Friday, February 12, 2016

" ကြိုနေမယ် အမေတို့ပေးမယ့် လက်ဆောင်"


မွေးတစ်နေ့……
သေ တစ်ရက်……
အဲဒီနှစ်ရက်ကကျောခြင်းကပ်
လောကရဲ့အကန့်အသတ်တွေကြား
ခြေဖဝါးနဲ့လမ်းလျှောက်နိုင်ဖို့
ဝမ်းလျားမှောက်ပြီး
လေးဘက်ထောက်နိုင်ခဲ့ရတယ်လေ……။ 


"ရပ်နိုင်ပေ့" ရပ်နိုင်ပေ့"
အမေတွေရဲ့အားပေးစေ့ဆော်ချက်
ကမ္ဘာမြေဆင်းသက်မယ့်ခြေဖဝါးနုနု
သွေးခြည်ဥလည်း
ပန်းပုဖယောင်း သွန်းလောင်းစမို့
မစောင်းမရွှဲ့ တည့်တည့်မတ်အောင်
ရာထောင်ခြေလှမ်း
မညည်းနွမ်းဘဲ
မယိုင်လဲစေဖို့……
ခိုင်မြဲစေဖို့……
အမေတို့ဘဲ…သင်ပေးခဲ့ကြတယ်လေ…။

ခုတော့… …
ရပ်နိုင်နေတဲ့ ခြေအစုံတွေက
လူသားအချင်းချင်းခေါင်းပုံဖြတ်
သူဌေးဘွဲ့ဂုဏ်ထူးတပ်
လူနပ်…လူလည်
(မြန်မာပြည်မှာ)ဝင့်ထယ်နေကြတယ်လေ…။

တစ်ချို့က… …
ညီအကိုမောင်နှမ တိုင်းရင်းသားအချင်းချင်း
အမွေလု… အာဏာလု
နှလုံးစက်အတုတွေနဲ့
ဝေစုတွေ…ခွဲနေကြတယ်လေ…။

တစ်ချို့က……
လုပ်ဖော်ကိုင်ဖက်အချင်းချင်း
သပ်တွေသျှိုသွင်း
ထမင်းနပ်မှန်ဖို့ထက်
ရာထူးတက်ဖို့အရေး
ရောင်စုံမျက်နှာပေးတွေနဲ့
သွေး အေးအေး
ရွှေရေး ပန်းကန်တက်ကြတယ်လေ…။

တစ်ချို့က……
သီတင်းလွှေ့လွှေ့
ပေါင်းဖက်တွေ့ကြတဲ့
ဆွေမျိုးတစ်ဖော် အကျော်ဇေယျ
ပြည်သူတွေမရတဲ့စည်းစိမ်
တိုက်တာအိုးအိမ်
ကောင်းကင်က"တိမ်"တွေအထိ
စရံ စတိတွေပေးလို့
ဈေး ညှိနေကြတယ်လေ…။

အမေတို့ရယ်……
ကျွန်တော်တို့ အတွက်
"အမေတွေ"ပေးမယ့်လက်ဆောင်
အဆောင်အယောင်မဟုတ်
"'ပဲပြုတ်နဲ့နံပြား"'
စားချင်တဲ့……ကလေး
များများ မွေးပေးမှ
အဲဒီလိုလူမျိုးတွေနဲ့ "ဝေး"ဝေးမှာလေ……။ ။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ဗိုလ်ချုပ်မွေးနေ့ နှင့် ကလေးများနေ့အားကြိုဆိုဂုဏ်ပြုလျက်

(ကိုရွှေကေဇာ)
ကလောဂျီတီအိုင်
9-2-2015
10:39 pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...