Thursday, January 7, 2016

အထက (၃) ကျောက်မဲ၏ ရွှေရတု


ရွှေရတုလည်း
ပြုစုရေလောင်း
ပေါင်းသင်မြေဆွ
မွမွမြေဆွေး
မိုးကာပေးသည့်
ရင်နှစ်သွေးသား
တပည့်များနှင့်
အပြုံးများလှယ်
လွမ်းဘွယ်အတိတ်
မြတ်နိုးစိတ်ဖြင့်
ဖိတ်ဖိတ်ရွှန်းစို ရွှေတောင်ပြို။ ။

ဇေယျတုလည်း
ကောင်းမှုမြတ်နိုး
ကောင်းကျိုးဆင့်ဆင့်
ဂုဏ်ပြိုင်ဝင့်သား
တိုးမြှင့်ဘဝ
အေးမြပြစ်ကင်း
ချစ်ခြင်းမပျယ်
ကြိုးရွယ်သည်ပိုး
ဒို့မျိုးဒို့စောင့်
စိုးနှောက်မဲ့ကင်း
ငြိမ်းချမ်းခြင်းမွေ
ရစေပိုင်သင့်
အနှစ်ဆိုးကောင်း
ဆုတောင်းပန်းဝေ
ရတုစေသည်
ပန်းတွေကြိုင်လှိုင်
ကောင်းခြင်းမြိုင်သည်
ဆုံးတိုင်အောင်ပန်း ခိုင်လုံးလန်း။ ။

သပြေနုလည်း
စုစုရွှမ်းဝေ
သည်မြေသည်ကျောင်း
ဆရာပေါင်းတို့
ခညောင်းတိုးပင့်
အဆင့်ဆင့်ဝေ
ရေမြေလေနှင့်
ချိန်ခါခွင့်မှီ
အပွင့်င်္ညီလျက်
စုံစီအောင်ပန်း
မြတ်မွန်လမ်းသို့
ဉာဏ်စွမ်းလူစွမ်း
ပမ်းသည်မသိ
မှန်းယောင်မိသည်
ပီတိလှိုက်စေ့ မျက်ရည်ဝေ့။ ။

ပေါ်ထွန်းမြိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...