Wednesday, February 10, 2016

သင့် ကလေး ကို ထိခိုက် လွယ်သော စကားများ

နည်းစနစ်ကျကျအတွေးအခေါ်
တစ်ခါ တစ်လေ စကား တစ်ခွန်းကြောင့် ကလေး ဘ၀ တစ်ခုလုံး ကို ထိခိုက် သွားတာမျိုး ရှိတတ်ပါ တယ် ။ အောက်ပါ စကား များ ကို သင်ပြောမိ တာမျိုး ရှိတတ် ပါသလား ဆန်းစစ်နိုင်အောင်တင်ပေးလိုက်ပါတယ်။
၁။ အလကားကောင် အသုံး မကျတဲ့ကောင်
မိဘများ အထူးဆင်ခြင်သင့် ပါတယ်။ ကလေး ဆိုတာမျိုးက မိဘ ရည်ညွန်း သလို ဖြစ်တတ် သွားပါ တယ်။ အော.. ငါ့ အဖေက ငါ့ကို အလကားကောင် လို့ပြောနေပါလား ငါ တကယ်ပဲ အသုံး မကျ တဲ့ကောင်ဖြစ်နေတာပဲ စသည်ဖြင့် ကလေးကို အသိ ၀င်သွားစေ တတ်ပါတယ်။

၂။ မင်း ပါးစပ် ပိတ်ထားစမ်း
မင်း ပါးစပ် ပိတ်ထားစမ်း၊ မင်း ဘာလို့ မိဘ စကားကို နားမထောင် တာလဲ စကား နားထောင်ခြင်း ဆိုတာ နာခံခြင်း ကို ကိုယ်စားပြုနေတတ် ပါတယ်။ တကယ်လို့ ကလေးက မိဘပြောတိုင်း ဒါ အမှန်ပဲ၊ ငါ့အဖေ အမေတောင် ဒီလိုပြောတာ အကုန်လုံး မှန်တယ်လို့ အထင်ရောက် သွားစေခဲ့ရင် ကလေးစဉ်းစား ဥာဏ် ထိုင်းသွားစေနိုင် ပါတယ်။
ကလေးကို ငြင်းဆို ခွင့် သူ့ အမြင် သူတင်ပြပိုင် ခွင့် ပေးထား သင့်ပါတယ်။ ဖေဖေ ပြောတာ သားကောင်းဖို့ အတွက် ဆိုပေမဲ့လို့ အားလုံး မှန်ချင်မှ မှန်မှာ၊ သားပြန် စဉ်းစားကြည့်၊ မှန်တယ် ဆိုရင် လက္ခံ လိုက်၊ ဖေဖေပြော တဲ့ အတိုင်း လုပ်လိုက်၊ အဲလိုပြောရင် ကလေးက ပို လက္ခံတတ်ပြီး စဉ်းစားခိုင်းရာ လည်းကျပါတယ်။
၃။ ငါ မရဘူး ဆိုရင် မရ ဘူးပဲ
မိဘ သြဇာပြတာပါ။ မှားမှား မှန်မှန် ဒီအိမ် မှာ ဒါပြီးမှ ပြီးတယ် ဆိုတဲ့သဘော ဆောင်ပါတယ်။ တစ်ချက်လွတ် အမိန့် သုံးတတ်တဲ့ မိဘမျိုး ပြောလေ့ ရှိပါတယ်။ တစ်အိမ်သားလုံး ကိုယ့်ကို ကြောက်နေတာ မျိုးကို ဂုဏ်ယူ တတ် တဲ့ လူစားမျိုး ဖြစ်နေတတ်ပါတယ်။ ကြောက်ခြင်းဟာ ယုံကြည်လေးစားခြင်း ကို ကိုယ်စား လုံးဝ မပြု တာ ကို သတိပြု သင့်ပါတယ်။
၎။ မင်း ငါတို့ နဲ့ မဆိုင်တော့ဘူး၊ မင်း လုပ်ချင် သလိုလုပ်တော့
သားသမီး ကို စိတ်ပျက်ပြီ ဆိုတဲ့ သဘောမျိုး နဲ့ ပြောတဲ့ စကားမျိုးပါ။ တစ်ခုခု ကို လုပ်ခိုင်းလိုက် လို့ ကလေးကို ဘယ်လို နည်းနဲ့ မှ ဖျောင်းဖြလို့ မရတော့ တဲ့ အခါမျိုး မှာသုံးစွဲ တတ်ပါတယ်။ မိဘ က ကိုယ့်ကို စိတ်ကုန် သွား ပြီ လို့ ကလေး အထင်ရောက် သွားစေပါတယ်။ ကလေး စိတ်ဓါတ် ကျလွယ်စေတတ် ပါတယ်။
၅။ မင်း အမှတ် (၁၀၀ ) ရရင် ဘာဘာ ၀ယ်ပေးမယ်အပေး အယူ လုပ်တာပါ။ မင်း ငါ့ကို ဒါရအောင်လုပ်ပေးရင် မင်းကို ဒါ လုပ်ပေးမယ် ဆိုတဲ့ သဘောမျိုး ကိုဆောင် ပါတယ်။ အဲဒီ အမှတ်မှ မရရင် ၀ယ် မပေးနိုင်တဲ့ သဘော၊ မိဘ က ၀ယ်မပေးချင် လို့ အဲလိုပြော တာမျိုး အထင်ရောက်သွားစေ ပါတယ်။ ကြိုးစားခြင်း ဆိုတာ ကလေး ရဲ့တာဝန် လို့ ကလေးကို သိစေသင့်ပါ တယ်။ မိဘ အတွက်ကြိုးစားတာ မျိုး မဖြစ်သင့် ပါဘူး။
၆။ ကလေးချင်း အတူတူ ပဲ မင်း ဘာလို့ သူများလောက် မထူးချွန်တာလဲ
ကလေး ဆိုတာ ကိုယ့် အရည်အချင်း နဲ့ ကိုယ် ရှိတတ် တာမို့ သူများ ကလေးနဲ့ နိုင်းနိုင်းပြီး မဆုံးမသင့်ပါဘူး။ အခြားကလေးတွေ နဲ့ ခိုင်းနိုင်းပြီး ကလေးကို ဆုံးမ တာလောက် ကလေးကို စိတ်ထိခိုက်စေတာ မျိုး မရှိတော့ ပါဘူး။
______________________________
Credited by - Sayar Aung Ko Latt

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...