Wednesday, February 17, 2016

သေမင်းဆီ ဂျိုကာတက်သွားတဲ့နေ့

Chan Myae KO
 
👉ဆယ်လမွန်ငါးတွေပါ မေမေ
ဘယ်သူမှ အိမ်အပြန်စင်းလုံးချောမရောက်နိုင်ခဲ့ဘူးးးးး
👉ကောင်းကင်ပေါ်ခုန်တက်လိုက်တာမဟုတ်ပါဘူး
သစ်ကိုင်းကို ခိုတွဲလိုက်ရတာ
အများအမြင်မှာမြင့်သွားပေမဲ့
ခံရတဲ့ ဒုက္ခကိုချိုတယ်လို့ညာရမှာ ပြောမထွက်ဘူးးးးး

👉ကိုယ့်မြေက ငါးထွက်ပါလျက်
အသားဓာတ်မရလို့ ပြည်ကူးရတာပါ
👉ကိုရီးယား . . .
စက်မှုထွန်းကားတဲ့နိုင်ငံကြီး တဂျုန်းဂျုန်းအသံကြားမှာ
ခံစားချက် မရှိတဲ့ စက်တွေကိုထိန်းချုပ်
သေမင်းနဲ့ဖဲကစားပြီးမှ ရတဲ့ပိုက်ဆံ ပေါပေါများများ
အော် . . . အနိုင်ချည်းပဲလို့ တွက်ထားလို့ရပါ့မလား !
👉ချို့ယွင်းသွားတဲ့စက်ရဲ့ ဝီကနဲ အသံကြားမှာ
ရွှေတိဂုံဘုရားကြီးလွမ်းတယ်
မေမေ့ဘုရားရှိခိုးသံလွမ်းတယ်
ညီမလေးရဲ့ရန်တွေ့သံတွေကို လွမ်းတယ်
👉အဆင်ပြေရဲ့လားဆို ပြေတာပေါ့
ကိုယ့်မြေမှာ တစ်လစာက ဒီမှာတစ်ရက်
ပြီးတော့ အလုပ်ချိန် ၈ နာရီ
ပိုနေတဲ့ အချိန်တွေအခန်းအောင်း ပြတင်းပေါက်လေး
ခုထိယောင်ယောင်ပြီးဖွင့်မိတုန်းပဲ
အိမ်မှာလို နေတွေပူမယ်ထင်လို့ . . .
👉သူတို့က ဖော်ရွေပါတယ်
ကိုယ့်မြေကို ထွန်ပေးမဲ့နွားကိုဂရုစိုက်သလိုမျိုး
အရမ်းဂရုစိုက်ကြတယ်
👉မေးလိုက်တိုင်း မိုလာပဲပြောရင်း
ခပ်တုံးတုံးနေရတာ အဆင်ပြေပါတယ်
👉တစ်ဦးကောင်းစားဖို့ ကျွန်ခံရတာ
နည်းနည်းတော့ရှက်မိတယ်
တစ်တိုင်းပြည်လုံးနီးပါး ငတ်နေတာမို့လို့လေ . . .
ဘယ်တက်နိုင်မလဲ
ကျတော်က ဗိုလ်ချုပ်မှမဟုတ်တာ
မြင့်မားတဲ့ တိုက်တွေကြားမှာနေရပေမဲ့
ကြယ်တွေမရှိဘူး မေမေ
ဒါပေမဲ့ . . .
မမြင်ရတဲ့ ကြယ်တွေဟာ ကြွေကျတယ် . . .
👉ပြတ်သွားတဲ့ လက်ချောင်းလေးတွေနဲ့
ဖြတ်လိုက်ရတဲ့ ခြေချောင်းလေးတွေဟာ
နေ့စဉ်ထုတ် သတင်းစာမှာမပါတဲ့
မြန်မာလုပ်သား အစိတ်အပိုင်းတွေ . . .
👉ချမ်းသာချင်လို့ မဟုတ်ပါဘူး
ဝမ်းဝရုံလေးဆိုတော်ပါပြီဆိုပြီး
ရှေ့တန်းထွက်လာတဲ့ လက်နက်မဲ့စစ်သားတစ်ယောက်ပါ
အသိတချက်လွဲတာနဲ့
တိုင်းတပါးမှာ အချိန်မရွေးပျောက်ဆုံးသွားနိုင်တယ်
👉ကမ္ဘာကြီးက ကျဉ်းတယ်ထင်တယ် မေမေ
အဲဒီတော့ မြန်မာပြည်မြေဈေးတွေကြီးတယ်
မိသားစုအတွက် . . . အိမ်တစ်လုံးရဖို့ ရည်ရွယ်မိတယ်
👉ကိုရီးယား သိပ်ကိုဖွံ့ဖြိုးတဲ့နိုင်ငံကြီး
တချို့က အိမ်ပြန်မရောက်နိုင်ကြဘူး
တချို့က အိမ်အပြန်အင်္ဂါ အစုံမပါလာဘူး
တချို့ကတော့ calling ထိုင်စောင့်နေတုန်း
တချို့ကတော့ လာဖို့အစချီနေတုန်း . .
လက်ဆုံကြီး လှည့်သလို
တစ်ပတ်လည်နေတာပဲ မေမေ . . .
👉မြေချင်း အတူတူ
လူချင်း အတူတူ
တိုးတက်မှုချင်းကျတော့ ကွာတယ်
👉ကိုယ့်သွေးဟာ
တပါးအိမ်ရဲ့ ကျွန်ဖြစ်တာကို
ကြည့်ရက်တဲ့အုပ်ထိန်းသူအောက်မှာနေရတာ
ခံပြင်းမှုတော့ရှိတယ် . . .
👉ဝီကနဲ အသံဆုံးသွားတယ်
ကျတော်ပြုံးရမှာလား !
အသက်ရှုရပ်လိုက်ရမှာလား !
မေမေ့သား
မေမေ့ရင်မှာ တစ်ဝကြီးတော့ ငိုချင်သေးတယ်မေမေ . . . ။

credit to မူရင်းးး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...