Monday, February 22, 2016

“ ၀ါဂွမ်းတဆုပ် အရုပ်လုပ်ပေးပါ ”

Min Ko Naing

ကိုယ့်ပုံကိုယ်မှန်ထဲတွေ့
ကြောက်ဆုတ်ကြောက်ဆုတ် ပြန်ရွှေ့ပြေး
ကိုယ်လုံးလေးထွားပြတဲ့
ကြောင်ပေါက်စနဲ့ တူလှသလို
သားဖြစ်ပုံကို မြင်တော့ ပြုံးတယ်


အမေ့နှလုံးသား မြေလွှာပြင်မှာ
သားက စံပယ်တပင်
တကယ်ဖြစ်ချင်တာ အမေရာ။
.
ဒီနေရာမှာ...
မျက်နှာတွေက စိမ်းသလောက်
အပင်တွေက ခြောက်မွဲ
ကြေကွဲဖွယ် သတင်းတွေကပဲ
လှိုက်လှဲဖော်ရကြတာ။
.
မီးစိမ်းပြမှ မောင်းပေမယ့်
မီးနီဖြတ်တဲ့ ကားကြီးအောက်
ကားလေးက ပြားပြားမှောက်
တောက်...!
“ မှားတာမှန်တာ နောက်မှတဲ့အမေရယ်။ ”
.
မြေလှန်ခံရတဲ့ စံပယ်ရုံလေးမှာ
အပွင့်လောင်းတွေ ဖွေးဖွေးဖြူလို့
သူတို့ဘယ်လိုငြင်းငြင်းပါ အမေရာ။
.
မနက်က စားကြွင်း
နေ့လည်ခင်းမှာ အမှိုက်ဖြစ်ရင်လည်း
ညနေမစောင်းခင် လှည်းလိုက်မယ်။
.
ကြည့်ပါဦးအမေရဲ့...
ခြူသံချိုသွဲ့ညမှာ
လကလေးတက်လာပုံက
နို့ဝမ်းတွေ ပါပါချလို့
အင်္ကျီအောက်အနားစ
ခါးမှာချီထားရတဲ့ကလေးလို
မိုးကုတ်စက်ဝိုင်းကို ခိုတက်ပြီး
ပြူတစ်တစ် ..
တခစ်ခစ်တောင် ရယ်လိုက်သေး။
.
နေ့တနေ့ဓာတ်ပြားထဲ
နောက်ဆုံးသီချင်းပဲဆိုပါစို့..အမေရယ်
ချွတ်နင်းသံကြားရင်
မှန်တချပ်ထောင်ထားပါဦး
ဂုတ်ကလေးတို...ကိုယ်လုံးလေးထွား
ကြောင်ပေါက်လေးလို သားပြန်လာချင်တယ်
စံပယ်တွေမွှေးရဲ့လား အမေရယ်။....။
.
- မင်းကိုနိုင်
.
[ အရင်ရောက်ရောက်၊ နောက်ရောက်ရောက်
အဝေးရောက် ညီ/ညီမ အားလုံးအတွက်
တခါက အကိုအဝေးရောက်စဉ် ကဗျာ ]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...