Wednesday, February 3, 2016

{{မြန်မာနိုင်ငံမှာ ရိုက်သွားတဲ့ ဇာတ်ကား}}

ဘုန်း သက်ပိုင်

Hollywood မှ Die Hard နှင့် Mission impossible ၂ ခုပေါင်း၍ Mission Die Hard ရိုက်ရန်စီစဉ်လိုက်ကြသည်...
ထူးထူးခြားခြား နေရာကို မြန်မာကို ရွေးလိုက်ကြသည်။
Bruce Willis,Tom Cruise နှင့် Michelle Yoeh အပါအဝင် သရုပ်ဆောင်များစွာနှင့် အားဖြည့်ထားကြသည်။

ဇာတ်လမ်းအစတွင် ချောင်းသာတွင် တွမ်ခရု နားနေသည်။ ထိုစဉ် စခန်းမှ mission အတွက် video message ဝင်လာသည်။ တွမ်ခရု ဖွင့်ဖတ်သည် ... အဝိုင်းလည်နေသည်... your new mission is ... ဆိုတာပဲ တွေ့ လိုက်ရသည်...။ SIM card ကို ပြောင်းထဲ့ပြီး ပြန်ချိတ်သည်...အဝိုင်းလည်သည် .... နောက်တစ်ကဒ် ပြောင်းချိတ်သည်... အဝိုင်းလည်နေသည်...။ စိတ်မရှည်သဖြင့် hotel wifi နဲ့ သွားကြည့်သည်.... မထူးခြား။
ဒါနဲ့ပဲ အရေးကြီး mission ဆိုတာ သိသဖြင့် Bruce willis ကို ရန်ကုန်သို့ video ဖိုင်ယူလာရန် ချိန်းလိုက်သည်။
bruce က iPad ဖြင့် ရန်ကုန်လာသည်။ လေဆိပ်တွင် custom နှင့် တိုးသည်။ အိုင်ပတ် သိမ်းလိုက်သဖြင့် တိုင်ပတ်ကုန်သည်။ laptop ထဲရှိ backup ဖိုင်ကို ကြည့်ရာ laptop တက်မလာသဖြင့် ပြင်ရန် ပန်းဆိုးတန်းနားရှိ ဆိုင်တစ်ဆိုင် အပ်လိုက်ရာ ဆိုင်က ကိုယ်တော်တွေက ထုံးစံအတိုင်း format ချပြီး window အသစ် ပြန်တင်လိုက်သဖြင့် နားကားကုန်သည်။
နောက်ဆုံး မီရှဲယိုက mission ကို အသေးစိတ် အလွတ်ကျက်လာပြီး တရုတ်နယ်စပ်မှ ကားကို အမြန်မောင်းချလာသည်။ မြို့အဝင်တွင် ပြိုင်ကားကို sticker ကပ် ထားသည်ဟုဆိုတာ ရစ်နေသဖြင့် မောင်းပြေးသည်။ လမ်းက ချိုင့်တွေနဲ့ တွေ့ ပြီး ပြိုင်ကား စမုံတုံးသွားသည်။ ဒါနဲ့ပဲ taxi ကို တားပြီး ဝင်ထိုင်လိုက်ရာ မီတာမဟုတ်သဖြင့် taxi သမားနှင့် စကားများပြီး ကန်ထုတ်ခံရသည်။ အဲ့နောက် smart card အားကိုးနဲ့ bus ကား တက်စီးပြန်ရာလဲ bus ကားတွေက smart ကဒ်နဲ့ က စက်ပျက်နေတယ်ပြောသဖြင့် အကြွေလည်း မရှိသောကြောင့် ဒေါ်လာ၁၀၀တန်ကို စိတ်တိုတိုနဲ့ ပေးရင်း ဆုံမှတ် ရောက်အောင် လာခဲ့သည်။
၃ယောက်ဆုံတော့ မီရှဲယိုက mission ကိုပြောပြသည်။ လူဆိုးတွေ ဒီကိုလာပြီး ဒုက္ခပေးမည်။ hacker တွေလဲ ပါလာသည်။ ဒါကို သိတော့ ဒီက ဂျောတွေကို သိထားသော တွမ်ခရုက ရီပြီး ဒီလောက်တော့ အေးဆေးပါ ... လက်ပိုက်နေရုံပဲဟုပြောသည်။
လူဆိုးတွေ ရန်ကုန် ရောက်လာသည်။ die hard 4 တုန်းကလို hacker အုပ်စုက fire sale ကို စရန်ပြင်သည်။ လျပ်စစ် ဓာတ်အားကို ဖြတ်တောက်ဖို့ hack ရန်ပြင်သည်... မရ ...။ တစ်လမ်းဝင် တစ်လမ်းထွက် မိန်းလိုက်ချမှ ရမည်ဆိုသဖြင့် လူမသိသူမသိ မိန်းတွေ လိုက်ချသည်။ လမ်းတွေ မီးပျက်ကုန်သည်။ သို့သော် ဘယ်သူမှ အံ့သြဟန်မပြ... အသွားအလာ မပျက်... စကားပြောမပျက် ...။ လူဆိုးတွေ ဘယ်လိုမှ စဉ်းစား၍မရ ..။ မီးပျက်လို့ ၁မိနစ်ပင် မကြာ မီးစက်သံတွေ အလျိုလျို ပေါ်လာပြီး မီးများ ဟိုတစ်စ သည်တစ်စ ပြန်လင်းလာသည်။ တစ်မြို့လုံး စကေးနှင့် လျပ်စစ် backup plan တွေ မြင်လိုက်ရသည့်အခါ လူဆိုးတွေ လက်ဖျားခါသွားသည်။
ဒါနဲ့ နောက်တစ်ဆင့် မီးပွိုင့်တွေကို hack ပြီး traffic တွေ ကမောက်ကမဖြစ်အောင် ကြံသည်။ hacker က မီးပွိုင့် control center ရှာသည်။ မတွေ့။ မီးပွိုင့်နား သွားပြီး access point လိုမျိုးဟာတွေ ရှာသည် မရှိ။ ဒါနဲ့ပဲ စိတ်မရှည်ပဲ မီးပွိုင့်ကို ပေးသည့် လျပ်စစ်ကြိုးကို ကပ်ကြေးနှင့် သွားညှပ်သည်။ မီးပွိုင့် ပျက်သွားသည်။ သူ ပျော်သွားသည် ကားတွေ ပြသနာ တတ်တော့မယ်ပေါ့။ ဒါပေမယ့် သူ့အပြုံးက ၁မိနစ်ပင် မခံ။ ကားတွေက အေးဆေးဆေးနှင့် လက်ကလေး ပြလိုက်... လက်ညှိုးလေး တစ်ချောင်းထောင်လိုက်... မီးတောက်လိုက်... ဟွန်းတီးလိုက်... အစ်ကိုရေ တစ်စီးလောက် လို့ ပြောလိုက်နှင့် ဟိုတိုး ဒီတိုးနှင့် ဆက်သွားနေကြသည်၊ ... သူ့ဟာနှင့်သူ ဟုတ်နေတာပဲ။ လူဆိုးတွေ မျက်လုံး ထပ်ပြူးသွားသည်။ တစ်မြို့လုံး လူတွေကို ဒီလို emergency training တွေ ဘယ်တုန်းကများ ပေးထားလဲဟု စဉ်းစားမရ ဖြစ်သွားသည်။
သည်တော့ ဒါတွေ လုပ်မရရင် stock market တွေကို hack မယ်ကွာ.. စတော့ဈေးတွေ ကမောက်ကမဖြစ်ပြီး လူတွေ ဆူအောင်လုပ်မယ်ဟုဆိုတာ ကြိုးစားသည်...။ online တွင် stock market မတွေ့ ...။ သူတို့များ မှားနေလားဟု google တွင် online market ဟိုဆိုတာ ရှာတော့ အကျီလေးတွေ ပိုက်ဆံအိတ် copy လေးတွေ ရောင်းသော online shopping တွေသာ ရှာတွေ့သည်။
ဒါနဲ့ပဲ fire sale နောက်တစ်ဆင့် ဖြစ်သည့် အဆောက်အအုံတွေရှိ emergency alarm တွေ မြည်အောင် လုပ်မည်ဟု ကြိုးစားသည်။ ထုံးစံအတိုင်း online မှ လုပ်မရသည့်အတွက် နီးစပ်ရာ အဆောက်အအုံမှ fire alarm ကို manual ဖွင့်ရန်ကြိုးစားသည်။ မှန်ခွဲ၍ နှိပ်ပါဆိုသော ခလုတ်ကို နှိပ်ရာ ခလုပ်က သံကြေးကပ်နေသည်။ မရမက ခုထောင်းနှိပ်ရာ ကျိကျိ ၂ချက်သာ မြည်ပြီး ပျက်သွားသည်။ အပေါ်က emergency ရေပန်းကို မီးခြစ်နှင့် တက်ရှို့ရာ zippo ဆီသာ ကုန်သွားည် ရေက အိမ်မြောင်သေးပေါက်သလောက်တောင် ကျမလာ။ တော်တော် လေသွားကြသည်။
ဒါနဲ့ စိတ်ပျက်ပျက်ဖြင့် ငါးမရ ရေချိုးပြန် ပုံစံဖြင့် ATM စက်ကို hack ပြီး ပိုက်ဆံ ထုတ်ရန်ကြိုးစားသည်။ ATM စက်တစ်ခုဆီသွားသည်၊ ပျက်နေသည်။ နောက်တစ်ခုဆီသွားသည် စက်မဖွင့်ထား။ နောက်တစ်ခုက စက်ဖွင့်ထားတော့ ဝမ်းသာအားရနဲ့ သူတို့ VISA ကဒ်ကြီး ထဲ့ပြီး ကြိုးစားသည်။ connection မတက်သဖြင့် PIN ရိုက်၍မရ ...။ ၃ ၄ ၅ ခါစမ်းတော့ စက်က ကြောင်ပြီး သူ့ VISA ပါ ထုတ်မပေးတော့။ သွားပြီး .. သူ့ VISA ကဒ်ပါ အစစ် ပါသွားသည်။
စိတ်ညစ်ညစ်နဲ့ သူတို့ ကားဆီပြန်လာတော့ ကားက လမ်းဘေး ရပ်ထားသဖြင့် ကရိန်းက မသွားသည်။ လိုက်မေးတော့လဲ ဘယ်သူ့ ခွေးအဖေခေါ်ရမသိ ဖြစ်နေသည်။ ဒါနဲ့ စိတ်တွေ အကြီးကြီး လေပြီး လမ်းမဘေးက ခြေဦးတည့်ရာ လျောက်သွားကြရာ bus ကားပေါ်မှ ကွမ်းတံတွေး လှမ်းထွေးခံရသည်၊ လမ်းဘေးဈေးဗန်း တက်နင်းမိသဖြင့် မရှိရှိတဲ့ ပိုက်ဆံဖြင့် လျော်ရသည်၊ လမ်းမဘေး ရှေ့နောက် မကြည့် လျောက်သဖြင့် ဆိုက်ကားသမား လှမ်းဆဲတာ ခံရသည်။
စိတ်ပျက်လက်ပျက်ဖြင့် အုပ်စုလိုက် ၁၉လမ်း သွားသောက်ကြတော့ ဘီယာဆိုင်က bill ကို ၃ဆလောက် ပေါင်းထဲ့ပြီး ဂျင်းထဲ့လိုက်သည်။ နောက်ဆုံး ကိုယ့်တိုင်းပြည်ကိုပဲ ပြန်ပါတော့မည်ဟု စိတ်ဆုံးဖြတ်ကာ လေဆိပ် သွားတော့ ကားပိတ်သဖြင့် နေ့ဝက်လောက် ချွေးဒီးဒီးကျအောင် taxi စီးလိုက်ရသည်။ ဟိုရောက်တော့ flight delay ဆိုသဖြင့် ၉နာရီလောက် ထပ်စောင့်လိုက်ရသည်။ မပြန်ခင်တော့ ကောက်ချက်ချလိုက်သည် .... " ငါတို့ ကမ္ဘာလှည့်ပြီး လုပ်စားလာတာ ကြာပြီ။ ဒီလိုမျိုး ဘယ်လို စမ်းစမ်းခံနိုင်တဲ့ နေရာမျိုး မတွေ့သေးဘူး။ တော်တော် တော်တဲ့ သူတွေ။ ငါတို့တောင် စမုံတုံးတော့မလို့ ။ သူတို့ကတော့ ဟန်တောင် မပျက်ဘူး "... တဲ့။
ဒီအဖြစ်အပျက်ကို နောက်က အစအဆုံး နောက်ယောက်ခံကြည့်နေသူတွေကတော့ ... တွမ်ခရုက ဂျာနယ်လက်ပွေ့သမားအဖြစ်၊ ဘရုစ်က လေဆိပ်က အထမ်းသမား အဖြစ်၊ မီရှဲယိုက ၁၉လမ်းမှ beer promotion သူလေး အဖြစ်နှင့် ဖြစ်သည်။ ဂျာနယ်သမားယောင်ဆောင်ပြီး ကားပေါ်က နေ ကွမ်းတံတွေးဖြင့် လှမ်းထွေးလိုက်ရသည်၊ beer ဆိုင်တွင် bill ရှင်းရာ ဂျင်းထဲ့လိုက်ရသည်၊ လေဆိပ်တွင် ပစ္စည်း လုသယ်ပြီး ရသလောက် တောင်းလိုက်ရသည်ဟု ပြန်ပြောကာ သူတို့ ၃ယောက် ရီနေကြသည်။ တွမ်ခရုက ပြောသည် ... " တွေ့တယ်မလား ၊ အဲ့လို ကောင်တွေလောက်ကို ဒီမှာ စကားထဲတောင် ထဲ့ပြောဖို့ မလိုဘူး"
သည်လိုနှင့် Mission Die Hard ဇာတ်လမ်းကြီးကို ခမ်ခမ်းနားနား ရိုက်ကူးပြီး တစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံများတွင် ပြိုင်တူ ပြသသည်။ ရှယ်ကားမလို့ ၂ လ ၃လလောက် ပြမည်ဟု ကြေငြာသည်။ သို့သော် ပြပြီး ၃ရက်အကြာတွင် မြို့ထဲတွင် ခိုးကူးခွေများ ထွက်လာသဖြင့် အားလုံး ဝိုင်းအားပေးကြရာ Hollywood မှာ ခွက်ခွက်လန်အောင် ရှုံးလေသတည်း ....
(U Khant Kywe Soe)

  3 comments:

  1. အရမ်းရယ်ရတယ်

    ReplyDelete
  2. အရမ်း​ကောင်း​တယ်​​ဗျာ...​ရေးတာ...
    ရီရလို့ ​ဗိုက်​​တောင်​နာတယ်​​ဗျာ

    ReplyDelete
  3. အရမ်း​ကောင်း​တယ်​​ဗျာ...​ရေးတာ...
    ရီရလို့ ​ဗိုက်​​တောင်​နာတယ်​​ဗျာ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...