ဟာသပေါင်းချုပ် (၁၈-၂)
ထင်တော့ထင်သားဘဲ--
တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ် ။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါကတော့ သူ့ကို ဘာပြောပြော ဟုတ်လား -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ --ဆိုပြီး အမြဲအဲသလိုပြောတတ်သတဲ့ ။ အဲဒါကို နေ့တိုင်းကြားနေရတော့ ယောင်္ကျားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ် ။ ဒါနဲ့ တစ်နေ့မှာ ယောင်္ကျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး အချိန်မတန်မီ နွားကန် ( နွားမောင်းရာတွင် နွားကိုရိုက်ရန်သုံးသော တုတ်) ကိုင်ပြီး သူတစ်ယောက်ထဲပြန်လာတယ် ။ ဒါကိုမိန်းမကမြင်တော့ --
`` ဟော -- ရှင်ဘာဖြစ်လို့ အိမ်ကိုအစောကြီးပြန်လာရတာလဲ -- ဒါနဲ့ လှည်းတွေ နွားတွေရော --``
`` အေးကွာ -- မပြောကို မပြောချင်ပါဘူး -- ငါတောရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ်ပျံကုန်ကြတယ်ကွာ --``

ဒီတော့မိန်းမက သူ့ဝသီအတိုင်း --
`` ဟုတ်လား -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ -- ဒီနွားနှစ်ကောင် ဒီနေ့မနက်မြင်ရတာ ထူးဆန်းနေသလားလို့ ``
ဒီတော့ ယောင်္ကျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားကန်နဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး -- ပါးစပ်ကလဲ --
``ထင်ဦးကွာ -- ထင်ဦးကွာ မင်းဒီသောက်ကျင့် ကမပျောက်နိုင်ဘူး -- နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့ပြောတာ ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစား ဘဲ သူဘဲကြိုသိသလိုလို ဒီသောက်ကျင့်ကမဖျောက်ဘူး --``
ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့စကားကြောင့် သူဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ်ကျသွားတယ် -- ပြောတာက
``ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲတဲ့ ``
Credit- No Name
"ကြော်ငြာ"
အာရပ်စော်ဘွားများနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ အားဖြည့်အချိုရည်စတင်ထုတ်လုပ်သည်။
ကုန်ပစ္စည်းအရောင်းမြှင့်တင်ရန်အလို့ဌာ ကြော်ငြာကုမ္ပဏီတစ်ခုကိုငှားသည်။
ကြော်ငြာကုမ္ပဏီက လမ်းဆုံလမ်းခွများတွင် ပိုစတာဆိုင်းဘုတ်ကြီးများကပ်လေသည်။ ကြော်ငြာဘုတ်တွင် အကန့်သုံးကန့်ပါ၍
ပထမပုံမှာ ……. လူတစ်ယောက် သဲကန္တာရထဲ၌ အားပြတ်၍ လဲနေပုံဖြစ်သည်။
ဒုတိယပုံမှာ ….. ထိုလူမှ ကြော်ငြာမည့်အားဖြည့်အချိုရည်ကို သောက်နေပုံဖြစ်သည်။
တတိယပုံမှာ …. လန်းဆန်း၍တက်ကြွနေသော ထိုလူ၏ပုံဖြစ်လေသည်။
ကြော်ငြာဘုတ်များထောင်ပြီးမကြာမီ ကြော်ငြာကုမ္ပဏီမှ တာဝန်ခံအလုပ်ပြုတ်လေသည်။
အကြောင်းမှာ အာရပ်များစာဖတ်လျှင် အနောက်မှစ၍ အရှေ့သို့ဖတ်သောကြောင့်ဖြစ်သည်။
Credit-No Name
တွေးကြည့်ပါဦး
--------------------
တခါက လူသုံးယောက် ငရဲပြည်ကိုရောက်လာသည်...ဒီတော့ သကြားမင်း က အဲ့ ဒီလူတွေ ကို နတ်ပြည်ပေးဖို့တောင်းသည်..ငရဲမင်းက
လည်းမပေးဘူးးဒီတော့ သိကြားမင်း က “ ငရဲမင်း ခင်ဗျားကို တရားစွဲရမလား ” ထိုအခါ ငရဲမင်းပြောလိုက်သည်က
“စွဲချင်စွဲလေ ၊ မစွဲခင် စဉ်းစဉ်းစားစားလည်းလုပ်ပါ ဗျာ...ရှေ့နေတွေ ဘယ်မှာ ရှိတယ်ဆိုတာကိုလေ..” ဟူသတည်း။

0 comments:
Post a Comment