ကောက်ရိုးတစ်မျှင်
…………………………………
စပါးမျိုးစေ့က
မိုးရွာအချ
ခဏနဲ့ပျိုးပင်ဖြစ်
နေရာသစ်မှာရွှေ့ပြောင်းစိုက်
သီးနှံနဲ့ငိုက်
ကောက်စိုက်သူဘဝင်ပြုံးလို့
တစ်ကွင်းလုံး……
ရွှေဝါရောင် ဖုံး ။
စပါးမျိုးစေ့က
မိုးရွာအချ
ခဏနဲ့ပျိုးပင်ဖြစ်
နေရာသစ်မှာရွှေ့ပြောင်းစိုက်
သီးနှံနဲ့ငိုက်
ကောက်စိုက်သူဘဝင်ပြုံးလို့
တစ်ကွင်းလုံး……
ရွှေဝါရောင် ဖုံး ။
ရိတ်သိမ်းပြီးအပင်ရိုး
" ကောက်ရိုး " လို့ခေါ်
မထင်ပေါ်သူ့အမည်နဲ့
အပင်သန်ဖို့ရည်ကာမှန်း
မိုး ကြမ်း……
လေ ကြမ်း…
ရာသီတွေသရမ်းလည်း
စပါးနှံတွေသန်စွမ်းစေဖို့
သူ့အရိုး နဲ့ထမ်း …။
တို့ရဲ့လှေ
လေတွေကကြမ်း…
မမြင်မစမ်းနဲ့
ဘယ်ကမ်းကခွာလို့
ဘယ်လမ်းသွားရပါ့
ကျောက်လည်းမချလို
ရှေ့ကိုသာရွက်ဖွင့်လိုပေမယ့်
ခလုတ်ကန်သင်းနဲ့ငြိ…
အဘိဇ္ဈာတွေနဲ့ထိ…
အငြိုးထစ်ချုန်းမိုးမိနေပြီး
အတားအဆီးများတဲ့မြစ်မာယာ
ရေတိမ်မှာမနစ်စေဖို့
ကယ်တင်ရှင်အစစ်လက်ကိုဆွဲ
အဲဒီ့ ……
ကောက်ရိုးတစ်မျှင်…လက်ပိုင်ရှင်ဘဲ ။ ။
(ကိုရွှေကေဇာ)
ကလောဂျီတီအိုင်
26-2-2016
" ကောက်ရိုး " လို့ခေါ်
မထင်ပေါ်သူ့အမည်နဲ့
အပင်သန်ဖို့ရည်ကာမှန်း
မိုး ကြမ်း……
လေ ကြမ်း…
ရာသီတွေသရမ်းလည်း
စပါးနှံတွေသန်စွမ်းစေဖို့
သူ့အရိုး နဲ့ထမ်း …။
တို့ရဲ့လှေ
လေတွေကကြမ်း…
မမြင်မစမ်းနဲ့
ဘယ်ကမ်းကခွာလို့
ဘယ်လမ်းသွားရပါ့
ကျောက်လည်းမချလို
ရှေ့ကိုသာရွက်ဖွင့်လိုပေမယ့်
ခလုတ်ကန်သင်းနဲ့ငြိ…
အဘိဇ္ဈာတွေနဲ့ထိ…
အငြိုးထစ်ချုန်းမိုးမိနေပြီး
အတားအဆီးများတဲ့မြစ်မာယာ
ရေတိမ်မှာမနစ်စေဖို့
ကယ်တင်ရှင်အစစ်လက်ကိုဆွဲ
အဲဒီ့ ……
ကောက်ရိုးတစ်မျှင်…လက်ပိုင်ရှင်ဘဲ ။ ။
(ကိုရွှေကေဇာ)
ကလောဂျီတီအိုင်
26-2-2016
0 comments:
Post a Comment