" ချစ်စရာ အလွဲလေးများ "
အောင်ဆန်းလေးက(၃)နှစ်သား
စကားက သိပ်မပွားတော့
" အ" များ သွားမလား၊
မိဘများက စိုးရိမ်ခိုက်
သူမကြိုက်တာတွေ့တော့
ဆင်းရဲသားဘက်က ရှေ့နေလိုက်တဲ့စကား
ပြောချလိုက်ပုံများ.........
" အမရာ ရှိမှ ပေးနိုင်မှာပေါ့ဗျ " တဲ့၊
ကြွေးတောင်းသူ မိခင်ဘက်က မပါဘဲ
ဆင်းရဲသူကို စာနာတဲ့ အလွဲ
ဒါဟာ သူ့ဗီဇပဲ။
စကားက သိပ်မပွားတော့
" အ" များ သွားမလား၊
မိဘများက စိုးရိမ်ခိုက်
သူမကြိုက်တာတွေ့တော့
ဆင်းရဲသားဘက်က ရှေ့နေလိုက်တဲ့စကား
ပြောချလိုက်ပုံများ.........
" အမရာ ရှိမှ ပေးနိုင်မှာပေါ့ဗျ " တဲ့၊
ကြွေးတောင်းသူ မိခင်ဘက်က မပါဘဲ
ဆင်းရဲသူကို စာနာတဲ့ အလွဲ
ဒါဟာ သူ့ဗီဇပဲ။
လူပျိုပေါက်ရွယ် မောင်အောင်ဆန်း
အပျိုဖြန်းရှိတဲ့အိမ်မှာ တည်းတော့
အရှက်ကဲပြီး ညရေးအပေါ့မသွားရဲ
အိပ်မက်ထဲရောက်မှ ပေါက်ချ
အိပ်ယာနဲ့အိမ်သာ လွဲတော့
ရွဲရွဲစိုလေရောပေါ့။
တက္ကသိုလ်ကျောင်းသားဘဝ
Wuthering Heightsကို မဖတ်ဖူးဘဲ
ကြားဖူးနားဝနဲ့ စာကိုစီ
သဒ္ဓါပီတဲ့ သူ့အစွမ်းကြောင့်
ချီးကျူးရ ဘိလပ်ကပါမောက္ခ၊
ဦးသောဘိတကျောင်းက မထွက်
စိန်ပေါလ်က ထွက်သလား မှတ်ရတယ်
သို့ပေမယ့်
ဇါတ်လိုက်အမည်မယ် စာလုံးပေါင်းရယ် လွဲနေတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီးအရေး
လမ်းစားရိတ်ပေးပါ အမ
မိခင်ထံ လက်ဖြန့်အတောင်းတဲ့ အလွဲ၊
" ပေးလည်း မပေးဘူး၊ သဘောလည်း မတူဘူး" လို့
အဆူသာခံရ ပိုက်ဆံက မရ။
" ကိုယ်စထွင်တဲ့ ဒီလမ်း
မသွားလျှင် မဖြစ်၊ မလုပ်ဘဲ မနေနိုင်
မပေးလည်း နေပါ
မန္တလေးအရောက် လမ်းလျှောက်မယ် "
အိပ်ယာလိပ်ထမ်း အိမ်ကမြန်းပေါ့၊
မိခင်ကြီးရဲ့ နှလုံးသားကမ္ဗလာ မြကျောက်ဖျာ
တင်းကာမနေသာတော့
" ဟဲ့.ဘယ်သူဘယ်ဝါ မီအောင်လိုက်ပြီး ဒီငွေပေးစမ်း
အောင်ဆန်းကို ဘူတာပို့ပြီးမှ ပြန်ခဲ့ " လို့ မှာရတဲ့ ဖြစ်ရပ်
ပြောစမှတ်တွင် နတ်မောက်တခွင်။
တခြားသူနာပြု ဆေးတိုက်လျှင် မသောက်
မခင်ကြည်တိုက်မှ သောက်မတဲ့၊
တခြားသူနာပြု ထမင်းကျွေးလျှင် မစား
မခင်ကြည် ကျွေးမှ စားမတဲ့၊
ဆေးရုံရောက် ကိုအောင်ဆန်းရဲ့
ခပ်ကြမ်းကြမ်း မိန်းမပိုးခန်း
တလွဲကြီး လွဲနေပေမယ့်
သူလိုချင်တဲ့ ဆရာမ
မလွဲမသွေတော့ ရခဲ့ပါ့။
လူကသာ ခြူးတပြားမကပ်တာ
ထူးခြားတဲ့ သူမေတ္တာက
လက်ထပ်လက်စွပ်မှာ စိန်ပါမှာတဲ့
ခပ်မွဲမွဲ ဗိုလ်ချုပ်ကို
ဆရာမနဲ့ မလွဲအောင်ကြံ
ရဲဘော်တသိုက်မှာ ဖန်ရရှာတယ်
သဒ္ဓါက ပိုတာ ဆရာမကိုပဲ အသဲစွဲလို့ပါ။
ဘီအိုင်အေ အစည်းအဝေးအတွက်
မိန့်ခွန်းပြောဖို့ အသွား၊
" ညီလေးရာ ငါ့ဖိနပ်ကျပ်နေတယ်
ဘာပြုလို့တုန်းကွယ်" တဲ့
ဂျပန်စစ်ဝတ်စုံကြီး စတိုင်ပါပါဝတ်ပြီး
ဖိနပ်ကတော့ ဗယ်ညာဗြောင်းပြန်စီး
ဗိုလ်မင်းခေါင်မှ ပြင်မပေးလျှင်
စင်ပေါ်ကို ဒီအတိုင်းတက်မယ့် အလွဲ
အဲ့ဒါ ဒို့ဗိုလ်ချုပ်ပဲ။
သူ့ဘဝမှာ သူမရှိခဲ့၊
သူ့ဘဝမှာ သူ့နိုင်ငံသာ ရှိခဲ့တယ်၊
သူ့ဘဝမှာ သူ့မိသားစု မရှိခဲ့၊
သူ့ဘဝမှာ သူ့ပြည်သူသာ ရှိခဲ့တယ်၊
ဘယ်လိုပဲ လွဲလွဲ
ချစ်စရာကောင်းတဲ့ ဒီအလွဲလေးများက
ပြည်သူ့အတွက်သာ စိတ်ဝင်စားကြောင်း
သက်သေကောင်းတွေပေါ့။
နောက်ဆုံးအချိန် သူပြိုလဲတော့
ကျည်ဆံမိုးနဲ့ယမ်းငွေ့တွေကြား
သွေးကွက်တွေနဲ့သူ့ကို ဆွဲအထူ
သူ့ကိုယ်သူ မကာကွယ်ဘဲ၊
ခပ်လွဲလွဲ မှာလိုက်ပုံများ
" ထွန်းလှရယ် ငါက ရပါသေးတယ်ကွာ
လူကြီးတွေကို ကြည့်ပါ " တဲ့၊
မချိစရာ ဒီစကား
ဘယ်အချိန်ကြားကြား
မလေးစားဘဲ မနေနိုင်
နှစ်တစ်ရာမက နှစ်တစ်ထောင်တိုင်ပါစေ
ချစ်သော ဗိုလ်ချုပ်ရဲ့မြတ်ဂုဏ်သတင်းတွေ။
နန္ဒာ
2015.02.13
(ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်)
အပျိုဖြန်းရှိတဲ့အိမ်မှာ တည်းတော့
အရှက်ကဲပြီး ညရေးအပေါ့မသွားရဲ
အိပ်မက်ထဲရောက်မှ ပေါက်ချ
အိပ်ယာနဲ့အိမ်သာ လွဲတော့
ရွဲရွဲစိုလေရောပေါ့။
တက္ကသိုလ်ကျောင်းသားဘဝ
Wuthering Heightsကို မဖတ်ဖူးဘဲ
ကြားဖူးနားဝနဲ့ စာကိုစီ
သဒ္ဓါပီတဲ့ သူ့အစွမ်းကြောင့်
ချီးကျူးရ ဘိလပ်ကပါမောက္ခ၊
ဦးသောဘိတကျောင်းက မထွက်
စိန်ပေါလ်က ထွက်သလား မှတ်ရတယ်
သို့ပေမယ့်
ဇါတ်လိုက်အမည်မယ် စာလုံးပေါင်းရယ် လွဲနေတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီးအရေး
လမ်းစားရိတ်ပေးပါ အမ
မိခင်ထံ လက်ဖြန့်အတောင်းတဲ့ အလွဲ၊
" ပေးလည်း မပေးဘူး၊ သဘောလည်း မတူဘူး" လို့
အဆူသာခံရ ပိုက်ဆံက မရ။
" ကိုယ်စထွင်တဲ့ ဒီလမ်း
မသွားလျှင် မဖြစ်၊ မလုပ်ဘဲ မနေနိုင်
မပေးလည်း နေပါ
မန္တလေးအရောက် လမ်းလျှောက်မယ် "
အိပ်ယာလိပ်ထမ်း အိမ်ကမြန်းပေါ့၊
မိခင်ကြီးရဲ့ နှလုံးသားကမ္ဗလာ မြကျောက်ဖျာ
တင်းကာမနေသာတော့
" ဟဲ့.ဘယ်သူဘယ်ဝါ မီအောင်လိုက်ပြီး ဒီငွေပေးစမ်း
အောင်ဆန်းကို ဘူတာပို့ပြီးမှ ပြန်ခဲ့ " လို့ မှာရတဲ့ ဖြစ်ရပ်
ပြောစမှတ်တွင် နတ်မောက်တခွင်။
တခြားသူနာပြု ဆေးတိုက်လျှင် မသောက်
မခင်ကြည်တိုက်မှ သောက်မတဲ့၊
တခြားသူနာပြု ထမင်းကျွေးလျှင် မစား
မခင်ကြည် ကျွေးမှ စားမတဲ့၊
ဆေးရုံရောက် ကိုအောင်ဆန်းရဲ့
ခပ်ကြမ်းကြမ်း မိန်းမပိုးခန်း
တလွဲကြီး လွဲနေပေမယ့်
သူလိုချင်တဲ့ ဆရာမ
မလွဲမသွေတော့ ရခဲ့ပါ့။
လူကသာ ခြူးတပြားမကပ်တာ
ထူးခြားတဲ့ သူမေတ္တာက
လက်ထပ်လက်စွပ်မှာ စိန်ပါမှာတဲ့
ခပ်မွဲမွဲ ဗိုလ်ချုပ်ကို
ဆရာမနဲ့ မလွဲအောင်ကြံ
ရဲဘော်တသိုက်မှာ ဖန်ရရှာတယ်
သဒ္ဓါက ပိုတာ ဆရာမကိုပဲ အသဲစွဲလို့ပါ။
ဘီအိုင်အေ အစည်းအဝေးအတွက်
မိန့်ခွန်းပြောဖို့ အသွား၊
" ညီလေးရာ ငါ့ဖိနပ်ကျပ်နေတယ်
ဘာပြုလို့တုန်းကွယ်" တဲ့
ဂျပန်စစ်ဝတ်စုံကြီး စတိုင်ပါပါဝတ်ပြီး
ဖိနပ်ကတော့ ဗယ်ညာဗြောင်းပြန်စီး
ဗိုလ်မင်းခေါင်မှ ပြင်မပေးလျှင်
စင်ပေါ်ကို ဒီအတိုင်းတက်မယ့် အလွဲ
အဲ့ဒါ ဒို့ဗိုလ်ချုပ်ပဲ။
သူ့ဘဝမှာ သူမရှိခဲ့၊
သူ့ဘဝမှာ သူ့နိုင်ငံသာ ရှိခဲ့တယ်၊
သူ့ဘဝမှာ သူ့မိသားစု မရှိခဲ့၊
သူ့ဘဝမှာ သူ့ပြည်သူသာ ရှိခဲ့တယ်၊
ဘယ်လိုပဲ လွဲလွဲ
ချစ်စရာကောင်းတဲ့ ဒီအလွဲလေးများက
ပြည်သူ့အတွက်သာ စိတ်ဝင်စားကြောင်း
သက်သေကောင်းတွေပေါ့။
နောက်ဆုံးအချိန် သူပြိုလဲတော့
ကျည်ဆံမိုးနဲ့ယမ်းငွေ့တွေကြား
သွေးကွက်တွေနဲ့သူ့ကို ဆွဲအထူ
သူ့ကိုယ်သူ မကာကွယ်ဘဲ၊
ခပ်လွဲလွဲ မှာလိုက်ပုံများ
" ထွန်းလှရယ် ငါက ရပါသေးတယ်ကွာ
လူကြီးတွေကို ကြည့်ပါ " တဲ့၊
မချိစရာ ဒီစကား
ဘယ်အချိန်ကြားကြား
မလေးစားဘဲ မနေနိုင်
နှစ်တစ်ရာမက နှစ်တစ်ထောင်တိုင်ပါစေ
ချစ်သော ဗိုလ်ချုပ်ရဲ့မြတ်ဂုဏ်သတင်းတွေ။
နန္ဒာ
2015.02.13
(ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်)
0 comments:
Post a Comment