သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၂)
သစ်ထူးလွင် |
- ကန် တရားသူကြီးသစ် ထားရှိရေး သမ္မတနဲ့ လွှတ်တော်အကြား အငြင်းပွား
- ဆီးရီးယား ကူညီရေး ယာဉ်တန်း စတင်ထွက်ခွာ
-
သျှမ်း/မြောက် စစ်ရှောင် ၁၀ တန်း ကျောင်းသူ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်စိ
ုးရိမ် - သေနတ်သမားဖုန်း တရားရုံးအမိန့် အက်ပဲလ် ငြင်းဆန်
- မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း စတင်
- ဒေါ်စုနဲ့ ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံ
- မင်းကန်ကျေးရွာ အထက်တန်းကျောင်းခွဲ မီးလောင်မှုဖြစ်ပွား
- ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါ်စန္ဒာမင်းကို ခန့်အပ်
- အီရတ်စစ်ဘက် ရဟတ်ယာဉ် ပျက်ကျရာ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
- ISIS အဖွဲ့နှင့် ဆက်နွယ်နေသူ ၃၃ ဦးကို အင်ဒိုနီးရှားဖမ်းဆီး
- ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပြန်စနိုင်ရေး ကုလသမဂ္ဂ ကြိုးပမ်း
- ပင်လယ်ရေမြင့်လို့ ကျွန်းတုဆောက်ဖို့ စဉ်းစားနေ
- တောင်တရုတ်ပင်လယ်ဒေသ ကျွန်းတုလေယာဉ် ပြေးလမ်းကို တရုတ်စစ်လေယာဉ်များ အသုံးပြုမည့် အစီအစဉ် အမေရိကန် ရေတပ် သတိပေး
- အငြင်းပွားကျွန်းပေါ် ဒုံးကျည်တွေ တရုတ် ချထား
- တောင်တရုတ်ပင်လယ်မှာ တရုတ်က ဒုံးကျဉ်တွေ ထားရှိလို့ဆို
- စစ်ဘေးဒုက္ခသည် ၃၀၀၀ ရှိပြီ
- TNLA နှင့် RCSS/SSA တပ်တို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေ
- တိုက်ပွဲဖြစ်သည့် ရွာများမှ ရွာသားများကို ကျောက်မဲကော်မတီက သွားရောက် ကယ်ဆယ်
- အီရတ်တွင် ပြန်ပေးဆွဲခံရသည့် အမေရိကန် ၃ ဦး ပြန်လည်လွတ်မြောက်
- မလေးရှားမှာ မြန်မာတစ်ဦး အသတ်ခံရ
- တရုတ် မြန်မာ ကုန်သွယ်မှု ၉ ဘီလီယံကျော်ရှိ
- သာယာဝတီထောင်တွင် အမှုရင်ဆိုင်နေသည့် ဝန်းရံပြည်သူ ၂ ဦး၏ အာမခံလျှောက်ထားမှု ဖေဖော်ဝါရီ ၂၃ တွင် အမိန့်ချမည်
- ဂျပန်နိုင်ငံတွင် ပညာသင်အလုပ်သမားများမှာ အလုပ်ပြောင်းခွင့် မရှိသဖြင့် ထွက်ပြေးမှုများပြား
- အော်ဒါ အရနည်းပါးလို့ စက်ရုံ လုပ်သား ၇၀ အလုပ်ထုတ်ခံရမည်
- နေပြည်တော်က ဟိုတယ်တွေကို နိုင်ငံရေးပါတီ အစည်းအဝေး ကျင်းပခွင့်မပြု
Posted: 17 Feb 2016 06:45 AM PST
ကန် တရားသူကြီးသစ် ထားရှိရေး သမ္မတအိုဘားမားက အင်္ဂါနေ့မှာ မေးခွန်းထုတ်
စိန်ခေါ်ခဲ့
အမေရိကန်တရားရုံးချုပ် တရားသူကြီး တဦးဦး လစ်လပ်တဲ့အခါမှာ သမ္မတက
အဆိုပြုလာတဲ့ ဘယ်သူ့ကိုမဆို အထက်လွှတ်တော်ဘက်က စဉ်းစား ပေးရမယ် ဆိုတာကို
အမေရိကန်ဖွဲ့စည်းပုံမှာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသားဖြစ်တယ်လို့
သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။
ကွယ်လွန်ခဲ့တဲ့ တရားသူကြီး Antonin Scalia နေရာမှာ အစားထိုးဖို့ သမ္မတရဲ့
အဆိုပြုသူကို အထက်
|
Posted: 17 Feb 2016 06:38 AM PST
အစားအသောက်နဲ့ ဆေးဝါးတွေ တင်ထားတဲ့ ယာဉ်တန်း ဒမာ့စကတ်မြို့ကနေ
စတင်ထွက်ခွာ။
ဆီးရီးယား နိုင်ငံမှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဒုက္ခသည်တွေအတွက်
အစားအသောက်နဲ့ ဆေးဝါးတွေ ပေးပို့မယ့် ထောက်ပံ့ရေး ယာဉ်တန်းဟာ မြို့
ငါးမြို့ဆီကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။
ဒမာ့စကတ် မြို့ကနေ ကုန်တင်ကားတွေ စတင် ထွက်ခွာနေပြီလို့ အပြည်ပြည်ဆိုင်ရာ
ကြက်ခြေနီ အဖွဲ့ IFRC ရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
အဲဒီ ယာဉ်တန်းဟာ
|
Posted: 17 Feb 2016 05:34 AM PST
ဖေဖော်ဝါရီလ ၁၇ ရက် ၂၀၁၆
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်
|
Posted: 17 Feb 2016 05:15 AM PST
အက်ဖ်ဘီအိုင်ရဲ့ တောင်းဆိုမှုဟာ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေ
ဖြစ်လာနိုင်တယ်လို့ အက်ပဲလ် အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က ပြော။
ကာလီဖိုးနီးယား ပြည်နယ်၊ စန် ဘာနာဒီနို မြို့မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့
သေနတ်သမားရဲ့ အိုင်ဖုန်းထဲက အချက်အလက် တွေကို ရယူနိုင်ရေး အတွက် နည်းပညာ
ကုမ္ပဏီကြီး အက်ပဲလ်က အက်ဖ်ဘီအိုင် ထောက်လှမ်းရေး အဖွဲ့ကို ကူညီဖို့
တရားရုံးက ထုတ်ပြန်တဲ့ အမိန့်ကို မလိုက်နာဘဲ ခုခံ ငြင်းဆိုသွားမယ်လို့ သိ
|
Posted: 17 Feb 2016 05:09 AM PST
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း စတင်ခြင်း
အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဒလမြို့ နယ်၌ ကျင်းပ
ပြုလုပ်ခဲ့သည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလ တံတား စီမံကိန်းသည် ရန်ကုန်မြို့ နှင့်
ဒလမြို့ နယ်သို့ လွယ်ကူ ချောမွေ့ စွာ ဆက်သွယ် သွားလာနိုင်ရေး အတွက်
ရန်ကုန်မြစ်ကို ဖြတ်၍ တည်ဆောက်မည့် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်
|
ဒေါ်စုနဲ့ ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံ (သတင်းဓါတ်ပုံ-Senior General Min
Aung Hlaing's facebook)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့
နေပြည်တော်က ပေါင်းလောင်း ရိပ်သာမှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ဆောင်ရွက်ရမယ့်
ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာ
|
မင်းကန် ဖေဖော်ဝါရီ ၁၇
ပုသိမ်ကြီးမြို့နယ် မင်းကန်ကျေးရွာ အထကခွဲတွင် ယနေ့ ညနေ ၃ နာရီ ၅၀
မိနစ်အချိန်၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် အလျား(၂၀၀) ပေ၊ အနံ (၃၀) ပေ၊ (၁၂) ခန်းတွဲ၊
သွပ်မိုး၊ အုတ်ကာ၊ နှစ်ထပ်ကျောင်းဆောင် (၁) လုံး မီးလောင်ပျက်စီး
ဆုံးရှုံးခဲ့ပါသည်။
မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ
မီးသတ္ဦးစီးမွဴး ဦးေ
|
Posted: 17 Feb 2016 04:44 AM PST
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌအဖြစ်
ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ခန့်အပ်လိုက်သည်။
ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာမင်းက ပြည်သူ့အကျိုးမရှိလျှင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်ပြုလိုက်သည့် စီမံကိန်းများအား
ပယ်ချမည်ဖြစ်ကြောင်း၊ လက်ရှိ
|
ဘဂ္ဂဒက် ၊ ၁၇-၂-၂၀၁၆
အီရတ် စစ်ဘက် ရဟတ်ယာဉ် တစ်စင်းသည် ဖေဖော်ဝါရီ ၁၆ ရက်က ပျံသန်းမှုတစ်ခု
လုပ်ဆောင်စဉ် နည်းပညာ ချွတ်ယွင်းချက် ကြောင့် ပျက်ကျခဲ့ရာ ရဟတ်ယာဉ် ပေါ်ပါသူ
တပ်ဖွဲ့ဝင် ကိုးဦးလုံး သေဆုံး ခဲ့ကြောင်း စစ်ဘက် ပြောရေးဆိုခွင့် ရှိသူက
ပြောကြားသည်။
အဆိုပါ ရဟတ်ယာဉ် သည် ကွတ် ပြည်နယ် တောင်ပိုင်း အနီးတွင် ပျက်ကျခဲ့ခြင်း
ဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ လေသူရဲနှစ်ဦး နှင့်အရာရှိ ခုနစ်ဦးတို့ လိုက်ပါ
သွားကြောင်း
|
Posted: 17 Feb 2016 04:43 AM PST
ဂျကာတာ ၊ ၁၇-၂-၂၀၁၆
အင်ဒိုနီးရှားနိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်
ကြံစည်ခဲ့သော ISIS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွ ၃၃
ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇန်နဝါရီလက ISIS စစ်သွေးကြွ အဖွဲ့၏
တိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့မှုနှင့် စပ်လျဉ်း၍
အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ လုပ်ဆော
|
Posted: 17 Feb 2016 04:43 AM PST
ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတပ်ဖန် ဒီ မစ်တူရာအား ဖေဖော်ဝါရီလ ၁၆ ရက်က သတင်းထောက်များ မေးမြန်းနေစဉ် (ဆင်ဟွာ)
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံရေးနှင့်ပတ်သက်
|
Posted: 17 Feb 2016 04:29 AM PST
ကီရီဘာတီနိုင်ငံ Fanning ကျွန်း (Credit: AAP)
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ပင်လယ်ရေ မြင့်တက်လာနေတဲ့အတွက် Kiribati
ကီရီဘာတီ ကျွန်းနိုင်ငံ ရေအောက် မရောက်သွားအောင် ကျွန်းအတုတွေ
တည်ဆောက်ဖို့ ကီရီဘာတီ အစိုးရက စီစဉ်နေပါတယ်။
ကျွန်းအတုကို တည်ဆောက်ရာမှာလည်း UAE လို့ခေါ်တဲ့ အာရပ်စော်ဘွားများ
နိုင်ငံက ပညာရှင်တွေကို အကူအညီတောင်းနိုင်တယ်လို့ ကီရီဘာတီ သမ္မတက
အေဘီစီကို ပြောပါတယ်။
က
|
Posted: 17 Feb 2016 04:54 AM PST
စင်ကာပူ ၊ ၁၇-၂-၂၀၁၆
ပိုင်ဆိုင်ခွင့် အငြင်းပွား တောင်တရုတ် ပင်လယ်ဒေသ ကျွန်းတုများ ပေါ်ရှိ
လေယာဉ် ပြေးလမ်းများကို တိုက်လေယာဉ်များ ပျံသန်းရေး တရုတ်နိုင်ငံ က
အသုံးပြု လာမည် ဆိုပါက ဒေသတွင်း တည်ငြိမ်မှု ပျက်ပြား နိုင်ဖွယ်ရှိပြီး
အမေရိကန် ၏ ဝေဟင် က်ငးလှည့် ပျံသန်းရေး အစီအစဉ်များ ကိုလည်း တားဆီး
နိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန် ရေတပ် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက
ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
|
Posted: 17 Feb 2016 04:56 AM PST
ဝူဒီ ကျွန်းပေါ်မှာ လေယာဉ်ပြေးလမ်း အပါအဝင် တည်ဆောက်မှု အမြောက်အများကို
အစောပိုင်းက ဂြိုဟ်တုပုံ အဟောင်းမှာ တွေ့ခဲ့ရ။
တောင်တရုတ် ပင်လယ်ထဲက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေထဲက
ကျွန်းတစ်ကျွန်း ပေါ်မှာ တရုတ်က မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေကို ချထားတာ
တွေ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဖောက်စ် သတင်းဌာနက ဖော်ပြသွားတဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ရိုက်ထားတဲ့ ဂြိုဟ်တု
ဓာတ်ပုံတွေအရ
|
Posted: 17 Feb 2016 04:16 AM PST
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ဘက်က ဆောက်လုပ်နေတဲ့ ကျွန်းတု တစ်ခု (Credit:
ABC licensed)
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ဒုံးကျဉ်တွေ ထားရှိတယ်လို့
ထိုင်ဝမ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။
ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်တယ်လို့ ပြောဆိုနေတဲ့ Woody
Island ကျွန်းမှာ တရုတ်က ဒုံးကျဉ်တွေ ထားရှိတာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ဒုံးကျဉ်ထားရှိတယ် ဆို
|
Posted: 17 Feb 2016 04:13 AM PST
ကချင်ပြည်နယ်မှာ ဖြစ်တဲ့ စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်တဲ့ ကချင်ပြည်သူ
တစ်ဦး
RCSS ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီအဖွဲ့နဲ့ TNLA တအာင်း
ပလောင်တပ်တွေအကြား တိုက်ခိုက်မှုတွေကြောင့် လူပေါင်း သုံးထောင်လောက်
ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းကြား အပြင်းအထန်
ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပေမယ့် ရှမ်း
|
Posted: 17 Feb 2016 04:11 AM PST
တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရှမ်းပြည်
ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) တို့ ဖေဖော်ဝါရီ ၇
ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ အထိ
တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLA သတင်းနှင့် ပြန်ကြာရေးဌာနမှ
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တာဘုန်းကျော် ပြောပြချက်အရ သိရှိရသည်။
RCSS/SSA က တအောင်းဒေသအတွင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ
အင်အား ၂၀၀ ကျော် ခန့်ြ
|
Posted: 17 Feb 2016 04:08 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့စန်ကျေးရွာအနီး ဖေဖော်ဝါရီ
၇ ရက်မှ စတင်ကာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွာများတွင်
မြကျင်း(ခံတုတ်ကျင်း)များတူးကာ ပုန်းအောင်းနေရသော ရွာသားများကို ကျောက်မဲ
ကယ်ဆယ်ရေး ကော်မတီမှ သွားရောက် ခေါ်ဆောင်လာကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဖေဖော်ဝါရီလ ၁၃ ရက်က သွားခေါ်တယ်။ ည ၁၂ နာရီလောက်
ရောက်ပါတယ်။ တခြား ရွာတွေမှာလည်း နောက်ထပ်လည်း ကျန်သေးတယ်။ သွားဖို့ရှိ
|
Posted: 17 Feb 2016 04:06 AM PST
အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ် မြေပုံအား တွေ့ရစဉ် (အင်တာနက်)
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံတွင် လွန်ခဲ့သည့်လက ပျောက်ဆုံးကြောင်း ကြေညာထားသည့်
အမေရိကန် ၃ ဦးမှာ လွတ်မြောက် လာပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၁၆ ရက် အတည်ပြုပြောကြားလိုက် သည်။
“သူတို့ တစ်ယောက်ချင်းစီ ဘေးအန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်နိုင်အောင်
အားထုတ်ကြိုးပမ်းပေးခဲ့တဲ့ အီရတ် အစိုးရ၊
|
Posted: 17 Feb 2016 04:01 AM PST
ဓါတ်ပုံ - မလေးရှားရောက်မြန်မာများ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ
မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး လည်ပင်းမှာ ဓါးဒဏ်ရာနဲ့
သေဆုံးနေတာတွေ့ရတယ်လို့ မလေးရှားကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ်ဖြစ်ပြီး၊ သူ့ကို ဆိုင်ရဲ့ဒုတိယထပ်မှာ
ဒဏ်ရာနဲ့သေဆုံးနေတာ တွေ့ရကြောင်း ၊ သူ့ဘေးမှာ မီးဖိုချောင်းသုံး
ဓါးနှစ်ချောင်းတွေ့ရသလို၊ ခေါင်းမှာလဲ အဝတ်အိပ်နဲ့ စွ
|
Posted: 17 Feb 2016 03:54 AM PST
၁၅ ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲကို ကျယ်ဂေါင်မြို့မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကကျင်းပစဉ်။ ဓါတ်ပုံ - ရဲထက်
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတန်ဖိုး
|
Posted: 17 Feb 2016 03:48 AM PST
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရေး ဆန္ဒထုတ်ဖော်သူများအနက်
သာယာဝတီထောင် အတွင်း ဖမ်းဆီးခံထားရသူများမှ ဝန်းရံပြည်သူနှစ်ဦး အာမခံ
လျှောက်ထားမှုကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သာယာဝတီမြို့နယ် တရားရုံးမှ
အမိန့်ချမှတ်မည် ဖြစ်ကြောင်း ကျောင်းသားများ၏ ဖေဖော်ဝါရီ ၁၆ ရက်နေ့
ရုံးချိန်းမှ သိရှိရသည်။
ကျန်းမာရေးချို့တဲ့မှုကြောင့် ဝန်းရံပြည်သူနှစ်ဦးဖြစ်သည့်
ကိုခင်မောင်ဝင်းနှင့် ကိုစန်းလွင်ဦးတို့ နှစ်ဦးကို
|
Posted: 17 Feb 2016 03:46 AM PST
လစာသက်သာသော လုပ်သားများ အလွန်လိုအပ်နေသည့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားမှ
ပညာသင် အလုပ်သမားများ အဆုံးပြုနေခြင်းမှာ နိုင်ငံခြားသားများအပေါ်
အမြတ်ထုတ်မှုများ ဖြစ်ပေါ်စေပြီး ပြသ၁နာများ ရှိနေသည်ဟု တိုကျိုမြို့၊
အိုချာခိုမီဇု တက္ကသိုလ်မှ လူမှုဗေဒပါမောက္ခ တာကာရှီမီယာဂျီမက ပြောကြားသည်။
“ပညာသင်တွေဟာ ဂျပန်နိုင်ငံကို အလုပ်သမားအဖြစ် ၀င်ရောက်ခွင့်ရပေမယ့်
သူတို့ရဲ့ လုပ်ခလစာကို မကျေနပ်တော့ဘူးဆိုရင် အလုပ်ပြောင်းခွ
|
Posted: 16 Feb 2016 07:29 PM PST
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို
|
Posted: 16 Feb 2016 07:29 PM PST
နေပြည်တော်က ဟိုတယ်တွေကို နိုင်ငံရေးပါတီ အစည်းအဝေး ကျင်းပခွင့်မပြု
နေပြည်တော်က ဟိုတယ်ဇုံ
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က ဟိုတယ်တွေကို နိုင်ငံရေးပါတီတွေရဲ့
အစည်းအဝေးတွေ ကျင်းပခွင့်မပြုဘူးလို့ နေပြည်တော် ကောင်စီက ထုတ်ပြန် ကြေညာ
လိုက်ပါတယ်။ ဒီဟိုတယ်တွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေ အာဆီယံ
အစည်းအဝေးတက်တဲ့ ဧည့်သည်တွေ တည်းဖို့အတွက် အစိုးရထံက ငွေချေး
ဆောင်ရွက်တာဖြစ်ပြီး ချေးငွေမကျေခင်မှာ နိုင်ငံပိုင်
|
0 comments:
Post a Comment