Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း
Tint Swe
ဆရာရှင့် သမီးကိုယ်ဝန်က ၈ လပါ။ အခုဘာပဲစားစားပြန်အန်နေပါတယ်။ လနုတုန်းက တစ်ခါတလေပဲဖြစ်ပေမယ့် အခုခဏခဏဖြစ်နေပါတယ်။ အဲ့ဒါဘယ်လိုသက်သာအောင်လုပ်ရပါမလဲ။ ရင်တုန်ပြီးနေရထိုင်ရတာလဲအဆင်မပြေလို့ပါ။

ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာ ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness
ဖြစ်တယ်။ တချို့မှာသာ ကိုယ်ဝန်ရင့်ချိန်မှာ အန်ကြတယ်။ သိပ်ဆိုးတဲ့သူလည်း
နည်းနည်းရှိတယ်။
ဘယ်လိုကုသမလဲ
ဖြစ်စေတာမသေချာလို့ ကုသနည်းဟာလဲ မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ္မ်ာသီးတွေက အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။ တမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊
အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊ • ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလဲသုံးနိုင်တယ်။
• Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။
• Vitamin B6 50 mg (ဗီတာမင် ဘီ ၆) သောက်ပါ။
• ဆားဓါတ် ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။
Hyperemesis Gravidarum အလွန်အကြွံအန်ခြင်းဖြစ်တာကတော့ ရောဂါဖြစ်တယ်။ အဖြစ်မများလှပါ။ ဒါပေမယ့် ဆိုးတယ်။ ကိုယ်ဝန် ၄-၈ ပတ်မှာ အဖြစ်များတယ်။ ၉-၁၃ မှာ အများဆုံးဖြစ်တယ်။ ၁၄-၂ဝ ပတ်ဆိုရင် ၁ဝ% ကလွဲရင်ပျောက်နိုင်သွားတယ်။ ဘာ့ကြောင့် ဖြစ်ရသည်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ လျင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်တယ်။ ဟော်မုန်းများတာကြောင့်ဖြစ်တယ်။ ၂ဝ% က ဆေးကုဘို့အထိလိုမယ်။
ကိုယ်အလေးချိန်လျော့၊ အာဟာရနည်း၊ ဓါတ်ဆားအချိုးအဆပြောင်းလဲခြင်းတွေ ဖြစ်လာနိုင်တယ်။ အနားယူပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားပါ။ ပရိုတင်းများများစားပါ။ အဆီနဲ့အစပ် လျော့စားပါ။
Normal saline or Lactated Ringer solution သွင်းပေးဘို့လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။ Doxylamine 10 mg နှင့် Pyridoxine (B6) 10 mg ရောပေးသင့်တယ်။ Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်တယ်။ Meclizine, dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်တယ်။ Methylprednisolone 16 mg စားဆေး (သို့) IV ၈ နာရီတခါကို နောက်ဆုံးအဖြစ်ပေးနိုင်တယ်။ ၃ ရက်နဲ့သက်သာရင် ၂ ပတ်အထိဆက်ပေးပါ။ မသက်ရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာကောင်းတယ်။ ဂျင်း(ချင်း) Ginger capsules 250 mg ချင်းဆေးတောင့် တနေ့ ၄ ကြိမ်လည်း ကောင်းတယ်။
ဒေါက်တာတင့်ဆွေ

0 comments:
Post a Comment