Monday, February 22, 2016

ရှုံးတဲ့အခါလည်း ရှုံးပေမပေါ့

BrainWave ဉာဏ်လှိုင်း

တနေသ၌ က္ဈနူပ် နှင့် အိုင်ပီ လက်ဝါးကိုကိုကြီးတို့ သည် အမှုကလည်း ပါးသည့် အလျောက် လုပ်စရာကလည်း မယ်မယ်ရရ မရှိ ဖြစ်ရလေကာ အလုပ်မရှိသူတို့၏ ထုံးစံအတိုင်း ကိုယ့်စားပွဲ ကိုယ်ထိုင်၍ လက်ကိုင်ဖုန်း များ ထုတ်ကာ ပွတ်ရင်း အချိန်ဖြုန်းနေကြပေသည်။
မိတ်ဆွေကြီး ကိုနှင်းမောင်မှာလည်း မင်းကြီးမှ က္ဈနူပ်တို့ အား အပြစ်မရှိ အပြစ်ရှာ ဆူပူကြိမ်းမောင်းနေ မှုကို မြင်ပြင်းကပ်လာသဖြင့် "Elephant in a china shop" ဟု ဖေ့ဘုတ်ပေါ်တွင် ဖေါ်ပြမိသဖြင့် ရွှေဘို ဂါတ်သို့ စပ်စပင်းရှင်း ချပြီး အပို့ခံထားရချိန် ဖြစ်သဖြင့် သွားစရာလာစရာမရှိ ရုံးတွင်ပင် ဖင်မြဲ နေကြရသည်။

ရုံုးပြာတာ မောင်ရွှေမှ ပြုးတူ ပြဲတဲ ရုံးခန်းထဲ ၀င်လာသဖြင့်.. မိမိမှ စိတ်ပျက်လက်ပျက် သံဖြင့် မင်းကြီးက အခေါ်လွှတ်လိုက်သလားဟု မေးမြန်းရာ ...
မောင်ရွှေ ။ ။ မဟုတ်ဘူး ဆရာရေ၊ ပွဲကြီး ပွဲကောင်းဗျ
ဦးကိုကိုကြီး။ ။ ဘာလဲကွ မင်းက အရင်းမရှိ အဖျားမရှိ။
ရွှေ။ ။ ၀ိုင်းမော်မှာ ဘိန်းခင်းဖျက်ဘို့ သွားတဲ့ လူ ၃၀၀၀ ကျေိာလောက်နဲ့ ထိပ်တိုက်ရင်ဆိုင်နေကြပြီတဲ့ဆရာ။
နူပ်။ ။ ဘိန်း ခင်း ပိုင်ရှင် တွေက အဖျက်မခံ။ ပြန်ခုခံမယ်ပေါ့လေ။
ရွှေ။ ။ ဘိန်းစိုက်သူတွေနဲ့ မဟုတ်ဘူး ဆရာရေ။ တပ်မတော်နဲ့ဗျ
ကြီး။ ။ ဟ..စစ်တပ်က ဘာလို့ ဟန့် တား နေရတာလဲ။ သူတို့ ကတောင် ကိုယ်မလုပ်နိုင်တဲ့ ကိစ္စ ၀ိုင်းကူမယ့် လူတွေ အတွက် လုံခြုံရေး တောင် ယူပေးရမယ့် ကိစ္စကို မဟုတ်သေးပါဘူး မင်းသတင်းက
ရွှေ။ ။ ဟုတ်တယ် ဆရာရေ။.ဘိန်းခင်း ဖျက်မယ့်သူတွေနဲ့ ဘိန်းစိုက်သူတွေအကြား ပဋိပက္ခ ဖြစ်မှာ စိုးလို့တဲ့။
နူပ်။ ။ ဒါဆို အားနည်းတဲ့ ဘိန်းစိုက်သူတွေ ဖက်က ဒို့တပ်မတော်က အကာအကွယ် ပေးနေရရှာပေါ့။
ကြီး။ ။ ကချင် တိုင်းရင်းသားတွေကလည်း သူတို့ လူငယ်တွေ အားလုံးနီးပါး ဘိန်းစွဲကုန်ပြီ ဆိုတော့ မခံမရပ်နိုင် ဖြစ်ကုန်ကြတာ နေမှာပေါ့။
ရွှေ။ ။ ဆရာရေ အရပ်ထဲမှာ ပြောနေကျတာကတော့ ရှေ့တန်းက ပြန်လာတဲ့ တပ်မတော်သားတွေ ၀င်ငွေရဘို့ မူးယစ်ဆေးဝါးတွေ မသိမသာ သယ်ခွင့်ပြု ပြီး မြို့  တွေ ရွာတွေမှာ အရောင်းအ၀ယ် ဖြစ်နေဆိုပဲ။ ဒီ သတင်း မဟုတ်ပါစေ နဲ့ ဆုတောင်း ရတော့မှာပါပဲ။
နူပ်။ ။ အမှုကတော့ ထင်တာထက် လေးနက်လာပြီ။ ကိုနှင်းမောင်ကို ကြေးနန်း ရိုက်ခေါ်မှ ဖြစ်မယ်။
ဓါတ်ပုံ။ ။ ဧရာဝတီ
HSW

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...