"သရဲလက်ကြီး"
ThoLay Kan
အိမ်မှာ အတူငှားနေတဲ့သူ စုစုပေါင်း ၅ ယောက်ရှိတယ်။
စနေနေ့ဆို အကုန်အလုပ်သွားကြတာ။
နေ့လည်ပိုင်း ပြန်လာတာဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတာရယ်။

ဆိုတော့...
စနေနေ့ နေ့လည်ဆို အိမ်မှာ ကိုယ်တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် နေလို့ရတယ်။
ပြသနာက အိမ်က Wifi လေ။
စက်က ဧည့်ခန်းမှာထားတာ။
အိမ်ရဲ့ဘယ်နေရာကဖမ်းဖမ်း Wifi ကောင်းကောင်းမိတယ်။
မမိတာက အိမ်သာထဲမှာ
အိမ်သာက စက်ထားတဲ့ ဧည့်ခန်းနဲ့ဆို မီးဖိုခန်းခြားတယ်။
အိမ်သာထဲဝင်လိုက်ရင် Wifi စက်နဲ့ ဖုန်းနဲ့က ထောင့်မှန်ကျင်တွယ်ချိုးဖြစ်သွားတာ။
ကိုယ်ကလည်း အိမ်သာတက်ရင်း ဖုန်းပွတ်တာ အကျင့်။
အိမ်သာထဲရောက်ရင် Wifi လိုင်းက ပျောက်ပျောက်သွားတော့ အတော်ဒေါကန်ဖို့ ကောင်းတာရယ်။
ဖြစ်ချင်တော့...
စနေတစ်ရက် ထုံးစံအတိုင်း အိမ်စောစောပြန်လာတယ်။
ရောက်တာနဲ့ အိမ်သာတက်ချင်လို့ ဖုန်းလေးယူပြီး သွားထိုင်တယ်။
wifi က မမိဘူး။
ဒါနဲ့... ...
အိမ်သာတံခါးဖွင့်ကြည့်တယ် Wifi ဆစ်ကနယ် နည်းနည်းတက်လာတယ်။
ဖုန်းကိုင်ထားတဲ့လက်ကို အပြင်နည်းနည်းထုတ်လိုက်တယ်... မဆိုဘူး ဆစ်ကနယ်တော်တော်လေးမိတယ်။
ဖေ့စဘုတ်မှာ ကိုယ်ဖတ်ချင်တာလေး ပွတ်ရွေ့လိုက် ဖုန်းကို တံခါးကနေ အပြင်နည်းနည်းထုတ်ကြည့်လိုက်နဲ့ အဆင်ကိုပြေလို့
ဖြစ်ချင်တော့ တစ်ဖက်ခန်းမှာနေတဲ့ ကလေးမက နေမကောင်းလို့ ပြန်လာပြီး အိပ်နေတာ ကိုယ်က မသိဘူး။
သူက မီးဖိုထဲလာရင်း အိမ်သာထဲက ကိုယ့်လက်ကြီးထွက်နေတာမြင်တော့ ရုတ်တရက် လန့်အော်တာပေါ့... ...
'အာာာာား... ... စရဲ စရဲ စရဲလက်ကြီး'
ဖုန်းထဲ ဈန်ဝင်ရင်း ပတ်ဝန်းကျင်ကို မေ့နေတဲ့ ကိုယ်ကလည်း ရုတ်တရက် အော်သံကြီးကြားတော့ နဂိုကမှ သတ္တိကောင်းတဲ့ကောင်ဆိုတော့ အိမ်သာထဲက ပုဆိုးစွန်တောင်စွဲပြီး ပြေးထွက်တော့တာပေါ့... ...
'အမ၄ သရဲဒဲ့.... ဘယ်... ဘယ်... မှာာ လဲ သရဲ'
'ငင်.... အူးလေးလား အိမ်သာထဲ ထိုင်ပြီး လက်ကြီးထုတ်ထားတာ'
'အေးး..'
'တော်တော်ဆိုးတာပဲ ဒီမှာ ရုတ်တရက်ဆိုတော့ လန့်သွားတာ'
'ငါလည်း ခါတိုင်းလို ဘယ်သူမှ မရှိဘူးမှတ်လို့ အိမ်သာတံခါးကို ဟထားပြီး Wifi မိအောင် လက်ထုတ်ထားတာ ဟီး ဟီး ဟီး'
'လေတာပေါ့ အူးလေးရယ်'
'အေးဘာ အေ..'
.
.
အင်း Wifi စက်ကို မီးဖိုထဲ ပြောင်းတပ်ဖို့ အိမ်ရှင်ကို ပြောအုံးမှ
.
သို၎ကန် - ပေါက်ကရ၄ဝ
https://www.facebook.com/tholaykan

0 comments:
Post a Comment