်ပဲကျန်တော့ တယ် အကုန်သေကုန်ပြီလေ” လူငယ်တွေ ထဲ ကရော ကျော်ဇံလှပေါ့ကွာ၊ ဒါပဲ ဟဲဟဲ။ ခင်ဝမ်းသိတယ်၊ခင်းဝမ်းက ငါစိတ်အညစ်ဆုံးလူတစ်ယောက်၊မုတ်သုံသိတယ်။ ဒါပေမဲ့ ငါအကြိုက်ဆုံးသူက မိုးကုတ်က” ဆရာ အခုချိန်ပေါ်ဦးသက်ဘယ်ရောက်နေလောက်ပြီလဲ။ “ရန်ကုန်ပြန်လာမယ်တဲ့ ၊ ငါမသေခင်ငါနဲ့တွေဦးမှာ တဲ့ ” ပေါ်ဦးသက်နဲ့ ဘာလုပ်ကြမှာ တုန်း၊ “သိဘူးလေ၊ သူပြောတာပဲ” ဆရာ ပေါ်ဦးသက်က ဆုံးပြီးပဲ ဘာလုပ်ချင်လို့ တုန်း။ သိဘူး မသေခင်ငါနဲ့တွေဦးမှာ ပါဆို”ဆရာတိုပေါ်ဦးသက်တို့နဲ့  ၂၄ လမ်းမှာ နေတဲ့ကာလနဲ့ ဆရာ လက်ရှိဘဝ ဘာကွာလဲ။
“ ဟိုးတုန်းက လွပ်လပ်တယ်၊ ပိုက်ဆံလေးနည်းနည်းလေးရပြီးတော့ အများကြီးရတယ်။အခုပိုက်ဆံ အများကြီးရပြီးတော့ နည်းနည်းလေးရတယ်၊ အဲဒါ စီးပွားရေးစိတ်ပိုင်းဆိုင်ရာ ကျတော့ ဟိုတုန်းက ပျော်တယ် Stuggle လုပ်တာပိုပျော်တယ်၊ ငါအခု Stuggle လုပ်စရာ မလိုတော့ ဘူး။

ဆရာပြင်ဦးလွင်က လွပ်လပ်ရေးကျောက်တိုင်က ဆရာ့ဒီဇိုင်းဆို၊ “ဟုတ်ဘူး၊ ဘိုကြီး”
ရှေ့လျှောက် ဆရာရေးမဲ့  ပန်းချီတွေ က မြန်မာမှုနဲ့ ဆက်စပ်ဦးမလား။  “သိဘူးပါချင်လည်းပါမယ်။  မပါချင်လည်းမပါဘူး၊ မြန်မာမှုကတော့ စိတ်ထဲအသည်းထဲမှာ အမြဲရှိတယ်”

ဆရာဦးခင်မောင်ရင်က မြန်မာယဉ်ကျေးမှုအဆင်အတန်းက အောက်တန်းမကျခဲ့တာကို သိသာထင်ရှားစေချင်တယ်၊ ကမာ…မှာ မြန်မာအနုပညာလို့ တင့်တယ်စေချင်တယ်။ မြန်မာတို့ရဲ့ ကိုယ်ပိုင်အနုပညာကို ပြည်ပလွမ်းမိုးမှုအောက်ရောက်သွားမှာ စိုးရိမ်သူတစ်ယောက်ဖြစ်တယ်။ မြန်မာတို့ရဲ့  ကိုယ်ပိုင်အနုပညာကို ကိုယ်ပိုင် အနုပညာ အရိပ်အာဝါသအောက်တွင်ရှိရမည်မှာ အနုပညာရှင်တို့ရံတာဝန်လို့ခံယူထားတယ်။ ပြည်ပလွမ်းမိုးမှုအနည်းနှင့်အများရှိတာကို လက်ခံ၊ ထိုဒဏ်ကို ဖောက်ထွင်းကျော်လွှားပြီးမိမိတို့ရဲ့ ကိုယ်ပိုင်စွမ်းအင်ဖော်ထုတ်ချင်စိတ်ရှိတာကိုစွပ်ကျယ်အဖြူဝတ်ထားတဲ့ ခန္မာကိုယ်ထဲက နှလုံးသားထဲမှာ ရှိနေတာကို  ဆရာ့ကိုခဏ စကားပြောကြည့်တာနဲ့ မြင်လို့ရမှာမဟုတ်ဘူးပေါ့။ ဆရာက လည်း ပါးစပ်သိဘူး၊သိပါဘူး၊ အာ-- ရှုပ်လွန်းလို့ပဲ အမြဲပြောနေတာကိုး။

ဂီတကျတော့လည်း ဆရာက  အကုန်နားထောင်တယ်။ မြန်မာဂီတ ဘယ်သူတွေ သိထားတုန်း မေးတော့ မြို့မငြိမ်း၊ ရွှေတိုင်ညွန့် ၊ ရွှေပြည်အေး၊ အဲဒါဂရိတ်တွေပဲတဲ့။
ဆရာ ဘယ်သီချင်းတွေကြိုက်လဲ။ “စိန်ဝေလျှံ၊ (ရေတဲ့သူနာမည်)။ နောက်ပိုင်းကတော့ ဘယ်သူတွေ ရေးတာသိလည်းဆိုတော့ ထူးအိမ်သင်ရေးတာသိတာပေါ့” ထူးအိမ်သင်ကြိုက်လား။ “ကြိုက်ပါ့”
ကြုံရင်ဘာပြောလိုက်ရဦးမလဲဆရာ။ “ဆံပင်တိုတာနဲ့ရှည်တာကို ပြသနာလုပ်မနေနဲ့ လို့၊ နှလုံးသားအိမ်ကို ဓားနဲ့ မမွှန်းနဲ့ လို့
ဆရာလေးဖြူတို့ ဇော်ဝင်းထွဋ် တို့ရော။ “ဇော်ဝင်ထွဋ်သိပ်ကြိုက်၊လေးဖြူက ဘယ်သူတုန်း” အဆိုတော်ပဲ အေးကြိုက်မှာ ပေါ့”

ဆရာ လွတ်လွတ်လပ်လပ်ပန်းချီကားတွေ ရေးတာမျိုး သူများတွေ ကို လည်းဖြစ်စေချင်တဲ့ ဆန္ဒမရှိဘူးလား။ “ဖြစ်စေချင်တဲ့ ဆန္ဒပဲ ရှိတယ်၊ မဖြစ်စေချင်တဲ့ဆန္ဒမရှိဘူး၊ လုပ်စေချင်တာပဲ၊ ကိုယ်လုပ်ချင်တာကို လုပ်လိုက်စမ်းပါ၊ ငါလည်းကိုယ်လုပ်ချင်တာလုပ်တာ၊ အဲဒါအဓိကပဲ၊ ဆရာ ခောတ်မှီခြင်းမမှီခြင်းဟာဘာနဲ့ဆိုင်တုန်း။
“အသိနဲ့ အသိနဲ့ ရှေးတုန်းကဟာတွေ မသိလို့ ခေတ်မမှီတာ၊ ရှေးတုန်းက ဟာတွေ သိရင်ခေတ်မှီတယ်၊ ပြန်ပြောမယ်ရှေးတုန်းက ဟာတွေ သိအောင်လုပ်ရမယ်။
ရှေးတုန်းက ဘယ်လိုဘယ်လိုဖြစ်ဘာတယ်၊ ဒီ ကိစ္စဘယ်လိုဖြစ်လာတာသိရမယ်၊ သိရရင်ခေတ်မှီမယ်၊ မသိရင်ခေတ်မမှီဘူး” အဲဒါဆိုအသစ်သစ်တွေ ဖန်တီးဖို့ အဟောင်းအဟောင်းတွေ သိဖို့ လိုတယ်ပေါ့။ “သိပ်မှန်ပေါ့၊ မသိလိုမရဘူး၊

Intuition, Inspiration , Imagination ဒီသုံးခုက ကိုယ်ပိုင်ရှိရမယ်။Creation  ဖြစ်ဖို့ Inspiration  ရှိဖိုလိုတယ်
Inspirationရှိရင် Automation ဖြစ်သွားတယ်၊ဒီလိုပဲ ခင်မောင်ရင်ယူဆတယ်”



နောက်ဆုံးမေးခွန်း ၁၁၃ က
အဲဒါဆိုပြန်မယ်။
ဆရာ အဖြေက ပြန်နဲ့ ဦးသီချင်းတစ်ပုဒ်ဆိုပြမယ်၊ပြီးမှပြန်”တဲ့ ။

ဆရာနဲ့ ကျော်ဇံလှတို့ ကြားမှာ ဆရာတို့ နှစ်ယောက်ပဲ နားလည်တဲ့ ဘာသာစကားတွေ နားလည်မှုတွေ ရှိကြပါတယ်။ ကျော်ဇံ လှက တစ်ခါတစ်ခါ ဆရာ ဆီ ကို သူငယ်ချင်းတွေ ၊ဆရာ ဦးခင်မောင်ရင်ကို တွေ့ကြရင် လူတွေက ကြည်ညိုစိတ်ချစ်ခင်လေးစားစိတ်တွေချက်ချင်းဖြစ်သွားတော့ တာပဲ။ ပြီးရင်ပန်းချီကားတွေ လိုချင်လာကြရော၊ ဆရာကို ဂုဏ်ပြုခြင်တာလည်းပါတယ် အားပေးချင်တာလည်းပါတယ်။ ကိုယ်တိုင်လိုချင်ကြတာလည်းပါတယ်။ ပြီးရင်ပန်းချီကားတွေယူကြရော ပိုက်ဆံပါတာတွေ လည်းရှိတယ်။မပါတာလည်းရှိတယ်။ အဲဒီလိုစည်းကမ်းမကျတာကို ကျော်ဇံလှက စိတ်ညစ်လို့ ညည်းတွားညည်းတွားနေတာကို ခဏခဏ ကြားရတယ်။  အဲဒါမင်းပြောတဲ့ ဆရာဦးခင်မောင်ရင်ပဲလို့ ပြောရတယ်။ဆရာသဘောက အဲဒီလိုပဲ လိုချင်ရင်ယူသွားအားလုံးကို ပေးလိုက်မယ် ၊ကျန်တာစိတ်မ၀င်စားပါ။ဆရာ က ဘယ်ပူလိမ်မလဲ မျက်စောင်းထိုး ညီမအိမ်က ထမင်းပို့မယ်။ ကျန်းမာရေးဆိုဆရာအပြောအရ ကျော်စိန်ရှိတယ်နေမျိုးရှိတယ်ပေါ့၊ ဘယ်သူတွေ ဘယ်လိုလာရှုပ်ရှုပ်ဆရာက ရှင်းပြီးသားပေါ့။

၂၀၀၄ ခုနှစ် သြဂုတ်လလောက်တုန်းက ဆရာရဲ စတုတ္ဓအကြိမ်မြောက် ပန်းချီပြပွဲ ကို ကျွန်တော်ရယ်ကိုဇော်ထွန်းရယ်က လုပ်ပေးတယ်။ ကင်းဗတ်စ်နဲ့ ဆေးတွေပို့ထားပေးတယ်။ ပန်းချီကား ၃၀ မပြည့်နိုင်ဘူး၊ပြီးပြီလို့ထင်လို့သွားကြည့်လိုက်ရင်ရှေ့က ရေးထားတဲ့ ကားတွေ ကကုန်ကုန်သွားရင်နဲ့  ၃၀ ပြည့်အောင်မနည်းတားယူရတယ်။လိုချင်တယ်လို့ပြောပေးလိုက်မှာပဲ။ ဒါပေမဲ့ ဆရာ က ဘယ်သူ ဘယ်လိုပုံစံမျိုးနဲ့ ယူသွားတယ်ဆိုတာကို မှတ်မိနေပြန်တယ်။ အဲဒီပန်းချီကားတွေ ပြပွဲ အတွက်သွားယူရင်းတစ်ခေါက်က သီချင်းဆိုတဲ့ ဇော်ပိုင်လိုက်လာတယ်။  ဆရာ ကိုတွေ့ တောသနားလို့သနားလို့တဲ့ သူကအနုပညာရှင်ကြီးတစ်ယောက်ဒီလိုနေနေရတယ်
ဆိုတဲ့ သဘောနဲ့ ပေါ့။ ကျွန်တော်က ပြန်ပြောရတယ်၊အေးဆရာဦးခင်မောင်ရင်ကို သွားသနားတယ်လုပ်မနေနဲ့၊ဟိုက မင်းပြန်ပြီးတော့ သနားလိုက်ဦးမယ်လို့။ နှစ်နာရီလောက်ကြာပြီးဆရာအိမ်က ပြန်တော့ ဇော်ပိုင်က ဟုတ်တယ်ဗျို့ကိုယ်ကမှသနားစရာဖြစ်သွားပြီ။ ဆရာက တကယ်ကို လွတ်မြောက်နေတာဗျလို့ဖြစ်သွားရော။ ဆရာဦးခင်မောင်ရင်ကဘယ်သူကမှဂုဏ်တင်လို့ မရသလိုဘယ်သူကမှလည်းရှုံချလို့မရပါဘူး၊ ဘယ်သူမှလည်းဆရာ ဦးခင်မောင်ရင်အနီးနားရောက်အောင်ချဉ်ကပ်၊ ငြိတွယ်လို့မရပါဘူး၊ ဆရာအနားမှာသူပြောသလိုပဲ ဂီတက ပဲ ကူးခတ်နေတာပေါ့။

မနေ့ ကပဲ  ကျော်ဇံလှတို့ ဆရာဦးခင်မောင်ရင်ဆီက ပြန်လာကြတယ်။  ဟင်ငါလည်းမခေါ်ဘူး၊ ငါလည်းဆရာဆီသွားချင်နေတာလို့ပြောတော့၊ဆရာက မင်းကိုမေးပါတယ်။ ဘာလုပ်နေလဲဆိုတော့ သူခါတိုင်းလိုပဲ ဒီဇိုင်းတွေ လုပ်နေတာပေါ့ ၊ ဆိုတော့ “ အရေးမပါတာတွေ လုပ်နေတယ်တဲ့ ” ဒကာဆိတ်က သူ့ဝတ္ထု စာအုပ်မျက်နှာဖုံးလုပ်ဖို့ ဆရာဦးခင်မောင်ရင်ပန်းချီကားသွားဝယ်တာ။ ငါးသောင်းပေးခဲ့တယ်ဒီပန်းချီကားပဲတဲ့ ။ိအဖြူရောင်အခံမှာ ဘုန်းကြီးလေးကို ကျောင်းသားလေးက ထီးမိုးထားတဲ့ ပုံ၊ အသားရောင်နေရာမှာ အနက်ခြယ်ထားပြီး သင်္ကန်းက လိမ္ဇော်၊ ထီးက အနီ၊ အောက်မှာ ခင်မောင်ရင် (ဇီးရိုးဆဲဗင်းလို့ လက်မှတ်ထိုးထားတယ်။ ဆရာက အိမ်အသစ်နဲ့ ဖြစ်သွားပြီးတဲ့ သွပ်မိုးကာနဲ့ သူမနေတတ်ဘူးဖြစ်နေတယ်တဲ့၊ ကျန်းမာရေးကောင်းတယ်။ကျွန်တော်တို့ဆရာပန်းချီကားကို ကြည့်ပြီးကြိုက်နေကြတုန်းမှာ
ကျော်ဇံလှကပြောတယ်။ ဆရာဘာလို့ ဒီဘုန်းကြီးလေးကို ဆေးရောင်အနက်နဲ့ ရေးတာတုန်းလို့ပြောတော့
ငါမှာ အသားရောင်ဆေးကုန်လို့ အနက်ရောင်ခြယ်လိုက်တာပေါ့ဟ။ သူများတွေလို ဖိုက်မန့် (Five Monkes)၊ ဆစ်ခ်(Six)မယ်သီလရင်ရေးတတ်ပါဘူး၊ ဝမ်းဘုန်းကြီး၊ ဝမ်းကျောင်းသား၊ ဝမ်းအမ်ဘရဲလား၊ ဝမ်းခင်မောင်ရင်ပေါ့ဟာ”တဲ့။
ဟုတ်ပါတယ်ဆရာ ၊ ဆရာဦးခင်မောင်ရင်ဟာ ONE ဦးခင်မောင်ရင်ပါ။

(မျိုးဆွေသန်း)

၂၀၀၈ ခုနှစ်က မြင်ကွင်းမဂ္ဂဇင်းမှာ လူ၊မြို့၊သစ်ပင်၊ လမင်း၊ ကြယ်စင် ဆိုတဲ့ခေါင်းစဉ်အောက်ကနေ(၁၂)ပုဒ်ရေးခဲ့ပါတယ်၊
မြန်မာ ခေတ်သစ်ပန်းချီဆရာဦးခင်မောင်ရင် သံသရာခရီးကိုထွက်ခွာသွားခဲ့ပြီဖြစ်လို့ ပြန်တင်ပေးလိုက်ပါတယ်
တကယ်တော့လည်း ကျွန်တော့ညီကျော်ဇံလှ ရဲ့မေးခွန်းတွေက ကျွန်တော်တို့သိချင်တာတွေဖြစ်နေတော့၊သူကောင်းလို့ပဲပြောရတော့မယ် ဒါ့အပြင်အဲဒီကာလက
ကျော်ဇံနဲ့ ကိုအောင်ကျော်ဆန်း တွဲလျက်မြင်ရတော့သူ့ခြေရာလက်ရာမကင်းတာလည်းတွေ့ရပါတယ်။ကျေးဇူးကဒီ(၂)ယောက်ကိုတင်ရမှာပါ၊
ဦးခင်မောင်ရင် ဆီကနှိုက်ထုတ်နိုင်တာဒီ(၂)ယောက်အပြင် ဘယ်သူမှမစွမ်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...