ဓမ္မသီချင်းများ၏ရာဇဝင်နှင့်ဒေါင်းလုပ်နားဆင်ရန်လင့်များ (Hymn Links)
ယုံကြည်ခြင်းသည်
နှလုံးသားခံယူချက်ဖြစ်သည်။ ဦးနှောက်ဖြင့်စဉ်းစားယုံကြည်ရန် ကြိုးစားမရပါ။
ယုံကြည်သူဖြစ်လာပြီးသည့်နောက် နှုတ်ကပတ်တော်ကို ကြားနာခြင်းဖြင့် စတင်ပြီး၊
ထိုနှုတ်ကပတ်တော်ကို နှလုံးသားတွင်းအမြစ်တွယ်ရန် သမ္မာကျမ်းစာကို
နေ့စဉ်ဖတ်ရှု၊နှလုံးသွင်းရပါသည်။ ဓမ္မသီချင်းများအလွတ်ရရှိသီဆိုမှုသည်
နှုတ်က ပါတ်တော်ကို နှလုံးသာတွင် ထာဝရ ကမည်းတင်ခြင်းဖြစ်သည်။
သီချင်းသီဆိုခြင်းသည် Leisure Time အားလပ်ချိန်အပမ်းဖြေမှုတွင်
ဓမ္မသီချင်းကို တယောက်တည်းသီဆိုခြင်း၊ ကားမောင်း၊ရေချိုးရင်း
ဟစ်အော်သီဆိုခြင်း၊ ၀မ်းနည်း၊အထီးကျန်ချိန်တွင် တီးတိုးညည်းတွား သီဆိုခြင်း၊
သေခါနီး၊နာမကျန်း၊ဒုက္ခရောက်စဉ်ပင် ဓမ္မသီချင်းကို
တစ်ပိုဒ်ခြင်း၊စိတ်ထဲရွတ်ဆိုပြီး၊ အဓိပ္ပါယ်ဖွင့်နေနိုင်မှုသည်
နှုတ်ကပါတ်တော်၏ အံ့ကြဘွယ်တန်ခိုးဖြစ်ပါသည်။
ခရစ်ယာန်စာပေး CLC ၁၈၀/၂ ၃၉လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၂၄၉၁၇၆ မှထုတ်ဝေသော 2013 စာအုပ်ဖြစ်သည်။ လူသိများသော သီချင်း၁၀၀ပုဒ် ဖြစ်ပေါ်လာပုံများအား တိုရင်းလိုရှင်းရေးထားသည်။ မာတင်လူသာရေးစပ်သော ဆာလံ၁၈း၂ ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ငါ၏ဘုရား၊ ငါကိုးစားသောအစွမ်းသတ္တိ၊ငါ့ကိုအကွယ်ကာ၊ငါ့ကိုကယ်တင်သောဦးချို၊ငါ၏ရဲတိုက်ဖြစ်တောမူ၏ .. A Mighty Fortress Is Our God သီချင်းဖြင့်စတင်သည်။ ထို့နောက် ညဦးအချိန်ရောက်ပြီ Abide with me, ဝေနေကျသတ္တဝါအပေါင်းတို့ All Creatures of OUr God and Kings, ယေရှုနာမတော်အားမြတ်မင်္ဂလာဖြစ်စေ All Hail the Power ..စသဖြင့် အပုဒ်ရေ၁၀၀အကြောင်းကို ဘာသာပြန်ထားသည်။ စာမျက်နှာ၂၈၂ ဖြစ်ပြီး၊ မြန်မာနိုင်ငံကျမ်းစာသင်ကျောင်း (သို့မဟုတ်) CLC Christian Literature Centre တွင်ဝယ်ယူနိုင်သည်။ ကျပ်၁၅၀၀။ဓမ္မသီချင်းများ၏ရာဇဝင် 100 Hymn Stories (Download 18MB file)http://murann.com/ebooks/hymn.history.141pages.pdf

ဓမ္မသီချင်းများကို မုရန်တွင်ဇော်ဂျီဖောင့်ဖြင့် အင်္ဂလိပ်-မြန်မာ ၂ဘာသာကြည့်ရှုနိုင်သည်။ http://murann.com/hymn.htm
ယုဒသန်နှစ်ခြင်းအသင်းတော်မှ Hymn100 ကို သင်္ကေတ Notes များဖြင့် ဖတ်ရှုနားဆင်ရန် http://www.jbcs.org.sg/main/index.php/hymns
BurmeseBible.com ဓမ္မသီချင်းများကို မူလပထမ ၀င်းဘားမိစ်ဖောင့် WinBurmese Fonts ဖြင့်ဖတ်ရှုရန်http://www.burmesebible.com/hymn/

ခေတ်ပေါ်ဓမ္မသီချင်းများကိုဖတ်ရှုရန်http://www.murann.com/ezine/index.php?option=com_content&view=category&id=13&Itemid=17
ဆိုနေကျဓမ္မသီချင်း၂၀ပုဒ်နှင့်ခေတ်ပေါ်ဓမ္မသီချင်းအချိုကို Smart Phone , iPad, iPhone များဖြင့်ဖတ်ရှုရန်http://murann.com/hymn20.htm
တွင်အလွယ်တကူဖတ်ရှုနိုင်သည်။ ခွန်အားယူနိုင်သည်။
iPhone, Sumsung S3, Window-Phone, iPad တို့တွင်ကြည့်ရှု၊နားဆင်နိုင်ရန် မြန်မာဓမ္မသီချင်း App မကြာမီရရှိမည်ဟု မျှော်လင့်ပါသည်။ မုရန် 20-Apr-2013
Original Murann Article
http://www.murann.com/ezine/index.php?option=com_content&view=article&id=1729:2013-08-18-22-30-54&catid=2:knowledge&Itemid=44

0 comments:
Post a Comment