ကမ္ဘာကြီးရဲ့ လမင်း ဖြစ်ပေါ်လာပုံ
အာကာသ နှင့် စကြ၀ဠာ
ယခုရက်ပိုင်းမှာ ညနေဘက်ဆို ကောင်းကင်ကို မော့ကြည့်ရင် လခြမ်းလေး လင်းလက်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်..။ လမင်းဟာ.. ကျနော်တို့ကမ္ဘာရဲ့ သစ္စာအရှိဆုံး လက်တွဲဖော်၊ အိမ်နီးချင်း ဂြိုဟ်ရံလ (သို့မဟုတ်) ကမ္ဘာနဲ့ သက်တမ်းသိပ်မကွာတဲ့ ညီမငယ်လေးတစ်ယောက်လို့ တင်စားလို့ ရပါတယ်..။ လမင်းဖြစ်ပေါ်လာပုံကို သိပံ္ပပညာရှင်များက အခုလို လေ့လာသုံးသပ်ထားပါတယ်..။

လမင်းကြီးဟာ နေအဖွဲ့အစည်းဖြစ်ပေါ်ပြီး နှစ်သန်းပေါင်း ၁၀၀ အတွင်းမှာ
ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကမ္ဘာနဲ့ လမင်းကြီးတို့
သိပ်မကွာတဲ့အချိန်တစ်ခုမှာ အတူတူဖြစ်ပေါ်ခဲ့ကြတယ်ဆိုတဲ့ အချက်ကို ပိုမို
ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
နောက်ပြီး ကျနော်တို့ရဲ့ လမင်းကြီးဟာ တခြားဂြိုဟ်တွေက လတွေလို နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်သိမ်တွေကို ဆွဲယူပြီး ဖြစ်လာခဲ့တာမဟုတ်ပါဘူး..။ ကမ္ဘာကနေ ထပ်ဆင့် မွေးဖွားခဲ့တာ ပါ။ လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံ က သီယာ (Theia) လို့အမည်ပေးထားတဲ့ အင်္ဂါဂြိုဟ် အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်တစ်ခုဟာ ကမ္ဘာကို ၀င်တိုက်ခဲ့ပါတယ်.။ ထိုတိုက်မိတဲ့ အရှိန်ကြောင့် ကမ္ဘာပေါ်ရှိအရာများစွာ အရည်ပျော်သွားခဲ့ပြီး အမှုန်မွှားများစွာလည်း ထွက်ရှိလာပါတယ်။ နောက်ပြီး အမှုန်အမွှားများဟာလည်း ကမ္ဘာကို အကြိမ်တစ်ရာမက ပြန်တိုက်ခဲ့ကြတာဖြစ်ပါတယ်။
သီယာနဲ့ တိုက်မိခဲ့တဲ့ ကမ္ဘာဟာ ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းသွားခဲ့ပြီး လွင့်ထွက်သွားတဲ့ အမှုန်တွေကတော့ ကမ္ဘာကို လှည့်ပတ်ရင်း.. တဖြည်းဖြည်း စုပေါင်းရင်းက ယနေ့ ကျနော်တို့ မြင်တွေ့နေတဲ့ လှပတဲ့ လမင်းကြီး ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ သီယာဆိုတဲ့အမည်ကတော့.. ဂရိဒဏ္ဍာရီပုံပြင်ထဲက ကမ္ဘာ ကို ဖန်ဆင်းခဲ့တဲ့ နတ်သမီးရဲ့ အမည်ပါပဲ..။ တကယ်လဲ.. သီယာဂြိုဟ် ဟာ ကမ္ဘာနဲ့ လ ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
သီယာမှာ ကမ္ဘာနဲ့ မတူညီတဲ့ ဒြပ်ဝထ္ထုတွေပါဝင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ယခုလက်ရှိ ကမ္ဘာနဲ့ လမင်းကြီးမှာတော့ အခြေခံကျတဲ့ ဒြပ်စင် ပါဝင်မှုဟာ တူညီလို့နေပါတယ်.။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

0 comments:
Post a Comment