Tuesday, February 9, 2016

Google Drive ပေါ်မှာ 2GB အခမဲ့ ထပ်မံရယူရန်အတွက်ပြုလုပ်ခြင်း

-

Mg Zin Myo(သုတစွယ်စုံ)
Google Drive ဟာ Google အသုံးပြုသူများအတွက် 15GB ပမာဏရှိတဲ့ Storage ကို အခမဲ့ သုံးစွဲခွင့် ပေးထားပါတယ်။ ယခုအခါ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျရောက်မယ့် Safer Internet Day 2016 မှာ Google Drive အတွက် 2GB အခမဲ့ ထပ်မံ ရယူနိုင်မှာဖြစ်ပါတယ်။ Google Drive မှာ အခမဲ့ 2GB ထပ်မံ ရယူနိုင်ဖို့အတွက်ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ပထမဆုံး Google က သင့်ရဲ့အကောင့် ကို အတည်ပြုနိုင်ရန်အတွက် Security Checkup (https://goo.gl/Fyurif) ကိုဖော်ပြပါ ဝက်ဘ်ဆိုက်လင့်ခ်မှာ ဝင်ရောက်ပြုလုပ်ရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက် လိပ်စာကို နှိပ်လိုက်ရင် အကောင့်ကို အတည်ပြုပေးနိုင်ရန်အတွက် ကိုယ့်ရဲ့ Google User
Name နဲ့ Password ကို ထည့်သွင်းပေးရပါမယ်။


နောက်တစ်ဆင့်ကတော့ ကိုယ့်ရဲ့ Recovery Phone Number နဲ့ Recovery Email ကို ပြင်ဆင်နိုင်မယ့် နေ ရာကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဘာမှပြင်ဆင်မှုမပြုလုပ်လိုဘူးဆိုရင် Done ကို နှိပ်လိုက်ပါ။

Done ကို နှိပ်ပြီးသွားရင် အဆိုပါ အကောင့် နဲ့ ချိတ်ဆက်ခဲ့တဲ့ Device တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ဆုံးချိတ်ဆက်ခဲ့တဲ့ Device တွေရဲ့ ရက်စွဲတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာကနေ မိမိ အကောင့်ကို ဘယ် Device တွေနဲ့ ချိတ်ဆက်အသုံးပြုနေလဲဆိုတာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Look good ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။ အကယ်၍ ကိုယ်မသိတဲ့ Device တစ်ခုခု ပေါ်နေတယ်ဆိုရင်တော့ Something looks wrong ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Password Change ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ သင့်ရဲ့ Google Account ကနေ အသုံးပြုခွင့်ပေးထားတဲ့ App permission တွေကို တွေ့မြင်ရမယ့်နေရာဖြစ်ပါတယ်။ အကယ်၍ ဒီနေရာမှာ ကိုယ်က ထပ်မံပြီး အသုံးမပြုတဲ့ app permission တွေကို remove ပြုလုပ်ပြီး ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် Done ကို နှိပ်လိုက်ပါ။

အဆိုပါ အဆင့်တွေပြီးသွားပြီဆိုရင် Safer Internet Day 2016 ခုနှစ် ကျရောက်တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ Google Drive မှာ နောက်ထပ်အပို 2GB ထပ်မံ ပေါင်းထည့်ပေးမယ့် ဆိုတဲ့ Message ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါနေရာကနေ Continue to account settings ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ရှေ့ဆက်သွားလိုက်ပါ။

အထက်ပါအဆင့်တွေပြီးသွားပြီဆိုရင် ကိုယ့်ရဲ့အကောင့်ကို Logout ပြုလုပ်ပြီး ထွက်လိုက်နိုင်ပြီဖြစ်ပါတယ်။ ဒါကတော့ Safer Internet Day 2016 မှာ Google Drive အတွက် 2GB Free ထပ်မံရရှိရန် ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
Ref: CNET
အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...