Tuesday, February 23, 2016

English Speaking Basics (52) အင်္ဂလိပ်စကားပြောအခြေခံများ (၅၂)

Win Naing Oo 


……………………………………………………………………
I'll help you + (verb)
………………………….
တစ်စုံတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖြစ်စေ ၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့် ဖြစ်စေ တစ်ခုခုအကူအညီပေးချင်တဲ့အခါ ဒီလိုပြောနိုင်ပါတယ်..
This lets you inform someone that you are willing to provide assistance. This could refer to something physical or mental, like helping someone to 'think' or 'remember' something.
.
(1) I'll help you cook dinner tonight.
ဒီနေ့ည ကျနော်က ခင်ဗျား ညစာချက်ပြုတ်ရာမှာ ကူညီပါမယ်


.
(2) I'll help you raise money for your charity.
ကျနော်က ခင်ဗျားရဲ့ အသင်းအဖွဲ့အတွက် ရံပုံငွေ မြှင့်တင်ရာမှာ ကူညီပါမယ်
(raise(v)ရံပုံငွေ မြှင့်တင်သည် charity(n) ချို့တဲ့သူများကို ကူညီသည့် အသင်းအဖွဲ့ ၊ ထိုသို့ကူညီမှု )
.
(3) I'll help you register for your class online.
ကျနော်က ခင်ဗျား online မှာ သင်တန်းတက်ဖို့ စာရင်းပေးသွင်းရာမှာ ကူညီပါမယ်
(register(v) မှတ်ပုံတင်၍စာရင်းသွင်းသည်)
.
(4) I'll help you move to your new house.
ကျနော်က ခင်ဗျား အိမ်သစ်ဆီ ရွှေ့ပြောင်းရာမှာ ကူညီပါမယ်
.
(5) I'll help you prevent that from happening again.
ကျနော်က ခင်ဗျား အဲဒါမျိုး ထပ်မဖြစ်အောင် တာဆီးရာမှာ ကူညီပါမယ်
.
(6) I will help you park your car.
ကျနော်က ခင်ဗျားရဲ့ကားကိုရပ်ဖို့နေရာချရာမှာ ကူညီပါမယ်
.
(7) I will help you realize your potential.
ကျနော်က ခင်ဗျားမှာရှိတဲ့ အစွမ်းအစတွေ အကုန် ထုတ်သုံးနိုင်အောင် ကူညီပါမယ်.
(realize one’s potential : to fulfill one's potential; to do as well as one possibly can တစ်စုံတစ်ယောက်ရဲ့ စွမ်းရည်ကို ဖြည့်ဆီး ဆောင်ရွက်သည် )
.
(8) I will help you stop smoking.
ကျနော်က ခင်ဗျားဆေးလိပ်ဖြတ်ဖို့ ကူညီပါမယ်
.
(9) I will help you find the apartment you need.
ကျနော်က ခင်ဗျာလိုအပ်နေတဲ့ တိုက်ခန်းရှာဖွေရာမှာ ကူညီပါမယ်
.
(10) I will help you clean up the mess.
ကျနော်က ခင်ဗျား အရှုပ်အထွေးကိုရှင်းလင်းရာမှာ ကူညီပါမယ်
(mess(n) အရှုပ်အထွေး)
.
Help ကို (to+V1) ရဲ့ရှေ့မှာဖြစ်စေ ၊ to မပါတဲ့ V1 ရဲ့ရှေ့မှာဖြစ်စေ သုံးနိုင်တယ်လို့ ဆိုပါတယ် ၊ ဒါကြောင့် to + V1 တွဲလျက် ပုံစံနဲ့လည်း သုံးနိုင်ပါတယ် ၊ v1 ချည့်ပဲသုံးတာက တစ်ခါတရံမှာ ပုံစံကျ မဟုတ်ပဲ ဖြစ်တတ်တယ်လို့ ဆိုပါတယ်.. (BBC English မှာ ဒီလိုဆိုထားပါတယ် ..Help is a verb that can be used with or without to and with or without an object before the infinitive. When we use it without an infinitive it sometimes sounds more informal.)
.
(11) I will help you (to) identify your goal.
ကျနော်က ခင်ဗျားရဲ့ ရည်မှန်းချက် ပန်းတိုင်ကို စိစစ်ဖေါ်ထုတ်ဖို့ ကူညီပါမယ်
.
(12) I will help you (to) see yourself and others clearly.
ကျနော်က ခင်ဗျား ကိုယ့်ကိုယ်ကို နဲ့ အခြားသူတွေကို ရှင်းရှင်းလင်းလင်း ရှုမြင်ဖို့ ကူညီပါမယ်
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...